Monday, June 30, 2008

ဒုတိယ ရွှေဝါရောင်တော်လှန်ရေးအတွက်ပြည်တွင်းပြည်ပ ရခိုင်သံဃာများ ဆွေးနွေး

ကျော်ထင်/ ၃၀ ဇွန် ၂၀၀၈

ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသော ပြီးခဲ့သည့် စက်တင်ဘာလှုပ်ရှားမှုအတွင်း လမ်းမ ပေါ်တွင် အစောဆုံး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရခိုင်သံဃာတော်များနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အခြေစိုက် ရခိုင်သံဃာများ နယ်စပ်တွင်တွေ့ဆုံပြီး ဒုတိယရွှေဝါရောင်တော်လှန်ရေး အတွက် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အနှံ့ ဒေသ (၄) နေရာခွဲပြီး ဖွဲ့စည်းထားသော သံဃာ့သမဂ္ဂီအဖွဲ့ချုပ် (ရခိုင်ပြည်) နှင့် ဘင်္ဂလားဒေ့ရှ် အခြေ
စိုက် သာသနာ့ဦးသျှောင် (ဘင်္ဂလားဒေ့ရှ်) တို့မှ သံဃာများ ကြွရောက်ခဲ့ကြပြီး သံဃာ့လှုပ်ရှားမှုနှင့် သာသနာ့ဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် ပြည်တွင်းပြည်ပ ပူးပေါင်းလှုပ်ရှားသွားရန် သဘောတူခဲ့ကြသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေကြရသည့် ပြည်သူလူထုအခြေနေသည် ပြီးခဲ့သည့် လောင်စာဆီဈေးနှုန်းကြီးမားမှု အကျပ်အတည်းထက် ပိုမိုဆိုးရွားသောကြောင့် သံဃာထုအနေဖြင့် ရွှေဝါရောင်တော်လှန်ရေးကာလကကဲ့သို့ ပြည်သူ့ရှေ့မှရပ်တည်ကြရန် လိုအပ်ချက်သဖြင့် တွေ့ဆုံ ဆွေးကြခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သာသနာ့ ဦးသျှောင်( ဘင်္ဂလားဒေ့ရှ်) မှ ဥက္ကဋ္ဌ ဆရာတော် ဦးမေဃိယက မိန့်ကြားသည်။

ဦးမေဃိယက “ပြည်တွင်းမှာရှိတဲ့ သံဃာတွေကလည်း ဒုတိယ ရွှေဝါရောင်တော်လှန်ရေး ပေါ် ပေါက်ဖို့အတွက် အများကြီး စုစည်းနေကြတာလေ၊ ပြည်ပက ရှိနေသူတွေကလည်း နည်းလမ်း ပေါင်းစုံနဲ့ ကူညီကြဖို့ လိုတယ်၊ အထဲက သံဃာတွေက အားတခုအနေနဲ့ ညီညီညွတ်ညွတ် တည်ဆောက်ပြီးသား ရှိနေတာလေ၊ အကြောင်းပေါ်တာနဲ့တပြိုင်နက် ဒီသံဃာတွေဟာ သံဃာ တွေဦးဆောင်တဲ့ လှုပ်ရှားမှုအတွက် နောက်မဆုတ်တမ်း လုပ်မယ်လို့ ဦးဇင်း ယုံကြည်တယ်” ဟု မိန့်ကြားသည်။

စစ်တွေမြို့ရှိ စာသင်တိုက်ကြီးတခုဖြစ်သည့် ပုသိမ်ကျောင်းတိုက်မှ သံဃာတပါးက “ကျောင်းက သံဃာတွေကတော့ ထုံးစံအတိုင်းပါပဲ၊ ၀ါတွင်းကာလကလည်း နီးလာပြီလေ၊ စာသင်စာချကတော့ ပုံမှန်ပါ၊ သံဃာတွေဘက်ကတော့ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မယ်၊ မပတ်သက်ဘူးဆို တာတော့ အတိကျပြောလို့မရဘူး ထင်တယ်” ဟု မိန့်ကြားသည်။

ဆရာတော်ဦးဥတ္တမအပါအ၀င် ရခိုင်သံဃာတော်များသည် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလှုပ်ရှားမှုတွင်လည်း စစ်တွေမှ သံတော်များသည် သြဂုတ်လကုန်ပိုင်းကတည်းက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

Source

မယ်လစခန်းမှဒုက္ခသည်များ ရိက္ခာမရ၍ ဆန္ဒပြ

NEJ/ ၃၀ ဇွန် ၂၀၀၈


မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၂၂) ဦးသည် ရိက္ခာမရ၍ ယနေ့နံနက်တွင် မဲဆောက် မြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိခ်ျစီအာ) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ကြသည်။

ဆန္ဒပြသူများမှာ ဘန်ကောက်တွင် ယူအန်အိခ်ျစီအာမှ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသဖြင့် မဲဆောက်သို့ ပြန်ပို့ခံရကာ မဲဆောက်ယူအဲန်ရုံးက ၎င်းတို့အား မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ခြင်း ခံရသူများဖြစ်သည်။

ဆန္ဒပြသူတဦးဖြစ်သည့် မန်းဇော်လွင်ဦးက "စခန်းမှာ ကျနော်တို့လက်မှတ်တွေကို တီဘီဘီစီ အဖွဲ့က ရိက္ခာပေးဖို့ တံဆိပ်တုံးထုပြီး အသိအမှတ်ပြုပါတယ်။ တလ နှစ်လလောက်ပဲ ရပြီး စခန်းကနေ ရိက္ခာတွေပြန်ဖြတ်လိုက်တာ ဒီကနေ့အထိပါပဲ ။ ဒါကြောင့် ဒီမှာလာပြီးတော့ ဆန္ဒပြတောင်းဆိုရတာပါ" ဟု ပြောသည်။

မယ်လစခန်းတွင် မိမိတို့ကဲ့သို့ အလားတူဒုက္ခသည် (၁၀၀) ခန့်ရှိပြီး ထိုသူများကိုယ်စား မိမိတို့ (၂၂) ဦးက လာရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ မိမိတို့ အခက်အခဲများကို စခန်းကော်မတီသို့ အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း၊ မရသည့်အဆုံး ဂျနီဗာရုံးချုပ်သို့ တင်ပြခဲ့ကြောင်း၊ ရုံးချုပ်မှ အကြောင်းပြန်သည့်အခါ စခန်းအာဏာပိုင်များက မိမိတို့အား ခေါ်ဆူသည်မှလွဲ၍ ဘာအကူ အညီမှ မပေးကြောင်း၊ အသိမိတ်ဆွေများက ကျွေးမွေးကြကြောင်း၊ စခန်းအတွင်း ရရာအလုပ် လုပ်၍ စားဝတ်နေရေး ဖြေရှင်းကြရကြောင်း မန်းဇော်လွင်ဦးက ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ တဦးက "ဒီကိစ္စ ယူအန်အိခ်ျစီအာ၊ တီဘီဘီစီအဖွဲ့နဲ့ဘဲ ဆိုင်တယ်။ ကျနော်တို့ကတော့ သူတို့ကို စခန်းမှာ ကြည့်ရှုစောင့်ရှောက်ဖို့ပဲ ဖြစ်တယ်" ဟု ပြော သည်။ စခန်းတာဝန်ရှိသူများအား ဆက်သွယ်၍မရပေ။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း "ဒါ လုံးဝ
မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြစ်တာ စခန်းတာဝန်ရှိလူကြီးတွေအပေါ်မှာ တာဝန်မကင်းဘူး" ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉ ) ခုအနက် အကြီးဆုံးစခန်းဖြစ်သည်။

Source

ကယ်ဆယ်ရေးလုပ်ငန်းများ တားဆီးနေခြင်းကို ၀မ်းနည်းကြောင်း အမေရိကန်ပြောဆို

ဉာဏ်မောင်။ ဇွန် ၃၀၊ ၂၀၀၈

စစ်အစိုးရအနေဖြင့် မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီများကို တားဆီးပိတ်ပင်နေသည့် အတွက် အလွန်ဝမ်းနည်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်က ပြောဆိုလိုက် သည်။

မြေငလျှင်ဒဏ်ခံခဲ့ရသည့် တရုတ်နိုင်ငံသို့ရောက်ရှိစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယမန် နေ့တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။


မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် တရုတ်နိုင်ငံသို့

ယမန်နေ့ကရောက်ရှိခဲ့သည့် မစ္စရိုက်က မြန်မာစစ်အစိုးရအား ရည်ရွယ်ပြောဆိုခဲ့ရာ “သူတို့ ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေကို ဖြစ်နိုင်သမျှ လက်ခံရမဲ့အစား ကယ်ဆယ် အကူအညီပေးမဲ့သူတွေကို တားဆီးပိတ်ပင်နေတာကတော့ အလွန်ကို ဝမ်းနည်းဖို့ကောင်းပါ တယ်”ဟု ပြောဆိုခဲ့သည်။

ယခုနှစ်မေလ (၁၂) ရက်နေ့က တရုတ်နိုင်ငံတွင် ပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်ထိ သေဆုံးသူ (၈၀,၀၀၀) နီးပါးရှိလာနေပြီဖြစ်ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူ (၈၄,၅၀၀) သေဆုံးပြီး သန်းနှင့်ချီသော ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ချိန်တွင် စစ်အစိုးရက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို နိုင်ငံတွင်းသို့ ၀င်ရောက်ခွင့်မပြုခဲ့ပေ။

ယခုအချိန်အထိ လေဘေးသင့်ပြည်သူများမှာ အစားအသောက်နှင့် သောက်ရေသန့်ရရှိနိုင်ရေး အခက်အခဲများနှင့် ကြုံတွေ့နေရပြီး လေဘေးဒုက္ခသည်များအား သွားရောက်ကူညီသူအချို့ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ကန့်သတ်ပိတ်ပင်ခြင်းများကို ယခုတိုင်ပြုလုပ်နေဆဲဖြစ်သည်။

စစ်အစိုးရအနေဖြင့် မုန်တိုင်းတိုက်ခတ်ပြီးနောက် လေဘေးသင့်သူများအား အကူအညီပေးရန် မြန်မာ့ရေပိုင်နက်အနီးသို့ ရောက်ရှိလာသည့် အမေရိကန်နှင့် ပြင်သစ်စစ်သင်္ဘောများကို ဝင်ရောက်ခွင့်မပေးခဲ့သဖြင့် အမေရိကန်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည်။

Source

စစ်တွေတွင် မကျေနပ်သူတဦးက လက်ကိုင် လော်စပီကာကို အသုံးပြုပြီး အစိုးရကို ဝေဖန် ဆဲဆို

Narinjara News

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမည်မသိသူ တဦးက လွန်ခဲ့သော သောကြာနေ့က လက်ကိုင် အငယ်စား စပီကာကို အသုံးပြု ပြီး စစ်အစိုးရကို ဝေဖန် ဆဲဆိုသွားခဲ့ကြောင်း သတင်းရရှိသည်။

မျက်မြင် တဦးက “သူက စစ်တွေမြို့ အမှတ် ၁ ရဲစခန်းရှေ့ကနေ ဆဲဆိုသွားတာပါ။ ကျွန်တော် ကြားရသလောက်ကို ပြောရမယ်ဆိုရင်တော့ --- ထမင်းငတ်၍ ရခိုင်ပြည်မှာ လူတွေ သေနေပြီ။ ဒါ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ရခိုင် လူမျိုးတွေ တိုက်ဆောက်ပြီး ၀မ်းသာ မနေကြနဲ့။ ရခိုင်တွေ ထမင်းငတ် သေနေကြပြီ။ --- စသဖြင့် သူက ပြောဆိုသွားတာပါ။ ” ဟု ပြောသည်။

သို့သော်လည်း ဝေဖန် ဆဲဆိုသွားသူကို စစ်တွေရဲမှ တစုံတရာ အရေးယူခြင်း စစ်ဆေး မေးမြန်းခြင်း မရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ဝေဖန် ဆဲဆိုမှုမှာ များမကြာမှီက စစ်တွေမြို့ မင်းဂံရပ်ကွက်မှ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးသွားသဖြင့် စစ်တွေလူထု အတွင်းအထူး မကျေနပ်မှုများ တိုးပွားနေကြောင်း သတင်းများ ရရှိသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဆန်ဈေးနုန်း ကြီးမြှင့်ခြင်းကြောင့် ဆင်းရဲသူ လက်လုပ်လက်စား အများအပြားမှာ ထမင်းငတ် နေကြရကြောင်း ပြည်တွင်းမှ ပေးပို့သော သတင်း အများအပြားတွင် ဖေါ်ပြသည်။

Source

should Shwedagon become one of the wonders of the world

ဘင်္ဂလာဒေခ်ျ့နိုင်ငံရှိ မြန်မာဒုက္ခသည် စခန်းတခုတွင် ၀မ်းရောဂါ ဖြစ်ပွားနေ

Narinjara News 6/30/2008


မောင်သစ်အောင်၊ မောင်ကျော်နိုင် (နိရဉ္စရာ) မြန်မာနိုင်ငံမှ မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင်တည်ရှိသော တက်ကနက်မြို့အနီး ကားလမ်းမဘေးတွင် ရွက်ဖျင်တဲထိုးပြီး နေထိုင်နေသော ဒေါင်ဒေါင်မီယာ မြန်မာ့မူဆလင် ဒုက္ခသည်စခန်းတွင် ၀မ်းရောဂါအကြီးအကျယ် ဖြစ်ပွားနေကြောင်း စခန်းတွင်းမှလာသော သတင်းများအရ သိရှိရသည်။

အဆိုပါစခန်းတွင် ယမန်နေ့က ၀မ်းရောဂါဖြစ်ပွားသူ ၁၀၀ခန့်ကို ဆေးဝါးကုသ ပေးနေရကြောင်း MSF တာဝန်ရှိသူတဦးက ပြောသည်။

အမည်မဖေါ်လိုသူ ဒုက္ခသည်တဦးက အဆိုပါစခန်းတွင် စနေနေ့ ညနေ ၅ နာရီက အမျိုးသမီး တဦး ၀မ်းရောဂါကြောင့် သေဆုံးသွားပြီး အဆိုပါနေ့ထက် အရင်သောကြာနေ့ကလည်း လူကြီးနှစ်ဦး ၀မ်းရောဂါကြောင့် သေဆုံးသွားခဲ့သည်ဟု ပြောသည်။

၎င်းပြင် ကလေးငယ်နှစ်ဦးထက် မနည်းသေဆုံးသွားခဲ့ကြောင်းသူက အတည်ပြု ပြောကြားသည်။

အဆိုပါ စခန်းတွင် ၀မ်းရောဂါ ဖြစ်ပွားနေသူ ၂၀၀ နီးပါးထိ ရှိနေပြီး ယခုလ ၂၀ ရက်နေ့ စတင်ပြီး ပျံ့နှံ့ ဖြစ်ပွားလာခဲ့ကာ ယခုအခါ စခန်းတခုလုံးသို့ ကူစက် ပျံ့နှံ့ လာခဲ့ကြောင်း သတင်း ရရှိသည်။

ယခုအခါ စခန်းပြင်ပရှိ အရပ်သားများ အကြားတွင်လည်း ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း ဒေသခံ သတင်းများ အရ သိရှိရသည်။

ယခုအခါ MSF နှင့် Islamic Relief အဖွဲ့မှ ၀မ်းရောဂါ ဖြစ်ပွား နေသူများ အထဲက ၈၈ ဦးကို တက်ကနက်မြို့နှင့် တခြား နီးစပ်ရာမြို့ ဆေးရုံများသို့ ယူဆောင်ပြီး ဆေးကုသမှုများ ပြုလုပ်နေရကြောင်း သတင်းတရပ်တွင် ဖေါ်ပြသည်။

ယခုကဲ့သို့ ၀မ်းရောဂါ ဖြစ်ပွားရခြင်းမှာ စခန်းအတွင်း သောက်သုံးရေ ပြတ်လပ်မှု နှင့် မသန့်ရှင်းသော ရေများကို သောက်သုံးရာမှ ၀မ်းရောဂါ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း စခန်းတွင်းမှ ကျန်းမာရေး စောင့်ရှောက်သူ တဦးက ပြောသည်။

Source

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,30th,2008

( 38 )Thousand continue to suffer as burma tragedy slops from headlines

( 37 )changing the futures of ethnic minority children from Burma though education

( 36 )Mission of Burma played classics

( 35 )Rice tours quake zone

( 34 )Myanmar residents slowly rebuilding their lives after cyclone

( 33 )Animal disease outbreak in Irrawaddy delta

( 32 )India calls upon Bangladesh to open road and river routes for better links

( 31 )ဒီကေဘီအေတပ်ဖွဲ့က ကေအဲန်ယူ စခန်းတခုကို သိမ်းပိုက်

( 30 )ဝေါလေခီးတွင် တိုက်ပွဲဖြစ်၊ ကရင်တပ်သားတဦး ကျဆုံး

( 29 )ဆားဈေး (၆)ဆကျော် မြှင့်တက်သွား

( 28 )မစုစုနွေး ထောင်နံရံကို ခေါင်းနဲ့ဝင်တိုက်

( 27 )Burma's Cyclone Farmers Await Assistance

( 26 )လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ထုတ်ပေးမည်

( 25 )မဲဆောက်ဒေသအတွင်း ထိုင်းအစိုးရ၏ (၁၀) နှစ်ခံ လက်မှတ်ရရန် မြန်မာများ ကြိုးစား

( 24 )Rangoon Editor Fired Over Offending Poem

( 23 )ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်များနှင့် ကေအန်ယူတပ် တိုက်ပွဲဖြစ်

( 22 )မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တွင် ရင်းနှီးးမြှုပ်နှံမှုများ

( 21 )Karen Military Clash Forces Evacuation of Thai Village

( 20 )ဒီပရင်္ဂ’ ကဗျာကြောင့် မဂ္ဂဇင်း အယ်ဒီတာ နှုတ်ထွက်ရ

( 19 )Foreign Investment in Burma Oil and Gas Sectors More Than Tripled

( 18 )သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးဝါးကုသရန် လိုအပ်

( 17 )ပြည်ပအသံလွှင့် ရေဒီယိုများ ရဲအဖွဲ့နားထောင်

( 16 )The Will To Survive

( 15 )ဒီပဲယင်း ကဗျာကြောင့် ချယ်ရီ အယ်ဒီတာ နုတ်ထွက်ရ

( 14 )Myanmar-Saudi Arabia diplomatic link facilitates Myanmar's fish export

( 13 )Rice contrasts China’s efforts with Burmese reluctance

( 12 )Cigarette case reveals wartime story of daring elephant rescue

( 11 )Most foreign invesment in Myanmar goes into oil and gas sectors

( 10 )Burmese take cyclone disaster in their stride

( 9 )ONGC, GAIL share in Myanmar blocks fall

( 8 )မြန်မာ-ဘင်္ဂလာတပ်မှူး အဆင့်ဆွေးနွေးပွဲ ကော့ဘဇားတွင် ပြုလုပ်

( 7 )Myanmar Cyclone Brings Rise In Centuries-Old 'Nat' Worship

( 6 )မြန်မာ့အရေး ဆောင်ရွက်ရန် ဥရောပ ပါလီမန် အမတ်များ ဖွဲ့စည်း

( 5 )‘Food For Hope’ collection for disaster victims in Myanmar and China

( 4 )No dumb Cowboy Colonels in these memoirs

( 3 )၀န်ကြီးရိုက်စ် တရုတ်ငလျင်ကယ်ဆယ်ရေး ချီးကျူးရင်း မြန်မာစစ်အစိုးရကို ဝေဖန်

( 2 )Unlikely location for elephant conservation

( 1 )ဒီပဲယင်းရာဇ၀င်ကဗျာ ဖော်ပြတဲ့ ချယ်ရီမဂ္ဂဇင်း သတိပေးခံရ

Sunday, June 29, 2008

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗညားဟံသာ

မြန်မာပြည်တွင် “အမျိုးသားရေး”ဆိုတဲ့ဝေါဟာရကို သာမန်ပြည်သူတွေ အလေးအနက် တွေးတောစဉ်းစားဆင်ခြင်ဖို့ အချိန် သိပ်မရှိခဲ့ဘူး။ ဒီစကားလုံးအောက်တွင် အာဏာရှင်စစ်အစိုးရက အကာအကွယ်ယူပြီး တိုင်းရေးပြည်ရေးကိစ္စမှန်သမျှကို ခြုံငုံဆောက်ရွက်လာခဲ့တယ်။ ကျွန်ုပ်တို့အသက်ရှင်နေတဲ့ခေတ်တွင် “အမျိုးသားရေး”ဆိုတဲ့ကိစ္စမှန်သမျှကို အာဏာရှင် အုပ်စုနှင့် လက်ပါးစေတစ်စုက အမျိုးသားရေးအကျိုးစီးပွားအပေါ် အပေါ်စီးခွယူပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စအဝဝတွင် အမြတ်ယူကြတယ်။ အမျိုးသားရေး၏အဆင့်အတန်းနှင့်ပုံသဏ္ဍာန်တွေကို ကျွန်ုပ်တို့အလေးအနက် စဉ်းစားရန် တာဝန်ရှိသည်။ မြန်မာပြည်၏အမျိုးသားရေးအကျိုးစီးပွားကို လက်တွေ့ကျကျ ကျင့်သုံးဆောင်ရွက်ရန်အတွက် မြန်မာပြည်သားအားလုံးတွင် တာဝန်ရှိသည်။ အမျိုးသားရေးအကျိုးစီးပွားကို လက်တွေ့ကျကျ ပုံဖော်ဆောင်ရွက်နိုင် ရန်အတွက် ယနေ့ခေတ်ကာလတွင် ကျင့်သုံးနေသောမြန်မာပြည်၏နိုင်ငံရေးစနစ်ကို ကျွန်ုပ်တို့မြန်မာပြည်သားမှန်သမျှ ရဲရင့်စွာ၊ တာဝန်ရှိစွာနှင့် သဘောထားကြီးမားစွာ အဖြေရှာရန် လက်လှမ်းမှီသမျှ စမ်းသပ်ရေးသားရန် ကြိုးစားပါမည်။

အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံဟာ မြန်မာပြည်၏အခြေခံပျော့ကွက်၊ အားနည်းချက်တွေဖြစ်တယ်။ တစ်ပါတီ စစ်အာဏာရှင်စနစ်၊ ဗမာ့အမျိုးသားဦးစီးယူပြီး ကျန်တဲ့အမျိုးသားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့နိုင်ငံရေးစနစ်၊ လက်တွေ့မကျ နိုင်ငံရေးသဘောတရား မရင့်ကျက်တဲ့ပါလီမန်(ပြည်သူ့လွှတ်တော်စနစ်) စတဲ့အခြေခံနိုင်ငံရေးအဆောက်အအုံတွေဟာ ကျွန်ုပ်တို့မြန်မာပြည်ကို ဆုတ်ယုတ်အောက်တန်းကျစေတာ ဖြစ်တယ်။ ဒီအောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံတွေ မြို့ပေါ်မှာ ကြီးထွားပြီး အစိုးရယန္တရားတွေကို စစ်တပ်က အပေါ်စီးခွယူတာတွေနှင့် တိုင်းပြည်၏ပေါကြွယ်တဲ့ဓါတ်ဆီ၊ ဓါတ်ငွေ့၊ သစ်တော၊ ကျောက်စိမ်းနှင့် ပင်လယ်သားငါးတွေကို ပြည်ပနိုင်ငံတွေကို ဈေးပေါပေါ ရောင်းချပြီး စစ်တပ်ကြီး ထွားရေး၊ စစ်တပ်ခိုင်မာရေး၊ စစ်တပ်အာဏာတည်မြဲရေးအတွက် ဆက်လက်လုပ်ဆောင်နေခြင်းဟာ ကျွန်ုပ်တို့တိုင်းသူပြည် သားတွေ ပို၍ နစ်နာစေတာဖြစ်တယ်။ ဒီမှားယွင်းနေတဲ့နိုင်ငံရေးအဆောက်အအုံတွေ၊ လက်တွေ့မကျတဲ့အာဏာကျင့်သုံးမှု တွေ၊ တရားမမျှတတဲ့နိုင်ငံရေး၊ စီးပွားရေး အာဏာသုံးစွဲမှုတွေ စတဲ့ပြဿနာပေါင်းများစွာ ဖြစ်ထွန်းစေတဲ့ယနေ့ နအဖ ကိုင်တွယ်နေတဲ့အတိုင်းအတာတွေဟာ တရားလွန်နေပြီး။

ကျွန်ုပ်တို့မြန်မာပြည် အမျိုးသားအကျိုးစီးပွားဟာ စစ်တပ်(တပ်မတော်)၊ လူမှုအသိုင်းအဝိုင်းတွင် အရေးကြီးတဲ့စီးပွားရေး၊ ဘဏ္ဍာရေး၊ အတတ်ပညာထွန်းကားရေး၊ လူမှုဖုံလှုံရေးနှင့် တရားဥပဒေ(မှန်ကန်မျှတတဲ့တရားဥပဒေ) တိုးတက်လွှမ်းမိုးရေး တွေဟာ အရေးကြီးတဲ့ နိုင်ငံရေးသော့ချက်တွေ ဖြစ်တယ်။

ကျွန်ုပ်တို့အသက်ရှင်နေထိုင်သရွေ့ ဤမှားယွင်းသွေးယိုနေတဲ့၊ အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံတွေကို တိုင်းသူပြည်သားတွေ လက်တွေ့ကျကျ မပြုပြင်လျှင် နိုင်ငံရေးရာဇဝတ်မှုတွေ စစ်အာဏာရှင်နအဖတွေ ဆက်လက်ကျူး လွန်နေမှာဖြစ်တယ်။ ယနေ့ခေတ်တွင် ကျွန်ုပ်တို့မြန်မာပြည်ဟာ အဆင့်အတန်းမရှိတဲ့တိုင်းပြည်၊ ပညာရေးနိမ့်ကျတဲ့တိုင်း ပြည်၊ အသိပညာ၊ အတတ်ပညာ မထွန်းကားတဲ့တိုင်းပြည်နှင့် ဘဏ္ဍာရေး၊ ငွေကြေးရေးရာတွင် တန်းမရှိတဲ့တိုင်းပြည် စတဲ့နာမည်တွေနဲ့ ပြည်ပနိုင်ငံတွင် နာမည်တင်စားလာတယ်။ ကျွန်ုပ်တို့လက်တွေ့ရင်ဆိုင်နေရတဲ့အမျိုးသားရေး ပြဿနာဟာ သွေးခွဲရေး၊ သွေးကွဲရေးမဟုတ်ပဲ အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံကို ပြုပြင်ပြောင်းလဲဖို့ သဘောထားကြီးစွာ၊ နားလည်မှုပြည့်ဝစွာ တည်ဆောက်ဖို့ အရေးကြီးတယ်။

ကျွန်ုပ်တို့ခေတ်တွင် နိုင်ငံရေးအနိုင်အရှုံးမရှိတော့ပြီး။ တိုင်းပြည်တစ်ခုတွင် တိုင်းပြည်၏အမျိုးသားအကျိုးစီးပွားအတွက် အစိုးရမှခေါင်းဆောင်များ၊ စစ်တပ်မှအသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းမှသြဇာကြီးမားတဲ့အသိပညာရှင်၊ အတတ်ပညာရှင်များ စတဲ့အရေးပါတဲ့အထင်ကရပုဂ္ဂိုလ်တွေ လက်တွေ့ကျကျ သဘောထားကြီးစွာ ပြုပြင်ပြောင်းလဲရေး အတွက် အဖက်ဖက်မှ တာဝန်ယူကြရမှာဖြစ်တယ်။ ကျွန်ုပ်တို့တိုင်းပြည်တွင် ကျန်းမာရေးနှင့်အတတ်ပညာ တိုးတက်ထွန်း ကားရေးအတွက် အဖက်ဖက်မှ လက်တွေ့တွင် ပြဿနာများစွာ ရင်ဆိုင်နေကြရတယ်။ ဒါကြောင့် ပြည်ပမှ အသိပညာ၊ အတတ်ပညာရှင်များ၊ အန်ဂျီအိုများက ဝင်ရောက်တာဝန်ယူပေးနေရခြင်းဖြစ်တယ်၊

ကျွန်ုပ်တို့လက်တွေ့တွင် လူမျိုးကြီး၊ လူမျိုးငယ် စတဲ့အနှိုင်ယူမှုတွေဟာ လူ့အခွင့်အရေးသဘောတရားအရ လက်တွေ့ ဖောက်ပြန်ကျူးလွန်နေခြင်းကြောင့် ကမ္ဘာ့အဖွဲ့အစည်း၏ဦးသျှောင် ကုလသမဂ္ဂက တိုက်ရိုက်ဆန့်ကျင်ပြီး လက်တွေ့တွင် လည်း မြန်မာပြည်တွင် တတ်နိုင်သမျှ အကာအကွယ်ပေးနေခြင်းဖြစ်တယ်။ နအဖစစ်အာဏာရှင်က “တိုင်းပြည်ပြိုကွဲရေးကို အကာအကွယ်ပြုဖို့ စစ်တပ်က ဆက်လက်တာဝန်ယူနေခြင်း” ဆိုတဲ့အကြောင်းပြချက်ဟာ ယုတ္တိမရှိချေ။ ဘာကြောင့်လဲ ဆိုတော့ တိုင်းရင်းသားများဟာ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်(နိုင်ငံရေးအာဏာ အတော်အတန်သုံးစွဲခွင့်)ရရှိရေးနှင့် မိမိတို့အမျိုးဘာသာသာသနာအတွက် အကာအကွယ်ပြုဖို့ တရားမျှတစွာ တိုက်ပွဲဝင်နေကြခြင်းဖြစ်တယ်။ မြန်မာပြည်တွင် အခြေခံကျတဲ့နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ယနေ့လက်ရှိ နိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များပြဿနာတွေကို ပူးတွဲဖြေရှင်းခြင်းဟာ အဓိကသော့ချက်ဖြစ်တယ်။ ယနေ့အခြေအနေတွင် ပြည်တွင်း စစ်အပြီးသတ်နိုင်လျှင် စစ်မှန်တဲ့နိုင်ငံရေးအဆောက်အအုံ တည်ဆောက်နိုင်မည်။ လက်တွေ့တွင် မြန်မာပြည်တွင် အမျိုးသားရေး ဆိုလျှင် ဗမာ့အမျိုးသားကိုသာ ကိုယ်စားမပြုပဲ ပြည်ထောင်စုတွင် အသက်ရှင်နေထိုင်သူမှန်သမျှ အကျုံးဝင်သည်။ ထို့ကြောင့် အမျိုးသားရေးကိစ္စတွင် ပါဝင်ဦးဆောင်ခွင့်၊ ပါဝင်လှုပ်ရှားခွင့်၊ ပါဝင်ပူးပေါင်းဆောင်ရွက်ခွင့်၊ ပါဝင်အဆုံးအဖြတ်ပေးခွင့် စတဲ့အခြေခံပြုပြင်ပြောင်းလဲမှုတွေ အရေးပါတယ်။ ဒီအခြေခံပြုပြင်ပြောင်းလဲမှုတွေ မျက်ကန်းပြု လျှင် ဒီအောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံတွေ ဆက်လက်အသက်ရှင်နေမှာ ဖြစ်တယ်။ မြန်မာပြည်တွင် လူဦးရေ သန်းပေါင်း(၅၀)ကျော်လာပြီးနောက် အခြေခံစီးပွားရေး၊ အခြေခံပညာရေးနှင့် အခြေခံပြည်သူ့ကျန်းမာရေးနှင့် အသက်အိုး အိမ်စည်းစိမ်များ အကာအကွယ်ပြုရေးအတွက် နိုင်ငံရေးလွတ်လပ်ခွင့်၊ စီးပွားရေးကင်းလွတ်ခွင့်၊ ယဉ်ကျေးမှုသီးခြား လွတ်လပ်ခွင့် စတဲ့အခြေခံလွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းနေလျှင် အမျိုးသားရေးအကျိုးစီးပွား ဆက်လက် ကင်းမဲ့နေခြင်း ဖြစ်တယ်။ ယနေ့ လက်တွေ့ကျကျ အမှန်အတိုင်းထောက်ပြရလျှင် စစ်တပ်နှင့်စီးပွားပိုင်ရှင်သားသမီးများက နိုင်ငံခြားတွင် ပညာတော်သင်ခြင်း၊ ပြည်တွင်းတွင် စီးပွားရေးဇုံ သိမ်းပိုက်ထားခြင်းနှင့် ဈေးကွက်မှန်သမျှတွင် သူတို့အပေါင်းအပါများ ထိမ်းချုပ်ထားခြင်းကြောင့် လူဦးရေ သန်းပေါင်းများစွာတွင် တိုင်းရေးပြည်ရေးကိစ္စတွင် ပိတ်ပင်ကန့်သတ်ခံထားရသည်။ သာဓကပြရလျှင် စစ်တပ်နှင့်နီးစပ်ပြီး အထာသိတဲ့ဦးတေဇက ပုတ်လေကြောင်းနှင့် ဟိုတယ်ခရီးသွားလာရေးလုပ်ငန်းတွင် အမြတ်ကြီးကြီးနှင့် ခေတ်သစ်သူဌေး ဖြစ်လာတယ်။

ဒီမိုကရေစီစနစ် ထူထောင်ရာတွင် နိုင်ငံသားတို့၏နိုင်ငံရေးအသိတရားနှင့်အစိုးရနှင့်တိုင်းရေးပြည်ရေးတဝင် တရားမျှတစွာ အကန့်အသတ် လျော့နည်းစွာ တိုက်ရိုက်ပါဝင်ဆွေးနွေးတိုင်ပင်ခွင့်၊ အမြင်ဖလှယ်ခွင့်၊ အမှားအမှန် ဝေဖန်ခွင့်များကို တရားဥပဒေအတွင်း အကာအကွယ်ပြုပေးရန် အရေးကြီးသည်။ သို့မှသာ လာဘ်စားမှုတွေ၊ တရားဥပဒေလက်ချောမှုတွေ၊ အကျင့်စာရိတ္တ ဖောက်ဖျက်မှုတွေ လျော့နည်းလာမည်ဖြစ်တယ်။ ဤကိစ္စမှန်သမျှတွေကို လက်တွေ့ကျကျ အကောင် အထည်ဖော်ရေးအတွက် မြန်မာပြည်တဝိုက်တွင် အခြေခံနိုင်ငံရေးအဆောက်အအုံ ပြုရမည်။

ကျွန်ုပ်တို့မြန်မာပြည်သားတွေဟာ အသိညာဏ်ကောင်းမွန်ကြပြီး တိုင်းရေးပြည်ရေးတွင် တချိန်က စံနမူနာ ဖြစ်လာခဲ့တယ်။ ကမ္ဘာ့လူ့အသိုင်းအဝိုင်းတွင် နေရာယူဦးဆောင်လာခဲ့တယ်။ ဗြိတိသျှခေတ်တွင် အတိုးတက်ဆုံးနိုင်ငံအဖြစ် ဂုဏ်ယူလာခဲ့ တယ်။ သို့သော် ကျွန်ုပ်တို့ခေတ်တွင် နိုင်ငံရေးအဆောက်အအုံ ညံ့ဖျင်းမှု၊ အောက်တန်းကျမှုနှင့် မပြုပြင်နိုင်တဲ့အတွက် လမ်းဘေးတွင် မီးမလင်းပဲ ဆေးရုံတွင် ဆေးမရှိ၊ ကျောင်းတွင် ကျောက်သင်ပုန်း မရှိ၊ ရထားဘူတာတွင် အိမ်သာမရှိ၊ ကားဂိတ်တွင် သောက်ရေမရှိ၊ ဘုရားကျောင်းတွင် ဖိနပ်ထားရန် မလုံခြုံ စတဲ့ယိုယွင်းပျက်စီးမှုတွေဟာ တနေ့ထက်တနေ့ ကြီးမားလာတာ တွေ့ရတယ်။ ကျွန်ုပ်တို့ရပ်ရွာမြို့ပြတွင် သာရေးနာရေးကိစ္စမှအပ တခြားရပ်ရေးရွာရေးတွင် (ကြံ့ဖွံ့) အသင်း၊ မီးသတ်အဖွဲ့၊ မိခင်နှင့်ကလေးအသင်း၊ စွမ်းအားရှင်အသင်း စတဲ့အသင်းတွေဟာ တိုင်းသူပြည်သား ရွာသားတွေကို ကိုယ်စားပြုတာမဟုတ်ပဲ အတင်းအကြပ် အာဏာယူပြီး လူမှုရေးတွင် ဝင်ရောက်စွက်ဖက်တာဟာ အောက်တန်းကျတဲ့ နိုင်ငံရေးစနစ်ကြောင့် ဖြစ်တယ်။ ခရီးသွားလာရေးတွင် ရွာဦးဘုရားကို ကန်တော့ဆုတောင်းပြီးမှ ခရီးထွက်ရတဲ့ဓလေ့ဟာ တိုင်းသူပြည်သားတွေ ဘယ်လောက်အကြောက်တရား ဝင်နေပြီးဆိုတာ ကောက်ချက်ချလို့ရတယ်။ ကားလမ်းတွေပေါ်မှာ ကင်းစောင့်တပ်၊ လုံခြုံရေးတပ် စတဲ့ရဲတပ်တွေက မလုံခြုံတဲ့တိုင်းပြည်မှာ ကျွန်ုပ်တို့အသက်ရှင်နေကြရတယ်။ ဒီအခြေ အနေကျတဲ့အဆောက်အအုံတွေ ပြုပြင်ဖို့ စစ်အစိုးရမှာ တာဝန်ရှိတယ်။ အပစ်အခတ်ရပ်စဲရေးဟာ တိုင်းပြည်အေးချမ်း ရေးအတွက် အထောက်အကူပြုတယ်။ သို့သော် စည်းကမ်းမရှိတဲ့စစ်တပ်မှ ဖောက်ဖျက်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ တိုင်းသူပြည်သားတွေအပေါ် တရားမဲ့အကောက်ခွန်ယူမှုတွေ၊ လယ်မြေသိမ်းဆည်းမှုတွေဟာ နိုင်ငံရေးရင့်ကျက်ဖို့ အဟန့်အတားဖြစ်စေတယ်။ ယနေ့လက်တွေ့တွင် တိုင်းပြည်အရပ်ရပ်တွင် စစ်တပ်စခန်း ဖြန့်ကျက်ထားမှုလဲ မလိုအပ်တဲ့စစ်မက်မှု၊ သွေးထွက်သံယိုမှုတွေ ပေါ်လာမယ်ဖြစ်တယ်။ တခြားတစ်ဖက်တွင်လည်း စစ်တပ်က အကျွေးအမွေး ပြုရတဲ့တာဝန်ကြီးလာတယ်။ ဒါကြောင့် ကျွန်ုပ်တို့လက်တွေ့တွင် တွေ့ကြုံနေရတဲ့အောက်တန်းကျတဲ့ နိုင်ငံရေးအဆောက် အအုံပြုပြင်ပြောင်းလဲရန် ကြီးမားတဲ့တာဝန်ရှိတယ်။

တိုင်းပြည်မပြိုကွဲရေးဟာ အမျိုးသားအကျိုးစီးပွားက ဘယ်လောက်အထောက်အပံ့ပြုသလဲ?။ တိုင်းရင်းသားအခွင့်အရေး တွေကို ပိတ်ပင်ပြီး တမျိုးသားရေးကို အော်ဟစ်တာဟာ ပိုပြီးယုတ်မာတဲ့နိုင်ငံရေးအတွေးအခေါ်ဖြစ်တယ်။ ဒီယုတ်မာ တဲ့နိုင်ငံရေးအတွေးအခေါ်တွေကို မသတ်ဖြတ်၊ မချေမှုန်းလျှင် ကျွန်ုပ်တို့တတွေ အောက်တန်းကျတဲ့တိုင်းပြည်မှာ ဆက် လက်အသက်ရှင်ရနေရမှာဖြစ်တယ်။ ဒါကြောင့် အမျိုးသားရေးအကျိုးစီးပွားအတွက် မှားယွင်းနေတဲ့နိုင်ငံရေးအတွေးအခေါ်၊ အနိုင်ယူတဲ့နိုင်ငံရေးစနစ်၊ တရားမမျှတတဲ့အစိုးရယန္တရားအဆောက်အအုံတည်ဆောက်မှု စတဲ့အခြေခံပြုပြင်ပြောင်းလဲမှုတွေ စတင်ဖော်ဆောင်ရမယ်။ လက်တွေ့ကျကျ အဖက်ဖက်က မျှတတဲ့အပေးအယူနှင့်တန်ဖိုးရှိတဲ့အသိအမြင်တွေ ကိုင်ဆောင် ရမယ်။

တိုင်းရင်းသားနှင့်နိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေးတွေ ပိတ်ပင်ခြင်း၊ လွှဲချော်တဲ့နိုင်ငံရေးစနစ်ကို ပြုပြင်ရန် လွန်ဆန်ခြင်း၊ တရားမမျှတတဲ့နိုင်ငံရေးအဆောက်အအုံတွေကို စနစ်တကျ ပြင်ဆင်ရန် ဝန်မခံခြင်း စတဲ့နိုင်ငံရေးအကြောက်တရားတွေဟာ အမျိုးသားအကျိုးစီးပွားတွေကို နစ်နာစေတယ်။ “ပြည်သူ့စွမ်းအားရှင်”ဆိုတဲ့အမည်နာမဂုဏ်ပုဒ်တပ်ပြီး ကျောင်းသား ပြည်သူ၊ ရဟန်းရှင်လူတွေကို ရိုက်နှက်ခြင်း၊ အကြံအဖန် မသွေမရာ၊ မဖွေမရာ နှုတ်လွှင့်ပြောဆိုကြိမ်းမောင်းခြင်း၊ ရုပ်မြင် သံကြားပေါ်တွင် ကမ္ဘာသိအောင် အပစ်မဲ့အရပ်သားတွေကို ကြိမ်းမောင်းထိုးကြိတ်ခြင်း စတဲ့အောက်တန်းကျတဲ့စွမ်းအား ရှင်တွေရဲ့အပြုအမူတွေ (အရပ်သားစကားအရ - စောက်ကျင့်တွေဟာ မြင်မကောင်းကြားမသာတဲ့ဖြစ်ရပ်တွေဖြစ်တယ်။ အမှန်စင်စစ် မြန်မာပြည်မှာ စွမ်းအားရှင် ကျဆုံးပြီးစီးနေခဲ့တယ်။ တက္ကသိုလ်ပညာကအစ နိမ့်ကျနေတဲ့ခေတ်တွင် အစွမ်းအစရှိတဲ့လူငယ်တွေ ပြည်ပထွက်ပြီး တိုးတက်ထွန်းကားရေးအတွက် ကြိုးစားလာခဲ့ကြတယ်။ ဒီနိမ့်ကျနေတဲ့ပြည်သူ စိတ်ဓါတ်တွေ၊ ယုတ်နိမ့်တဲ့အမြင်ကျဉ်းတဲ့စွမ်းအားရှင်အုပ်စုတွေနှင့် ကပ်ဖားစားတဲ့စီးပွားရေးအုပ်စုတွေဟာ အမျိုးသား အကျိုးစီးပွားကို နားလည်လျှင် ဒီလုပ်ရပ်တွေ ရပ်စဲသင့်ပြီး။ ဒါကြောင့် အမျိုးသားအကျိုးစီးပွားနှင့် တိုင်းရေးပြည်ရေး အဆင့်အတန်းမှီရေးအတွက် တာဝန်သိသိ၊ တာဝန်ရှိရှိ အသိအမြင် မြင့်မြတ်စွာ ဆင်ခြင်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အထူးပင် လိုအပ်သည်။

မြန်မာပြည်၏နိုင်ငံရေးအသွင်းကူးပြောင်းရေးကို လေ့လာသော် (ပထမပိုင်း) ပြီး၏။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,29th,2008

( 8 )Burmese ambivalent about resettling in U.S.

( 7 )Rice Tours China Quake Zone, to Meet With Leaders On North Korea

( 6 )US secretary of state arrives in China quake zone

( 5 )Tripartite core group releases preliminary cyclone impact assessment report

( 4 )Rice tours China quake zone

( 3 )Why bad things happen to good people

( 2 )Myanmar 8 weeks on

( 1 )အထိန်းသိမ်းခံ သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးကုသမှုခံယူရန် လိုအပ်

Saturday, June 28, 2008

ကရင်နီနှင့်ရှမ်းပြည်ရှိ ဘိန်းစိုက်သော ကျေးရွာပေါင်း ၄၀ ကျော် ယခုနှစ် ဘိန်းစိုက်ပျိုးမှု အထွက်ကောင်း

ဒေလီထက်

ကရင်နီပြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်တို့သည် ယခုနှစ် ၂၀၀၈ အတွင်း ဘိန်းစိုက်ပျိုးမှု အထွက်ကောင်း၍ ဧကပေါင်း ၃၈၀၀ အထိ တိုးချဲ့စိုက်ပျိုးလျှက် ရှိသည်ဟု ကရင်နီ မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားမှုကော်မီတီ (ကေအေဒီအေစီ) အဖွဲ့မှ ယမန်နေ့ ကမ္ဘာ့မူးယစ်ဆေးဝါးနေ့တွင် ထုတ်ပြန်ကြေညာသည်။

“ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ထိုကျေးရွာ (၄၀) ကျော်တို့သည် ဘိန်းဧကပေါင်း ၃၅၀၀ အထိ စိုက်ပျိုးခဲ့ပြီး ယခု ၂၀၀၈ ခုနှစ်တွင် ဧက ၃၀၀ တိုးချဲ့ စိုက်ပျိုးလာခဲ့ပြီး ယခုနှစ် ဘိန်းထွက်နှုန်း ယခင်နှစ်ထက် ကောင်းသည်” ဟု ထုတ်ပြန်ကြေညာချက်က ဆိုသည်။


မြန်မာစစ်အစိုးရတပ်များက ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည် အနောက်မြောက်ခြမ်းရှိ ကျေးရွာများအား အတင်းအဓမ္မ ငွေကြေး အခွန်ကောက်ခံမှုများ ဆက်လက် ပြုလုပ်နေခြင်းကြောင့် ဒေသခံများ နေ့စဉ် ၀မ်းစာဖူလုံရေးအတွက် ငွေများရရှိရန် လွယ်ကူသော ဘိန်စိုက်ပျိုးမှုအား ဆက်လက်၍ လုပ်ဆောင်နေကြရသည်ဟု ရေးသား တင်ပြထားသည်။

၎င်းသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်တွင်း ကရင်နီမူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားမှု ကော်မီတီအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဒေါမိနစ်က ယခုလို ပြောကြားသွားပါသည်။

“အဓိက ရည်ရွယ်ချက်က ဗမာပြည်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဘိန်းတို့၊ ဘာတို့ဆို ဆက်လက် ဖြစ်ပွားနေတဲ့ အကြောင်းပဲ။ အဲဒါသူတို့ အဲဒီဘိန်းစိုက်တဲ့ လုပ်ငန်းတွေကို သူတို့ ဟိုအဖိုးအဖွား ခေတ်ကတည်းကပဲ သူတို့တော်တော် နှစ်ရှည်လများ ကြာနေပြီ။ အနှစ် နှစ်ဆယ် သုံးဆယ်လောက် ရှိနေပြီ။ အဲဒါနဲ့ အခုဟို ပြီးခဲ့တဲ့ အရင်လောက်ထက်တော့ သူတို့က ဟို ဒီနှစ်က နည်းနည်း ပိုထူးခြားတာပေါ့။ ထူးခြားပိုများလာတာပေါ့ ပြောရမယ်ဆို” ဟု ပြောပါသည်။

ဒေသခံများသည် ရာသီအလိုက် အခြားသီးနှံ စိုက်ပျိုးခြင်းကို ပြုလုပ်ပါသော်လည်း သီးနှံထွက်နှုန်းနှင့် ဈေးနှုန်းကိုက်ညီမှု မရှိခြင်း၊ လုပ်အားခနှင့် ကောက်ပဲသီးနှံ ထွက်နှုန်း ကိုက်ညီမှု မရှိခြင်း စသည်တို့ အတွက်ကြောင့် တစ်နှစ်စာ ၀မ်းစာဖူလုံမှု မရှိ၍ ဘိန်းများကိုသာ စိုက်ပျိုးကြရခြင်း ဖြစ်သည်။

ကရင်နီနှင့်ရှမ်းပြည်တို့မှ ထွက်သော ဘိန်းစိမ်းများကို ၀ယ်ယူဆက်စပ်လျှက်ရှိသူများမှာ တရုတ်၊ ကိုးရီးယား၊ တိုင်(မ်)၀မ်၊ အိန္ဒိယ၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပြီး စိုက်ပျိုးရာ ဒေသများအထိ လာရောက် ၀ယ်ယူသူများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခင်နှစ် ဘိန်းတစ်ပိသာလျှင် ကျပ်လေးသိန်းခွဲ အထိရှိပြီး ယခုနှစ်တွင်မှာမူ ၀ယ်ယူသူ နည်းပါလာခြင်းကြောင့် တစ်ပိသာလျှင် လေးသိန်း သုံးသောင်းခန့်သာ တွေ့ရှိရသည်ဟု ဆိုသည်။

ကေအေဒီစီအေစီအဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင်ထူထောင်ခဲ့ပြီး ဘိန်စိုက်ပျိုးနေသော ကျေးရွာများရှိ မူးယစ်ဆေးဝါး စွဲလမ်းနေသည့်သူများကို ပြန်လည် ထူထောင်နိုင်ရန်အတွက် ပညာပေး လုပ်ငန်များပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းနှင့် သီးနှံများအစားထိုး စိုက်ပျိုးနိုင်ရန်အတွက် လုပ်ဆောင်ပေးနေသော အဖွဲ့ဖြစ်သည်။

ကရင်နီနှင့်ရှမ်းပြည်ရှိ ဘိန်းစိုက်သော ကျေးရွာပေါင်း ၄၀ ကျော်မှ လူဦးရေ ၅၀၀ ကျော်ခန့်သည် ဘိန်းများကို သုံးစွဲနေကြပြီး ၁၀၀ ကျော်မှာမူ ဘိန်းများကို စွဲစွဲလမ်းလမ်း သုံးစွဲနေသော သူများဖြစ်ကြသည်ဟု ကိုဒေါမိနစ်က ပြောကြားသွားပါသည်။

Source

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,28th,2008

( 16 )Flow of Burmese goods into India suspended

( 15 )မိုးသည်းထန်မှုကြောင့် မိုးညှင်း မြို့ပေါ်ရပ်ကွက်များ ရေမြှုပ်

( 14 )Mission of Burma

( 13 )Fewer refineries but no less output

( 12 )Monk Leaders Rejected by Monasteries

( 11 )မြန်မာအမျိုးသမီးများ ဆင်းရဲဒုက္ခ၊ ကုလ လုံခြုံရေးကောင်စီ တာဝန်ယူဘို့လို

( 10 )ULFA militants preparing to set up power generator in Myanmar

( 9 )Myanmar acting on foot-and-mouth disease

( 8 )AIDtoCHILDREN.com And World Vision Team Up To Raise Funds For Myanmar Children

( 7 )Datacraft raises funds to help victims of the Myanmar Cyclone disaster

( 6 )Vietnam Red Cross sends more disaster aid to China, Myanmar

( 5 )OCBC staff donate to victims of disasters

( 4 )မြန်မာ့အရေး အပြောင်းအလဲအတွက် အကောင်အထည် ဖေါ်နိုင်ရေး ကုလအတွင်းရေးမှူးချုပ်ဆွေးနွေး

( 3 )Sporting teen raises funds for cyclone victims

( 2 )စစ်အစိုးရ ပြုပြင်ပြောင်းလဲရေး မက်လုံးပေးဖို့ စက်မှု ထိပ်သီးနိုင်ငံတွေ စဉ်းစား

( 1 )Power Grid to execute 3 projects in Myanmar

Friday, June 27, 2008

နအဖ ဖန်တီးသောနာဂစ် ရခိုင်ပြည်နယ်တွင် ဖြတ်သန်းတိုက်ခတ်နေ

Narinjara News


ရခိုင်ပြည်နယ်တွင် နအဖ အာဏာပိုင်များက နာဂစ် လေဘေးအတွက်ဟုဆိုကာ ပထမ အနေဖြင့် အလှူငွေများကို ရခိုင်ပြည်သူများထံက ကောက်ခံခဲ့ပြီး ယခုအခါ ကျေးရွာ အုပ်စုလိုက် နွား၊ ကျွဲနှင့်စပါးများကို ခွဲတန်းချပြီး အတင်း ကောက်ခံနေသည်။

အမည်မဖေါ်လိုသူ ဘူးသီးတောင်မြို့နယ်မှ အရပ်လူကြီး တဦးက “သဘာဝက ဖန်တီးတဲ့ နာဂစ်ကြောင့် ကျနော်တို့ ပြည်သူတွေ သိန်းချီသေဆုံးပြီး သန်းချီ ဒုက္ခရောက်ခဲ့ကြရပါပြီ။ အခုလည်း ကျနော်တို့ ရခိုင်ပြည်သူတွေက နအဖဖန်တီးတဲ့ နာဂစ်ကြောင့် တော်တော် ဒုက္ခရောက်နေကြရပါပြီ။”ဟု ပြောသည်။

နအဖ စစ်အာဏာပိုင်များက ရခိုင်ပြည်နယ် တ၀န်းလုံးတွင် နာဂစ် တိုက်ခတ်ပြီးနောက်ပိုင်း လေဘေး ဒုက္ခသည်များအတွက်ဟုဆိုကာ တမြို့နယ်ကို ကျပ်ငွေ သိန်း သုံရာထက် မနည်းစီရဟုဆိုကာ အလှူငွေများကို အတင်းအဓမ္မ ကောက်ခံသွားခဲ့ပြီး ယခုအခါ ကျေးရွာ အုပ်စုအလိုက် ကျွဲ၊နွားများနှင့် စပါးများကို ခွဲတန်းချ ကောက်ခံနေသည်။

“သူတို့က မြို့နယ် မယက ဥက္ကဌကတဆင့် ကျေးရွာ ရယက ဥက္ကဌတွေကို ညွှန်ကြားပြီး ကျေးရွာအုပ်စု တအုပ်စုကို နွား သုံးကောင်နဲ့ စပါးတင်းပေါင်း ၅၀၀-စီ မပေးမနေရ ပေးရမယ် ဆိုပီး ကောက်ခံနေပါတယ်။ ဘူးသီးတောင်ပိုင်းက ကျေးရွာ အုပ်စုတွေဖြစ်တဲ့ ညောင်ချောင်း၊ သည်ကံခွဆုံ၊ စေတီတောင်၊ ဖုံညိုလိပ်စတဲ့ ကျေးရွာအုပ်စုတွေမှာ ခုလက်ရှိ ကောက်ခံနေ ပါတယ်။”ဟု အဆိုပါ အရပ်လူကြီး ကပြောသည်။

မောင်တောမြို့နယ်တွင် ကျွဲ၊ နွားနှင့်စပါး မပေးသွင်းနိုင်သော ကျေးရွာအုပ်စုများက ရယက ဥက္ကဌများအနေဖြင့် အိမ်ထောင်စုတစုစီက ကျပ်ငွေ ၄၀၀၀ စီကောက်ခံနေသည်။

အလားတူ ကောက်ခံမှုမျိုးကို ရခိုင်ပြည်နယ်အတွင်းမှ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ စစ်တွေ၊ မင်းပြား၊ ကျောက်ဖြူနှင့်မြေပုံ စသည့် မြို့နယ်များတွင်လည်း ပြုလုပ်နေသည်ဟု ဒေသအတွင်းကလာသော သတင်းများအရ သိရှိရသည်။

များမကြာမှီက တက်ကနက်မြို့ကို ရောက်ရှိလာသူ ခရီးသည်တဦးက “လူတွေ စီးပွားရေး အဆင်မပြေလို့ ငတ်သူငတ် သေသူသေ ဖြစ်နေတဲ့ အချိန်မှာ ခုလို အစိုးရ အာဏာပိုင်တွေက ငွေတွေကို အတင်း ကောက်ခံနေတဲ့အတွက် လူတွေက အထူး ဒုက္ခရောက်နေ ကြရပါပြီ။”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းအတွက် လိုအပ်သော ဓါတ်မြေသြဇာ၊ အပ်ကိုင်းနှင့် တခြားပစ္စည်းများ ၀ယ်ယူရန်အတွက် ရှိစုမဲ့စု ရွှေ၊ ငွေများကို ပေါင်နှံရောင်းချပြီး ငွေကြေးများ စုဆောင်းနေရချိန်တွင် အာဏာပိုင်များက နာဂစ်လေဘေး အတွက် ငွေများ အတင်းစုဆောင်း ကောက်ခံနေသဖြင့် ရခိုင်ပြည်သူလူထု တရပ်လုံးမှာ မဖေါ်ပြနိုင်သော အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သတင်းများ ရရှိသည်။

Source

မူးယစ်ဆေးမှု သတင်းပြေးနေသော အနုပညာရှင်များ ပုဂ္ဂလိကဂျာနယ်များတွင် ငြင်းဆို

မိုးအောင်တင် | ဇွန် ၂၇၊ ၂၀၀၈

မေလကုန်ခါနီးနှင့် ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် အနုပညာရှင်များ ခေါ်ယူစစ်မေးခြင်း ဖမ်းဆီး ခြင်း ခံနေရသည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် သီတင်း ၂ ပတ်ကျော်၌ ပြည်တွင်း ပုဂ္ဂလိက သတင်းဂျာနယ် များတွင် အနုပညာရှင်များအား ဆက်သွယ်မေးမြန်းပြီး ယခုလိုထွက်ပေါ်ခဲ့သည့် ကောလာဟလ သတင်းများ မှန်ကန်မှုမရှိ ကြောင်း ရှင်းလင်းပြောဆိုချက်များအား ဖေါ်ပြထားသည်ကို တွေ့ရသည်။

ဇွန်လ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေသော Weekly Eleven ဂျာနယ်တွင် သရုပ်ဆောင် နန္ဒာလှိုင်နှင့် တွေ့ဆုံ မေးမြန်း ရာတွင် လတ်တလောပြောဆိုနေကြသည့် မူးယစ်ဆေးသုံး စွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး နန္ဒာလှိုင်က “အဖြေမှန်မပေါ် သေးခင်တော့ ဂယက်ဆိုတာရှိမှာပါ။ အဲဒီကိစ္စ ကအချိန်တန် ရင် အဖြေမှန်ပေါ်လာမှာပါ။ အဲဒီ အခါ ပရိသတ်တွေလည်း သိသွားမှာပါ။ အကုန်လုံးကိုယ်စား ဘာမှမပြောလိုပါဘူး” ဟုဖြေဆိုသည်ကို ဖေါ်ပြ ထားသည်။

ထို့အတူ ယခုတပတ်ထုတ် ဆဲဗင်းဒေးစ် သတင်းဂျာနယ်၊ News Watch သတင်းဂျာနယ် စသည်တို့တွင်လည်း မူးယစ်ဆေး သုံးစွဲမှုကြောင့် ခေါ်ယူစစ်မေးခြင်းခံခဲ့ရသည့် အနုပညာရှင်တချို့ကို ဆက်သွယ်မေးမြန်းကာ ဖြေဆိုချက် များကို ဖေါ်ပြခဲ့ကြ သည်။

ဂျာနယ်ဖတ်သူ အိမ်ရှင်မ တဦးကမူ “ကျမကတော့ ဂျာနယ် ထဲမှာ ရေးထားတဲ့ ဘာမှ မဖြစ်ပါဘူးဆိုတာကို သိပ် မယုံဘူး။ လူတွေ အားလုံးသိနေကြတဲ့ ကိစ္စကို ဘာမှမဖြစ်သလို ပြန်ဖြေတဲ့အတိုင်းရေးထားတော့ နောက်ကွယ် မှာ အကြောင်း တခုခုကြောင့် အမှန်အတိုင်း မဖြေတာ၊ မဖေါ်ပြတာလို့ဘဲ ထင်တယ်” ဟုပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာ တဦးက''သတင်းမှန်ကို ရေးခွင့်မရဘဲ နအဖ အစိုးရက ပုံဖေါ်တဲ့ဖြစ်စဉ်အတိုင်း ဖေါ်ပြကြရတာဟာ သတင်းစာဆိုင်ရာ ကျင့်ဝတ်နဲ့မညီပါဘူး။ အဖြစ် မှန်က ရုပ်ရှင် သရုပ်ဆောင် တချို့ကို ပြန်ကြားရေးဝန်ကြီးက ၀ါဒဖြန့်ကားတွေ ရိုက်လက်စ ရှိနေတာကြောင့် အရေးမယူဖို့ အာမခံပြီး လွှတ်စေလိုက် တာ၊ အဲဒီအနုပညာရှင်တွေလည်း ပြန်ကြားရေးဝန်ကြီးရဲ့ အာမခံမှု အပေါ်နောက်နောင် ၀ါဒဖြန့်ဇာတ်လမ်းနဲ့ သီချင်းတွေ ရိုက်ပေးရ ဆိုပေးရ ဦးမှာပါ။ ဒီအဖြစ်ကို ဖုံးကွယ်ပြီး ရေးသားဖေါ်ပြတဲ့ ဟာတွေက စာဖတ်သူကို လှည့်ဖြား သလို ဖြစ်စေ တယ်၊ အမှန်ကို ရေးသားခွင့်မရရင် အဲဒီလိုသတင်းမျိုးကို မဖေါ်ပြဘဲ လက်ရှောင်သင့်ပါတယ်” ဟု ဝေဖန် ပြောဆိုသည်။

မေလကုန်နှင့် ဇွန်လဆန်းတွင် မကြာမီရက်ပိုင်းကမှ ရာထူးမှဖယ်ရှားခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်၊ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၊ သရုပ်ဆောင် နန္ဒာလှိုင်၏ ညီမဖြစ်သူ နွေးနွေးလှိုင်နှင့် သရုပ်ဆောင် အဆိုတော် အများအပြား မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး မေးမြန်း ခြင်းခံရသည့်သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။

သို့သော် နအဖ အစိုးရအရာရှိကြီးများ ၏ သားသမီးများနှင့် ပတ်သက်နေသဖြင့် တရားဝင်ထုတ်ပြန်ခြင်း မပြုသောကြောင့် အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်ပြီး ယခုလို ပြည်တွင်း ပုဂ္ဂလိက မီဒီယာများတွင် ဖြေရှင်းချက်များကိုသာ ဖေါ်ပြခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

Source

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,27th,2008

( 54 )Is China doing a Mayanmar in Sri Lanka?

( 53 )G8 pleads for Burma survivors

( 52 )Burma agency makes plea to donors

( 51 )Nasaka photographs villagers in Buthidaung

( 50 )Suu Kyi Manga Released in English

( 49 )Bangladesh eager to resolve Rohingya and other issues with Burma

( 48 )မြစ်ကြီးနားတွင် မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ကချင်ကျောင်းသားများ ပြုလုပ်၊ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာနေ

( 47 )Diarrhea afflicts over 150 refugees, two children die

( 46 )Migrant boy killed

( 45 )One Blood, One Voice, One Command

( 44 )Regime orders reduction of death toll in Higyi Kyun Island

( 43 )Lt-Gen Myint Swe: Future No 2?

( 42 )Burma and Afghanistan Increase Opium Production: UNODC

( 41 )Pay money, get electricity post Nargis: Rangoon resident

( 40 )Southeast Asia body key to prising open Myanmar

( 39 )Southeast Asia body key to prising open Myanmar

( 38 )Merck Frosst and its employees combine their efforts to help the China and Myanmar disaster victims

( 37 )အန်အယ်ဒီ လူငယ် ကျန်းမာရေးဆိုးရွား၊ ဆေးကုသခွင့်မရ

( 36 )Rights Activist Says State-Sanctioned Rape Widespread in Burma

( 35 )Help for Burma

( 34 )ငြိမ်းအဖွဲ့များ မူးယစ်ဆေးဝါးနှင့်ကင်းရှင်းရန် ခေါ်ယူသတိပေးခံရ

( 33 )ဂြိုဟ်တုစလောင်း စစ်ဆေးရန် ညွှန်ကြားချက်ထုတ်

( 32 )စည်းမဲ့ကမ်းမဲ့အကြမ်းဖက်မှု တားဆီးပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို

( 31 )နိုင်ငံခြားအကူအညီ ပိုမိုလက်ခံရန် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ဖိအားပေး

( 30 )မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကုလသမဂ္ဂ၌ ကျင်းပ

( 29 )Cyclone Assessment Reveals Critical Food, Water Shortages

( 28 )Ban Discusses Burma with Indian, China, Indonesian Ambassadors

( 27 )Sexual violence continues in Shan State

( 26 )မြန်မာပြည်ဟာ မူးယစ်ဆေးဝါး အထွက်တိုးတိုင်းပြည် ဖြစ်နေဆဲ

( 25 )KIO marks "World drug day"

( 24 )Increased cultivation on the Shan-Kayah border

( 23 )ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ ရဟန်းတော်များ စာသင်တိုက်များတွင် ကျောင်းဝင်ခွင့်မရ

( 22 )A slow boat to Myanmar

( 21 )G8 urges Myanmar to accept cyclone aid, release Suu Kyi

( 20 )Southeast Asian nations agree on a digital set-top box specification

( 19 )ထောက်ပံ့ရေးလုပ်ငန်းအတွက် ကန့်သတ်ချက်များလျှော့ပေးရန် G8 တောင်းဆို

( 18 )G8 calls on Myanmar to lift aid restrictions

( 17 )မူးယစ်ဆေးမှု သတင်းပြေးနေသော အနုပညာရှင်များ ပုဂ္ဂလိကဂျာနယ်များတွင် ငြင်းဆို

( 16 )Bangladesh offers to settle core issues with Myanmar

( 15 )Myanmar again to take severe action against vehicles with stickers

( 14 )US team in India to hunt for WWII 'Hump' missing

( 13 )Myanmar Refugees Resettlement Crosses 30,000

( 12 )Security, oil and food prices main topics of G-8 foreign ministers' meeting

( 11 )Love thy neighbour

( 10 )‘Allow maids from China, Myanmar’

( 9 )Thriving opium trade next door bad news for India

( 8 )G-8 commits to Afghan efforts

( 7 )G8 call on Burma to improve position

( 6 )United Bank signs pact with Myanmar banks

( 5 )'ULFA preparing to generate power in Myanmar border town'

( 4 )ဧရာဝတီကို ကူညီခွင့်မရသည့် ပြင်သစ် ဆက်သွယ်ရေးအဖွဲ့ မြန်မာပြည်က ထွက်ခွာ

( 3 )Pupils sponsored to swim for Burma

( 2 )Mugabe must be toppled by a coup

( 1 )ကချင်ပြည်နယ်တွင်း မူးယစ်ဆေးပျံ့နှံ့မှု စိုးရိမ်စရာ အခြေအနေ ရောက်နေ

Thursday, June 26, 2008

Flash mob for Burma hits London

ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း တိုက်ပွဲတွင် စစ်သား ၆၀ ကျဆုံး

Narinjara News 6/26/2008

ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် ကျဆုံးသူ စစ်သား အရေအတွက် ၆၀ ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ကျဆုံးသွားသူ စစ်သားများမှာ စကခ ၁၅ လက်အောက်ခံ စစ်တပ် တပ်ရင်း ၁၀ ရင်းမှ ဖြစ်ပြီး အများစုမှာ မြန်မာနိုင်ငံ အရှေ့ဘက် ကရင်နှင့် ရှမ်း ရှေ့တန်းနယ်မြေများတွင် ကျဆုံးသွားခြင်း ဖြစ်သည်။

များမကြာမှီက စကခ ၁၅ မှ ထုတ်ပြန်သော အစီရင်ခံစာ တစောင် အရ စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရိုးရိုးသေဆုံးသွားသူ စစ်သား အရေအတွက်မှာ ၆ ဦးရှိပြီး တိုက်ပွဲတွင် ခြေနှစ်ဖက် ပြတ်သွားသူမှာ ၂ ဦး ရှိကြောင်း သိရှိရသည်။

၎င်းပြင် ခြေတဖက် ပြတ်သွားသူမှာ ၆၆ ယောက်ရှိပြီး မျက်လုံး တဖက် ကန်းသွားသူမှာ ၅ ဦးရှိသည်။ တိုက်ပွဲများ အတွင်း ဒဏ်ရာရပြီး မသန်မစွမ်း ဖြစ်သွားသူမှာ ၄၄ ဦးရှိပြီး ရိုးရိုး ထိခိုက်ဒဏ်ရာ ရသွားသူမှာ ၈၃ ဦးရှိကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖေါ်ပြသည်။

အဆိုပါ စကခ ၁၅ အား ဗိုလ်မှူးချုပ် အောင်နိုင်မှ ဦးစီးကွပ်ကဲပြီး ယခုအခါ စကခ ၁၅ တပ်မှူးမှာ ကရင်ရှေ့တန်းသို့ရောက်နေကြောင်း သတင်း တရပ်တွင် ဖေါ်ပြသည်။

စကခ ၁၅ လက်အောက်ခံ တပ်ရင်းများမှာ ခမရ ၃၅၂၊ ၃၄၅၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅၊ ၅၃၆ နှင့် ၅၃၇ တို့ဖြစ်ကြပြီး အဆိုပါ တပ်ရင်းများ အားလုံးမှာ စစ်တွေမြို့ မြောက်ဘက် မိုင် ၈၀ အကွာတွင် တည်ရှိသော ဘူးသီတောင် မြို့နယ်တွင် အခြေစိုက်ကြသည်။

Source

မြို့တော်ခန်းမအနီး ဆန္ဒပြသူအမျိုးသမီး (၁) ဦးဖမ်းဆီးခံရ

NEJ / ၂၆ ဇွန် ၂၀၀၆

ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုဆန္ဒပြသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

အဆိုပါအမျိုးသမီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးသော်လည်း သူမသည် မြို့တော်ခန်းမ အနီး လူစည်ကားရာနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၁၀) မိနစ်ခန့် ကြွေးကြော်သံများ အော်ဟစ်၍ တကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ရဲ၏ ဆွဲခေါ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင် သက်သေတို့၏ ပြောဆိုချက်ကိုကိုးကားပြီး သတင်း၌ ဖော်ပြသည်။

ဆန္ဒပြသည့်သတင်းကို ကြားသိရသော်လည်း ဆန္ဒပြသူအမျိုးသမီးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင် ဟုတ်မဟုတ် မသိရှိရသေးဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

မြန်မာစစ်အစိုးရသည် ဆန္ဒပြသူများကို ပြင်းထန်စွာအရေးယူလေ့ရှိပြီး ယမန်နှစ် သြဂုတ်လက အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို ထောင်ဒဏ်တသက် တကျွန်းချမှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်၌ အကျဉ်းချထားခဲ့သည်။

Source

မောင်တောမြို့တွင် နစက ဒေါက်တိုင် တဦး သတ်ဖြတ်ခံရ

Narinjara News 6/26/2008

မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့တွင် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးနှင့် ပူးပေါင်း စီးပွားရေး လုပ်သူ တဦးကို အမည်မသိသူ လူတစုက သူနေအိမ် အတွင်း ၀င်ရောက်ပြီး ဓါးနှင့် ခုတ်သတ်သွားကြောင်း သတင်းရရှိသည်။

ဓါးနှင့် ခုတ်သတ်ခံရသူမှာ ဦးဇော်မင်းခေါ် မော်တာဇာ (၄၂) နှစ်ဖြစ်ပြီး နစက ဌာနချုပ်မှ အိမ်သို့ မော်တော်ဆိုင်ကယ်နှင့် ပြန်လာစဉ် အိမ်ထဲ အရောက်တွင် အသင့်စောင့်ဆိုင်း နေသော အမည် မသိသူ လူလေးဦးမှ ဓါးနှင့် ခုတ်သတ်သွားခြင်း ဖြစ်သည်။


အဆိုပါ ဓါးခုတ်မှုမှာ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဦးဇော်မင်းမှာ အဆိုပါ နေအိမ်အတွင်းတွင်ပင် ဓါးဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

အမည်မဖေါ်လိုသူ အရပ်သား တဦးမှ ဦးဇော်မင်းမှာ မောင်တောမြို့နယ် မောင်နှမကျေးရွာမှ ဖြစ်ပြီး မောင်တောမြို့အမှတ် ၅ ရပ်ကွက်ရှိ သူယောက္ခမနေအိမ်၌ နေထိုင်စဉ် ယခုကဲ့သို့ အသတ်ခံရခြင်း ဖြစ်သည်။

သူ့မှာ နစက တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စီးပွားရေး လုပ်ကိုင်နေသူ တဦးဖြစ်ပြီး နစက အားကိုးဖြင့် ဒေသခံ ပြည်သူများ အပေါ် အနိုင်ကျင့် ဗိုလ်ကျ နေသူ တဦး ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ မောင်တောရဲမှ လူသတ် တရားခံအား အပူတပြင်းလိုက်ရှာဖွေနေပြီး သူနှင့် ရန်ဘက် ဖြစ်သူ အဆိုပါ ကျေးရွာမှ ရ၀တ လူကြီးဟောင်း တဦးအား ရဲက ဖမ်းဆီးပြီး ခေါ်ယူ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Source

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,26th,2008

( 53 )တကိုယ်တော် ဆန္ဒပြသူ အမျိုးသမီး ဖမ်းဆီးခံရ

( 52 )Myanmar Blocks Telecom Relief

( 51 )မျိုးရန်နောင်သိန်းကို ဆေးကုသခွင့်မပေး

( 50 )UBI signs MoU with three Myanmar banks

( 49 )S'pore hands over airport ground handling equipment to Myanmar

( 48 )ကယ်ဆယ် ထောက်ပံ့ရေး လုပ်သူများအကြား အတိုက်အခံများ ရှာဖွေနေ

( 47 )Bangladesh seeks Myanmar farm land on lease

( 46 )အိုလံပစ်တွင် မြန်မာများလည်း ဝင်ရောက် ယှဉ်ပြိုင်မည်

( 45 )Rohingyas sent back to Burma by BDR

( 44 )Bush Discusses Burma with UN Ambassadors

( 43 )School teacher tortured by Army in Buthidaung

( 42 )Cyclone relief efforts galvanise Burma's monk

( 41 )Trek aims to bring peace to Myanmar

( 40 )Myanmar scribe held for burying cyclone dead

( 39 )မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ကချင်ကျောင်းသားများ လှုံ့ဆော်

( 38 )Thousands in Delta Told to Relocate

( 37 )အကူအညီ အညံ့များနှင့် ဒုက္ခသည်လယ်သမားများ

( 36 )Lone Demonstrator Arrested at Rangoon City Hall

( 35 )စားဝတ်နေရေးကြပ်တည်း၍ စစ်တွေမြို့က မိသားစုတစု သေကြောင်းကြံ

( 34 )Women’s Groups Want Junta Arraigned before ICC

( 33 )Teacher’s 400-mile trek takes him barefoot across county

( 32 )မုန်တိုင်းမိဒေသများမှ ကျွဲ နွားများ ခွာနာလျှာနာ ရောဂါ ဆိုးရွားစွာခံစားနေရ

( 31 )ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆန္ဒပြသူ အဖမ်းခံရ

( 30 )Students mark 'World Drug Day' with anti-drug posters in Northern Burma

( 29 )Wanyin ill-informed choice for drug free project

( 28 )Parents forced to take out children from school

( 27 )Ocean's stars campaign for cyclone aid

( 26 )လက်တွန်းထွန်စက် မလုံလောက်၍ လယ်သမားများ အခက်ကြုံ

( 25 )လေဘေးဒုက္ခသည်များ ရေနှင့် အစားအစာ ပြတ်လပ်နေဟု ကုလ ပြောကြား

( 24 )Magazine editor arrested after visiting cyclone-affected Burma

( 23 )မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု သိသိသာသာ လျော့နည်းလာ

( 22 )Myanmar seizes over 100 kg heroin

( 21 )DFID က Save the Children အဖွဲ့ ကူညီပုံကို ကန့်ကွက်

( 20 )Myanmar confirms detention of 14 Suu Kyi supporters

( 19 )Burma journalist 'arrested for burying cyclone dead'

( 18 )Myanmar to strive for realizing poppy-free target by 2014

( 17 )Myanmar stresses prompt repair of cyclone-ravaged jetties in Yangon

( 16 )Opium cultivation shrinks in Myanmar over past decade

( 15 )Cyclone survivors proved tough, experts say

( 14 )Myanmar cyclone survivors held tough against feared 2nd wave of deaths

( 13 )Burma Refugees Ex-Thailand Resettlement Tops 30K

( 12 )A close associate of Nasaka hacked to dead in Maungdaw

( 11 )Villagers flee to border to escape abuses by Burma Army

( 10 )Two Arakanese Communists Released After 20 Year Sentence

( 9 )မင်းပြားမြို့သိမ်းရာတွင် ပါဝင်ခဲ့သည့် ရခိုင်ပြည်ကွန်မြူနစ်ပါတီမှ အဖွဲ့ဝင် နှစ်ဦး ထောင်ထဲမှ ပြန်လည် လွတ်မြောက်လာ

( 8 )India, Myanmar sign agreements

( 7 )China gives Myanmar $100m for poppy eradication

( 6 )Over 30,000 Myanmar refugees resettled abroad:

( 5 )Bishops' emergency appeal for Burma Development and Peace receives $ 1.8 million

( 4 )တတိယနိုင်ငံ ရွှေ့ပြောင်းအခြေချမှု မြန်မာဒုက္ခသည် အများဆုံး

( 3 )Pitt, Clooney and Damon Fight For Cyclone Victims

( 2 )Thailand, Burma sign gas deal

( 1 )လေဘေးသင့်ဒေသ ရိက္ခာ ပြတ်လပ်နိုင်ဟု အကဲဖြတ်အဖွဲ့ ဖော်ပြ

Wednesday, June 25, 2008

အဖွဲ့ချုပ်ရုံးရှေ့ရိုက်နှက်ဖမ်းဆီးသည့် စွမ်းအားရှင်များတွင် လုံထိန်းပါဝင်

ကျော်ထင်/ ၂၅ ဇွန် ၂၀၀၈

ဇွန် (၁၉) ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်တွင် ဒေါ်အောင် ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်နေစဉ် လူ (၄) ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည့် စွမ်းအား ရှင်ဆိုသူများထဲတွင် အရပ်ဝတ် လုံထိန်း တဦးပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ (၂၆) ရက်တွင် ရွှေတိဂုံဘုရား၊ ကြားတောရလမ်း၌ အဆိုပါ လုံထိန်း၏ ရိုက်နှက်ဖမ်းဆီးမှု ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ယခုရိုက်နှက် ဖမ်းဆီးမှုတွင်လည်း ၎င်းလုံထိန်းကို စွမ်းအားရှင်ပုံစံ အရပ်ဝတ်နှင့် တွေ့ရကြောင်း ပြောသည်။

၎င်းက “ဘယ်လိုမှတ်မိလဲဆိုတော့ အဲဒီတုန်းက လဲသွားတဲ့ ကောင်မလေးတယောက်ကို သူရိုက် နေလို့ ဆက်မရိုက်ဖို့ သွားတောင်းပန်တာ။ ဒါနဲ့ပဲ ကျနော့်ကို ဆက်ရိုက်တာ။ နောက်ပြီးတော့ လဲသွားတော့ မျက်နှာကို သူကကန်တယ်၊ ဘာမှလုပ်တာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ကျနော့်ကို လုပ်စရာမလိုဘူးလို့ ကျနော်ပြန်ပြောတယ်။ သူနဲ့မျက်နှာချင်းဆိုင် ပြောလိုက်တာပေါ့၊ ရာဇ၀တ်
ကောင်လည်းမဟုတ်ဘူးလို့” ဟု ပြောသည်။

“နောက်ထပ် သေချာမှတ်မိတာတခုက ကျနော်တို့ကို ဒိုင်နာပေါ်မှာ ဖမ်းထားတဲ့အချိန်မှာ ဗဟန်း (၃) လမ်းဘက်က သံဃာတွေကိုရိုက်တော့ ဘုန်းကြီးကျောင်းထဲက ပြန်ချတယ်လေ။ လုံထိန်း တွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်တော့ ကားပေါ်က ဖမ်းခံထားရတဲ့ ကောင်မလေးတွေက ကြောက်ပြီး အော်တယ်။ အဲဒီမှာ ဒီလုံထိန်းပဲ နောက်ရဲ (၂) ယောက်နဲ့ ကားပေါ်တက်လာပြီး ဆက်ရိုက်သေးတယ်၊ ဒီလုံထိန်းက (၂) ရစ်နဲ့လေ” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် စွမ်းအားရှင်များက ရိုက်ဖမ်းဆီးမှုသည် အာဏာပိုင်များကိုယ်တိုင် ဥပဒေချိုးဖောက်နေခြင်းဖြစ်ကြောင်း နယ်စပ်အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ပြောသည်။

BLC အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက “စွမ်းအားရှင်တွေထဲ လုံထိန်းတွေ ထည့်ထား တာက အာဏာပိုင်တွေနဲ့ ဆိုင်တယ်လေ။ ဥပဒေကြောင်းအရတော့ သာမန်ပြည်သူကိုဖမ်းမယ် ဆိုရင် ယူနီဖောင်းဝတ်တဲ့ ရဲသာလျှင် ဖမ်းခွင့်ရှိတယ်။ လုံထိန်းဖြစ်စေ၊ စွမ်းအားရှင်ဖြစ်စေ၊ ဒီလို ဖမ်းဆီးတယ်ဆိုရင်တော့ မတရားဖမ်းဆီးချုပ်နှောင်မှုကို အစိုးရအာဏာပိုင်တွေက ကျူးလွန် တာပဲလို့ ပြောရမှာ” ဟု ပြောသည်။

မြန်မာစစ်အစိုးရသည် ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်းမှစပြီး နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး ရိုက်နှက်ရာတွင် စွမ်းအားရှင်ဆိုသူများကို စတင်အသုံးချလာခြင်းဖြစ်သည်။

Source

သီတဂူဆရာတော် မဲဆောက်တွင် အထူးတရားပွဲကျင်းပ

NEJ/ ၂၅ ဇွန် ၂၀၀၈

နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်သည် မဲဆောက်မြို့ရှိ တောရဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ညက အထူး တရားပွဲတရပ် ကျင်းပခဲ့သည်။

ယမန်နေ့ တရားပွဲတွင် ဆရာတော်က နာဂစ်မုန်တိုင်း ဘေးဒုက္ခကျရောက်သူများအပေါ် ကရုဏာ တရားဖြင့် ကူညီပေးကြရန် (ကရုဏာ) တရားတော်ကို ဟောကြားခဲ့သည်။

ဆရာတော်က “ဆွေမျိုးများပျက်စီးခြင်း၊ အိုးအိမ်များပျက်စီးဆုံးရှုံးခြင်း၊ ရောဂါမျိုးစုံ နှိပ်စက်ခံ ရခြင်း၊ ကိုယ်ကျင့်တရားပျက်စီးခြင်း၊ ဘုရားတရားသံဃာတို့အား မသိရှိတော့ခြင်းဆိုတဲ့ ဗျသနတရား ငါးပါးဆိုတာ လူသားတွေကို ဒုက္ခအပေးဆုံးပဲ။ ကမ္ဘာ့လူသားတွေရဲ့ လိုအပ်ချက်က ဒုက္ခရောက် သူတို့ (သို့မဟုတ်) ဗျသနတရားငါးပါး ခံစားနေရသူတို့အတွက် ကရုဏာလိုပါတယ်။ ဒုက္ခ ရောက်သူတွေ ဒုက္ခမှ လွတ်ပါစေ၊ ဘေးရန်သင့်သူတွေ ဘေးရန်မှ လွတ်ပါစေ၊ သောကရောက် သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ၊ အဲတာ ကရုဏာပို့တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ လူ (၂) သန်းလောက် အသက်ရှင်လျက် ဒုက္ခဖြစ်ပြီးကျန်ရစ်တာ၊ လူ (၂) သိန်းလောက်အသက်သေပြီး ဒုက္ခဖြစ်သွားကြတာ၊ အဲဒီဒုက္ခကို တို့ကဘယ်လိုကူညီပြီး ဖြေရှင်းနိုင်မလဲ၊ ကာယကံမြောက်ဖို့တော့ လုပ်ဖို့လိုတယ်” ဟု ဟောကြားသည်။

မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူ ဆရာတော်သည် နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းအများ အပြားကို ပေးပို့လှူဒါန်းလျက်ရှိပြီး နိုင်ငံတကာသို့ လှည့်လည်ပြီး ကယ်ဆယ်ထောက်ပံ့ရေးအတွက် တရားပွဲများ ကျင်းပလျက်ရှိသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့အထိ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ အမာမြို့နယ်တို့မှ ဘုန်းတော်ကြီးကျောင်း (၁,၃၄၅) ကျောင်းအတွက် သွပ်အချပ်ရေ (၁၀၀)၊ ကျောင်းပြင်ဆင်ရန် တကျောင်းလျှင် ငွေကျပ် (၁) သိန်း၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို ကားအစီး (၃၀၀) တိုက်ဖြင့် ကျေးရွာပေါင်း (၇၇၀) ကျော်အထိ ပေးပို့လှူဒါန်းပြီး အမာမြို့နယ်ဆေးရုံ၊ ကဒုံကနိကျေးရွာဆေးရုံနှင့် ဘိုကလေးမြို့နယ်ဆေးရုံတို့အတွက် ဆေးရုံသုံး ဆေးဝါးကိရိယာများနှင့် ဆက်စပ်ပစ္စည်း ဒေါ်လာ (၂) သိန်းဖိုး လှူဒါန်းခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။

ဆရာတော်၏တရားပွဲသို့ ဒေသတွင်းရောက် မြန်မာများနှင့် ဒေသခံများအပါအ၀င် တရားနာ ပရိသတ် (၂,၀၀၀) ခန့် လာရောက်ခဲ့ကြပြီး ကယ်ဆယ်ထောက်ပံ့ရေး အလှူအတွက် ငွေသားနှင့် ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

သီတဂူဆရာတော်၏ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေး အထူးတရားပွဲတွင် တရားနာ ကြွရောက်လာသူများမှ ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းကြပြီး မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင် ဦးဆောင်သည့် အရေးပေါ်ကူညီစောင့်ရှောက်ရေး Emergency Assistance Team အဖွဲ့ကလည်း ထိုင်းဘတ်ငွေ (၃) သိန်း လှူုဒါန်းခဲ့သည်။

ယနေ့ညတွင်လည်း ဆရာတော်၏တရားပွဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။

Source

နာဂစ် လေမုန်တိုင်းကြောင့် သေဆုံးသူု ၈၄၅၃၇-ဦးရှိသည်ဟု နအဖမှ တရားဝင် ထုတ်ဖော် ပြောကြား

Narinjara News


မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန် မုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ ယခင် စစ်အစိုးရ ထုတ်ပြန်ထားသည့် စာရင်းဇယားများထက် ပိုမိုများပြားကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် မေလ ၁၇-ရက်နေ့က ထုတ်ပြန်ခဲ့သည့် နအဖ စစ်အစိုးရ၏ စာရင်းတွင် မုန်တိုင်း ကြောင်းသေဆုံးသူ ၇၇၀၀၀-ကျော်သာရှိသည်ဟု ထုတ်ပြန် ကြေငြာခဲ့သော်လည်း ယခုအခါ သေဆုံးသူ ၈၄၅၃၇-ဦးရှိကြောင်း နအဖ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူမှ ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့တွင် တရားဝင် ထုတ်ဖော် ပြောကြားလိုက်သည်။

ယခုကဲ့သို့ နအဖစစ်အစိုးရမှ သေဆုံးသူ အရေအတွက်ကို တိုးမြှင့် ထုတ်ပြန်လိုက်သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့စည်းများမှ ထုတ်ပြန်သည့် အရေအတွက်နှင့် ကွာခြားနေဆဲ ဖြစ်သည်။

မေလ ၁၆-ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂမှ ခန့်မှန်းချက်အရ သေဆုံးသူ တသိန်းကျော်ရှိ သည်ဟု ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများက သေဆုံးသူ အရေအတွက်မှာ ၁၂၀၀၀၀-ကျော် ရှိသည်ဟု ထုတ်ပြန် ခဲ့သည်။

ယခုကဲ့သို့ သေဆုံးသူစာရင်းဇယားကို တိုးမြှင့်ထုတ်ပြန်လိုက်ခြင်းမှာ အာစီယံ ကိုယ်စား လှယ်များ၊ ကုလကိုယ်စားလှယ်များနှင့် နအဖကိုယ်လှယ်များဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့မှ လေဘေးကြောင့် အပျက်အစီးနှင့် လိုအပ်ချက်အစီ ရင်ခံစာကို ဇူလိုင်လ ၁၈-ရက်နေ့တွင် ထုတ်ပြန်ရန် ပြင်ဆင်နေခြင်းကြောင်း ဖြစ်နိုင်သည်ဟု လေ့လာ သူများက ယုံကြည်နေကြသည်။

ယခုအခါ အဆိုပါ သုံးပွင့်ဆိုင်အဖွဲ့မှ ကိုယ်စားလှယ် ၂၅၀-ကျော်မှာ မြစ်ဝ ကျွန်းပေါ်ဒေသများသို့ ကိုယ်တိုင် သွားရောက် လေ့လာ နေကြဆဲ ဖြစ်ကြောင်း သိရှိရသည်။

စစ်အစိုးရသည် လေဘေးဒုက္ခသည်များနှင့် ပတ်သတ်သည့် သတင်း အချက်လက်နှင့် သေဆုံး သူနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသူများ၏ စာရင်း အတိအကျကို အမြဲဖုံးကွယ်ထားခဲ့သည် သာမက နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့နှင့် ပြည်တွင်းမှ ပုဂ္ဂလိက အလှူရှင်များ လေဘေး သင့်ဒေသများသို့ သွားရောက် ကူညီနေမှုများကိုလည်း ကန့်သတ် နှောင့်ချက် တားဆီးမှုများ ပြုလုပ် နေဆဲဖြစ်သည်။

Source

Myanmar cyclone aid 'running low'

Aljazeera Wednesday, June 25, 2008

Food aid to victims of Cyclone Nargis in Myanmar will run out in less than three weeks unless more international donations are allowed to come through, the UN has warned.

The UN Office for Co-ordination of Humanitarian Affairs says millions of survivors from the cyclone in early May are still without basic food supplies.

The UN warning contrasts with an optimistic assessment from the Association of South-East Asian Nations (Asean), which said on Tuesday that the needs of cyclone survivors were being met.

The regional bloc includes Myanmar among its 10-nation membership.

An Asean assessment report on the cyclone is due in mid-July but speaking in Yangon on Tuesday the group's secretary-general said assessment teams had had "unlimited and unfettered" access to the disaster region.

"The basic needs of the victims are being met for their early recovery," Surin Pitsuwan said.

Deadly path

Cyclone Nargis tore a deadly path through the Irrawaddy Delta region of central Myanmar, leaving more than 84,000 dead, according to the latest figures from the country's military government.

An estimated 42 per cent of food stocks in the cyclone-affected areas were destroyed by the storm.

The World Food Programme has said its available rice supplies will only last until the end of June.

Myanmar's military government was widely criticised by aid agencies and the UN for its slow response to the disaster and its unwillingness to allow access to international aid teams in the crucial early days after the storm.

In a speech on Tuesday, Kyaw Thu, Myanamar's deputy foreign minister, said the government had seen "less and less requests for emergency assistance coming from communities and local authorities" in the Irrawaddy Delta region.

"Various reports indicate that the worst of the crisis may have stabilised, although it is by no means over."

Source

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,25th,2008

( 60 )Tech charity quits burma following government blocks

( 59 )Burmese journalists continue to be arrested, foreign journalists still unwelcome

( 58 )သတင်းထောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေသည်ဟု တရားစွဲ

( 57 )No More Aid through Junta

( 56 )Forced labor for construction of Rangoon-Sittwe Highway

( 55 )မြန်မာစစ်ခေါင်းဆောင်များကို အရေးယူရန် အမျိုးသမီးအဖွဲ့ တောင်းဆို

( 54 )Junta Signs Gas Deal with Thailand

( 53 )Thai authorities begin work on ID cards for Burmese migrants

( 52 )Hard to be innocent in Burma

( 51 )Burmese Journalists Banned from Asean Press Conference

( 50 )Nasaka informer hacked to death in Maungdaw Town

( 49 )Cost for a motorbike license quadruples

( 48 )Gem Mining Destroying Environment, Activists Say

( 47 )Six brothel houses closed down

( 46 )Five Sentenced to Die for Abbot’s Murder

( 45 )TAQ2506.003 Myanmar, India sign economic cooperation agreements

( 44 )ဂျပန်လူမျိုးများ မြန်မာသံရုံးကို ဆန္ဒပြ

( 43 )Resettlement of Myanmar refugees from Thailand tops 30,000

( 42 )Myanmar storm survivors running out of food

( 41 )Burma survivors running out of food

( 40 )နာဂစ်ဒဏ်ခံရသည့် ဘောလုံးကွင်းများပြန်ပြင်ရန် ဖီဖာက ဒေါ်လာ (၁) သိန်းကူညီမည်

( 39 )Thai energy firm signs major gas deal with Myanmar

( 38 )နာဂစ်မုန်တိုင်းကြောင့်သေဆုံးသူဦးရေ (၁) သိန်းခွဲနီးပါးရှိနိုင်

( 37 )Preliminary findings of post-Nargis joint assessment confirm need for continued relief assistance

( 36 )သတင်းထောက် မအိမ့်ခိုင်ဦးကို ငြိမ်ဝပ်ပိပြားရေးထိခိုက်စေမှုဖြင့် စွဲချက်တင်

( 35 )China helping Myanmar cut poppy production

( 34 )46 percent of families in burma's Ayeyarwady delta have less than two day's worth of food

( 33 )ထိုင်းစွမ်းအင်ကုမ္ပဏီနှင့် နအဖစစ်အစိုးရ သဘာဝဓာတ်ငွေ့စာချုပ် ချုပ်

( 32 )မြန်မာ ဆိုင်ကလုန်းအကူအညီများ လျော့နည်းလာ

( 31 )Drug use in gold mines on the rise

( 30 )Cyclone assessment reveals critical food, water shortages

( 29 )စစ်အစိုးရက အာစီယံနိုင်ငံများ၏ကျန်းမာရေးဆိုင်ရာ ပူးပေါင်းပါဝင်မှုကို အလေးထားသည်ဟုဆို

( 28 )Six Myanmar athletes to compete in Beijing Olympics

( 27 )လပ္ပတ္တာနယ်၏ စီးပွားရေး ယခုနှစ် နာလန်မထူနိုင်

( 26 )Church development agency continues to help Burma cyclone victims

( 25 )အာဆီယံအတွင်းရေးမှူးချုပ် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာသတင်းစာ ဆရာများ နှင်ထုတ်ခံရ

( 24 )China offers rare praise for Myanmar's drug fight

( 23 )Thai energy firm signs major gas deal with Myanmar

( 22 )George, Brad press Myanmar

( 21 )Karen Armed Rebellion in Burma Takes a New Turn: Ex-American Marines as Military Advisors/Trainers

( 20 )Plea to support Burmese people

( 19 )China Offers Rare Praise for Myanmar's Drug Fight

( 18 )စပါးခွံသုံး မီးစက် တည်ဆောက်၍ မောင်တောမြို့ကို လျှပ်စစ်မီး ပေးဝေရန် ULFA ကစီစဉ်

( 17 )Pitt, Clooney heavy Burmese junta

( 16 )India provides 84 million dollars in loans to Myanmar projects

( 15 )How to Handle Dictators

( 14 )အကြွေးရသည့် စက်ပစ္စည်းနှင့် မျိုးစပါးထုတ်ပြီးကာမှ လယ်ယာမဲ့ဘ၀ရောက်

( 13 )သုံးပွင့်ဆိုင် ဗဟိုအဖွဲ့က မုန်တိုင်းအပျက်အစီး စစ်ဆေးပြီးစီး

( 12 )ဖဲရိုက်မူဖြင့် အဖမ်းခံရသည့် မယကဥက္က္ထ္ထဌနှင့် အတွင်းရေးမှူးကို အာမခံဖြင့် ပြန်လွတ်

( 11 )Welfare society reps to fly to Myanmar to present aid

( 10 )ဘုရားခိုးဂိုဏ် အဖွဲ့ဝင်ဟု စွပ်စွဲခံရသူ ရဲအချုပ်စခန်းတွင် စစ်ဆေးစဉ် သေဆုံး

( 9 )Help build a new home

( 8 )Gordon needs another war to save him

( 7 )Myanmar retires top military officers

( 6 )50,000 signatures presented over Japanese journalist slain in Myanmar

( 5 )Myanmar cyclone toll tops 138,000

( 4 )Death toll in Myanmar cyclone jumps to 84,500

( 3 )ဇင်ဘာဘွေနဲ့မြန်မာ ခိုင်းနှိုင်းစရာ ဖြစ်လာနေ

( 2 )AIPMC on European Parliamentary Caucus on Burma

( 1 )Myanmar's new capital: remote, lavish, off-limits

Tuesday, June 24, 2008

လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ၏ စာပေလက်ရာများ အထက်တန်း သင်ရိုးညွှန်းတမ်းမှဖြုတ်

ကိုစိုး | ဇွန် ၂၄၊ ၂၀၀၈

စစ်အစိုးရက ၂၀၀၈-၂၀၀၉ ခု ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းကို အသစ် ပြင်ဆင်၍ ပြောင်းလဲ ပြဌာန်းရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့နှင့် သက်ဆိုင်သော စာပေများကို ဖြူတ်ပယ် ပြဌာန်းထားသည်ကို တွေ့ရှိရသည်။

မြန်မာအမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်ကိုယ်တော်မှိုင်းတို့နှင့် သက်ဆိုင်သည့် သမိုင်း ကြောင်းနှင့် စာပေများသည် နောက်မျိုးဆက်သစ် လူငယ်များ သိသင့်သိထိုက်ပြီး အတုယူရမည်ဖြစ်သော ကြောင့် သင်ရိုးညွှန်းတန်းမှ မဖြုတ်ပယ်သင့်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအတွက် ပညာရေးဝန်ဆောင်မှု ပြုလုပ်ပေးနေသော ဒေါက်တာ သိန်းလွင်က ပြောသည်။

“ပညာရေးက သမိုင်းကြောင်းနဲ့ဆက်စပ်နေတာဆိုတော့၊ လူငယ်တွေသိသင့်သိထိုက်တာ၊ အနာဂတ်မှာ သင်ခန်း စာယူရမှာ တွေကို ကျောင်းသင်ခန်းစာမှာ ထည့်ရမှာပဲ၊ အခုအချိန်အထိ သခင်ကိုယ်တော်မှိုင်းတို့ ဗိုလ်ချုပ် အောင်ဆန်း တို့ဆိုတာ မြန်မာအမျိုးသားရေးခေါင်းဆောင်တွေပဲ၊ သူတို့ရဲ့ သမိုင်းတွေ၊ သူတို့ရဲ့အမြင်တွေ ကို ကျောင်းသားတွေ သိထိုက်တယ်၊ ဒါတွေကို ကျောင်းသင်ခန်းစာမှာ သင်ထိုက်တယ်”ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။
ယခု သင်ကြားရမည့် ၁၀ တန်း သင်ရိုးသစ် တွင် ယခင် သင်ရိုးဟောင်း ပင်ရင်းစကားပြေမှ ဗိုလ်ချုပ်အောင်ဆန်း၏ “ပြည်သူ့ ညီလာခံ”အမည်ရှိ မိန့်ခွန်းကောက်နုတ်ချက် စကားပြေအပါအဝင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ “လူကြီးနှင့် လူငယ်” စကားပြေနှင့် မြန်မာကဗျာလက်ရွေးစဉ်မှ “သပြေနုချိန်”ကဗျာတို့ကို ဖြုတ်ပယ်ခဲ့ခြင်းသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့၏စာပေနှင့် အတွေးအခေါ်တို့သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ခြိမ်းခြောက်နေသောကြောင့် စစ်အစိုးရက ကျောင်းသင်ခန်းစာမှ ဖြုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် စာရေး ဆရာ ဇင်လင်းကလည်း ပြောကြားသည်။

“သူတို့ရေးခဲ့တဲ့စာတွေ၊ ပြောခဲ့ဟောခဲ့တဲ့ စကားတွေ၊ အဆိုတွေ၊ အစဉ်အလာတွေ၊ အတွေးအခေါ်တွေ အားလုံးက အမြဲတမ်း ပြည်သူနဲ့တသားတည်း ရှိတယ်၊ နိုင်ငံနဲ့ အမျိုးသား အကျိုးစီးပွားနဲ့ တသားတည်း ရှိတယ်၊ အဲဒီလို အမျိုးသားရေး အစဉ် အလာနဲ့ တကယ့် မျိုးချစ်စိတ် အစစ်အမှန်ကို ဖော်ကျူးတဲ့ စာတွေက စစ်အာဏာရှင်စနစ်နဲ့ အမြဲတမ်း ဖီလာဆန့်ကျင်နေတာ ဖြစ်တဲ့အတွက် ဒီစာတွေကိုကျောင်းသုံးပြဌာန်းနေတာဟာ ပျံ့ပွားကျယ်ပြန့်အောင် လုပ်သလိုဖြစ်နေတယ်၊ ဒါကိုမလိုလားတဲ့ အတွက် အခုလိုဖြုတ်ပစ်တာပဲဖြစ်ပါတယ်”ဟု ဆရာဇင်လင်းက ပြောသည်။

စစ်အစိုးရ အနေနှင့် ယင်းသို့ သင်ရိုးညွှန်းတမ်းကို ပြောင်းလဲပြဌာန်းရခြင်းမှာ နိုင်ငံတကာ အဆင့်မီရန်အတွက်ဟု ကြေညာ ပြောဆိုနေသော်လည်း ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်းတို့နှင့် သက်ဆိုင်သည်များကို ဖြုတ်ပစ်ခြင်း သည် သမိုင်းကြောင်းကို ဖြောက်ပစ်ချင်၍ဖြစ်ကြောင်း ရန်ကုန်မြို့မှ အခြေခံပညာ အထက် တန်း အဆင့် သင်ကြားနေသော ဆရာတဦးက ပြောဆိုသည်။

“သင်ရိုးပြောင်းတာက အစိုးရ ကြေညာချက်အရ ဆိုရင် နိုင်ငံတကာ အဆင့်မီအောင်၊ ဂျီစီအီး လယ်ဘယ်နဲ့ ညီအောင်လို့ ဆိုတယ်၊ တကယ် တန်းကျ နိုင်ငံတကာ အဆင့် မီသလားဆိုတော့ သင်ရိုးကို အစအဆုံးပြောင်းတာ မဟုတ်ဘဲနဲ့ နဂို သင်ရိုး ပေါ်မှာ မွမ်းမံ တာပဲ ရှိတယ်၊ နည်းနည်းစီ ထပ်တိုးတယ်၊ နည်းနည်းစီ ဖြုတ်ပစ်တယ်၊ မနှစ်ကလည်း ၉ တန်းကို ပြောင်းထား တယ်၊ နိုင်ငံတကာ အဆင့် က လုံးဝ မမီပါဘူး၊ သူငယ်တန်းကစပြီး၊ အခြေခံကစပြီး အကုန်လုံးပြင်မှ ရမှာ၊ စာမေးပွဲ စနစ် တွေပြောင်းရမယ်၊ စာအုပ်စာတမ်းတွေ နိုင်ငံတကာမီအောင် လုပ်ပေးရမယ်၊ ၉ တန်း ၁၀ တန်းကျမှ စပြောင်းလို့ မဖြစ် နိုင်ဘူး”ဟု လည်း ၎င်းက ပြောသည်။

ယခု သင်ရိုးသစ်သည် အင်္ဂလိပ်စာတွင်လည်း အနည်းငယ်သာပြောင်းလဲမှုရှိပြီး ရူပဗေဒ ဘာသာရပ်တွင်မူ သင်ခန်းစာ ထပ်တိုးလာကြောင်းနှင့် ကျောင်းသားနှင့် ဆရာများအတွက် ခက်ခဲထူးခြားမှု များစွာမရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာစစ်အစိုးရ စာမေးပွဲ စနစ်မှာ အရည်အသွေးထက် အတန်းအောင်ရေးအတွက် နှစ်စဉ် အောင်ချက် ရာခိုင်နှုန်း ညီမျှမှု ရှိရန် ထိန်းညှိပြုလုပ်ထားသော စနစ်ဖြစ်၍ ယခု နှစ် ၁၀ တန်းအောင်နှုန်းမှာလည်း ယခင်နှစ်များကနှင့် ကွာခြားမှု မရှိဟု အထက်ပါ ရန်ကုန်အခြေစိုက် အထက်တန်းပြ ဆရာ၏ ပြောကြားချက်အရ သိရသည်။

ဒေါက်တာ သိန်းလွင် က မူ ပညာရေးသည် ကျောင်းသား၊ မိဘ ၊ နိုင်ငံနှင့် သက်ဆိုင်သည့် လွတ်လပ်စွာလေ့လာ သင်ယူနိုင် သော ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ အုပ်ချုပ်သူ အလိုကျ ပြောင်းလဲကျင့်သုံးသည့် ပညာရေးမျိုး မဖြစ်သင့်ကြောင်း ပြောသည်။

“နိုင်ငံတကာ အဆင့်မီတာ မမီတာထက် အုပ်ချုပ်တဲ့လူတစုရဲ့အမြင်နဲ့ ပြောင်းလဲတာမျိုး မဖြစ်သင့်ဘူး၊ လွတ်လွတ်လပ်လပ် လေ့လာ သင်ယူနိုင်ရမယ်၊ လွတ်လွတ်လပ်လပ် တွေးခေါ်စဉ်းစားနိုင်ရမယ် ဆိုတဲ့ ပညာရေးမျိုး Critical Thinking မျိုးကို သွားရမယ်၊ အဲဒီလို ဆိုရင် လူငယ်တွေက အားလုံးကို လေ့လာမယ်၊ လေ့လာနိုင်ဖို့ လည်း လမ်းဖွင့်ပေးရမှာပဲ”ဟု ၎င်းက ပြောကြားသည်။

ယခုသင်ရိုးသစ်၌ ပြည်ပတွင်ရောက်ရှိနေထိုင်လျှက်ရှိသော ကဗျာ ဆရာ မောင်စွမ်းရည်၏ “ဘဝနှင့်အလှ”ကဗျာနှင့် လယ်တီ ဆရာတော်ကြီး၏“ခွင့်သာခိုက်မှ မလိုက်ချင်လျှင်”တေးထပ်တို့ကိုလည်း ဖြုတ်ပယ်ထားသည်။ ဆရာ မောင်စွမ်းရည်သည် ပြည်ပသို့ရောက်ရှိချိန်မှ စ၍ စစ်အစိုးရ ဝေဖန်စာများကို အစဉ်တစိုက်ရေးသား နေသူတဦး ဖြစ်သည်။

ယင်းသို့ ပြောင်းလဲပြဌာန်းလိုက်သည့် သင်ရိုးသစ်ကို ယခုလ ၂ ရက်နေ့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်မှ စတင်ကာ ကျောင်းသားများ သင်ကြား နေကြရပြီဖြစ်ကြောင်း သိရသည်။

Source

မြောက်ပိုင်းတိုင်း တိုင်းမှူး နှုတ်ဆက်ပွဲပြုလုပ်

NEJ/ ၂၄ ဇွန် ၂၀၀၈

ရာထူးတိုးနှင့် နေရာအပြောင်းအရွှေ့အတွက် နှုတ်ဆက်ညစာစားပွဲတခု မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ နေအိမ်တွင် ဇွန်လ (၂၂) ရက်ညက ကျင်းပခဲ့ကြောင်း ကိုယ်တိုင်တက်ရောက် ခဲ့သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ အရာရှိကြီးတဦးက ပြောသည်။

၎င်းက “တိုင်းမှူးဟာ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်နဲ့ ပြောင်းရွှေ့ရမယ်လို့ ပြောတယ်။ အရင် ရဲမြင့်ကြီးခေါ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ ရာထူးကို ဆက်ခံရမယ်လို့ ပြောတယ်။ ဒါနဲ့ ဧည့်ခံပွဲ လုပ်တာ၊ မြစ်ကြီးနားမှာတော့ ဒါ ထုံးစံပဲ” ဟု ပြောသည်။


စစ်အစိုးရအတွင်း ရာထူးအပြောင်းအလဲများရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြား အတည်ပြု၍ မရနိုင်သေးဘဲ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ နှုတ်ဆက်ပွဲ ကျင်းပသည့် သတင်းသည် စစ်အစိုးရ ထိပ်ပိုင်းရာထူးအပြောင်းအလဲကို ထင်ဟပ်စေခြင်းဖြစ်သည်။

ထွက်ပေါ်နေသည့် သတင်းများအရ နအဖ ထိပ်ပိုင်းရာထူးကြီးများဖြစ်သည့် နအဖ အဖွဲ့ဝင် စစ်ဆင်ရေးအထူး အဖွဲ့မှူး (၅) ဦး ရာထူးမှ အနားယူပြီး အဆိုပါနေရာများတွင် တိုင်းမှူး (၅) ဦးက အစားထိုး ၀င်ရောက်လာကာ စစ်တိုင်းမှူး (၂) ဦး တိုင်းချင်း အပြောင်းအရွှေ့လုပ်ကြောင်း၊ စစ်တိုင်းမှူးနေရာများတွင် တပ်မမှူးများနှင့် စစ်ဘက်ဆိုင်ရာ ကျောင်းအုပ်အချို့ ၀င်ရောက်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း နေရာတွင် တပ်မ (၆၆) တပ်မမှူးက ၀င်ရောက်တာဝန်
ယူမည်ဖြစ်ပြီး မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ နေရာကိုလည်း အခြားတယောက်
ဝင်ရောက်တာဝန်ယူမည်ဖြစ်ကြောင်းနှင့် အခြားဝန်ကြီးအဖွဲ့ဝင် နေရာအများအပြား၌လည်း အပြောင်းအလဲရှိကြောင်း ရန်ကုန်မြို့၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထိုသို့အပြောင်းအလဲသတင်း ထွက်ပေါ်လာခြင်းသည် လာမည့် ၂၀၁၀ ပြည့်နှစ်တွင် အတည်ဖြစ်မည့် ဖွဲ့စည်းပုံနှင့်အညီ စစ်တပ်ထဲမှ အရာရှိကြီးများ အရပ်ဘက် ကူးပြောင်းကာ နိုင်ငံရေးလုပ်ရန် ပြင်ဆင်သည့် ပြောင်းရွှေ့မှုကြီး ဖြစ်နိုင်ကြောင်း ရန်ကုန်အသိုင်းအ၀န်းတွင် ထင်မြင်ချက် ပေးနေ ကြသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးနေအိမ်၌ ပြုလုပ်သည့် ဧည့်ခံပွဲသို့ ကချင်လူမျိုး၊ တရုတ်လူမျိုး သူဌေး ကြီးများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး တိုင်းမှူးကို ကျောက်မျက်ရတနာ အပါအ၀င် အဖိုးတန်လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ကချင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ အဆိုပါအရာရှိကြီးက နအဖ စစ်တပ်အတွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းတို့ ကချင်ပြည်နယ်နှင့် ပတ်သက်၍ ထူးထူးခြားခြား ပြောင်းလဲမှု ရှိလာမည်ဟုမမြင်ကြောင်း ပြောသည်။

Source

လေဘေးအလှူဖုန်းများကို ဆက်သွယ်ရေးမှ ရောင်းစား

NEJ/ ၂၄ ဇွန် ၂၀၀၈

နာဂစ်လေမုန်တိုင်းဘေးအတွက် တရုတ်နိုင်ငံ ZTE Corporation ကုမ္ပဏီက လှူဒါန်းသည့် WCDMA ၄၅၀ ဖုန်းများကို တလုံး ကျပ် (၁၅) သိန်း (၅) သောင်းဖြင့် မြန်မာ့ဆက်သွယ်ရေးက ရောင်းစားနေကြောင်း ဆက်သွယ်ရေးရုံးမှ အရာရှိတဦးက ပြောသည်။

“လေဘေးအတွက်ဆိုပြီး တရုတ်ပြည် ZTE Corporation ကုမ္ပဏီက WCDMA ၄၅၀ ဖုန်းတွေ အကူအညီပေးတယ်။ သူတို့လှူတာ ရေဒီယို အခြေခံစခန်း (၁၅) ခုနဲ့ မိုဘိုင်းအခြေခံစခန်း (၁) ခု၊ စုစုပေါင်း ဖုန်းအလုံးပေါင်း (၃၀,၀၀၀) တပ်ဆင်နိုင်တယ်။ ဒေါ်လာ (၃.၃) သန်းဖိုး ရှိတယ်။ အဲဒါကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ ရောင်းစားနေတာ” ဟု မရမ်းကုန်း ဆက်သွယ်ရေးရုံးမှ အမည် မဖော်လိုသူ အင်ဂျင်နီယာတဦးက ပြောသည်။

စစ်အစိုးရက အဆိုပါ အလှူခံရရှိသည့် ဖုန်းများအနက် အချို့ကို ဧရာဝတီတိုင်းအတွင်း၌ ကယ်ဆယ် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ရန် တာဝန်ပေးထားသည့် ဇေကမ္ဘာ၊ ထူးထရေးဒင်း၊ မက်စ် မြန်မာ၊ ဧဒင်၊ အေးရှားဝေါ၊ ဒဂုံအင်တာနေရှင်နယ်၊ ရွှေသံလွင်၊ တော်ဝင် စသည့် ကုမ္ပဏီပေါင်း (၃၀) အား ကုမ္ပဏီတခုလျှင် (၅) လုံးနှုန်းဖြင့် အလုံး (၁၅၀) ချပေးခဲ့ပြီး ကျန်ရှိသည့် အခြား အလုံးပေါင်းမြောက်များစွာကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း၌ ရောင်းစားနေကြောင်း ဒေသခံများက ပြောသည်။

စစ်အစိုးရက အဆိုပါ စီဒီအမ်အေ တယ်လီဖုန်းများကို ကတ်သက်သက် ကျပ် (၁၅) သိန်း (၅) သောင်းဖြင့် ချပေးနေပြီး ကုမ္ပဏီများကမူ ဖုန်းအိမ်အပါ ကျပ်သိန်း (၂၀) နှင့် လျှောက်လွှာတင်ရန် မလိုဘဲ ရောင်းပေးနေခြင်းဖြစ်ကြောင်း ဖုန်းဝယ်ယူခဲ့သည့် ဘိုကလေးမြို့ခံတဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း၌ လေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ထိရောက်ရန် အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့သည် ဆက်သွယ်ရေးစက်များ မြန်မာ ပြည်တွင်း ယူဆောင်လာခဲ့ကြသော်လည်း ရန်ကုန်လေဆိပ်၌ပင် အားလုံးအသိမ်းဆည်းခံကြ ရကြောင်း ပြည်တွင်းအန်ဂျီအိုတခုမှ ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် ကုလသမဂ္ဂအနေဖြင့် ရန်ကုန်မှာ အရေးပေါ် ဆက်သွယ်ရေး စင်တာတခု (Emergency Tele-communications Centre) တည်ထောင်ရန် ယနေ့အချိန်ထိ အကောင်အထည် မပေါ် သေးသကဲ့သို့ မြစ်ဝကျွန်းပေါ်က ဗဟိုဌာနခွဲများနှင့်လည်း ကောင်းမွန်စွာ ဆက်သွယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လေဘေးကယ်ဆယ်ရေးအတွက် ထိုင်း ရှင်းဆက်တယ်လိုက်ကုမ္ပဏီကလည်း ဂြိုဟ်တုဖုန်းများ လှူဒါန်းခဲ့ပြီး သန်းနှင့်ချီ တန်ဖိုးရှိသည့် ဆက်သွယ်ခွင့်များ ပေးခဲ့သော်လည်း အဆိုပါဖုန်းများကို ကုလသမဂ္ဂအပါအ၀င် မည်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုင်ဆောင်အသုံးပြုနိုင်ခြင်း မရှိခဲ့ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။

Source

Burmese public aid cyclone victims

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,24th,2008

( 48 )Asian girls play festival football matches

( 47 )Tripartite core group completes joint assessment on cyclone impact on Myanmar

( 46 )U.N. Helicopter Relief Runs Low on Funds

( 45 )ကျေးရွာများပြောင်းရွှေ့ပေးရန် သစ်တောဦးစီးဌာနက တောင်းဆို

( 44 )‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’ ဟု ရေးသားသူ ကဗျာဆရာကို ရုံးထုတ်ပြန်

( 43 )Myanmar cyclone report to be presented in Singapore

( 42 )PONJA အစီရင်ခံစာက လေဘေး အကူအညီတွေ ရှာပေးနိုင်မှာလား

( 41 )BDR seizes contraband Burmese goods worth Taka 1.9 million

( 40 )Ecovision ဂျာနယ် အမျိုးသမီး သတင်းထောက် ဖမ်းဆီးခံရ

( 39 )Rohingya youth jailed for 5.5 years for crossing Burma-Bangladesh border

( 38 )စစ်အစိုးရတွင်း အပြောင်းအရွှေ့များ နောက်ကွယ်တွင် ဘာတွေရှိသလဲ

( 37 )Burma Drops New Operating Guidelines

( 36 )သိန်းထီဆုကို သိန်း(၁) ထောင်ထိ တိုးပေးရန်စီစဉ်

( 35 )Myanmar retires top military officers, reshuffles 150 staff

( 34 )ကဒုံကနိ သစ်တောကြိုးဝိုင်းအတွင်း နေထိုင်သူများကို ဖယ်ရှားပေးရန် စာထုတ်ပြန်

( 33 )လေဘေးဒုက္ခသည်သတင်းယူသည့် Ecovision ဂျာနယ်သတင်းထောက် အချုပ်ကျခံနေရ

( 32 )Cyclists go out for a spin to whip up cash for cyclone victims

( 31 )မုန်တိုင်းကြောင့် သေဆုံးစာရင်း စစ်အစိုးရထပ်တိုး

( 30 )အမှုမှန်ပေါ်ပေါက်ရေး ၀ိုင်းဝန်းကြိုးစားပေးရန် အလုပ်သမားများ မေတ္တာရပ်ခံ

( 29 )India, Myanmar ink four pacts, including BIPA

( 28 )Mind-Forged Manacles

( 27 )တရုတ်နယ်စပ်တွင် ဝစ်သောက် ဆိုင်ကယ်များ အဝယ်လိုက်နေ

( 26 )Burma revises cyclone figures

( 25 )Myanmar cyclone toll rises to 138,000

( 24 )Work-shy Myanmar buffaloes add to farmers' woes

( 23 )Human Smuggling Crackdown Hits Kawthaung

( 22 )Sein Win Seeks Talks with China, India

( 21 )Family Commits Suicide to Escape Hunger

( 20 )Burma's Neighbor Bangladesh Could Disappear by Century's End

( 19 )Japanese protest killing of journalist in Myanmar

( 18 )Myanmar Launches 11-Day Gems Auction

( 17 )Myanmar cyclone toll tops 138,000 dead and missing

( 16 )Myanmar cyclone toll tops 138,000 dead and missing

( 15 )Junta supremo praises protégé in Kachin State

( 14 )Official death toll in Myanmar cyclone increased to 84,500

( 13 )ရွေ့ပြောင်းအလုပ်သမားအတွက် (၁၀)နှစ်ခံ နေထိုင်ခွင့်လက်မှတ်များ ပြုလုပ်ပေး

( 12 )Charities urged to learn from Burma appeal

( 11 )Myanmar appreciates int'l medics for cyclone healthcare services

( 10 )84,500 confirmed dead from cyclone

( 9 )Myanmar's monks regroup after killer storm

( 8 )PTT Exploration Myanmar Venture Agrees to Supply Gas to Parent

( 7 )Myanmar's new capital: Out of sight

( 6 )Daewoo to Sell All Burma Gas to China

( 5 )Cyclone relief efforts galvanize Myanmar's monks months after government crackdown

( 4 )Myanmar Keeps the Wheels On With China's Help

( 3 )RM766,300 raised for disaster victims

( 2 )Stressed out Myanmar buffaloes add to farmers’ woes

( 1 )Chinese Trade Bolsters Myanmar