Friday, October 31, 2008

ကေအဲန်ယူ တပ်စခန်းကို ဒီကေဘီအေ သိမ်းပိုက်၊ ဒီကေဘီအေ ၇ ဦး ဒဏ်ရာရ

နွယ်လေး။
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ ပူပေါင်းတပ်ဖွဲ့များက ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံ တပ်မဟာ (၆) တပ်ရင်း ၂၀၁ စခန်းတခုအား ယနေ့ နံနက်တွင် ထပ်မံဝင်ရောက် ထိုးစစ်ဆင် တိုက် ခိုက်ရာ တပ်စခန်းကို လက်လွတ်လိုက်ရ သည်ဟု ကေအဲန်ယူက ပြောသည်။

ကေအဲန်ယူ လက်အောက်ခံ တပ်ရင်း ၂၀၁၊ တပ်ခွဲ ၃ စခန်းကို ဒီကေဘီအေက ယနေ့ နံနက် ၁၁ နာရီတွင် စခန်းသိမ်း တိုက်ပွဲအဖြစ် ၀င်ရောက် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက် အထွေထွေ အတွင်းရေး မှူး (၁) ပဒို စောလှငွေက ပြောသည်။

“အခြေအနေကတော့ ပြီးသွားပြီ။ ပွဲကတော့ ပြီးသွားပြီပေါ့။ ပြီးသွားပြီဆိုတာကတော့ ကျနော်တို့ဆီ မှာ သူတို့က ၀င်လာပြီလေ။ လက်နက်ကြီးနဲ့ ဖိပြီးတော့ နှစ်ဖက်ကနေ ညှပ်ပြီးဝင်လာတော့ ကျနော် တို့ဆီကလူ ထွက်ပေးလိုက်ရတယ်။ ပြောက်ကြားဆိုတော့ ဒီနေရာက ထွက်ရင် ဒီနေရာပတ်ဝန်းကျင် မှာပဲ ရှိနေကြတော့ ဆက်လှုပ်ရှားရင် ဆက်ဖြစ်ရင် လည်းဖြစ်မှာပဲ။ လောလောဆယ်ကတော့ စခန်း သိမ်းတိုက်ပွဲပုံစံအနေနဲ့ စခန်းကို ကာကွယ် တာကတော့ ဒီလောက်ပဲ ကာကွယ်နိုင်တယ်။ အဲဒီအတွက် တော့ အရင်းအနှီးနဲ့ မမျှဘူး၊ အင်အား မမျှတော့ ကျနော်တို့ဆီက ထွက်ပေးလိုက်ရတာပေါ့။”

ကေအဲန်ယူ၏ တပ်ရင်း ၂၀၁၊ တပ်ခွဲ ၃ စခန်း ဖလယ်လော်ဆယ်သည် မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၁၄၀ အကွာတွင် တည်ရှိပြီး ထိုင်း-မြန်မာနယ်စပ် အုန်းဖန်မြို့ နယ် မယ်ပလောခီးကျေးရွာအနီးတွင် ရှိသည်။

ရေရှည် ထိုးစစ်ဆင်မှုဖြစ်ပွားပါက ကျေးရွာလူထုများ ကူးသန်းသွားလာမှု၊ စိုက်ပျိုးလုပ်ကိုင် စားသောက်မှုနှင့် နေ့စဉ်ဘ၀ကို ထိခိုက်လာနိုင်သည်ဟု ပဒို စောလှငွေ ကပြောသည်။

“ပြည်သူလူထုကို ကျနော်တို့ အများကြီးအားနာတယ်။ စစ်ကို ကျနော်တို့က လိုလားတာ မဟုတ်ဘူး။ စစ်ကို ရှောင်လို့မရပဲ တစ်ဘက်သတ် ထိုးစစ်ဆင်တာကြောင့် မမျှတတဲ့ အင်အားစုနဲ့ ခုခံစစ်ဆင်ရတဲ့ အတွက်ကြောင့် ကြားထဲက မြေစာပင်ဖြစ်တဲ့ ပြည်သူလူထုကို ကျနော်တို့ အများကြီးစာနာတယ်။”

ဒီကေဘီကေ အင်အား ၁၅၀ ခန့်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြန်မာအစိုးရပ်တပ်က လက်နက်ကြီးဖြင့် နောက်တန်းမှ ကူပစ်ပေးသည်ဟု ဆိုသည်။

တပ်စခန်းတခု ဆုံးရှုံးခံလိုက်ရခြင်းနှင့် ပတ်သက်၍ ပဒိုစောလှငွေက ယခုလို ပြောသည်။

“စခန်းကို ကိုယ်လုံခြုံရေးယူတဲ့အခါမှာ ဘက်စုံအောင် မယူပဲနဲ့ နောက်ကျောကလည်းပဲ ထိုင်းဘက်မှာ ဟာနေရင် အချိန်မရွေးဒီဟာကို ထိုင်းကလည်းပဲ လုံခြုံရေးကို အချိန်ပြည့် တာဝန်မယူထားနိုင်ရင် ကိုယ့်နောက်ကျောက ပေါက်လာနိုင်တယ်။ ထိုနည်းလည်းကောင်းပဲ ကိုယ်က တပ်အင်အား နည်း နည်းနဲ့ ခံစစ်တွေ နည်းနည်း ခံသွားရလို့ရှိရင် သူများအချိန်မရွေး ၀င်လာလို့ရှိရင် ကိုယ်က ကာကွယ် ရတဲ့နေရာမှာ ကိုယ်က အဲဒါနဲ့ တန်အောင် ကာကွယ်မှု မလုပ်ထားဘူးဆိုရင် သူများလွယ်လွယ်နဲ့ ရသွားတယ်ဆိုတဲ့ သင်္ခန်းစာတော့ ရသွားတာပေါ့။”

ဒီကေဘီအေ တပ်ဖွဲ့က ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ကေအဲန်ယူက တပ်စခန်းတခု လက်လွတ် ဆုံးရှုံးခဲ့ရပြီး ဒီကေဘီအေ တပ်ဖွဲ့မှ ၇ ဦး ဒဏ်ရာရှိသည်ဟု ကေအဲန်ယူက ပြောသည်။


ကေအန်ယူ တပ်မဟာ (၆) ခလုန်လောင်ချယ် စခန်းကို ဒီကေဘီအေသိမ်းပိုက် ကေအန်အယ်အေတပ်သားနှစ်ဦးကျဆုံး

NEJ/ ၃၁ အောက်တိုဘာ ၂၀၀၈

ဒီကေဘီအေ နှင့် နအဖ ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့က တိုက်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁)လက်အောက်ခံ တပ်ခွဲ(၃)စခန်း (ခလုန်လောင်ချယ်)အား ယနေ့နံနက် (၆)နာရီမှာ အင်အားအလုံးအရင်းနှင့် မိုးထဲရေထဲ ထပ်မံဝင်ရောက်တိုက်ခိုက်ရာ စခန်းကို လက်လွှတ်ခဲ့ရကြောင်း ဒုအရာခံဗိုလ် စောထိခုက ခေတ်ပြိုင်သို့ ပြောသည်။


ယနေ့နံနက် (၁၁)နာရီ အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၂၀၁) စခန်း၏ လက်အောက်ခံ တပ်ခွဲ(၃) စခန်းကို ဒီကေဘီအေက သိမ်းလိုက်ခြင်းဖြစ်သည်။ မကြာခင်မိမိတို့ ပြန်လည်သိမ်းပိုက်ရန် တန်ပြန်ထိုးစစ်ဆင်မည်ဟု ဒုအရာခံဗိုလ် စောထိခုက ပြောသည်။

တပ်ရင်း (၂၀၁) လက်အောက်ခံ တပ်ခွဲ(၃)မှ ဒုအရာခံဗိုလ် စောထိခုက “မနေ့မနက်ကနေစပြီးတော့ သူတို့ တိုက်တာ မရဘူး။ ဒီမနက် (၆)နာရီမှာ ကျတော်တို့ စခန်းကိုအင်အား အလုံးအရင်းနဲ့ ချဉ်းကပ်လာတယ်။ ဗမာစစ်တပ်က အနောက် ထိုင်ပြီး(၆၀)မမ၊ (၈၁)မမ လက်နက်ကြီးနဲ့ ကူပစ်ပေးတာ အလုံး(၅၀)လောက် ရှိတယ်။ ဒီမနက် (၁၁)နာရီကျတော့ ကျနော်တို့ စခန်းကို ယာယီလက်လွတ်လိုက်ရတယ်။ ဒါပေမယ့် ဒီစခန်းက ယာယီစခန်းပဲ။ တပ်ရင်း ဌာနချုပ် တော့မဟုတ်ဘူး။ လောလောဆယ် အသေအပျောက် ထိခိုက် ဒဏ်ရာ ရတာတွေကတော့ အသေးစိပ်မသိရ သေးဘူး”ဟု ခေတ်ပြိုင်သို့ ပြောသည်။

(၂၀၁)တပ်စခန်းလက်အောက်ခံ တပ်ခွဲ(၃)အခြေစိုက်ရာ ခလုန်းလောင်ချယ်စခန်းသည် မဲဆောက် မြို့ တောင်ဘက် ကီလိုမီတာ (၁၄၀)အကွာ အုန်းဖန်မြို့နယ်တဖက်ကမ်း နယ်စပ်မျဉ်းမှ မြန်မာဘက်ခြမ်း (၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည်။ ထိုင်းဘက်ခြမ်းရွာမှာ မယ်ပလောခီးထိုင်းရွာ ဖြစ်သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖက်မှ ထိခိုက်ကျ ဆုံးမှု မရှိကြောင်း ကေအန်ယူက ပြောသည်။ သို့သော် မဲဆောက်အခြေစိုက် STV ရုပ်မြင်သံ ကြားလိုင်းမှ ယမန်နေ့ည ထုတ်ပြန်သည့်သတင်းတွင်မူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖက်မှ စစ်သည်နှစ်ဦး တိုက်ပွဲတွင် ကျဆုံးသည်ဟု သတင်းထုတ်လွင့်ခဲ့သည်။


မောင်စူးစမ်းနဲ့ ဒီမိုကရေစီ


ဒီလူ ဒီမိုကရေစီချစ်ပုံများဖြင့် ကြောက်များကြောက်ပါဘိလို့ စလိုက်ရရင်ကောင်းမလား မသိ။


တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီကို လက်နက်နဲ့ဒီမိုကရေစီလဲဖို့ တရားပြခဲ့သူကြီး ဟာ အခုအခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း သူတို့ရဲ့ရပ်တည်ချက်နဲ့ "စည်းကမ်း ရှိတဲ့ ဒီမိုကရေစီ" လဲသင့်တယ်လို့ တရားပြနေပြနေပြန်ပြီ။

ခုတလော လူပြောများ၊ လူဆဲများနေတဲ့ မောင်စူးစမ်းရဲ့ဆောင်းပါးတပုဒ်ထဲက အသုံး အနှုန်းတခုက ဒီလိုဖြစ်ပါတယ်။ "စစ်တပ်၏ အပြုကဏ္ဍကို အသိအမှတ်ပြုရန်ဖြစ်သည်” ဆိုတာ ပါပဲ။

နအဖစစ်တပ်မှာ မောင်စူးစမ်းပြောသလို “အပြုကဏ္ဍ”ရှိသလောက်ရှိတယ်လို့ပဲ ဆိုကြ ပါစို့။ စစ်တပ်ရဲ့အဖျက်ကဏ္ဍကိုရော ဘယ်လိုသဘောထားကြမလဲ။ မောင်စူးစမ်းဟာ စစ်တပ်ရဲ့ အဖျက်ကဏ္ဍကို လုံးဝမပြောဘူး။ ဒီနေ့ဗမာပြည်ကြီး ဘယ်လိုဖြစ်နေတယ်ဆိုတာကို သူမသိ မဟုတ်။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ထားတဲ့ ကိန်းဂဏန်းမျိုးစုံကိုလည်း သူလက်လှမ်းမမှီတာမဟုတ်။ အဖြစ်မှန်ကို သူသိတယ်။ မပြောရဲတာလို့ဆိုရင်တော့ သူ့အပေါ် ညှာညှာတာတာစဉ်းစားရာ ကျလိမ့်မယ်ထင်တယ်။

တချို့နီးစပ်သူများအဆိုအရ မောင်စူးစမ်းရဲ့ ဒီအယူအဆဟာ အခုမှမဟုတ်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်စ ကာလကတည်းက သူ့ခေါင်းထဲမှာရှိခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကိုတောင်မှ ထုတ်ဖော်ပြောဖူး၊ တရားချဖူးတယ်လို့ သိရတယ်။ သူ့ဆောင်းပါးထဲမှာ လည်း သူပြောခဲ့တာတွေကို ရေးသလောက်ရေးထားတယ်။ ကျန်တဲ့လူတွေက ဘာပြန်ပြော တယ်ဆိုတာကိုပဲ မရေးတာ။

အခုတလော မောင်စူးစမ်းရေးတဲ့ ဆောင်းပါးများအရဆိုရင် သူဟာ ဗိုလ်နေဝင်းရဲ့ မဆလစနစ်ကို ကန့်ကွက်ခဲ့တယ်လို့ ဆိုတယ်။ ဟုတ်ချင်လည်းဟုတ်လိမ့်မယ်။ ဒါပေမဲ့ သူဟာ အဲဒီတုန်းက စစ်တပ်က အာဏာသိမ်းထားတာ မကောင်းဘူး၊ စစ်တပ်တပါတီ အာဏာရှင်စနစ် မကောင်းဘူးလို့တော့ မပြောခဲ့တာ သေချာတယ်။ သူ အဲဒီလိုဆိုခဲ့ကြောင်း မှတ်တမ်းလည်း မရှိ ဘူး၊ သူကိုယ်တိုင်လည်း ထုတ်မပြောဖူးဘူး။ သူပြောခဲ့တာဟာ ဗိုလ်နေဝင်းရဲ့ စစ်အစိုးရ ဘယ်လိုလုပ်ရင် ပိုတည်မြဲနိုင်မယ်ဆိုတာပဲ။ မဆလအစိုးရကျဆုံးတာဟာ သူပြောသလို မဆလ လမ်းစဉ်ကို မစွန့်လွှတ်လို့ ဆိုချင်ဟန်တူတယ်။ ပြန်မပြောနိုင်သူရဲ့ မြေပုံပေါ်မှာခွရပ်ပြီး “အစက ငါမပြောဘူးလား”လို့ ဆိုနေတာနဲ့ တူနေတယ်။

မဆလအစိုးရကို(အခုမှ)ဝေဖန်ရာမှာ မောင်စူးစမ်းက “အာဏာရှိလျှင် လူ့အဖွဲ့အစည်း ကို ပြောင်းပစ်နိုင်သည်ဟူသော အယူအဆကိုလည်း စာရေးသူက ဝေဖန်ခဲ့ရသည်”ဆိုတာလည်း ပါတယ်။ အဲဒီလိုပြောနည်းဟာ နအဖအစိုးရအတွက်ရော အကျုံးမဝင်ဘူးလား။ အာဏာသုံးပြီး အခြေခံဥပဒေကိုရေးဆွဲ၊ အတည်ပြု၊ သူတို့ဖြစ်စေချင်တဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ”ဆိုတာကို ထူထောင်၊ ဒါတွေကို မောင်စူးစမ်းက သူ့ရဲ့ မဟာဗျူဟာရှုဒေါင့်ကနေကြည့်ပြီး ဘယ်လိုပြော မလဲ။ “အရှင်းမင်းကြီးရဲ့ ခြင်္သေ့ကြီးတွေက ဟိုဖက်ကမ်းကို ခုန်ကူးတော့မလိုလိုပဲ”လို့ ပြောမယ်နဲ့ တူတယ်။

ဒါကြောင့် မောင်စူးစမ်း ဒီတလောရေးနေတာတွေဟာ စစ်တပ်အာဏာသိမ်းထားမှု ခိုင်မာရေးအတွက် သဘောတရားတွေသာ ဖြစ်နေတယ်။ အားလုံးသိတဲ့အတိုင်းပဲ နအဖ စစ်အာ ဏာရှင်တွေအဖို့ အခုအခါ အရေးတကြီး လိုအပ်နေတာတခုက သူတို့ အာဏာကို လက်မလွှတ် တာဟာ တရားနည်းလမ်းကျကြောင်း ထောက်ခံတဲ့ သဘောတရားတစုံသာဖြစ်တယ်။ ဗိုလ်နေဝင်းမှာက ဟုတ်တာမဟုတ်တာအပထား၊ ဦးဘညိန်လို၊ ဦးချစ်လှိုင်လို သဘောတရား ဆရာတွေ ရှိတယ်။ နအဖမှာက တဦးမှမရှိဘူး။ အခု ဆရာမောင်စူးစမ်းဟာ အဲဒီ ဟာကွက်ကို ဖြည့်လေသလား စဉ်းစားစရာဖြစ်နေတယ်။ သူ ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ၊ ရဲရင့် တင့်ဆွေလို့ ကလောင်နာမည်ခံထားတဲ့ စာပေစီစစ်ရေးက စာပေကင်ပေတိုင်လို့ နာမည်ကြီးတဲ့ ဗိုလ်မှူးတင့်ဆွေဆိုသူကတော့ မြန်မာတိုင်းမ်စ်ထဲက သူ့ရဲ့ဆောင်းပါးတစောင်ထဲမှာ ဆရာ မောင်စူးစမ်းရေးတာတွေကို ကျမ်းကြီးကျမ်းဂန်သဖွယ် ကိုးကားထားတယ်။

တွေ့နေရတာက ဆရာမောင်စူးစမ်းဟာ သာမန်စာဖတ်သူတွေကိုဆိုရင် ကမ္ဘာမှာ နောက်ဆုံးပေါ်တယ်လို့ ယူဆရတဲ့ အယူအဆတွေကို ကိုးကားပြီး ထုတယ်။ နည်းနည်းလက်ဝဲ နွယ်သူတွေလို့ ထင်ရသူတွေကိုဆိုရင် လက်ဝဲစာပေတွေထဲက သူ အသုံးတည့်ရာတွေ ကောက် နှုတ်ပြီး ထုတယ်။ ဘယ်ကဟာကိုပဲ ကိုးကား-ကိုးကား အနှစ်ချုပ်လိုက်ရင် လက်ရှိတည်ရှိနေတဲ့ အခြေအနေ၊ တနည်းအားဖြင့် အစိုးရကိုသာ လက်ခံကြ၊ ဘယ်နည်းနဲ့မှ အံတုဖို့မကြိုးစားနဲ့ ဆိုတာပဲ။ တည်ရှိနေတဲ့စနစ်၊ တည်ရှိနေတဲ့အစိုးရကို လက်ခံကြ၊ တည်ရှိနေတဲ့ ကိုယ့်ဘဝအတိုင်း တင်းတိမ်ကြလို့ ရေးတာပဲ။

ဖူကူးယားမားက သမိုင်းဟာ အဆုံးတိုင်သွားပြီ၊ ကမ္ဘာကြီးကို အမေရေိကန်ကြီးစိုးတဲ့ စနစ်ကိုသာ လက်ခံကြပေရော့လို့ တရား ထူထောင်ခဲ့တာကို သတိရစရာပဲ။

မောင်စူးစမ်းရေးတာတွေကို သေချာဖတ်ကြည့်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတည်ဆုံးမနေတယ်ဆိုတာ တွေ့ရပါမယ်။ တချိန်က သူကိုယ်တိုင် ဗဟိုဦးစီးအဖွဲ့မှာပါခဲ့တဲ့ ဆရာမောင်စူးစမ်းဟာ အခုအခါမှာ ဘာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိကထား ထိုးစစ်ဆင်နေသလဲလို့ မေးကောင်းမေးကြပါမယ်။ ဒါပေမဲ့ တချိန်တုန်းက ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ ရန်ကုန်ခရိုင်မြေအောက်တာဝန်ခံအဖြစ်ကနေ ထွက်၊ လက်နက်ချပြီး ဗမာပြည်ကွန်မြူ နစ်ပါတီကို တိုက်ခိုက်တဲ့စာတွေ ရေးခဲ့တဲ့ သူ့သမိုင်းကို ပြန်စဉ်းစားလိုက်ရင်တော့ ဒါဟာ မဆန်းဘူးလို့ပဲ ဆိုရမှာပဲ။

ဆရာမောင်စူးစမ်းရေးတဲ့အထဲမှာ “လွတ်လပ်ရေးမရမီ ကြားကာလသမ္မတဖြစ်သူ ဒေါက်တာဘဦးမှလွဲ၍ မည်သည့်သမ္မတ၊ မည်သည့်ဝန်ကြီးချုပ်မှ ခပ်အေးအေးဖြင့် နိုင်ငံရေး ဇာတ်ခုံပေါ်မှ ဆင်းသွားရသည်ဟူ၍ မရှိခဲ့ပေ”လို့ ပါရှိပါတယ်။ သူပြောတဲ့ဒီအချက်ဟာ လုံးဝ မှန်ပါတယ်။ ဒါပေမဲ့ ဆရာမောင်စူးစမ်းဟာ အဲဒီခေါင်းဆောင်တွေ ဘယ်ကိန်းဆိုက်ကုန်ကြတယ်၊ ဘယ်သူ၊ ဘယ်စနစ်ကနေ ထောင်ထဲဆွဲထည့်လိုက်တယ် ဆိုတာကိုတော့ တခွန်းမှမပြောဘူး။ သူတို့ထိုက်နဲ့သူတို့ကံလို့များ ပြောချင်သလားမသိဘူး။ ဒါဟာ ဗမာပြည်ရဲ့ ထူးခြားချက်လို့လည်း သူက ပြောပါသေးတယ်။

ဟုတ်တယ်။ ဗမာပြည်ရဲ့ထူးခြားချက်ဟာ စစ်အုပ်စုတွေက နိုင်ငံ့အာဏာကို ရာစုနှစ် တဝက်နီးပါး လုယက်ဆုပ်ကိုင်ထားတာပဲ။ ဒါပေမဲ့ ဒါချည်းသက်သက်ပြောရင် မပြည့်စုံဘူး။ တဖက်မှာ အဲဒီစစ်အစိုးရတွေကို တရက်မခြား နည်းနာမျိုးစုံနဲ့ ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် ကို ဖယ်ရှားနေတယ်ဆိုတဲ့အချက်ကိုလည်း ပြောမှဖြစ်မယ်။ နို့မဟုတ်ရင် ဗမာပြည်ကြီးနဲ့ ဗမာပြည်သားတွေဟာ စစ်အာဏာရှင်စနစ်ကို ကျေကျေနပ်နပ်နဲ့ တသားတည်း နေထိုင်ကြတယ် ဆိုတဲ့ အဓိပ္ပါယ်ရောက်တယ်။

သူက “ယခုမှ ဒီမိုကရေစီကိုပြန်စသည်”လို့လည်း တနေရာမှာ ရေးတယ်။ သူဆိုလိုတာ နအဖအစိုးရ လုပ်နေတာကို ပြောတာ။ သူပြောတဲ့ ဒီမိုကရေစီစတဲ့အချိန်မှာပဲ သူ့ရဲ့ နအဖ စစ်အစိုးရဟာ သံဃာတွေ၊ သီလရှင်တွေအပါအဝင် ဆယ်ပေါင်းများစွာကို ထောင်နှစ်ရှည်တွေ ချခဲ့တယ်။

အစမို့တော်တော့တယ်လို့ ဆိုရမလားပဲ။


ဤခရီး… နီးသလား


မဲဆောက်မှ အုန်းဖျန်သို့ ထွက်သည့် ခရီးသည်တင်ကားများက နေ့စဉ်နံနက် ၇-နာရီခွဲတွင် မဲဆောက်မှစ၍ ထွက်သည်။ တနာရီခြားတစီး ပုံမှန်ထွက်၏။ မွန်းလွှဲပိုင်း သုံးနာရီခွဲအထိ ရှိသည်။ လိုင်းကားများက `တိုယိုတာ ဟိုင်လက် ၅-ချိပ်`ကားငယ်လေးများ ဖြစ်သည်။ လမ်းက ….အတက်၊ အဆင်း၊ အကွေ့၊ အကောက်များ၏။ …..လှိုင်းလုံးကြီးများသဖွယ် …..။ စွေ့ခနဲ မြောက်၍ တက်သွားသည်လည်း ရှိ၏။ ပြီးလျှင် ….. ငြိမ့်ခနဲ ပြန်၍ ဆင်းပြန်၏။ တက်ရင်းနှင့် ကွေ့သည်။ ကွေ့ရင်းနှင့် ဆင်းပြန်၏။ မလွယ်…..။

မဲဆောက်မှ ၄၈-ကီလိုအထိမူ လမ်းက မြေပြင်ညီလမ်းဖြစ်သည်။ လမ်းကောင်း၏။ ၄၈-ကီလိုလွန်လျှင် လမ်းသည် တောင်ပေါ်သို့ တက်ပြီ။ အကွေ့အကောက် အဆင်းအတက်များအား ဖြတ်ရပြီ။

ယခင်ကမူ ဤလမ်းကြောင်း၌ ခရီးသည် အသွားအလာ မများလှ…..။ ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် မဲဆောက် UNHCR ရုံး၌ အမည်စာရင်း တင်သွင်းထားကြသည့် မြန်မာနိုင်ငံသားများအား အုန်းဖျန် ဒုက္ခသည်စခန်းနှင့် နို့ဖိုး ဒုက္ခသည်စခန်းများသို့ PAB နှင့် UNHCR မှ ပို့ဆောင်ခဲ့သည့် နောက်ပိုင်းတွင်မူ ဤလမ်း၊ ဤခရီးသည် အသွားအလာ များလာခဲ့တော့သည်။ နောက်ပိုင်း PAB နှင့် UNHCR ၏ အစီအစဉ်နှင့် မဟုတ်ဘဲ မိမိဘာသာမိမိ ၀င်ရောက် နေထိုင်ကြသည့် သူများနှင့် …..ဤခရီးလမ်းက `သာ` ၍နေတော့သည်။

ကားဘေးသို့ `စံမလော့` နှစ်စီး ဆိုက်လာသည်။ `စံမလော့` ပေါ်မှ ပစ္စည်းများ ကားပေါ်သို့ တင်ကြသည်။ ပစ္စည်းများက များ၏။ အိမ်ထောင် ပြောင်းသကဲ့သို့ …..။ လူကလည်း များသည်။ ခလေးငယ်များက လေးယောက်၊ ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ် မိန်းမငယ်များက သုံးယောက် ….။ ပြီးလျှင် ….အသက်လေးဆယ်ခန့် အမျိုးသမီးက နှစ်ယောက် …..။ ကားငယ်လေးအတွင်း လူပြည့်သွား၏။ သူတို့ကား …. အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသား အစ္စလမ် ဘာသာဝင်များ ဖြစ်သည်။

လူပြည့်ပြီဖြစ်၍ ကားသည်ဂိတ်မှ စ၍ ထွက်သည်။ မိုးမရွာသဖြင့် ကားဘေးမိုးကာများအား လိပ်တင်ထားသဖြင့် လေ၀င်လေထွက် ကောင်း၏။ အ၀ိုင်းတခုအား ပတ်၍ ကားသည် အာရှလမ်းမပေါ်သို့ တက်သည်။ မြို့ပြ၏ လမ်းမများပေါ်မှ ဆင်ခြေဖုံး…..။ ကတ်ပိဘန်းရွာလေးအား ကျော်ခဲ့ပြီ။ ကတ်ပိဘန်းရွာက မဲဆောက်၏ အ၀င်အ၀ရွာငယ်လေး….။ မြို့နှင့်တဆက်တည်း ထိစပ်နေသည့်ရွာ….။ ကတ်ပိဘန်းလွန်လျှင်….မယ်ကု….။

ကားငယ်လေးအတွင်း၌ ထိုင်းလူမျိုး ခရီးသည်တဦးမျှမပါ။ အားလုံး မြန်မာပြည်သားများ….။ အုန်းဖျန် ဒုက္ခသည်သို့ သွားမည့်သူနှင့် နို့ဖိုးဒုက္ခသည် စခန်းသို့ သွားကြမည့်သူများသာ …..။ ကားပေါ်၌… နောက်ဆုံး တက်လာခဲ့ကြသည့် ခလေးတွေ အများကြီးနှင့် သူတို့ မိသားစုက စိတ်ဝင်စားစရာ။ သူတို့ အချင်းချင်းပြောနေသည့် စကားသံများအား နားစွင့်၍ နေမိတော့သည်။

`ညက ငါတို့အိပ်တဲ့အိမ်နဲ့ ကားဂိတ်… နီးနီးလေးကို စံမလော့သမားက လိုက်ပတ်နင်းနေပြီး နှစ်ရာတောင် တောင်းတယ်`

`အဒေါ်က ပေးလိုက်တာကိုး`

`ဟဲ….. မပေးလို့ ရမလား။ စံမလော့သမားက မပေးရင် ….ရဲကို အကြောင်းကြားလိုက်မယ်လို့ ပြောတာကိုး…..`

သူတို့အထဲမှ ၁၂-နှစ်အရွယ် ကောင်လေးနှင့် အသက်လေးဆယ်ခန့်ရှိ ခပ်၀၀ သားသည် မိခင်တို့ ပြောနေကြသည့်အား ကြားရ၏။

`နင်တို့က ဘယ်သွားကြမလိုလဲ….`

ကားပေါ်မှ အသက်ခြောက်ဆယ်ခန့်ရှိ အမျိုးသမီးကြီးတဦးက သူတို့အား စပ်စုလိုက်သည်။ ဤအမျိုးသမီးကြီးက နို့ဖိုး ဒုက္ခသည်မှ ဖြစ်သည်။ စခန်းသစ်ကျပြီး နို့ဖိုး ဒုက္ခသည်စခန်း စတည်ကတည်းက နို့ဖိုးတွင်ပင် နေလာခဲ့သည့်သူ….။ သူမသည်လည်း အိန္ဒိယနွယ်ဖွား မြန်မာပြည်သား အစ္စလမ် ဘာသာဝင်တဦးပင် ….။ နို့ဖိုးတွင် ဈေးဆိုင် တည်ထား၏။ သူ့ဆိုင်က …. ရေဒီယို၊ ကက်စက်၊ နာရီမှအစ အိုးခွက် ပုဂံအထိ ရောင်းသည်။ သူမသည်လည်း UNHCR အစီအစဉ်နှင့် တတိယနိုင်ငံ တခုသို့ ပြောင်းရွှေ့ အခြေချရန် စီစဉ်ထား၏။ အမေရိကန်က ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျသို့ ခိုလှုံခွင့်ရရန် အဆိုပြုထားသည်။

`ကျမတို့က မုဒုံကပါ…. မနေ့ညကမှ မဲဆောက်ကို ရောက်တယ်။ မောင်က ဖုန်းဆက်ပြီး လှမ်းခေါ်လို့လေ…. မောင်နဲ့ အဆက်အသွယ် ပျက်နေတာကြာပြီ၊ ဆယ့်ငါးနှစ်လောက်တောင် ရှိပြီ။ သူတို့လည်း နိုင်ငံခြား သွားတော့မယ်။ နင်တို့လည်း သွားချင်ရင်လာ ဆိုတာနဲ့ လာခဲ့တာ …..။ သူက ကျမနဲ့ အတူတူ မုဒုံမှာ ဈေးရောင်းနေကြတဲ့ သူငယ်ချင်းတွေ ….။ သူကလည်း နင်တို့သွားရင် ငါလည်းလိုက်မယ် ဆိုတာနဲ့ နှစ်ယောက်သား ခလေးတွေခေါ်ပြီး ထွက်လာခဲ့တာ….`

ခပ်၀၀နှင့်အမျိုးသမီးက သူမ၏ဘေးတွင် ထိုင်နေသည့် ပိန်ပိန်နှင့် အမျိုးသမီးအား လက်နှင့်ပုတ်ရင်း ပြောသည်။ ပိန်ပိန်နှင့် အမျိုးသမီးက ခလေးငယ်အား ရင်ခွင်အတွင်း ပွေ့ချီထားရင်း …. ပြုံး၍ ခေါင်းညိတ်ပြသည်။

`ဒါ အားလုံးက ကျမ ကလေးတွေပဲ….သူ့ခလေးက ဒီနို့စို့တယောက်ပဲ….။ သူ့ယောက်ျားလည်း မရှိတော့ဘူး….. ကျမယောက်ျားလည်း ဘန်ကောက်တက်မယ် ဆိုပြီး ထွက်သွားတာ လေးငါးနှစ်ရှိပြီး ပြန်လည်း မဆက်သွယ်ဘူး…. ကျမတို့ဘာသာ လုပ်စားနေကြရတာ….`

`မုဒုံ…. ကားဂိတ်မှာ အကြော်ကြော်တယ်။ သူတို့တွေက ရောင်းပေါ့….`

ဝဝနှင့် အမျိုးသမီးက အပျိုဖော်ဝင်စ သမီး ၃-ယောက်ကို လက်ညိုးထိုးပြရင်း ပြော၏။ မုဒုံကားဂိတ်က စည်ကားသည့် ကားဂိတ်တခု ဖြစ်သည်။ မော်လမြိုင်၊ သံဖြူဇရပ်၊ ထားဝယ်လမ်းကြောင်းပေါ်၌ ရှိသည်။ ပြီးလျှင် ….တံခွန်တိုင်၊ ကြာအင်းဆိပ်ကြီး လမ်းပိုင်းသို့ ထွက်သည့် ကားများလည်း ဂိတ်ထိုးရာ ဖြစ်သည်။ ဤကားဂိတ်၌ သူတို့သည် အကြော်ကြော်၊ အကြော်ဗန်း ခေါင်းပေါ်တင်၍ လှည့်ရောင်းကြ၏။ ဤနည်းနှင့် …. ဤမုဆိုးမ၊ ဤတခုလပ်တို့သည် သားသမီး ခုနှစ်ယောက်၊ ရှစ်ယောက်အား ရှာဖွေ ကျွေးမွေးနေခဲ့ကြ၏။ ယခုမူ …. အားလုံးကို ထားရစ်ပြီး မောင်ခေါ်ရာ အရပ်ဆီသို့ ထွက်ခဲ့ကြပြီ…..။ မည်သည့်အရပ်ဟူ၍ မသိ….။ မည်သို့ သွားရမည်နည်း….။ နေရာသစ်တွင် မည်သို့ အခြေချနေရမည်နည်း….။ မသိ….။ မောင်ခေါ်ရာသို့ လိုက်လာခြင်းမျှသာ ….။ သူတို့တွေအား မဲဆောက်တွင် လာရောက်ကြိုသည်က ဆယ်နှစ် နှစ်အရွယ် မောင်၏သား….။ သူမ၏တူ ….။

`ဘာလက်မှတ်ပါလဲ ….`

တယောက်က မေးသည်။ သူတို့က …. မနေ့က မြ၀တီမှ မဲဆောက်သို့ ဖြတ်ကူးခဲ့သည်။ နယ်စပ်ဖြတ်ကူးခွင့် လက်မှတ် အပြာရောင်ကဒ်လေးအား ထုတ်ပြသည်။ ဤကဒ်ပြားက မနေ့ကပင် သက်တမ်း ကုန်ဆုံး၍ သွားပြီ။ သုံး၍မရတော့….။ ဤလက်မှတ်နှင့်လည်း ဤလမ်းခရီးအား သွား၍မရ….။ သူတို့ ဘာမျှမသိကြ….။ ဤလမ်းခရီးတွင် ထိုင်းပုလိပ် ဂိတ်ပေါင်းများစွာ ရှိသည်။ ထိုင်းအာဏာပိုင် တယောက်ယောက်၏ ခရီးသွားခွင့် လက်မှတ် မပါလျှင် သွား၍ မရ…။ ဆွဲချထားလိမ့်မည်။ အချုပ်သို့ ပို့မည်။ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုနှင့် ရုံးတင်မည်။ အနည်းဆုံးတော့ ၁၂-ရက် ထောင်ချခြင်း ခံရမည်။ ပြီးလျှင်မူ …. မြ၀တီသို့ ပြန်ပို့မည်။ ဤသည်တို့အား သူတို့ သိပုံမရ….။ကြောက်ကြောက်ရွှံရွှံတော့ ဖြစ်နေပုံရသည်။ မျက်ဝန်းများအတွင်း စိုးရွှံမှုများအား တွေ့ရ၏။ အရှေ့တွင် …. မယ်ကုရွာအ၀င်ရှိ ပုလိပ်ဂိတ်အား ဖြတ်ရမည်။ ကားသည် `ဘွန်ချိုင်း` အထည်ချုပ်စက်ရုံအား ကျော်ဖြတ်ခဲ့ပြီ။ `ဘွန်ချိုင်း` စက်ရုံလွန်လျှင် …..`မယ်ကု`….ဂိတ်။ မယ်ကုဂိတ်က လမ်း၏ လက်ယာဖက်တွင် ရှိသည်။ ယာဉ်ကြော၏ လက်ယာယာဉ်ကြော၌…..။ ကားက လက်ဝဲဖက်ယာဉ်ကြောမှ မောင်းလာ၏။ လက်ဝဲဖက်ယာဉ်ကြောမှ ကားများအား စစ်လျှင်မူ ပုလိပ်နှစ်ယောက်၊ သုံးယောက်သည် ပုလိပ်ဂိတ်၏ မျက်နှာချင်းဆိုင်ရှိ ဗံဒါပင်အောက်၌​ ခုံများနှင့် ထိုင်စောင့်၍ စစ်ကြ၏။ မိုးရွာလျှင်မူ သူတို့မထွက် ….။

ကားသည် အရှိန်အား လျော့လိုက်၏။ ဂိတ်အရှေ့ ယာဉ်ကြောတွင် ချထားသည့် သံဆူးကြိုး တံတိုင်းငယ်များအတွင်း ကွေ့၍ ကောက်၍ မောင်းဝင်နေသည်။ ကောင်းကင်သည် ချက်ချင်းပင် ရေအိုးအား သွန်ချလိုက်သကဲ့သို့ ….. မိုးရွာချလိုက်သည်။ ဗံဒါပင်အောက်၌ ပုလိပ်များမရှိ….။ သံဆူးကြိုး တံတိုင်းငယ်များအား လွန်လေပြီ….ကားအရှိန်အား မြှင့်လိုက်၏။

သူတို့အားလုံး သက်ပြင်းရှည်အား ချလိုက်ကြသည်။ မယ်ကုဂိတ်တော့ လွန်ပြီ…..။

`တဂိတ်တော့ လွန်သွားပြီ၊ အုန်းဖျန်အထိဆိုရင် အရှေ့မှ ပုလိပ်ဂိတ် ၃-ဂိတ် ကျန်သေးတယ်….`

ကားအတွင်း စကားသံများ ပြန်၍ ထွက်လာသည်။ အသက်ရှုသံတို့ ပြန်၍ မှန်လာကြပြီ။ မယ်ကုဂိတ် အနားဖြတ်ခါနီးချိန်၌ ရေအိုးမှောက်ရွာချခဲ့သော မိုးသည် ချက်ချင်းပင် တိတ်၍ သွားပြန်သည်။

`အရှေ့မှာ `ကြာလေခို့` ပုလိပ်ဂိတ်ရှိတယ်။ အရမ်းဆိုးတယ်။ …. လက်မှတ်မပါလို့ကတော့ အတင်းဆွဲချတာပဲ …။ ... ပိုက်ဆံများများ မတွေ့စေနဲ့ ``

အသက်ကြီးကြီး အစ္စလမ် အမျိုးသမီးကြီးက သူတို့တတွေအား ပြောနေသည်။

`မုဒုံမှာရှိတဲ့ အိမ်လေးရောင်းလာတာ…. သုံးသိန်းလောက် ရတယ်။ အဲ့ဒါ အကြွေးလေးဘာလေး ဆပ်ပြီး နှစ်သိန်းလောက်တော့ ပါလာတယ်။ ကားခနဲ့…..ပြီးတော့ ….မှတ်ပုံတင်မရှိတော့ တလမ်းလုံးကားတခါရပ်၊ တယောက်ကို တထောင်ပေးလိုက်နဲ့ မြ၀တီရောက်တော့ …..တသိန်းနဲ့ သုံးသောင်းပဲ ကျန်တော့တယ်။ အဲ့ဒါလေးကို ဘတ်ငွေလဲပြီး လာခဲ့တာ….``

ပြောရင်း ….. ခပ်၀၀ အမျိုးသမီးသည် ဘတ်ငွေတထောင်တန်လေး နှစ်ရွက်အား ချွေးခံအင်ကျီအတွင်းလိပ့်၍ ထိုးထဲ့နေ၏။

ကားသည် `ဖုတ်ဖမြို့`လမ်းခွဲသို့ လွန်ခဲ့လေပြီ။ ဖုတ်ဖလမ်းခွဲအား လွန်လျှင် …..နာမည်ကြီးသည့် `ကြာလေးခို့`ပုလိပ်ဂိတ်…..။ မိုးကမသည်း…..ဖွဲဖွဲနှင့်သာ စွေနေသည်။ ကားဘေးရှိ မိုးကာများ ချထားသဖြင့် ပတ်ဝန်းကျင်အား မမြင်ရ….။ ကား၏ အနောက်ပိုင်း…. မှတဆင့် ကျော်ဖြတ်ခဲ့ပြီးသည့် ပတ်ဝန်းကျင်ကိုသာ တွေ့ရ၏။ အရှေ့ကိုမူ မတွေ့ရ….။ `ကြာလေးခို့` ဂိတ်က လမ်း၏ လက်ဝဲဖက်တွင် ရှိသည်။ လမ်းမကြီးက အသွားလမ်း၊ အပြန်လမ်း…. နှစ်လမ်းမောင်း လမ်းမကြီး ဖြစ်သည်။ ယခုသွားနေသော ယာဉ်ကြောလမ်းက လက်ဝဲဘက် ယာဉ်ကြောမှ ဖြစ်သည်။ ပုလိတ်ဂိတ်နှင့် တဖက်တည်း….။ မိုးက ထင်သလောက်မသည်း….။ ပြိုပါတော့လား မိုးရယ်….။ ကားသည် တဖြည်းဖြည်း`ကြာလေးခို့`ဂိတ်နှင့် နီးလာပြီ။ သုံးမိစ်…. နှစ်မိနစ်… တမိနစ်…. စက္ကန့် ၆၀… စက္ကန့် ၅၀….။ ကားအရှိန်က လျော့ချလိုက်ပြီ….။ စက္ကန့် ၃၀….။ စက္ကန့် ၂၀….။ ဘရိတ်နင်းလိုက်သဖြင့် ကားသည် တန့်ခနဲ ရပ်သွား၏။ ဇက်ကြိုးအား သတ်လိုက်သကဲ့သို့ ….။ သူတို့သည် တခုခုအား တတွက်တွက်နှင့် ရွတ်နေကြ၏။ `သံဗုဒ္ဒေ`ဂါထာကဲ့သို့ ကိုရမ်ကျမ်းလာ…. အန္တရာယ်ကင်း ကျမ်းစာ တပုဒ်ပုဒ် ဖြစ်ပါလိမ့်မည်။

ပုလိပ်များ….နှစ်ယောက် သို့မဟုတ် သုံးယောက် ထီးဆောင်း၍ ကားဆီသို့ လာကြလိမ့်မည်။ ပြီးလျှင် …. ကားပေါ်တတ်၍ ထိုင်ပြီး ခရီးသွားလက်မှတ်များအား စစ်ဆေးကြမည်။ လက်မှတ် မပါသည့်သူများအား ဆွဲချမည်….။ ဖမ်းမည်။ ငွေတောင်းမည်။ ငွေပေးနိုင်လျှင်မူ….။

စက္ကန့်ငယ်တို့၏ ရွှေ့လျာမှုသည် နှေးကွေးလှပေစွ….။ ခဏငယ်တို့ကား ကြာရှည်လှပေစွ….။ ကားအနောက်၌ အရိပ်တစ်ခု ၀င်လာ၏။ သွားပြီ….။ သံလွင်ရောင် ဂျာကင်ထားသည့် ထိုင်းအမျိုးသားတယောက်။ ဘောင်းဘီ၏ အရောင်ကမူ ပုလိပ်တို့ ၀တ်သည့် ယူနီဖောင်းအရောင်မဟုတ် ….။ အဖြူရောင် ပျောက်ကျားဘောင်းဘီ….။ ထီးကိုပိတ်ပြီး ကားပေါ်သို့ တက်သည်။ သူတို့တွေထဲမှ ဆယ်သုံးလေးနှစ်အရွယ် အပျိုမငယ်လေးတဦးအား ထိုင်းလို ပြောနေ၏။ လက်မှတ်တောင်းတာ နေမှာပါ။ အားလုံးပြူးကြောင်ကြောင်နှင့် ကြောင်နေကြသည်။ ထိုင်းလို ထပ်ပြောပြီး လက်ဟန်ခြေဟန်နှင့် နေရာနည်းနည်း ဖယ်ပေးဖို့ ပြသည်။ သိလိုက်ရပြီ။ သူထိုင်ဖို့နေရာ ရွှေ့ခိုင်းခြင်း ….။ သူလည်း ခရီးသည်….။

ကားသည် …. ဂီယာထိုးပြီ `ကြာလေးခို့` ဂိတ်အရှေ့မှ ထွက်သည်….။ လွတ်ပြန်ပြီ…. တဂိတ်။ ကြာလေးခို့လွန်လျှင် အရှေ့၌ ကီလို-၄၈ တဂိတ်သာ ကျန်တော့၏။ ထိုဂိတ်က သိပ်ပြီး အစစ်အဆေးမရှိ….။ ဤသို့ သိထားခဲ့ကြ၏။ ကားငယ်လေးအတွင်း စကားသံများပြန်၍ ဝေစီလာသည်။

`နင်တို့ တတွေ ကံကောင်းတယ်။ ဘာလက်မှတ်မှ မပါဘဲနဲ့ လာကြတာ….ဒီဂိတ်က မစစ်လို့ ….စစ်လို့ကတော့ နင်တို့အားလုံး ဆွဲချခံထိမှာပဲ …..နင်တို့ကို စိတ်ပူပြီး ငါလည်း နင်တို့အတွက် တချိန်လုံး စိတ်ထဲကနေပြီး စာဖတ်နေရတယ်``

နို့ဖိုးသို့ သွားမည့် အသက်ကြီးကြီး အမျိုးသမီးကြီးက ဆိုသည်။ သူမသည်လည်း အစ္စလမ်ဘာသာဝင် တဦးဖြစ်သည်။ သူမပြောသည့် စိတ်ထဲကနေပြီး စာဖတ်နေတယ် ဟူသည်မှာ ကိုရမ်ကျမ်း စာတပုဒ်ပုဒ်အား ရွက်ဖတ်နေခြင်းအား ပြောတာဖြစ်မည်။

ခပ်၀၀နှင့် သားသည်အမေက …``ကျမတို့လည်း ဒီမလာခင် ….မုဒုံမှာကတည်းက ဒီခရီး…ဒီခရီးသွားမယ်။ အလ္လာခွင့်ပြုပါဆိုပြီး အလ္လာဆီမှာ ခွင့်တောင်းလာတာ….``

သူတို့ အားလုံး၏ မျက်နှာများက ပျော်ရွှင်၍ နေကြသည်။ ပေါ့ပေါ့ပါးပါး….။ သားရဲတွင်း အတွင်းမှ လွတ်လာသည့် ယုန်သူငယ်များလို….။ တောင်တန်းများနှင့် နီးလာ၍လား မသိ…..။ ရာသီသည် ပြောင်းလဲ၍လာသည်။ မိုးစဲသွားသော်လည်း ကောင်းကင်သည် လင်းလင်းထင်ထင်မရှိ….။ အေးစိမ့်မှုက ချည်းနှင်း၍ ၀င်လာပြီ။ ယူကလစ်ပင်များက ကားလမ်း၏ ၀ဲယာတွင် အုပ်အုပ်ဆိုင်းဆိုင်း….။ အဝေးမှ တောင်တန်းကြီးများက မြင့်မြင့်မားမား….။ အထပ်လိုက်….အထပ်လိုက်….။ ညို့ညို့မှိုင်းမှိုင်း….။ မှုန်မှုန်ဝါးဝါး….။ မြေသားအရောင်သည် ပတ္တမြားသွေးလည်းမကျ….သံချေးရောင်….။ မိုင်တိုင်များအား တခုပြီး၊ တခု ဖြတ်ကျော်၍သွားသည်။ ကီလို ၄၀….။ ကီလို ၄၂……. ၄၅….. ၄၆…. ၄၇ …။ ၄၈ ကီလို ပုလိပ်ဂိတ်နှင့် နီးလာသော်လည်း ….သူတို့တတွေ၏ စိုးရိမ်မှုက `ကြာလေးခို့`ဂိတ်လောက် မပူလောင်…..။ အရင်ကလည်း ဤဂိတ်က သိပ်၍ စစ်ဆေးသည့် ဂိတ်မဟုတ်….။ အပေါ့အလေး ဆင်းသွား၍ ရသည်။ တောင်ပေါ်သို့ မတက်မှီ နောက်ဆုံးဂိတ်….။ တခါတလေတွင်မူ ပုလိပ်တယောက်တလေ ထွက်လာပြီး ကားအား လှည့်၍သာ ကြည့်သည်။ မေးမြန်း စစ်ဆေးသည်မျိုးက မရှိ….။

ကားသည် ၄၈-ကီလို ပုလိပ်ဂိတ် အရှေ့၌​ ထိုးရပ်လိုက်သည်။ ၄၈-ကီလို ပုလိပ်ဂိတ်က ယူကလစ်ပင်များ အောက်၌ အရိပ်ခို၍ နေသည်။ အချို့က ကားပေါ်မှဆင်း၍ အပေါ့အပါး သွားကြသည်။ ခလေးများနှင့်သူတို့ မိသားစုသာ ကားပေါ်၌ ကျန်ခဲ့ကြ၏။ ပုလိပ်တယောက်သည် ဂိတ်တဲလေးအတွင်းမှ ထွက်လာပြီး ကားအား လှည့်ပတ်ကြည့်၏။ ပြီးလျှင် ….. ဆယ့်သုံးလေးနှစ်အရွယ် မိန်းမငယ်လေးများအား လက်မှတ် တောင်းကြည့်၏။ မိန်းမငယ်များက ထိုင်းလို ပြောသည်အား နားမလည်….။ ကျီးကြည့် ကြောင်ကြည့်…. ကြည့်နေကြသည်။ ပုလိပ်က သူတို့အား ကားပေါ်မှ ဆင်းခိုင်းသည်။ ခလေးငယ်များကိုလည်း မေး၏။ လက်မှတ်က မရှိ….။ ခလေးများအား ဆင်းခိုင်းပြန်သည်။ ပိန်ပိန်နှင့် သားသည် အမေသည်လည်း နို့စို့အရွယ် ကလေးငယ်အား ရင်တွင်ပွေ့ချီရင်း …. ကားအောက်သို့ ဆင်းပြန်သည်။ တယောက်ကိုမေးလည်း ထိုင်းစကား နားမလည်…..။ လက်မှတ်တောင်းလျှင်လည်း လက်မှတ်ကမရှိ….။ တယောက်တလေလည်းမဟုတ်….။ အားလုံးပေါင်း ၉-ယောက်….။

သွေးဆုတ်၍ ဖြူရော်ရော် ဖြစ်နေသော ထိုင်းပုလိပ်၏ မျက်နှာသည် အရောင်တမျိုး ပြောင်းလာသည်။ နောက်ဆုံး ကျန်နေသည့် ခပ်၀၀နှင့် အမျိုးသမီးအား ကားပေါ်မှ ဆင်းခိုင်းသည်။ အမျိုးသမီး၏ ၀ဖိုင့်သော ခန္ဓာနှင့် ကားမူး၍ သူမ၏ ရင်ခွင်တွင် လဲနေသော ခလေးကြောင့် ချက်ချင်း ကားပေါ်မှ မဆင်းနိုင်….။ ထိုင်းပုလိပ်သည် ဒေါသ ထွက်လာ၏။ အမျိုးသမီး၏ေ ကျာကုန်းအား တဘုန်းဘုန်း ရိုက်နှက်ပြီး ဆင်းခိုင်းနေ၏။

ကျန်ခရီးသည်များက မျက်နှာ လွှဲထားလိုက်ကြ၏။ မြင်နေရသည့် မြင်ကွင်းက စိတ်မသက်သာစရာ…။ မတတ်နိုင်….။ သူတို့အားလုံးအား ၄၈ ကီလိုဂိတ်ရှိ အချုပ်ခန်းအတွင်း ထည့်လိုက်ကြသည်။ သူတို့၏ ပစ္စည်းများအား ကားပေါ်မှချ၍ ယူကလစ် ပင်ရင်း၌ပင် စုပုံထား၏။ ကျန်ခရီးသည်များ ကားပေါ်သို့ ပြန်၍ တက်ကြသည်။ ယူကလစ်ပင် အရိပ်မှ ကားငယ်သည် တဖြည်းဖြည်း လှိမ့်၍ ထွက်လာသည်။ ၄၈-ကီလို ရဲကင်းစခန်းက ယူကလစ်ပင် အရိပ်အောက်၌ ပုန်းခိုရင်း ကျန်ရစ်လေပြီ….။ ဤ ရဲကင်းစခန်း၏ အချုပ်ခန်းငယ်လေးအတွင်း၌ကား ….. သူတို့ မိသားစုများ…..။

ကားသည် တောင်တန်းကြီးများဆီသို့ အရှိန်နှင့် တိုးဝင်သွားနေ၏။ မြင့်မားသော တောင်တန်းကြီးများအား ကွေ့၍ … ၀ိုက်၍… ချိုး၍… တက်ရပေလိမ့်မည်။


ရွှေအိမ်စည်


ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,31st,2008

( 48 )Recovery continues six months after Myanmar cyclone

( 47 )Myanmar Cyclone 6 months on

( 46 )six month anniversary of Myanmar Cyclone Nargis - the worst natural disaster in the country's history.

( 45 )Cyclone orphans forced to work

( 44 )Six months after cyclone Nargis: Malteser International: Provision of safe drinking water still big challenge

( 43 )180 days after Cyclone Nargis: Relief efforts on track but support is still needed

( 42 )Burmese activist crosses boundaries

( 41 )Rumors of Suu Kyi's release prove unfounded

( 40 )ငွေဆောင်တွင် ထူးကုမ္ပဏီမှ လေဆိပ်ဆောက်မည်

( 39 )Karen rebel outpost seized

( 38 )ထိုင်းနယ်စပ်မှာ KNU နဲ့နအဖတိုက်ပွဲဖြစ် တရုတ်နယ်စပ်မှာ ငြိမ်းအဖွဲ့တွေ စစ်ပြင်

( 37 )Chin people plagued with disease with onset of famine

( 36 )လွှတ်တော်ကိုယ်စားလှယ် ညီလာခံခေါ်ပေးဖို့ အဖွဲ့ချုပ် ပဲခူးတိုင်းက ဗဟိုကို တောင်းဆို

( 35 )At least two large companies halt rubber purchases; prices continue to drop

( 34 )ရှေ့နေရော အမှုသည်ပါ နအဖက ထောင်ချ

( 33 )Chin State's army Captain prohibits patrolling of Chin area

( 32 )နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းးပန်းမှုများပြုလုပ်၍ အကြမ်းဖက်သမားအဖြစ် ထွက်ဆိုခိုင်းနေ

( 31 )Detained 88 student leaders transferred

( 30 )profiles of village recovery

( 29 )ဒေါ်စု လွတ်လာမည်အထင်ဖြင့် ပါတီလူငယ်များ ရုံးချုပ်ကို သွားကြ

( 28 )Major milestones reached, but more humanitarian work still to be done

( 27 )အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံရေးပိုမိုတင်းကျပ်

( 26 )Min Ko Naing Transferred

( 25 )ကရင်စခန်းတခုကို စစ်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက်

( 24 )Water Shortage Threatens Thousands in Delta

( 23 )Crime on the Increase in Rangoon, Mandalay

( 22 )ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၈ ဦးကိုထောင်ပြောင်း

( 21 )Burmese authorities testing instant coffee for contamination

( 20 )အကူအညီလိုအပ်နေသူ လယ်သမားများ FAO မှ ကျွဲများ ရရှိ

( 19 )ဘောလုံးပွဲမှရသည့် နာဂစ်လေဘေးရန်ပုံငွေ ဖျာပုံမြို့နယ်မှာစာသင်ကျောင်းများဆောက်မည်

( 18 )၈၈ ခေါင်းဆောင်များကို မအူပင်ထောင်သို့ ပြောင်းရွှေ့

( 17 )9 Myanmar activists punished with jail terms

( 16 )Myanmar six months-on: Nway's Story

( 15 )Information Minister's plan for censorship (excerpts)

( 14 )ကော်ဖီမစ်များတွင် မယ်လမင်းပါလျှင် ကြေညာမည်

(13 )Villages linked to Nalanda university located

( 12 )Save the Children Warns Of New Risks

( 11 )ကေအဲန်ယူကို နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

( 10 )ရသေ့တောင်မြို့နယ်တွင် ကြွက်များသောင်းကျန်း၍ စပါးစိုက်ခင်း အများအပြားပျက်စီး

( 9 )မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်မှု စတင်

( 8 )နိုင်ငံရေးရှေ့နေ ၂ ဦးကို ထောင်ဒဏ် ၆ လ ချမှတ်

( 7 )စစ်အစိုးရဘက်က မပြောင်းလဲလျှင် ပိတ်ဆို့အရေးယူမှုရပ်မည်မဟုတ် ချက်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမေးမြန်းချက်

( 6 )Indian help sought on Burma

( 5 )နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေကိုယ်တိုင် ထောင်ဒဏ်ချမှတ်ခံရ

( 4 )SOS from Starving Rohingyas in Bangladesh-Burma border

( 3 )လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီးများအတွက် UNHCR စိုးရိမ်

( 2 )thousands face a water crisis

( 1 )လေဘေးသင့် လယ်သမားများအတွက် FAO မှ ကျွဲနွားများ ထောက်ပံ့


Thursday, October 30, 2008

Than Shwe’s Daughter Goes Shopping for Gold

MIN LWIN

A BBC radio report that a daughter of Burmese junta leader Snr-Gen Than Shwe went shopping for gold worth more than US $80,000 is a hot topic of discussion these days at teashop tables in Mandalay.

နိုင်ငံတော် သူခိုးကြီး သန်းရွှေရဲ့ သမီးများ








The London-based BBC’s Burmese service reported that an unnamed daughter of Than Shwe visited the Aung Tharmarde gold shop on Mandalay’s 22nd Street and bought gold worth 100 million kyat ($80,645).

“People were shocked to hear about the extravagance,” said a Mandalay gold dealer. “I’d like to ask her where the money came from when most Burmese people are poor and some are starving.”

The report reignited anger over the extravagance of the marriage in July 2006 of one of Than Shwe’s daughters, Thandar, who draped herself in the precious metal when she married Maj Zaw Phyo Win. The bridal pair were showered with expensive gifts estimated to have cost the equivalent of $50 million.

One Rangoon gold dealer suggested that Than Shwe’s family wanted to invest in the precious metal at a time when the price of bullion had dropped.


ကေအန်ယူ တပ်မဟာ(၆) နယ်မြေမှာ ဒီကေဘီအေနှင့် တိုက်ပွဲဖြစ် ကေအန်ယူ(၂၀၁)စခန်းကိုသိမ်းဖို့ကြိုးပမ်းမှုမအောင်မြင်

NEJ/၃၀ အောက်တိုဘာ ၂၀၀၈

ယနေ့ နံနက်(၅)နာရီက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ၊ တပ်မဟာ(၆)နယ်မြေအတွင်း ရှိ တပ်ရင်း(၂၀၁)တပ်စခန်းအား DKBAနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာ ကြိုကြားပစ်ခတ်မှုများကြောင့် ဒေသတွင်းအခြေ အနေမှာတင်းမာ လျက်ရှိသည်။

(၂၀၁)တပ်စခန်းလက်အောက်ခံ တပ်ခွဲ(၃)အခြေစိုက်ရာ (ခလုန်းလောင်ချယ်)စခန်းသည် မဲဆောက် မြို့မှ တောင်ဘက် ကီလိုမီတာ (၁၄၀)အကွာ အုန်းဖန်မြို့နယ်တဖက်ကမ်း နယ်စပ်မျဉ်းမှ မြန်မာ ဘက်အခြမ်း (၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည်။ ထိုင်းဘက်ခြမ်းရွာမှာ မယ်ပလောခီးထိုင်းရွာ ဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၁)လက်အောက်ခံ တပ်ခွဲ(၃)မှ အရာခံဗိုလ် စောထိခုက

“ဒီမနက် ငါးနာရီမှာ DKBA တပ်ရင်း (၃၃၃)၊ (၉၀၇)၊ (၉၀၆)၊ နအဖတပ်တွေ ပူးပေါင်းပြီး ကျနော်တို့ တပ်ခွဲ(၃)စခန်းနေရာကို တက်သိမ်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျနော်တို့ထောင်ထားတဲ့ မိုင်း(၅)လုံး ပေါက်ကွဲပြီး သူတို့ရှေ့ဆက်မတက်ရဲတော့ဘူး။ နအဖစစ်တပ်က အနောက်ကနေပြီး (၈၁မမ)၊ (၇၅မမ)၊ (၆၀မမ) လက်နက်ကြီးတွေနဲ့ ကျနော်တို့စခန်းထဲ ပစ်ချတာ အလုံး(၄၀)လောက် ရှိ ပြီ။ ဒါပေမယ့် သူတို့ချဉ်းကပ်လို့ မရဘူး။ ကျနော်တို့ ရရှိတဲ့ကြားဖြတ် စက်သတင်းအရ ဒီညသူတို့စစ် ကူတွေ လာမယ်။ ပြီးရင် ကျနော်တို့စခန်းကို တက်ရှင်းမယ်လို့ သိရတယ်။ ကျနော်တို့ဖက်ကလည်း သူ တို့နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ DKBAနဲ့ နအဖစစ်တပ်တွေဟာ ထိုင်းဖက်ကဝင်ပြီး ကျနော်တို့ကိုပိုင်းဖို့ လုပ်နေတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ မရအရခုခံသွားရမှာပဲ”ဟု ခေတ်ပြိုင်သို့ ပြောသည်။

နံနက်လင်းအားကြီးအချိန်က စတင်ခဲ့သည့် ပစ်ခတ်မှုများသည် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ခြင်းအဆင့် မျိုးမရှိသေးသည့်အတွက် နှစ်ဖက်အကျအဆုံး အခြေအနေကို မသိရှိရသေးသော်လည်း မိမိတို့မိုင်း(၅) လုံးပေါက်ကွဲခဲ့မှုတွင် DKBA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရရှိနိုင်သည်ဟု ၎င်းက ဆက်ပြော သည်။

နောက်ထိုင် မြန်မာစစ်တပ်မှ အကူပစ်ပေးသည့် လက်နက်ကြီးကျည် အလုံး(၄၀)ခန့်မှာ ထိုင်းနိုင်ငံ အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်း မရှိသေးဟု အုန်းဖန်နှင့်မဲဆောက် လိုင်းကားမောင်းသူတဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဒေသတွင်းလုံခြုံရေး တိုးမြင့်ချထား ကြောင်း မြန်မာဘက်ခြမ်းမှ ရွာသားများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာမှုများ မရှိသေးကြောင်း သိ ရှိရသည်။

ယခုတိုက်ပွဲဖြစ်ပွားရာဒေသတွင် နယ်မြေစိုးမိုးရေးရရှိရေးအတွက် DKBAနှင့် မြန်မာစစ်တပ်တို့သည် ယခုနှစ်အတွင်း အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်မှုများ ရှိသော်လည်း စခန်းသိမ်းနိုင်သည့် အနေအ ထား မရှိသေးကြောင်း သိရှိရသည်။

နအဖနှင့် DKBA၏ ထိုးစစ်ဆင်မှုများနှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဖလဲခို့(ခေါ်) စောအော်လီဗာက “ကျွန်တော်တို့ ဘက်ကတော့ စစ်ရေးနည်းနဲ့ဖြေရှင်းတာကို မလိုချင်ပေမဲ့ သူတို့ဘက်က ထိုးစစ်ဆင်လာရင်တော့ တော်လှန်စစ်ရဲ့ သဘောအရ ခုခံကာကွယ်စစ်ကိုဆင်နွဲဘို့ အရံသင့်ရှိတယ် လက်အောက်ခံ တပ်မဟာ တပ်ရင်း တပ်ဖွဲ့တွေကို ညွန်ကြားထားပြီးဖြစ်တယ် အဓိက ခံစစ်ရှင်ပြောက်ကြားစနစ်ကို သုံးပြီး ရန်သူ ကို ရင်ဆိုင်မှာဖြစ်တယ်”ဟုပြောသည်။

နအဖအနေနှင့် မြန်မာပြည်၏နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့်ဖြေရှင်း၍ မရကြောင်း KNUနှင့် တိုက်နေသည်မှာနှစ် (၆၀)ရှိပြီးဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို အပြောနှင့်မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖေါ်မှသာ စစ်မှန်သည့် တိုင်းပြည်ငြိမ်းချမ်းရေးကို ရမည်ဆိုသည့်အချက်ကို သ ဘောပေါက်သင့်သည် ဟုလည်းဖြည့်စွက်ပြောသည်။


ကရင်နီ ဒုက္ခသည်တစ်ချို့ အခြေချနေထိုင်ရေး အစီအစဉ် ဖျက်သိမ်း

ကန္တာရ၀တီတိုင်း( မ် )

အမေရိကန်နိုင်ငံသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေး အစီအစဉ်တွက် လျှောက်ထားကြသော ကရင်နီဒုက္ခသည်အချို့ မိသားစုအတွင်းရေး သဘောထားကွဲလွဲမှုများ ရှိသောကြောင့် လျှောက်ထားသော အစီအစဉ်အား ပြန်လည်ဖျက်သိမ်းကြသည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချ နေထိုင်ခဲ့ပြီးသူများ၏ ဝေငှလာသော အကြံများ၊ နိုင်ငံတွင်း နေပုံထိုင်ပုံများ၊ အလုပ်အကိုင်များနှင့် ရှေ့ရေး အခြေအနေများအား လက်ကမ်းစာစောင်များမှလည်းကောင်း၊ စာအုပ်မှလည်းကောင်း၊ ဖတ်ရှုလေ့လာပြီးနောက် ယခုလို ဖျက်သိမ်းခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့ပြီးမှ ပြန်လည်ဖျက်သိမ်းသော မိသားစုများက ပြောသည်။

ဖျက်သိမ်းလိုက်သည့် မိသားစုတစုမှ အိမ်ထောင်ဦးစီးတဦးက " ဒီအမေရိကန် (ရီစက်တမဲ) ခေါ် အခြေချနေထိုင်တဲ့ ပရိုဂရမ်ကို ကျနော် စိတ်အားထက်သန်မှု မရှိဘူးလေ။ အမေရိကန် အခြေအနေက အခု အမေရိကန်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ လက်ကမ်းစာစောင်၊ ဗီဒီယိုထုတ်ခွေတွေမှာ တွေ့ရတယ်။ ဖတ်ရတယ်။ (စပေါ့တီး) ထောက်ပံ့မှု ကာလလည်း နည်းနေတယ်လေ " ဟု ပြောပါသည်။

အမေရိကန်သို့ စခန်း (၁) မှ မိသားစုဦးရေ ၁၀၃၀၀ ကျော် လျှောက်ထားပြီးခေါ်ယူ စစ်ဆေးမေးမြန်းခြင်း ခံရသည့် အိမ်ခြေပေါင်း (၇၇၆) အိမ်ထဲမှ ပြန်လည်ဖျက်သိမ်းသည့် အိမ်ထောင်စု ၁၁၀ အိမ်ထောင်ရှိသည်ဟု သိရသည်။

ထိုကဲ့သို့ ပြန်လည်ဖျက်သိမ်းသူများသည် အမေရိကန်အခြေချ နေထိုင်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက် အဖြစ်မှန်များကို ဖြန့်ဝေပေးသည့် ဗီဒီယိုခွေများအား ကြည့်ရှုခဲ့ရပြီးမှလည်းကောင်း၊ တကယ်အိမ်တွင်း မိသားစုများ ဆန္ဒကွဲပြားနေမှုကြောင့် ပြန်လည်ဖျက်သိမ်းခဲ့သည့် အိမ်ထောင်များလည်း ရှိကြောင်း ပင်လယ်ရပ်ခြား လုပ်ငန်းစီစဉ်ဆောင်ရွက်သောအဖွဲ့ အိုပီအီးမှ ၀န်ထမ်းတဦးက ပြောသည်။

ယခုလို ကိုယ့်အစီအစဉ်ကို ဖျက်သိမ်းလိုပါက စာဖြင့် ပထမဦးစွာ လျှောက်ထားရမှာ ဖြစ်ပြီး၊ အိုပီအီးမှ မျက်နှာချင်းဆိုင် လာရောက်စစ်ဆေးမှာ ဖြစ်သည်။

မိသားစုဘက်မှ ဖျက်သိမ်းလိုက်သော်လည်း ၎င်းမိသားစုများ၏ အမည်စရင်းများကို လုံးဝဖျက်ပစ်လိုက်ခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် မိသားစုတွင်း ပြေလည်လာသည့် တနေ့ ၎င်းတို့ရဲ့ မိသားစုများ အခွင့်အရေး မဆုံးရှုံးရန်ဖြစ်ကြောင်း အိုပီအီးမှ တာဝန်ရှိသူများက ဆိုပါသည်။

ဒုက္ခသည်အချင်းအချင်း အခြေချနေထိုင်နိုင်ရေး အစီအစဉ်အတွက် အမြင်အမျိုးမျိုး ရှိကြသည်။ အခြေချနေထိုင်ချင်သည့် မိသားစုများမှာ ၎င်းတို့၏ သားသမီး ရှေ့ဆက်ပညာရေးနှင့် မိမိ၏ ဘ၀သစ်ကို တည်ထောင်ဖို့အတွက် ရည်စူးပြီး လျှောက်ထား ကြပါသည်။

သို့သော် ဤဖျက်သိမ်းလိုသည့် မိသားစုများ၏ ပြောပြချက်အရ အမေရိကန်နိုင်ငံသည် ပညာတတ်နိုင်ငံ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် အခြေချ နေထိုင်နိုင်ခဲ့ပါသော်လည်း သူများ၏ အနှိမ့်ဆုံးကျွန် ဖြစ်လာမှာကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

အခြေချနေထိုင်ရေး အစီအစဉ်အား စိတ်ဝင်စားမှုမရှိသည့် ကရင်နီဒုက္ခသည် တီးက "တော်လှန်ရေးမှာ နှစ်ပေါင်းများစွာနဲ့ ဒုက္ခတွင်း၊ ဖိနှိပ်မှုခံနေပြီးမှတော့ အောင်မြင်မှုတစုံတရာ၊ အကျိုးတစုံတရာ ရမလာသေးဘူးလေ။ လောလောဆယ် လုပ်နေတုန်းပဲ။ သွားချင်တဲ့လူတွေရှိသလို မသွားချင်တဲ့ လူတွေလဲ ခပ်များများပဲရှိမယ်လို့ထင်တယ်" ဟု ပြောပါသည်။


ညီညွတ်မှု ပြိုကွဲလေသောအခါ

ကျော်စွာမိုး

ယခု ပြဿနာက မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများအကြား ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရသည့် လိပ်ခဲတည်းလည်း အခြေအနေမျှသာ မဟုတ်တော့ပါ။

ဒေါ်အောင်ဆန်းစုကြည် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံ ပါတီကြီးအတွင်း၌လည်း အတွင်း ကြိတ် ပြဿနာများ၊ နိုင်ငံရေး မကျေလည်မှုများနှင့် ကြုံတွေ့နေပြီဖြစ်သည်။

အဓိကအတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ လူငယ်အဖွဲ့ဝင် ၁၀၉ ဦးတို့ မကြာသေးမီက နုတ်ထွက်စာ တင်ကြသည်မှာ ပါတီစတင်တည်ထောင်ခဲ့သည့် ၁၉၈၈ ခုနှစ်မှစ၍ ပြန်ကြည့်လျှင် အရေး ပါသည့် အဖြစ်အပျက်ဟု ဆိုနိုင်ပါသည်။

ဤဖြစ်ရပ်ကြောင့် ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးနေပုံကို မေးခွန်းထုတ်ဖွယ် ဖြစ်လာစေပြီး အသက်အရွယ်ကြီးမြင့်နေကြပြီ ဖြစ်သည့် ပါတီ၏ ခေါင်းဆောင်သူများအတွက် ပို၍ သိက္ခာကျစရာ၊ အားလျော့စရာ ဖြစ်လာစေသည်။

လူငယ်အဖွဲ့ဝင်များက ပါတီ၏ ဆုံးဖြတ်ချက်ချရာ လုပ်ငန်းစဉ်များတွင် သူတို့အနေနှင့် ပါဝင်ဆောင်ရွက်ခွင့် မရှိကြောင်း မကျေလည် ပြောဆိုသံများထွက်လာပြီးနောက် ယခုကဲ့သို့ အစုအပြုံလိုက် နုတ်ထွက်စာတင်ကြခြင်း ဖြစ်သည်။

အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီခေါင်းဆောင်မှုအတွက် လူငယ်အကြံပေး ၆ ဦးနှင့် လူငယ်လှုပ်ရှားမှုများကို ဦးဆောင်ရန် ခေါင်း ဆောင် ၁၀ ဦး တာဝန်ပေး ခန့်အပ်စာ ထွက်လာပြီးနောက် ဤသို့ နုတ်ထွက်မှုများ ဖြစ်ပေါ်လာရသည်။ လူငယ်များကမူ ပါတီခေါင်းဆောင်ပိုင်းက သူတို့ တင်ပြအဆိုပြုသူများကိုလည်း လက်မခံ၊ အကြံပြုချက်များကိုလည်း နားမထောင်ခဲ့ကြ ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်နေသည့် ပါတီကြီးအတွင်း အဖွဲ့ဝင်များအပေါ် ဒီမိုကရေစီကျင့်သုံးပုံနှင့် ပတ်သက်၍ ဤသို့ဖြစ်ပျက်ရသည်က ဆန်းပြားအံ့သြဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်လည်း ဖြစ်သည်။

“ကျနော်တို့ အဖွဲ့အစည်းက ဒီမိုကရေစီ အဖွဲ့အစည်းပါ။ သည်တော့ ကျနော်တို့တတွေ ဒီမိုကရေစီအခြေခံကို လေးစားလိုက် နာဖို့ လိုတယ်။ အကယ်၍ ကျနော်တို့က ဒီမိုကရေစီ စည်းမျဉ်းတွေကို မလေးစားဘူး ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ရတဲ့ လုပ်ငန်းစဉ်တွေမှာ အတော်ခက်လိမ့်မယ်” ဟု အန်အယ်လ်ဒီ ပါတီ၏ လူငယ်ဌာနများတွင် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း သစ္စာရှိရှိလုပ်ကိုင်ခဲ့သူ ကိုခင်ထွန်းက ပြောသည်။ ယခုတော့ သူလည်း နုတ်ထွက်ခဲ့သူများတွင် တဦးအပါအ၀င် ဖြစ်နေပြီ။

ကိုခင်ထွန်းသည် ၁၉၈၈ ခုနှစ် ပါတီ တည်ထောင်ခဲ့ချိန်မှစ၍ စွဲစွဲမြဲမြဲ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် ထောင်ကျခဲ့ရသူ ဖြစ်သည်။ ထောင်ထဲတွင် သူ နှစ်အတန်ကြာ နေခဲ့ရပါသည်။ ကိုခင်ထွန်းကဲ့သို့ပင် နုတ်ထွက်ကြသူ ၁၀၉ ဦးထဲတွင် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်း အတော်များများလည်း ပါဝင်နေကြသည်။

အန်အယ်လ်ဒီ ပါတီခေါင်းဆောင်များ အနေနှင့် ပါတီကိစ္စ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူငယ်တို့၏ အခန်းကဏ္ဍကို အသိ အမှတ်ပြုသင့်သည်။ မူဝါဒများ ဆုံးဖြတ်ချမှတ်မည်ဆိုလျင်လည်း သူတို့၏ အမြင်များကို လေးလေးစားစား ထည့်သွင်း စဉ်းစား သင့်ပါသည်။

“လူငယ်တွေဆိုတာ အနာဂတ်ပါ။ ကျနော်တို့ခေါင်းဆောင်တွေကို ကျနော်တိုက်တွန်းချင်တာက လူငယ်အဖွဲ့ဝင်တွေရဲ့ အမြင်တွေကို နားထောင်ပေးဖို့ပါပဲ” ဟု ကိုခင်ထွန်းက ပြောသည်။

အမှန်တကယ်တွင် အန်အယ်လ်ဒီ ပါတီက အလားတူပြဿနာမျိုး ကြုံတွေ့လာခဲ့ရသည်မှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများ ကတည်းက ဖြစ်သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းချုပ်နှောင်ခံထားရသည့် အချိန်မျိုးတွင် ကြုံတွေ့ရလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီသက်တမ်း ၁၉ နှစ်တာကာလ အတွင်း ၁၃ နှစ်ကျော် အချုပ် အနှောင်တွင်း နေထိုင်ခဲ့ရသဖြင့် ပါတီအရေးကို ကိုယ်ထိလက်ရောက် ဆောင်ရွက်နိုင်ခွင့် မရှိဖြစ်နေရသည်။

လက်ရှိ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်ပိုင်းက သူတို့ကိုယ်သူတို့ ပါတီကို မပျက်စီးရလေအောင် ထိန်းသိမ်း စောင့်ရှောက် ပေးသူများဟု ခံယူထားကြသော်လည်း ဒီမိုကရေစီအရေးအတွက် ရှေ့ဆက်ချီတက်နိုင်ရန် အတွေးအမြင်နှင့် မဟာဗျူဟာ များ ချမှတ် ကြံဆခြင်းကိုမူ ထိုးထွင်းမလုပ်လိုကြပေ။

လက်ရှိ ပါတီခေါင်းဆောင်ပိုင်းအနေနှင့် ယနေ့ ဒီမိုကရေစီ အရေးတော်ပုံကို ဦးဆောင်ဦးရွက်ပြုနိုင်စွမ်း ရှိ - မရှိနှင့် ပတ်သက်၍ အကြိမ်ကြိမ် မေးခွန်းထုတ်ခံခဲ့ရဖူးသလို စိန်ခေါ်မှုများလည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရဖူးသည်။ လူထု အစိတ် အပိုင်းတချို့၊ ဒီမိုကရေစီအရေး ထဲထဲဝင်ဝင် လှုပ်ရှားနေကြသူများ၊ နိုင်ငံရေးသမားများကလည်း အန်အယ်လ်ဒီနှင့် ပတ်သက်၍ စိတ်ပျက်နေခဲ့ကြသည်။

သူတို့အမြင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အလိုအလျှောက်ပဲ့ထိန်းဖြင့် ရေလွှာကြောတွင် ဦးတည်ရာမဲ့ မျော နေသည်ဟု မြင်ကြသည်။ သည်အတိုင်းသွားနေပါက တချိန် ပါတီတခုလုံး၏တန်ဖိုးနှင့် အရေးပါမှုကိုပါ စွန့်လွှတ်လိုက်ရ တော့မည့် အန္တရာယ်ရှိနေသည်ဟု မြင်ကြသည်။

လွန်ခဲ့သည့်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က ပါတီဦးဆောင်မှုနှင့် ပတ်သက်၍ ပြောဆိုခဲ့ဖူးသည်။ ဒေါ်စုက ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရသည့်အချိန်တွင် သူ့ကို စောင့်မနေဘဲ ပါတီ၏ ဦးဆောင်မှုဖြင့် ပြတ်ပြတ် သားသား ရှေ့ဆက်သွားရန်ပြောဆိုခဲ့ဖူးသည်။ ပါတီအနေဖြင့် တခါတရံတွန်းထိုးလှုပ်ရှားရန်လိုသလို တခါတရံ စည်းရုံးသိမ်း သွင်းရန်လည်း လိုသည်ဟု ပြောခဲ့သည်။ တခါတရံ သူက ဦးဆောင်မည်ဖြစ်သော်လည်း၊ တခါတရံ သူကိုယ်တိုင်က အခြား သူများ ဦးဆောင်မှုကို လိုက်ရလိမ့်မည်ဟု ဒေါ်စုက ပြောခဲ့သည်။

လက်တွေ့တွင် ဤပြဿနာက မျိုးဆက်ချင်း ကွာဟမှုကြောင့် ပို၍ကြီးသွားပုံ ရသည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်ရွှေနှင့် ဦးလွင်တို့က အသက် ၈၀ နှောင်းပိုင်း၊ ၉၀ ထဲ ၀င်နေကြပြီ။ တချို့သော လှုပ်ရှားသူများကလည်း စစ်တပ် တပ်မှူးများအဖြစ် တာဝန်ထမ်းဖူးခဲ့ကြသည့် သူတို့၏ နောက်ခံသမိုင်းကြောင်း၊ ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် အာဏာရှင် စနစ်တွင် ထိပ်တန်းတာဝန်များ ယူခဲ့ဖူးကြသည့် အနေအထားတို့ကြောင့် ယုံကြည်မှုမရနိုင်သည့် အနေအထား ဖြစ်နေကြရသည်။

ခြွင်းချက်တခုကမူ အန်အယ်လ်ဒီ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လူအများက နှစ်လို ထောက်ခံနေကြခြင်း ဖြစ်သည်။ ဦးတင်ဦးသည် ဦးနေ၀င်းအစိုးရ လက်ထက်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းခဲ့ဖူးသော်လည်း လူအများက လေးစားကြည်ညိုကြသည်။ သို့ရာတွင် အသက် ၈၀ ထဲသို့ ၀င်လာပြီဖြစ်သော ဦးတင်ဦးလည်း အိမ်အကျယ်ချုပ် ကျခံနေရ သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်သည်ပင် အသက် ၆၃ နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။

နုတ်ထွက်စာတင်ခဲ့ကြသည့် လူငယ်များမှာ ပါတီအနာဂတ်အတွက် အမှန်တကယ် အရေးပါသူများ ဖြစ်ကြသည်။ ယခုလို အစုလိုက်အပြုံလိုက် နုတ်ထွက်ခြင်းကို လျစ်လျူရှုမနေသင့်သလို၊ လျှော့တွက်၍ မဖြစ်နိုင်ပါ။

ယခုအချိန်သည် အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်မှုအတွက် သေရေးရှင်ရေး အချိန်ဖြစ်နေပေပြီ။ အတိုက်အခံပါတီ၏ အိမ်ကိုယ်နှိုက်က ပြိုလုတည်းတည်း အခြေအနေတွင် စစ်အစိုးရ၏ အာဏာရှင်လုပ်ရပ်များကိုသာ ထိုင်ဝေဖန်နေ၍ အကျိုးမရှိနိုင်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ညီညွတ်ရေးရရှိရန် အရေးကြီးသကဲ့သို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အတွင်း၌လည်း ညီညွတ်ရေးက အရေးကြီးလှသည်။ သို့မှသာ နိုင်ငံ အနာဂတ်လှပနိုင်မည် ဖြစ်သည်။

ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများအဖို့ ရှင်းလင်း၊ ပြတ်သားသည့် မူဝါဒ ရည်မှန်းချက်များအောက်တွင် စုစည်း ညီညွတ်ရတော့မည့် အချိန်ဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် အန်အယ်လ်ဒီ ပါတီက မိမိပါတီအတွင်း ကွဲပြားနေမှု၊ မယုံ သင်္ကာ သံသယလွှမ်းမိုးနေမှုများကို အလျင်အမြန်ပြင်ဆင်ပြီး ဦးဆောင်သက်သေပြရတော့မည့် အချိန်ဖြစ်ပါသည်။

ကျော်စွာမိုးရေးသားသည့် A House Divided ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး)

ဝေယံ

ရွှေလီ။ ။ ပါးစပ်က ကွမ်းတမြို့မြို့ဝါးတတ်သူ အသက် ၃ဝ ကျော်အရွယ် မဖြူဆိုတဲ့ အမျိုးသမီးကို ရွှေလီမြို့မှာရှိတဲ့ မြန်မာ အသိုင်းအဝိုင်းကြား တော်တော်များများက ကျက်မိနေပါပြီ။

သို့ပေမယ့် သူဟာ လူကုန်ကူးသူ တယောက်ဆိုတာတော့ သူ ပျောက်သွားပြီး ရက်သတ္တပတ်ကျော်တော့မှ ဗူးပေါ်သလို ပေါ်လာပါတော့တယ်။

လွန်ခဲ့တဲ့ ၂ လလောက်က သူတို့ကိုယ်တိုင် ရောင်းစားလိုက်တဲ့ အသက် ၁၈ နှစ်အရွယ် သံလျင်သူလေး မဝါဝါကို မုဒိန်းကျင့်ပြီး ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်ခဲ့တဲ့ ပြစ်မှုမှာ တရားခံတွေအဖြစ် သူတို့ကို တရုတ်ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။

သံလျင်ဇာတိဘွား မဖြူဟာ ခင်ပွန်းသည် ကိုကျော်ထွန်း၊ သားနှစ်ယောက်၊ မောင်နှမဝမ်းကွဲ တော်စပ်သူ လင်မယားနှစ်ဦးနဲ့ ရွှေလီမှာ အခြေချလာတာ ၂ နှစ်နီးပါးပဲ ရှိပါသေးတယ်။

မဝါဝါကို ပီကင်းမြို့နားမှာရှိတဲ့ ဆန်းတုန်းပြည်နယ်က တရုတ် အမျိုးသားတယောက်ရဲ့ လက်ထဲကို ယွမ်ငွေ ၂ သောင်းနဲ့ ရောင်းစားခဲ့တာပါ။ ဝယ်လက်တရုတ်က ငွေကို အပြည့်မချေသေးဘဲ စရံအဖြစ် ယွမ် ၆ဝဝဝ ပေးပါတယ်။ ရောင်းစားပြီး မကြာခင်မှာပဲ ဝါဝါဟာ တရုတ်လက်ထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ရာမှာ ဒီလဆန်းပိုင်းမှာ ရွှေလီကို ပြန်ရောက်လာပါတယ်။

အားကိုးရာမယ့် ဝါဝါဟာ သူ့ကို ရောင်းစားလိုက်တဲ့ ကိုကျော်ထွန်းနဲ့ မဖြူတို့ဆီမှာပဲ မှီခိုနေထိုင်ခဲ့ပါတယ်။ မဖြူတို့အတွက်တော့ ရောင်းကုန်ပြန်ရတာပေါ့၊ နောက်ထပ် တရုတ်တယောက် လက်ထဲကို ရောင်းဖို့ ထပ်ကြိုးစားပြန်ပါတယ်။ ဝါဝါကတော့ ဒီတခါ အပြင်းအထန် ငြင်းဆန်ခဲ့ပါတယ်။

သို့ပေမယ့်လည်း ပွဲဆိုင်ထားတဲ့ တရုတ်ဆီက ငွေတချို့ ယူထားပြီးလို့ ဝါဝါကို မရအရခေါ်ရဖို့ ကြိုးစားပါတော့တယ်။

အခင်းဖြစ်ပွားမယ့်နေ့ ညနေပိုင်း၊ နေဝင်ရီတရော အချိန်မှာ ရွှေလီကနေ မိုင်အနည်းငယ်ဝေးတဲ့ မြန်မာနိုင်ငံ နမ့်ခမ်းမြို့ဘက် သွားရာလမ်းအတိုင်း အငှားကားတစီးနဲ့ ဝါဝါကို တင်ခေါ်သွားပါတယ်။ ခေါ်သွားသူတွေက လူပွဲစား မိသားစုဝင် အားလုံးပဲ ဖြစ်ပါတယ်။

မိနစ် ၂ဝ လောက်သွားရတဲ့ မြန်မာပိုင် မန့်ဟီးရိုးရွာဘက်အရောက် လယ်ကွင်းဘေးတနေရာမှာ ကားပေါ်က ဆင်းလိုက်ကြပါတယ်။

"သူတို့ ဒီကနေ စသွားကတည်းက ဘီယာတွေ သောက်သွားကြတာ။ မန့်ဟီးရိုးတဝိုက်က လယ်ကွင်းတွေဘေးမှာ ဆင်းပြီး လယ်ကွင်းထဲ ခေါ်သွားကြတာ။ အဲဒီမှာ ကျော်စွာကစပြီး မုဒိန်းကျင့်တယ်။ ကျန်တဲ့လူတော့ မပါဘူးပေါ့။ ကျင့်ပြီးတာနဲ့ ဘိုဘိုက ဓားနဲ့ စထိုးတယ်။ ဓားဒဏ်ရာ ၅ ချက်နဲ့ ကောင်မလေးက သေဆုံးသွားတာပါ။ ပြီးတော့ အလောင်းကို ရေမြောင်းဘေးမှာ ပစ်ထားလိုက်တယ်" လို့ အမှုဖော်ထုတ်ရာမှာ ကူညီခဲ့သူ မြန်မာတဦးက ပြောပါတယ်။

အခင်းဖြစ်ပြီး နောက်ရက်မှာ ဒေသခံ ရှမ်းရွာသားတွေက ဝါဝါရဲ့ ရုပ်အလောင်းကို တွေ့ရာကနေ တရုတ်အာဏာပိုင်တွေဆီ ဖုန်းဆက် အကြောင်းကြားပါတယ်။ ဒီ့နောက်မှတော့ ပြစ်မှုကျူးလွန်သူ လူမှောင်ခိုဂိုဏ်းကို တစတစ ခြေရာခံရင်း ဖော်ထုတ်နိုင်ခဲ့တာပါ။

အခင်းဖြစ်ပြီးစမှာ တရုတ် အာဏာပိုင်တွေဟာ လူသတ်မှု ကွင်းဆက်ကို မဖော်နိုင်သေးဘဲ၊ နာမည်ရှိနေတဲ့ လူဆိုး စာရင်းဝင်တွေကိုပဲ လိုက်ဖမ်းနေခဲ့တာပါ။ ဖြစ်ချင်တော့ မဖြူတို့ လင်မယား ရောင်းစားခဲ့တဲ့ ရွှေရွှေ ဆိုသူလေးဟာ ရွှေလီကို ထွက်ပြေး လာပြန်ပါတယ်။ ဒါကို ဒေသခံမြန်မာတချို့က ဝိုင်းဝန်းကူညီပေးရာကနေ ခြေရာကောက်မိပြီး မဖြူတို့ လူသိုက် အပါအဝင် လူကုန်ကူးသူ ၁၂ ယောက်ကို ဖမ်းဆီး လိုက်နိုင်ပါတယ်။

ဝါဝါ့အမှုမှာ တရားခံတွေဖြစ်တဲ့ ကျော်စွာ လင်မယားနဲ့ ဘိုဘို၊ အောင်သူစိုးတို့ ၄ ယောက်ကို တရုတ်ပြည် တရားဥပဒေအရ ဆက်လက် အရေးယူဖို့ ချန်ထားပါတယ်။ လူသတ်မှုမှာ မပါဘဲ လူကုန်ကူးသူ ကိုကျော်ထွန်း၊ မဖြူနဲ့ ၁၃ နှစ်အရွယ် သမီးငယ် အပါအဝင် တရားခံ ၈ ယောက်ကိုတော့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီကို ဒီလ ၁၄ ရက်နေ့ကပဲ လွှဲပြောင်းပေးလိုက်ပါပြီ။

မူဆယ်အဖွဲ့ရဲ့ စစ်ချက်အရ သူတို့ ရောင်းစားခဲ့တဲ့ အမျိုးသမီးပေါင်း အယောက် ၂ဝ လောက်ရှိပြီလို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာ စစ်အစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ်စီမံကိန်းကို ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိ တရုတ်နိုင်ငံဘက် လူကုန်ကူးမှု မှုခင်းတွေနဲ့ ဆက်စပ်ကြည့်ရင်တော့ မြန်မာ အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှုကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်မလားဆိုတဲ့ မေးခွန်းကိုတောင် ထုတ်စရာ လိုမယ် မထင်ပါဘူး။

မြန်မာ့စီးပွားရေး ဆင်းရဲမွန်းကျပ်မှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ တဝမ်းတခါးအတွက် နေရပ်စွန့်ခွါ သွားလာနေကြရာမှာ လူပွဲစားတွေ လက်ထဲ ကျရောက်ခဲ့ရတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။ ဝါဝါလိုပဲ ဘဝရော၊ အသက်ပါ ရင်းနှီးခဲ့ရတဲ့ အမျိုးသမီးတွေ ရှိသလို အသက် မဆုံးရှုံးပေမယ့် စိတ်ပိုင်းရုပ်ပိုင်း လူလုံးမလှအောင် နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်တွေ မနည်းလှပါဘူး။

အဲဒီထဲမှာ ဒီလ ၂၁ ရက်နေ့ကမှ တရုတ် အာဏာပိုင်တွေက မူဆယ်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီ လွှဲပေးခဲ့တဲ့ အမျိုးသမီး ၆ ယောက်အနက်က မန္တလေးမြို့က တက္ကသိုလ်ကျောင်းသူ ၂ ယောက်လည်း ပါဝင်ပါတယ်၊

မူဆယ်ဒေသခံ တယောက်က "သူတို့တွေရဲ့ အသက်တွေကတော့ လူအများ စိတ်ဝင်စားမယ့် ၁၈ နှစ်ကနေ ၂၂ နှစ်ကြား အရွယ်လေးတွေပါ။ လူကုန်ကူးခံရတဲ့ အမျိုးသမီး အများစု ခံရသလိုပါပဲ။ အလုပ်အကိုင် ပေးမယ်ဆိုပြီး လူပွဲစားတွေက ဖျားယောင်းသွေးဆောင် အခေါ်ခံခဲ့ရတာပါ။ လူပွဲစားတွေကတော့ လားရှိုး ရပ်ကွက် ၇ ကပါ။ အခုတော့ ဖမ်းမိသွားပါပြီ။ ကွန်ပြူတာတတ်တော့ တရုတ်ပြည်မှာ ကွန်ပြူတာတတ်၊ အင်္ဂလိပ်စာတတ်ရင် တလ ကျပ် ၁ သိန်းခွဲ ပေးမယ်ဆိုပြီး လိမ်ခေါ်ခဲ့တာပါ" လို့ ပြောပြပါတယ်။

လားရှိုး-သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းအတိုင်း ခေါ်လာပြီး နယ်စပ်မှာ ယွမ် ၂ သောင်းနဲ့ တရုတ်ပြည်မြောက်ပိုင်း ဆင်းရဲတဲ့ အန်းဝေးပြည်နယ်က လူဆီ ရောင်းခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ အဲဒီပြည်နယ်မှာ နေခဲ့ရတာ ၉ လလောက် ကြာခဲ့ပါတယ်။ ရောက်စကနေ ၃ လလောက်အထိ အဲဒီမှာ ကုန်ပစ္စည်းတွေ ရောင်းသလို တနေရာနဲ့တနေရာ လှည့်လည် ရောင်းစားတာကို ခံခဲ့ရပါတယ်။

၃ လလောက်အကြာမှာ သူတို့နှစ်ယောက်ကို ဝယ်ယူပြီး ပေါင်းသင်းမယ့် ဖူးစာရှင် လင်ယောက်ျားနှစ်ယောက် ပေါ်လာပါတယ်။ တယောက်က ဆွံ့အမျက်မမြင်၊ နောက်တယောက်က အသက် ၆ဝ ကျော်အရွယ်။ ဘာမှ မတတ်နိုင်ပါဘူး။ တစုံတယောက်ဆီကနေ အကူအညီ ရနိုင်တဲ့ နေရာလည်း မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ကြုံကြိုက်သူနဲ့ပဲ ၆ လလောက် ပင်ပန်းဆင်းရဲစွာ နေထိုင် ဖြတ်ကျော်ခဲ့ရတယ်။

ကိုယ့်ရပ်ကိုယ့်ဌာနေနဲ့ ဝေးကွာတဲ့ ကမ္ဘာ့နေရာတခုမှာ မတူညီတဲ့ ရာသီဥတုကြမ်းတမ်းမှုဒဏ်၊ လူမှုဝန်းကျင် မတူညီမှုတွေ အပါအဝင် ဆင်းရဲတဲ့ ပြည်နယ်ဖြစ်တဲ့အပြင် ဆန်မစားရဘဲ ဂျုံကိုပဲ စားရတဲ့အတွက် စားရေးသောက်ရေးကအစ ခက်ခဲစွာ ရင်ဆိုင်ခဲ့ရပါတယ်။

အဖိုးအိုအရွယ်ကို လင်လုပ် ပေါင်းသင်းရတဲ့ သူကတော့ အလိုမတူတာကြောင့် ညအိပ်စက်ချိန်တိုင်းမှာ နှိပ်စက်ညဉ်းပန်းတာ ခံရပါတယ်။ ဆေးလိပ်မီးနဲ့ ကျောပြင်တခုလုံးကို အထိုးခံရပြီး ဦးခေါင်းမှာလည်း အရိုက်ခံထားရတဲ့ ဒဏ်ရာ ၂ ချက် ရှိထားပါတယ်။ ရုပ်ရည် လှပသူလေးမို့ လင်လုပ်သူ အဖိုးအိုက မဖောက်ပြန်ရလေအောင်ဆိုပြီး ဆံနွယ် ၄ ကွက်ကြားပုံစံ ပုံပျက်ပန်းပျက် အညှပ်ခံရပါတယ်။

သူတို့ နှစ်ယောက် ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ တခြား ရောင်းစားခံထားရတဲ့ မြန်မာ အမျိုးသမီးအများစုလည်း ကံကောင်းသွားပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ တရုတ်ပြည် အိုလံပစ်ပွဲတော် အကြိုကာလအတွင်းမှာ တရုတ်အာဏာပိုင်တွေက စိစစ်မှုတွေ လုပ်လို့ တရုတ်ပြည်ထဲ ရောက်နေသူ မြန်မာအမျိုးသမီး ၁ဝဝ ကျော် တွေ့ရှိခဲ့တဲ့အထဲမှာ သူတို့နှစ်ယောက်လည်း ပါဝင်ခဲ့တာပါ။

အိုလံပစ်ပွဲတော်ကာလ စီမံချက်ကြောင့် အမိမြေပြန်ရမယ့် မြန်မာ အမျိုးသမီးတွေထဲမှာ ဖူးကျင့်ပြည်နယ်က တံငါသည်တွေဆီ ရောင်းစားခံခဲ့ရတဲ့ အသက် ၁၈ နှစ်နဲ့ ၃ဝ ကြား မြန်မာအမျိုးသမီး ၁၈ ယောက်လည်း နယ်စပ်ကို ရောက်နေပါပြီ။ သူတို့ကိုလည်း မကြာခင်မှာပဲ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဆီ လွှဲအပ်ခံရပါမယ်။

သို့ပေမယ့်လည်း မြန်မာ အမျိုးသမီးငယ်တွေ လူကုန်ကူးရောင်းစားခံရတာကို ကာကွယ်ဖို့ တာဝန်ယူ လုပ်ကိုင်နေရတဲ့ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့တွေဆီ နိုင်ငံတော်က မထောက်ပံ့နိုင်လို့ ငွေရေးကြေးရေး မပြည့်မစုံနဲ့မို့ ဒီအဖွဲ့ဝင်တွေ ငြီးငြူနေရတယ်လို့ နီးစပ်သူ ဒေသခံတွေကြား အပြောများကြပါတယ်။

လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ ပြန်ရောက်လာချိန်မှာ စားသောက်စရိတ် မတတ်နိုင်လို့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့က နီးစပ်ရာ ကုန်သည်တွေဆီ အလှူခံနေရတာရှိသလို အဝတ်အစား ထုတ်ပေးစရာ မရှိလို့ဆိုပြီး ရဲမေတွေရဲ့ ယူနီဖေါင်းတွေ ထုတ်ဝတ်ခိုင်းရတာမျိုးတွေလည်း ရှိပါတယ်။ လမ်းစရိတ် ပေးစရာမရှိလို့ မလိုအပ်ဘဲ နှစ်ဝက်လောက်အထိ ကြာသွားတာမျိုးလည်း ရှိနေတတ်ပြန်ပါတယ်။


ရောင်းစားခံရသူ အမျိုးသမီးများ တရုတ်က ပြန်လည်လွှဲအပ်

မြင့်မောင်

နယူးဒေလီ။ ။ တရုတ်နိုင်ငံတွင် ရောင်းစားခံရသူ မြန်မာအမျိုးသမီးများအား နေရင်းသို့ ပြန်လည် ပို့ဆောင်ပေးခြင်းများ ပြုလုပ်လျှက် ရှိသည်။

တရုတ်နိုင်ငံ အမ်းဝေ ပြည်နယ်မှ အဖမ်းခံခဲ့ရသူ မိန်းကလေး ၆ ဦးအား အောက်တိုဘာ ၂၁ ရက်နေ့က တရုတ်အာဏာပိုင်များက မြန်မာဘက်သို့ ပို့ဆောင်ပေးခဲ့သည်။

"ဘေဂျင်း အိုလံပစ်ပွဲနီးတော့ သန်းခေါင်စာရင်းကို ကြပ်မတ်ကောက်ခံတဲ့ အချိန်မှာ လ၀က (လူဝင်မှုကြီးကြပ်ရေး) အမှုနဲ့ အဖမ်းခံရတာ ဖြစ်တယ်။ ရောင်းစားခံရသူတွေက ကွန်ကြိုး၊ ဖူးကျင်း၊ ယူနန်၊ အမ်းဝေ၊ ဆန်တုံ၊ စစ်ထွာ ပြည်နယ်မှာ လ၀က အမှုနဲ့ အဖမ်းခံရတယ်" ဟု ပြန်လည် ပို့ဆောင်ရာတွင် ပါဝင်ကူညီပေးနေသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ စုစုပေါင်း အမျိုးသမီး၂၀၀ ခန့်ကို အသုတ်လိုက်ခွဲ၍ ပြန်လည် ပို့ဆောင်မည် ဖြစ်သည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတို့မှ ပါဝင်သော လူကုန်ကူးခံရသူများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လွယ်ကျယ်မြို့မှ မြန်မာဘက်ခြမ်း ရှမ်းပြည်နယ် လားရှိုးမှ မူဆယ်ရှိ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ထံ ပေးပို့သွားမည် ဖြစ်သည်။

ဖူးကျင်းဒေသတွင် တရုတ် တံငါသည်များထံ မယားအဖြစ် ရောင်းစားခံရသူ ၁၈ ဦးအား နှစ်နိုင်ငံ အဖွဲ့အစည်းက မကြာမီ ပြန်ပို့ဖွယ် ရှိသည်။

အများစုမှာ မိသားစု စားဝတ်နေရေး ပြဿနာကြောင့် အလုပ်ရှာဖွေရင်း လူပွဲစားများ လက်တွင်းသို့ ကျရောက်ကာ ရောင်းစားခံရသူများ ဖြစ်သည်။

မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ ရောင်းစားခံရသော အမျိုးသမီးငယ်များသည် မယားအဖြစ်၊ အိမ်ဖော်အဖြစ် ခိုင်းစေခံကြရသည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,30th,2008

( 41 )Tutu speaks on hope U-M honors Nobel winner; cites individual's power

( 40 )Tragedy and Farce in Burma

( 39 )ဂက်စ်အိုး အသုံးပြုနည်း ကျယ်ပြန့်စွာ ပညာပေးရန် လိုအပ်

( 38 )မြန်မာစစ်တပ် လက်တွင်းမှ ကလေးစစ်သားကို ကယ်တင်ခြင်း

( 37 )Salt prices ten times higher than before Cyclone Nargis

( 36 )'မြန်မာနေ့' ဟာ ဘားမားကင်ပိန်းအတွက် အားမရဖွယ်

( 35 )မွန်ပြည်နယ် ဆား လက်ကားဈေး ၁၀ ဆခန့်မြင့်

( 34 )Vietnam to host Mekong nations’ summits in November

( 33 )Conservatives don’t back freedom for Thurrock’s Burma Star Association

( 32 )တစ်ကိုယ်တော် ဦးအုန်းသန်း၏ အယူခံ တရာရုံးက ပယ်ချ

( 31 )လူကုန်ကူးသူကို ပြစ်ဒဏ်ချမှတ်မှုအပေါ် ကော့သောင်းမြို့ခံများ မကျေနပ်

( 30 )Aid Group Helps to Reunite Children with their Families

( 29 )သမ္မတလောင်း အိုဘားမား မြန်မာပြည်အကြောင်းပြော

( 28 )Burma Day Criticized

( 27 )မြန်မာ မြောက်ကိုရီးယား သံတမန်ပြန်လည်ဆက်သွယ်မှု အကျိုးအရှိဟု သံတမန်ဟောင်းတဦးပြော

( 26 )ရွှေဂုံတိုင် ယုဇန တာဝါမှာ လုယက်မှုဖြစ်ပွား

( 25 )Burma Star Association a step closer to freedom despite Tories uniting in opposition

( 24 )ဓားပြတွေ သောင်းကျန်းနေပြီ၊ ရဲတွေ ဘာလုပ်နေလဲ

( 23 )Myanmar jails activists for "court interruption"

( 22 )တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်တပ်များ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် ဆက်ဆံရေး တိုးမြှင့်

( 21 )For a better future for youth of territories of Kachin Baptist Convention

( 20 )Junta restricts students' movement, accommodation in Monyein

( 19 )၀ါရင့်နိုင်ငံရေး သမားကြီးသုံးဦးသွားမည့် မရေရာသေးသည့် ဟောင်ကောင်ခရီးစဉ်

( 18 )Nine Myanmar activists get six months for contempt of court

( 17 )ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အာရုံစိုက်ရန် လိုပြီ

( 16 )Big Brother serves warning to ceasefire armies

( 15 )Rats Destroy Paddy Fields in Arakan

( 14 )ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များအား ထောင်ဒဏ်ချမှတ်

( 13 )Paddy Price Decreases in Arakan

( 12 )Myanmar Activists Punished With Jail Terms

( 11 )၈၈ ကျောင်းသားခေါင်းဆောင် (၉)ဦးကို ထောင် (၆)လစီ ပြစ်ဒဏ်ချ

( 10 )Burma jails pro-democracy activists

( 9 )Gem traders to fight Burma ban

( 8 )NLD လူငယ် အကျိုးဆောင် ရှေ့နေ အဖမ်းခံရ

( 7 )Don’t Forget The Lesson

( 6 )Chevron Whitewashes Its Website of Burma

( 5 )မင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်းသားခေါင်းဆောင် ၉ဦးကို တရားရုံးမထေမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆လစီ အပြစ်ပေး

( 4 )တိုင်းရင်သားများအရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် စာအုပ်ထုတ်ဝေ

( 3 )ဥရောပကော်မရှင် မြန်မာနေ့ဆွေးနွေးပွဲတွင် ဒီမိုကရေစီရေးဆွေးနွေးမှုအားနည်းဟု လှုပ်ရှားသူများဝေဖန်

( 2 )Save the Children reunites families in Myanmar

( 1 )၈၈ ကျောင်းသား ခေါင်းဆောင်များကို ထောင် ၆ လ ချမှတ်

Wednesday, October 29, 2008

ထမင်းဖိုး မလောက်သည့် ဝန်ထမ်းလခများ

အောက်တိုဘာ ၂၉။ ရဲအောင်သော်

ကုမ္ပဏီဝန်ထမ်းနှင့် အစိုးရဝန်ထမ်းများမှာ ရရှိသော လစာငွေနှင့် လစဉ် ထမင်းဖိုး မလောက်ငသဖြင့် နယ်မှ လာရောက် အလုပ်လုပ်ရသူများနှင့် အဆောင်နေလိုသည့် လူငယ်များ အခက်အခဲတွေ့လျက် ရှိသည်။

ထမင်းချိုင့်ဆွဲ ဈေးနှုန်းများမှာ တစ်လ အနိမ့်ဆုံး နှစ်သောင်းမှ နှစ်သောင်းခွဲ သုံးသောင်းထိ မြင့်တက်နေသည်။ ထမင်းဆိုင်များတွင် တစ်ခါပြင် ဈေးအနည်းဆုံး ၈၀၀ ကျပ်မှ ၁၀၀၀၊ ၁၃၀၀၊ ၁၅၀၀ အစားစား ရှိသည်။ လစာ နှစ်သောင်းခွဲ သုံးသောင်းသာ ရသော ဘွဲ့ရ အလုပ်ဝင်စ လူငယ်များမှာ လစာကို မုန့်ဖိုးအဖြစ်သာ သုံးနိုင်ကြောင်း သိရသည်။

“လခက တစ်လ ငါးသောင်းဆိုရင်တောင် ချိုင့်ဆွဲစားရင် ထမင်းဖိုးကတင် တစ်ဝက်လောက် ကုန်နေပြီ။ ထမင်း ကိုယ့်ဟာကိုယ်ချက်။ ဟင်းက လက်ဖက်သုတ်စားလိုက်၊ တုတ်ထိုးတို့ အကြော်တို့နဲ့ စားလိုက် ဆိုရင်တော့ ချွေမိတယ်။ လခထုတ်ရက်လောက်ပဲ ဆိုင်က အသားဟင်း ဝယ်စားပေါ့။ ဖက်စပ်မှာ လုပ်တဲ့ ဝန်ထမ်းတွေကတော့ နယ်ကလူတွေဆို လခနည်းတဲ့ ကြားထဲက ဒီလိုပဲ အိမ်ကို ပို့ဖြစ်အောင် ပြန်ပို့တာပါပဲ”ဟု ကုမ္ပဏီဝန်ထမ်းဟောင်း တစ်ဦးက ပြောကြားသည်။

လမ်းဘေးပလက်ဖောင်းများတွင် စားပွဲနှင့် ခွေးခြေပုများ ချကာ ရောင်းချသော ညနေခင်း ဆိုင်များမှာ လခစား ဝန်ထမ်းများနှင့် နေ့စား အလုပ်သမားများ ပုံမှန် စားသောက်ကြသည်။ ကြက်၊ ဝက်နှင့် ထမင်း တစ်ခါပြင် ၈၀၀ ခန့်၊ ဘဲဥ၊ ချဉ်ပေါင်ကြော် ဟင်းများနှင့် ၅၀၀ ခန့် ပေးရသည်။ နံနက်စာ ထမင်းကြော် တစ်ပွဲမှာ ၄၀၀၊ ၅၀၀ ကျပ်အထိ ဖြစ်နေသည်။

“လခတက်ရင်လဲ ကုန်ဈေးနှုန်းက လိုက်လိုက်တက်နေတယ်။ ထမင်းဟင်းဖိုးရယ်၊ အဆောင်လခတွေရယ်၊ ဘတ်စ်ကားခရယ် ဈေးကျရင် ကောင်းမယ်”ဟု မိန်းကလေး တစ်ဦးက ပြောသည်။ ဖက်စပ် စက်ရုံများတွင် ဝန်ထမ်းများ အိုဗာတိုင်များများ ဆင်းချင်စေရန် အခြေခံ လစာကို ဈေးနှိမ့်ပေးထားပြီး အော်ဒါကျလျှင် ကျသလို ည ၁၀ နာရီ၊ ၁၁ နာရီထိ အိုဗာတိုင် ဆင်းကြရကြောင်း သိရသည်။


ရန်ကုန်ရှိ ထောက်လှမ်းရေးပိုင် တိုက်ခန်းများ လေလံတင်ရောင်းချ

NEJ/ ၂၉ အောက်တိုဘာ ၂၀၀၈

နိုင်ငံပိုင်အဖြစ်သိမ်းဆည်းထားသည့် ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်နှင့် ၄င်း၏အဆက်အနွှယ်များ ပိုင်ဆိုင်သည့် တိုက်ခန်းများ အပါအ၀င် တိုက်ခန်း (၅၀)ကျော်ကို စစ်အစိုးရက ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်) သတင်းရပ်ကွက်မှ သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီက တိုက်ခန်းများကို ပြန်ရောင်းချနေခြင်းဖြစ်ပြီး ရောင်းချသည့် တိုက်ခန်း(၅၂)ခန်း အနက် ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွှန့်ပိုင် တိုက်ခန်း (၁)ခန်း၊ ၎င်း၏သား ရဲနိုင်ဝင်း၏တိုက်ခန်း (၁)ခန်း၊ ၎င်း၏ ကိုယ်ရေး အရာရှိ နိုင်ဌေး၏ တိုက်ခန်း (၁၃) ခန်းနှင့် ၎င်း၏သားမက်ပိုင် တိုက်ခန်း(၆)ခန်းတို့ပါဝင်သည်ဟု အိုးအိမ်ဌာနနှင့် နီးစပ် သူတဦးကပြောသည်။

တိုက်ခန်းဝယ်ယူလိုသူတို့အနေဖြင့် ရန်ကုန်ရှိ အိုးအိမ်ဦးစီးဌာနသို့ အောက်တိုဘာလ (၃၁) ရက်နေ့နောက်ဆုံး ထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူတို့အနေဖြင့် တိုက်ခန်းတန်ဖိုးအပြင် အခွန်ငွေ (၁၅) ရာခိုင်နှုန်းကိုပါ တပါတည်း ပေးသွင်းရမည်ဖြစ်ပြီး တိုက်ခန်းလွှဲပြောင်းလက်ခံခြင်းနှင့် လူနေ ထိုင် ခွင့်ကိစ္စကို သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အိုးအိမ်ဌာနက ကြေညာထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို ၂၀၀၄ အောက်တိုဘာ (၁၉)ရက်တွင် နအဖ စစ်အစိုးရက ကျန်းမာရေး အ ကြောင်း ပြချက်ဖြင့် ၀န်ကြီးချုပ် တာဝန်မှအနားပေးလိုက်ပြီး ၂၀၀၅ ဇူလိုင်တွင် အဂတိလိုက်စားမှု အပါအ၀င် စွဲချ က် (၈)ခုဖြင့် တရားစွဲဆိုကာ ဆိုင်းငံ့ ထောင်ဒဏ် (၄၄)နှစ် ချမှတ်ခဲ့သည်။ သို့သော် ၎င်း၏အဂတိလိုက် စားမှုများနှင့် ပတ်သက်၍ အများပြည်သူများသိရှိရန် ယခုအချိန်အထိ စစ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် နှင့်ဆက်နွှယ်သည့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်(၃၀၀)ကျော်ကိုလည်း စီးပွားရေး မသမာမှု၊ လာဘ်စားမှုများဖြင့် ထိုစဉ်က ဖမ်းဆီးအရေးယူခဲ့ပြီး အချို့ကို ထောင်ဒဏ်နှစ် (၁၀၀) ကျော် အထိချ မှတ်ခဲ့သော်လည်း အဆိုပါ လာဘ်စားမှုများကို အများပြည်သူသိအောင် စစ်အစိုးရမှ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိမ်းဆည်းထားသောတိုက်ခန်းများအား ပြန်ရောင်းချနေသည့်နည်းတူ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနကလည်း နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ကားအစီး (၁၀၀) ကျော်ကို တောင်ငူမြို့၌ လေလံတင်ရောင်းချခဲ့ပြီး ရန်ကုန်၌လည်း ထပ်မံရောင်းချရန်စီစဉ်နေကြောင်း စုံစမ်းသိရသည်။


ပြည်တွင်းမှာ စာစောင်တစ်ခုကို ဘယ်လိုထုတ်ရသလဲ

ကန္တာရ၀တီတိုင်း( မ် )

တလောက ပြည်ပအခြေစိုက် မြန်မာမီဒီယာတစ်ခုက ဂျာနယ်လစ်တစ်ယောက်နဲ့ ဆုံတော့ ပြည်တွင်းမှာ ဂျာနယ်တစ်စောင်ဖြစ်လာအောင် ထုတ်ရပုံ အဆင့်ဆင့်ကို စကားစပ်မိပြီး သူက တအံ့တသြ နားထောင်နေပါတယ်။ ဒီလိုပါပဲ။ ပြည်ပမှာ အဝေးရောက် မြန်မာဂျာနယ်လစ်တွေနဲ့ တွေ့မိတိုင်း ဒီအကြောင်း မကြာခဏမေးဖြစ်ကြ ပြောဖြစ်ကြပါတယ်။


ပြည်ပမှာ စာစောင်တစ်ခု ထုတ်တာကတော့ ဘဏ္ဍာရေးကိစ္စနဲ့ စာနယ်ဇင်း အတတ်ပညာကလွဲလို့ ဘာမှ ခက်ခဲလောက်စရာ မရှိပါဘူး။ ပြည်တွင်းမှာ ကျတော့ စာနယ်ဇင်းပညာနဲ့ မသက်ဆိုင်သော စစ်သံပါသည့် ကြိမ်းမောင်းသံ၊ သေနတ်ပြောင်း၊ ထောင်နဲ့ ဂျာနယ်လစ်ကို ရန်သူလို သဘောထားပြီး ဖိနှိပ်မှုတွေဟာ ပတ်ချာဝိုင်းနေတယ်။ အပြင်မှာ ကာလရှည်ကြာနေတဲ့ ဂျာနယ်လစ်ဆိုသူတွေ ခံစားဖူးမှ နားလည်တတ်မယ်ဆိုတဲ့ ခါးစည်းခံရတဲ့ ဒုက္ခတွေပါ။

ပြည်တွင်းမှာ စာစောင်တစ်ခု ထွက်လာဖို့အရေး အခက်အခဲတွေကို စာဖတ်သူတွေသိအောင်ရော၊ မှတ်တမ်းတင်တဲ့ အနေရောပါမက ပြည်ပကနေ သတင်းနံ့ပဲ ခံတတ်ပြီး သတင်း Source တွေရဲ့ အန္တရာယ်ကြုံရမှုတွေကို သတိလက်လွတ်ဖြစ်လေ့ရှိတဲ့ ဂျာနယ်လစ်ဆိုသူတွေ ဖတ်ဖို့ပါ။

စာပေ စိစစ်ရေး

စာပေဖက်ဆစ်ရုံးလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန်မြို့က ဆင်ဆာရုံးဟာ ပြည်သူတွေကို မျက်စိဖွင့်ပေးမယ့်သတင်းတွေ၊ ကောင်းကျိုးရစေမယ့် အချက်အလက်တွေကို မြှုပ်နှံရာ သင်္ချိုင်း သုဿန်ဖြစ်ပြီး၊ ပြည်သူတွေ မျက်စိမှောက်ပြီး အမှောင်ထဲရောက်အောင် သတင်းမှားတွေကို အကြပ်ကိုင်ထည့်ခိုင်းရာ၊ အဖိုးတန်စာမျက်နှာတွေကို ဖြုန်းတီးရာ ဌာနဖြစ်ပါတယ်။

သတင်း ဂျာနယ်တွေဟာ တကယ်ထုတ်မယ့် ပုံစံအတိုင်း ပြင်ဆင်ပြီး ရောင်စုံရော ရိုးရိုး အဖြူအမည်းနဲ့ပါ တစ်ပတ်လောက် ကြိုပြီး ဆင်ဆာဖက်ဆစ်ရုံးကို တင်ရတယ်။ အဲဒီရုံးမှာ အပြင်လောကကြီးအကြောင်း ဘာမှ ဂဃနဏမသိတဲ့ အမျိုးသမီးတွေက (စိစစ်ရေးလက်ထောက်တွေဟာ မိန်းမတွေချည်းပဲ) ဖတ်ပြီး ထင်ရာမြင်ရာတွေကို ဖြတ်တောက်၊ မသေချာတွေကို မင်နီပြပြီး ဗိုလ်မှူးတင့်ဆွေလို့ခေါ်တဲ့ ဖြူဖတ်ဖြူရော်နဲ့ စာပေသမားဖြစ်ချင်လှတဲ့ စစ်ဗိုလ်ဆီ တင်ရပါတယ်။ သူတို့ဖြတ်တောက်ပြီးရင် မင်နီကြက်ခြေခတ်တွေ တထွေးကြီးနဲ့ စိတ်မချမ်းသာစရာ စာမူဖိုင်ကြီးကို ရုံးပြန်ယူလာပြီး သူတို့ မင်နီ ခြစ်ထားတာတွေကို ဖြုတ်ပစ်ရပါတယ်။ မဂ္ဂဇင်းတွေဆိုရင်လည်း ဒီလိုပဲ ပိုပြီး အချိန်ယူပြီး တင်ရပါတယ်။ ဝတ္ထုရှည်တွေ စာရှည်တွေဆိုရင်တော့ စာပေဖက်ဆစ်ရုံးကနေ တော်တော်နဲ့ ပြန်မကျလာတော့ဘူး။ ပိုက်ဆံကို ပွဲစားနဲ့ပေးမှ ဆင်ဆာဖြတ်ပြီးသား ပြန်ကျတတ်ပါတယ်။

ဘယ်လို ဖြုတ်သလဲ

သတင်းတွေကို တစ်ပုဒ်လုံးဖြုတ်တယ်။ ဒါမှမဟုတ် တကယ့် သတင်းရဲ့ အနှစ်သာရပိုင်းကို အပိုဒ်လိုက် ဖြုတ်ခိုင်းတယ်။ အနှစ်သာရ မရှိတော့တဲ့ သတင်းမို့ အယ်ဒီတာက တစ်ပုဒ်လုံး ဖြုတ်ပစ်လိုက်ရတာ များပါတယ်။ ဆောင်းပါးတွေ ဆိုရင်လည်း ဒီလိုပဲ။ တစ်ပုဒ်လုံးလည်း ဖြုတ်တယ်။ တစ်ခါတလေ အပိုဒ်လိုက် နင်းကန်ဖြုတ်တော့ ဆောင်းပါးက တစ်ဝက်လောက်ပဲ ကျန်တတ်တယ်။

သတင်းဂျာနယ်တွေဟာ အဖြုတ်အခံရဆုံးပါပဲ။ တချို့သတင်းဂျာနယ်တွေဆို တကယ်ထုတ်မယ့် ဂျာနယ်ဆိုဒ်ရဲ့ တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ အခုတလော ကဗျာတွေကိုလည်း မဲပြီး ဖြုတ်ပစ်နေလို့ တချို့မဂ္ဂဇင်းတွေမှာ ၂ ပုဒ်လောက်ပဲ ပါနိုင်တော့တယ်။ တချို့စာစောင်တွေဆို မတရား အဖြုတ်ခံရတော့ အင်္ဂါမစုံတဲ့ စာစောင်ဖြစ်သွားပြီး မထွက်ဘဲ နေလိုက်ရတာလည်း ရှိပါတယ်။

ဘာတွေကို ဖြုတ်သလဲ

အစိုးရလုပ်တာ မကောင်းဘူးလို့ ဒဲ့ပြောခွင့်မရှိပါ။ ရိုးတိုးရိပ်တိတ်ပြောလည်း မရပါ။ တကယ်မှားနေသည့် အချက်ကို ထောက်ပြသည့်တိုင် လက်မခံပါ။ စစ်အုပ်စုကို ဖားနေသော မီဒီယာတချို့မှအပ မည်သူမှ စစ်အုပ်စု၏ ဂုဏ်တော်ဖွဲ့ကို မရေးလိုကြပါ။

ဗိုလ်ချုပ်အောင်ဆန်း အမည်ပါလျှင်လည်း ဖြုတ်ခိုင်းတတ်သည်။ တရုတ်မကောင်းကြောင်း ရေးလျှင်လည်း ဖြုတ်ခိုင်းသည်။ ကမ္ဘာတလွှားရှိ အမျိုးသမီးခေါင်းဆောင်တွေ အကြောင်းလည်း မရေးရ။ အမေရိကန်ကောင်းကြောင်းလည်း မရေးရပါ။ ဖြုတ်သည်။ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုဆိုင်ရာ ဝိသေသတွေနဲ့ ပတ်သက်ပြီး ရေးရင်လည်း ဖြုတ်သည်။

မော်ဒန်ကဗျာတွေကျတော့ သူတို့ဖတ်ပြီး နာမလည်တာနဲ့ ဖြုတ်ပစ်တာပဲ။ တကယ့်ပညာတတ်၊ ပညာရှင်တွေရေးသားကြတာကို စာစီစာကုံးတောင် ကျောင်းမှာ ဖြောင့်အောင် မရေးတတ်သူတွေက စိစစ်ဖြတ်တောက်နေကြတာ၊ ဖြုတ်ထုတ်ရှင်းလင်းနေကြတာဆိုတော့ ဒီလိုပဲ ကြုံနေကြတာပါပဲ။

အသုံးအနှုန်းတွေကိုလည်း ကန့်သတ်ထားသည်။ ထိုင်ဝမ်ကို တရုတ်တိုင်ပေဟု သုံးရမည်။ သူတို့ စစ်ရာထူးတွေကို အပြည့်အစုံရေးရမည်။ အင်္ဂလိပ်ဘာသာပြန်ဆောင်းပါးတွေကို လိုအပ်လျှင် မူရင်းတင်ပြရမည်။

ယုံချင်ယုံ မယုံချင်နေ။ ကြော်ညာတွေကိုလည်း ဖြုတ်တတ်သေးတယ်။ ကြော်ညာဓာတ်ပုံတွေ၊ အသုံးအနှုန်းတွေကို ပြင်ခိုင်းတော့ ကြော်ညာရှင်က မထည့်တော့တဲ့အခါ ကြော်ညာက ဝင်ငွေကို မှီခိုရတဲ့ စာစောင်တွေမှာ နစ်နာရပါသေးတယ်။

အဖြုတ်ခံရတာ များတဲ့အခါ

အဖြုတ်ခံရတာတွေများပြီး စာစောင်ရဲ့ လိုအပ်တဲ့ စာမျက်နှာ၊ စာဖောင် မပြည့်ဘူးဆိုပါတော့။ အဲဒီအခါမှာ နောက်ထပ်ရတဲ့သတင်းတွေကို ထပ်မံဖြည့်စွက်ပြီး တစ်ခေါက်ထပ်တင်ရပြန်တယ်။ အဲဒါကို “နောက်ဆက်တွဲ”လို့ ခေါ်တယ်။ နောက်ဆက်တွဲမှာတော့ မပြုတ်နိုင်တာလေးတွေ ရွေးတင်ရတာ များပါတယ်။ ဒီတခေါက်အများကြီး ပြုတ်ရင် နောက်ထပ်ဖြည့်စရာ အခွင့်အရေးမရနိုင်တော့လို့ပါ။

စာစောင်ထွက်လာတဲ့အခါ

စာစောင်ထွက်ပြီးသွားရင်လည်း စိတ်ချလက်ချမရှိရသေးပါ။ ထွက်ပြီးသားတွေကို သူတို့ရုံးကိုသွားပြီး အစောင်ရှစ်ဆယ်၊ တစ်ရာလောက် ပေးရပါသေးတယ်။ တချို့ကို စာကြည့်တိုက်စတာတွေ အတွက်ဝေပြီး၊ ပိုတာကို သူတို့က လျှော့ဈေးနဲ့ ရောင်းစားကြပါတယ်။

စာစောင်ထွက်ပြီးလို့ ဝန်ကြီးဌာနတစ်ခုခုက ပြဿနာရှာရင်၊ သူတို့ ပြောတုန်းက ပြောပြီး အထက်က ထုတော့မှ ပြာယာခတ်ရင် အယ်ဒီတာအဖွဲ့လည်း မစားသာပါဘူး။ သူတို့က ခွင့်ပြုလို့ ထည့်ပြီးလည်း စာပေစိစစ်ရေးက တာဝန်မယူပါဘူး။ သူတို့ ခွင့်ပြုသလောက်ပဲ ထည့်ရတဲ့ အယ်ဒီတာတွကိုပဲ အပြစ်ပုံချကြတာများတယ်။ ခေါင်းရှောင်ပြီး သူတို့ ပြဿနာပေါ်တဲ့ ကြီးငယ်အလိုက် အယ်ဒီတာ၊ ဂျာနယ်လစ်တွေကို ခေါ်ပြီး သူ့လခစားနေသလို ဆဲဆိုကြိမ်းမောင်း၊ ခံဝန်လက်မှတ်ထိုးခိုင်း၊ စာနယ်ဇင်းသမားလုပ်ခွင့် ရပ်ဆိုင်းတာကနေ ဖမ်းဆီး၊ အချုပ်ထဲပို့၊ ထောင်ထဲထည့်တာတွေအထိ လုပ်ပါတယ်။

ကဗျာဆရာကိုလည်း ကဗျာ အဓိပ္ပာယ်ကြောင့် ဖမ်းတယ်။ သတင်းသမားကိုလည်း သတင်းမှန်ရေးလို့ ဖမ်းတယ်။

ပြည်တွင်းက အယ်ဒီတာတစ်ဦးကတော့ စစ်အစိုးရဟာ သတင်းသမားတွေ၊ ဂျာနယ်လစ်တွေကို စိတ်ပိုင်းဆိုင်ရာအရ ညှင်းပြီး သတ်နေတာလို့ ငြီးငြူကြကြောင်းပါ။

အပစ်အခတ်ရပ်အဖွဲ့များအတွက် မေးခွန်းတခု

မဇ္ဈိမသတင်းဌာန

စစ်အစိုးရအတွက် မပြီးပြတ်သေးသော လုပ်ငန်းတခုလည်း ဖြစ်သည့် ခေါင်းကိုက်စရာတခုမှာ အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး အဖွဲ့များအား လက်နက်ဖြုတ်သိမ်းကာ အလုံးစုံ ထိန်းချုပ်နိုင်ရေး ဖြစ်သည်။

ဒေသတွင်း နိုင်ငံရေး ပြောင်းလဲလာမှုနှင့် ရပ်တည်ရေးတို့ ထိန်းညှိနေရသည့် ငြိမ်းချမ်းရေး အဖွဲ့များတွင်လည်း အတွင်းလွန်ဆွဲမှုများ ပိုမို များပြားလာခဲ့သည်။

ကျေးလက်ဒေသမှ လက်နက်ကိုင် ပုန်ကန်နေသူများနှင့်သာ ရင်ဆိုင်နေရသည့် အခြေအနေမှ မြို့ပြဆန့်ကျင်မှု ကြီးထွားလာသော ၁၉၈၈ ခုနှစ်နှင့် နောက်ပိုင်းကာလတွင် ရန်မီးတဖက် ငြိမ်းစေရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင် ပစ်ခတ်ခဲ့ကြသူများနှင့် ယာယီ အပစ်ရပ်စဲရေး ပြုလုပ်ခဲ့ကြသည်။ တနည်းအားဖြင့်တော့ စစ်အုပ်ချုပ်ရေး တကျော့ပြန်ဝင်လာခဲ့၍ တန်ခိုးထွား စစ်ဗိုလ်ချုပ်ကြီးများ၏ အခွန်အကောက် ဝေစုမျှပေးခြင်းဖြင့် နှစ်သိမ့်ခဲ့ရသည်။

န၀တ-နအဖအတွက် မြို့ပြနေလက်နက်မဲ့ ပုန်ကန်သူများသည် အဓိကပစ်မှတ် ဖြစ်နေခဲ့သည်။

အကျိုးဆက်အဖြစ် အပစ်အခတ်ရပ် ခေါင်းဆောင်အချို့တွင် "တော်လှန်ရေး" ဆိုသည်မှာ ကွယ်ပျောက်ကုန်သော်လည်း ဒေသခံအများစုမှာ တနေ့ကောင်းနိုးနိုးနှင့် မျှော်ကိုးရင်း ပျက်သုန်းရမည့် အခြေအနေကို တွေ့ကြုံနေရသည်။

သေနတ်သံများမှာ နည်းပါးသွားသည် မှန်သော်လည်း တိုင်းရင်းသား လူနည်းစုများအတွက် ၀မ်းမီးပူလောင်မှု ပိုလို့ပင် များလာသေးသည်။ ထွက်ပေါက်အဖြစ် နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်များသို့ နောက်ဖေးပေါက်မှ တိုးဝင်ရောက်ကာ အိမ်ရှင်နိုင်ငံသားများ မလုပ်ချင်တော့သည့် အလုပ်များ သွားရောက်လုပ်ကိုင်ကာ အသက်ဆက်နေရခြင်း ဖြစ်သည်။

စစ်အစိုးရအတွက် ဖြစ်သည့်နည်းနှင့် အနိုင်ယူရန် သံဓိဌာန်ချထားသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် "ငြိမ်းအဖွဲ့" အချို့ကို သက်တမ်းတိုးပေးဖွယ် ရှိနေပေသည်။

သို့သော် စစ်အစိုးရအတွက် ဘုရားပြီး ငြမ်းဖျက်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ အချိန်ကာလကိုသာ ရွေးချယ် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ အချိန်ဆွဲကာ ခွဲထုတ်ခြင်းဖြင့် တစစ အင်အား ယုတ်လျော့လာရေး ဘောင်အတွင်းကသာ ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်သည်။

မေးခွန်းထုတ်စရာက ငြိမ်းအဖွဲ့များအနေဖြင့် အစဉ်အလာလိုပင် ဖြစ်နေသည့် တစုတဖွဲ့ အလိုက်သာ ထင်သလို ဖြေရှင်းမည်လား၊ အခြားသူများနှင့် ညှိနိုင်းကာ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းအောင် အဖြေရှာနိုင်လာကြဖွယ်လား ဆိုသည်ပင် ဖြစ်ပေတော့သည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,29th,2008

( 43 )ILO team conducts survey in Nayapara refugee camp

( 42 )လူ ၅၄ ဦးသေဆုံးခဲ့သည့် တရားမ၀င်လူသယ်မှု တရားခံများ ထောင်ဒဏ်များ ချမှတ်

( 41 )Locals tease female students in Shewza Village

( 40 )တရားရုံးကို မထီမဲ့မြင် ပြုသည်ဟု စွပ်စွဲချက်ဖြင့် မင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင် ၉ ဦးကို ထောင်ဒဏ် ၆ လချမှတ်

( 39 )Residents of Belukyn Island required repairing roads neglected by junta

( 38 )အာဆီယံအစည်းအဝေး ချင်းမိုင်တွင် ကျင်းပမည်

( 37 )New round of capricious taxation in southern Mon State

( 36 )ပွင့်လင်းရာသီတွင် KNUကို အမြစ်ပြတ်ချေမှုန်း ထိုးစစ်ဆင်ရန် နအဖ ပြင်ဆင်နေ

( 35 )ကလေးစစ်သားကို မိဘထံ ပြန်အပ်ရန် စစ်တပ်က ငြင်းဆန်

( 34 )Myanmar reiterates ban on cigarette, liquor advertisements

( 33 )Chinese Dams at High Human Cost

( 32 )Relief as Cyclone Bypasses Burma

( 31 )စစ်အစိုးရ၏ အမျိုးသမီး အစီရင်ခံစာ ဖြစ်ရပ်မှန်နှင့် ဆန့်ကျင်ဟု ယှဉ်ပြိုင် အစီရင်ခံစာကဆို

( 30 )Burma, China Consolidating Military Relations

( 29 )အစိုးရ၏ တာဝန်မဲ့မှုကြောင့် ချောင်းဆုံမြို့နယ်မှပြည်သူများ ကိုယ်ထူကိုယ်ထဖြင့် လမ်းပြင်ရ

( 28 )Burma, N. Korea Follow Different Foreign Policy Paths

( 27 )What’s the NLD Strategy for 2010 Election?

( 26 )နအဖက ဗုဒ္ဓဂါယာတွင် ကထိန်ခင်း

( 25 )ဦးတင်ဝင်း၏ လူငယ်ပြဿနာ ဖြန်ဖြေမှု ၀မ်းတွင်းအဖွဲ့ချုပ် ထောက်ခံ

( 24 )Thakin Tin Mya likely to attend Hong Kong meeting

( 23 )civil society and future prospects

( 22 )ရွှေဂုံတိုင်အနီး ဓားပြမှုများ ဆက်တိုက်ဖြစ်

( 21 )Bleak prospects for the Rohingya

( 20 )လွယ်ဟိန်းကုမ္ပဏီ စက်မှု(၁)၀န်ကြီးဌာနကို ကျပ်သန်း ၆၀၀၀ ကျော် မပေးနိုင် မြန်မာ့စားသောက်ကုန်လုပ်ငန်းပိုင်စက်ရုံများဝယ် သူမရှိ

( 19 )Campaign forces Cotton Traders to drop Burma products

( 18 )စစ်မှုထမ်းဟောင်းများသာ ဦးပိုင်တက္ကစီကားများ မောင်းနှင်ခွင့်ရှိ

( 17 )ULFA eyeing China for shelter, commander in China-Myanmar border

( 16 )၂၅ နှစ်အတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးသော မြောက်ကိုရီးယား ခရီးစဉ်

( 15 )Claims Burma is missing out on crucial aid due to politics

( 14 )အရေးယူချမှတ်သည့် ကျောက်မျက်ဥပဒေကို ထောက်ခံသင့်ကြောင်း HRW ပြော

( 13 )Brazilians Raise Funds For Myanmar Cyclone Victims

( 12 )ထိုင်းဘဏ်များရှိ စုဆောင်းငွေအားလုံး ၂၀၁၁ ခုထိ ခိုင်မာနေကြောင်း ထိုင်းအစိုးရ အာမခံ

( 11 )ထိုင်းနိုင်ငံမှ အလုပ်သမား ၁ သန်း ၂၀၀၉ ခုနှစ်တွင် အလုပ်လက်မဲ့ ဖြစ်နိုင်

( 10 )Retired Brazilian footballers play for Cyclone Nargis victims

( 9 )Burma boycott hurting most vulnerable

( 8 )Conversaciones entre cancilleres de Corea y Myanmar

( 7 )Reception for FM of Myanmar and His Party

( 6 )Talks between Foreign Ministers of DPRK and Myanmar Held

( 5 )Myanmar archer outshoots Chan

( 4 )ပဲခူးတွင် မီးရထား လမ်းစောင့် တပ်သားတစ်ဦးကိုယ့်ကို ကိုယ်သတ်သေ

( 3 )US enforces law barring import of Myanmar gems

( 2 )Bangladesh-Myanmar Contract Farming: Opportunity For Bangladesh To Meet Agricultural Shortfall

( 1 )အမေရိကန်ရဲ့ မြန်မာကျောက်မျက်ပိတ်ဆို့မှု ယခင်ဒဏ်ခတ်မှုများထက် ထိရောက်ဟု လူ့အခွင့်အရေးအဖွဲ့ သုံးသပ်

Tuesday, October 28, 2008

ရပ်ကွက်အာဏာပိုင်များက မမှန်မုန်တိုင်းသတိပေးချက်ထုတ်ပြန် ရန်ကုန်မြို့ခံများအထိတ်တလန့်ဖြစ်

NEJ/ ၂၈ အောက်တိုဘာ ၂၀၀၈

ရန်ကုန်တိုင်းအတွင်း နအဖစစ်အစိုးရ၏ မမှန် မုန်တိုင်းကြိုတင်သတိပေးချက်ကြောင့် ပြည်သူအများ ထိတ်လန့် စိုးရိမ်ခဲ့ကြသကဲ့သို့ စိတ်ဆိုးဒေါသထွက်နေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက် စနေနေ့ညနေနှင့် ညဘက်ပိုင်းတွင် ရန်ကုန်မြို့ဆင်ခြေဖုံး လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းတန်းစသည့် မြို့နယ်တို့တွင် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းတခု ၀င်စရာရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ သတိရှိရှိနေထိုင်ကြရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် လိုက်လံနှိုးဆော်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လှည်းတန်းတွင် နေထိုင်သူတဦးက “စနေနေ့ ညနေ (၆) နာရီခွဲလောက်က လမ်းထဲမှာ အသံချဲ့စက်နဲ့လှည့်ပြီးအော်တယ်။ နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းကြီးတခု ၀င်နိုင်တယ်၊ ဒါကြောင့် လိုအပ်သလို ပြင်ဆင်ထားဖို့ လိုက်ကြေညာတယ်လေ” ဟု ပြောသည်။

ထိုသို့ မြို့နယ်များအတွင်း မုန်တိုင်းသတိပေး နှိုးဆော်မှုများကြောင့် ရန်ကုန်ပတ်ဝန်းကျင်တွင် မုန်တိုင်းဝင်ရန် ရှိ မရှိ၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့သည်။

တာဝန်ခံဖြေဆိုသူက ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး မြောက်အရှေ့ယွန်းယွန်းသို့ ဆက်လက်ရွေ့ရှားနေကြောင်း၊ ထို့နောက် (၃၆) နာရီအတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ဘက်ကမ်းခြေကို ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည့်အကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးနိုင်ကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် မုန်တိုင်းဝင်မည်ဆိုကာ အသံချဲ့စက်များနှင့် လိုက်လံကြေညာနေခြင်းသည် ၎င်းတို့မိုးလေ၀သဌာန၏ အကြောင်းကြားချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်သည့် မေးခွန်းများကို ၎င်းတို့အနေဖြင့် အကြိမ်ကြိမ် ဖြေကြားနေရကြောင်း၊ သက်ဆိုင်ရာမြို့နယ်အဆင့် အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ရပ်ကွက်အာဏာပိုင်များက လုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ဖြေကြားသူက ပြောသည်။

ရပ်ကွက်အာဏာပိုင်များ၏ ကြေညာချက်ကြောင့် ပြည်သူများမှာ နေအိမ်ခေါင်မိုးပြုပြင်ခြင်း၊ တန်ဖိုးကြီးပစ္စည်းများကို လုံခြုံသည့်အဆောက်အဦများဖြစ်သည့် ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးနေအိမ်များသို့ ရွှေ့ပြောင်းခြင်း လုပ်ခဲ့ကြကြောင်း သိရသည်။

နောက်နေ့ တနင်္ဂနွေထုတ် အစိုးရသတင်းစာများတွင် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းသည် နောက် (၃၆) နာရီအတွင်း အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ် အနောက်ဘက်ကမ်းခြေကို ဖြတ်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည်၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးမည်၊ ကမ်းလွန်ပင်လယ်ပြင်တွင် တနာရီမိုင် (၄၀) နှုန်းခန့် လေတိုက်ခတ်နိုင်သည်ဟုသာ ဖော်ပြထားသောကြောင့် အာဏာပိုင်များ၏ ကြေညာချက်အရ စိုးရိမ်ပူပန်ခဲ့ကြသည့် ပြည်သူများက စိတ်ဆိုးဒေါသထွက်ကြကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ နာဂစ်မုန်တိုင်း မတိုင်မီကာလနှင့် မုန်တိုင်းပြီးကာလတွင် မိုးလေ၀သဦးစီးဌာန၏ ဆောင်ရွက်ချက်များကို သုတေသနပြုလုပ်နေသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုမှ နိုင်ငံခြားသားသုတေသီတဦးကမူ နအဖအာဏာပိုင်အဖွဲ့၏ ယန္တရားကို ထောက်ပြဝေဖန်သည်။

၎င်းက “ အစိုးရအာဏာပိုင်တွေက တကယ်မုန်တိုင်းဝင်မယ့် အခြေအနေဖြစ်ပေါ်ခဲ့တုန်းကတော့ ပြည်သူတွေကို တိတိကျကျ အသိပေးဖို့၊ လိုအပ်တဲ့ အကူအညီပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ အခု မြန်မာနိုင်ငံနဲ့ မပတ်သက်တဲ့ မိုးလေ၀သသတင်းကိုတော့ မလိုအပ်ဘဲ သတင်းမှားတွေ ပေးနေတယ်။ ဒါကြောင့် ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်ပြီး တကယ့်မုန်တိုင်း ၀င်ရောက်မယ့်အခြေအနေရှိရင် ယုံကြည်မှုမရှိတော့ဘဲ အသက်အိုးအိမ်တွေ ဆုံးရှုံးမှာ စိုးရိမ်ရတယ်” ဟု ပြောကြားသည်။


အနောက်နိုင်ငံများရှိ မြန်မာစစ်သံမှူးရုံးများကို ပိတ်တော့မည်

NEJ/၂၈ အောက်တိုဘာ ၂၀၀၈

မြန်မာစစ်အစိုးရ ကကကြည်း နိုင်ငံခြားငွေ ပြတ်လတ်နေသည့်အတွက် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို မကြာခင် ပိတ်တော့မည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

စစ်အစိုးရသည် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို ပိတ်ပြီး အာဆီယံနိုင်များဖြစ်သည့် စင်္ကာပူနှင့် ဗီယက်နမ် ၂ နိုင်ငံမှာသာ စစ်သံမှူးရုံး ဖွင့်တော့မည်ဟု ရန်ကုန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးကလည်း ပြောသည်။ ကကကြည်းအနေနှင့် နိုင်ငံခြားငွေပြတ်နေသည့်ပြင် စစ်သံမှူးများကို စိတ်မချသည့်အချက်သည်လည်း စစ်သံရုံးများ ပိတ်ရသည့်အခြေအနေ ဖြစ်နိုင်သည်ဟု သံတမန်အသိုင်းအ၀ိုင်းက ယူဆသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားငွေ ပြတ်လတ်နေသည့်အတွက် အိန္ဒိယနှင့် နီပေါနိုင်ငံများရှိ မြန်မာသံရုံးများ ပိတ်ရမည့်ကိန်းဆိုက်နေသည့် သတင်းများထွက်ပြီး မကြာခင် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကိုပိတ်ဖို့ စစ်အစိုးရမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းအပြီးတွင် နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်သူ ဆားဗီယားနိုင်ငံနှင့် အခြားနိုင်ငံများသို့သွားရောက်ပြီး ငွေချေးဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု စုံစမ်းသိရသည်။


ဆရာတော်ဦးစာရိန္ဒ၊ စာတစောင်နှင့် လပြည့်နေ့ည ဘုရားပွဲ

မောင်သစ်ဦး


ဈေးဆိုင်တန်း အားလုံးလိုလို ကက်ဆက်သံ၊ ဓာတ်စက်သံများ အပြိုင်အဆိုင် ဖွင့်ထားကြသဖြင့် ပွဲခင်းတခုလုံး ဆူညံလျက်ရှိ၏။ ခနော်ခနဲ့ တန်းလျားပေါ်တွင် ထိုင်ရသည်မှာ လဲမကျအောင်ထိန်းပြီး ထိုင်ရ၏။ သည်ကြားထဲ လယ်ကွက်ထဲတွင် ကုလားဖျဉ်းထိုး ဆိုင်ဖွင့်ထားသည်မို့ မြေကြီးခဲ၊ ရိုးပြတ်ငုတ်တိုနှင့် ပတ်ကြားအက်များကြောင့် တန်းလျားမှာ တလှုပ်လှုပ်ဖြစ်နေ၏။ ကိုယ်က ငြိမ်အောင် ထိုင် ပေသည့်ဘေးချင်း ယှဉ်ထိုင်ပြီး မုန့်ဟင်းခါး စားနေသူနှစ်ယောက်က အငြိမ်မနေကြ။ ငြုပ်သီးထထည့်၊ ဟင်းရည်ထတောင်းနှင့် ထိုင်လိုက်ထလိုက် လုပ်သည့်အခါ ကျနော့်လက်ထဲက ဇွန်းမှာ ပါးစပ်ပေါက်ဝတွင် ယိမ်းထိုးလျက်ရှိ၏။

လူတယောက် ... ကျနော့်ကျောကို ထိမှီကာ ရပ်လိုက်သည်။ ခေါင်းကိုမော့ပြီး ကြည့်တော့ ကရင် အမျိုးသားတယောက်ကို တွေ့ရ၏။ ခါးတွင် စောင်တထည်ပတ်လျက်၊ ပုဆိုးတိုတို၊ အင်္ကျီခပ်နွမ်းနွမ်း။

"ဟား ... ဗိုလ်ကျော်ဆန်း"

သူက ကျနော်နှင့်ခွါကာ၊ ဆိုင်တံစက်မြိတ်တွင် သွားရပ်ပြီး စောင့်နေ၏။ ကျနော်က မုန့်ဟင်းခါးဖိုး ရှင်းသည်။ တံစက်မြိတ်ဝတွင် ရပ်နေသည့် ဗိုလ်ကျော်ဆန်းဘေးတွင် ရပ်သည်။

"ခင်ဗျားတယောက်ထဲ ပွဲခင်းထဲ ထွက်လာတာလား၊ တယောက်ယောက်တော့ ခေါ်လာမှပေါ့"

"ဘယ်မှမသွားပါဘူး။ မုန့်ဟင်းခါးတပွဲ စားပြီး လုံခြုံရေးတဲ ပြန်မှာပါ။ ခေါ်လာရမှာလည်း အားနာလို့ပါ"

"ဒါဆိုရင် ဆရာတော်ဘုရားဆီ ခဏလိုက်ခဲ့ဦးဗျာ။ ဆရာတော်ဘုရားက အရေးကြီးတဲ့ကိစ္စတခု တိုင်ပင်စရာ ရှိတယ်ဆိုပြီး ခင်ဗျားနဲ့ ကျုပ်ကို အခေါ်ခိုင်းလိုက်လို့"

ကျနော်တို့နှစ်ယောက် ပွဲခင်းထဲက ထွက်တော့ ကော်ဟဲရွာထိပ်တွင် မှောင်နှင့်မည်းမည်း ဖြစ်နေ၏။ ပွဲသွားပွဲလာ လူတချို့ ကျနော်တို့ဘေးမှ ဖြတ်လျှောက်သွားကြ၏။ ဗိုလ်ကျော်ဆန်းက လက်နှိပ်ဓာတ်မီးကို အုပ်ပြီးထိုးကာ ရှေ့ကလျှောက်၏။ လက်နှိပ်ဓာတ်မီး အလင်းရောင်မှာ တလံကွာကွာလောက်အထိသာ ထိရောက်၏။

ဖါးအံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU - စစ်ရေးတာဝန်ခံ ဗိုလ်ကျော်ဆန်းနှင့် ကျနော် လူချင်းတွေ့ဖူးသည်မှာ သုံးရက်သာလျှင် ရှိသေး၏။ ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်၊ ဖြတ်ဖြတ်လတ်လတ်၊ အသက် ၅၀ ၀န်းကျင် ကရင်လူမျိုးတဦး။ စကားကို လေလုံးကွဲရုံမျှသာ အသံနှိမ့်ပြီး ပြောတတ်သူ။

ဘုရားကျောင်းဝန်းထဲတွင် မီးစက်ဖြင့် မီးချောင်းများ ထွန်းထား၏။ ကျောင်းမကြီးပေါ်တွင်မူ မီးချောင်းများ မှိတ်ထားကာ၊ ရေနံဆီမီးခွက်တလုံးသာ ကြမ်းပြင်ပေါ် ချထားသည်ကို တွေ့ရ၏။ အနားကိုရောက်တော့ ကျောင်းထိုင်ဆရာတော် ဦးစာရိန္ဒနှင့် အခြားပုဂ္ဂိုလ်နှစ်ဦး ထိုင်နေသည်ကို တွေ့ရ၏။

"ဆရာတော်ဘုရား ... တပည့်တော်ကို အခေါ်ခိုင်းတယ်ဆိုလို့ပါဘုရား ..."

"အေး၊ ဟုတ်တယ် ဒကာကြီး။ ကျုပ်ဆီကို ကင်းသမားကတဆင့် စာတစောင် ရောက်လာတယ်။ အဲဒါ တိုင်ပင်ချင်လို့ အခေါ်ခိုင်းလိုက်တာ"

ဘေးတွင် ကပ်ထိုင်နေကြသည့် ရွာသားနှစ်ဦးက လူစိမ်းဖြစ်သူ ကျနော့်ကို အကဲခတ်နေကြ၏။ မိဆိုင်းတောင်ပေါ်ဘုရား ၁၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကျင်းပရေးကော်မတီ လူကြီးများဖြစ်မည်ဟု ယူဆမိ၏။

"အော် ... သတင်းထောက် ဒကာကြီးပါ.. ပါလာတာကိုး။ ...အဆင်ပြေတာပေါ့။ ကျုပ်တော့ ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာ မသိတော့ပါဘူး။ ၀ိုင်းပြီး စဉ်းစားကြပါဦး"

ဆရာတော်ဘုရားက ကြမ်းပြင်ပေါ်က စာရွက်တရွက်ကို ယူကာ ဗိုလ်ကျော်ဆန်း လက်ထဲသို့ လွှဲပေးလိုက်၏။ ဗိုလ်ကျော်ဆန်းက မီးခွက်ကိုဆွဲယူကာ စာရွက်ကို ငုံ့ပြီး ဖတ်၏။ အတန်ကြာ ဖတ်ကြည့်ပြီးမှ ကျနော့်ဆီကို လွှဲပေး၏။ လက်ထဲရောက်လာသည့် စာရွက်ကိုကိုင်ကာ မီးခွက်အနားကို တိုးကပ်ပြီး ဖတ်သည်။

၂၄.၃.၉၄

တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

တပည့်တော်တို့လည်း ဆရာတော်ဘုရား၏ လပြည့်နေ့ည ဘုရားပွဲကို ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးပြီး မှတ်တမ်း တင်ချင်ပါသည်ဘုရား။ အရှင်ဘုရားအနေနှင့် တပည့်တော်တို့ကို လာခွင့်ပြုမည်ဆိုလျှင် ကင်းသမား နှင့်အတူ ဖိတ်စာလေးတစောင် ရေးပြီး ပို့ပေးလိုက်ပါရန် လျှောက်ထားပါသည်ဘုရား။

(တပ်ခွဲမှူး)

ခလရ (၄၂) ရွှေအုပ်ကျေးရွာစခန်း

လက်ထဲက စာရွက်ကို ငုံ့ဖတ်နေရင်းက တအံ့တသြ ငိုင်နေမိသည်။ ကျနော့်ထံက စကားကို နားစွင့်နေကြသည့် ၀ိုင်းထိုင်သူများကိုပင် မေ့သွားရ၏။ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဌ ဆရာတော် ဦးစာရိန္ဒထံ နအဖ စစ်တပ်က ရေးပို့သည့် စာဖြစ်၏။

"ပဒိုကိုလေးဆီကိုကော အခေါ်ခိုင်းထားပြီးပြီလားဘုရာ့"

"ခေါ်တော့ ခေါ်ခိုင်းထားတာပဲ ဒကာကြီး။ အခုပဲ ရှစ်နာရီ ထိုးတော့မယ်။ ပဒိုကိုလေးက ချက်ချင်း ထလိုက်လာရင်တောင် တနာရီလောက် ကြာဦးမယ်။ ပွဲက ကိုးနာရီမှာ ထွက်မယ်လို့ ပြောတယ်။ အကျိုးအကြောင်း စာပြန်ရင်လည်း ညဥ့်နက်မှ စာပြန်လို့ မဖြစ်ဘူးမို့လား။ ပဒိုကိုလေး မလာခင် ကျုပ်တို့ဘာသာ ကျုပ်တို့ စဉ်းစားထားဖို့လိုတာပေါ့"

နယ်ခံပုဂ္ဂိုလ်များထက် ကျနော့်အဖို့ ပိုပြီး စဉ်းစားရခက်၏။ ကျနော်က ခဏတဖြုတ် ရောက်လာသည့် အာဂန္တုဧည့်သည်။ ဘာတခုမျှ အကျွမ်းတ၀င် သိရှိထားသူမဟုတ်။ တချိန်တည်းမှာပင် ဆရာတော်ဘုရား၊ ဗိုလ်ကျော်ဆန်းနှင့်တကွ တာဝန်ရှိသူများအဖို့လည်း စဉ်းစားဆုံးဖြတ်ရ ခက်ခဲလိမ့်မည်ဆိုသည်ကို ကျနော်သိ၏။

"ဆုံးဖြတ်ရခက်တာတော့ အမှန်ပဲ ဒကာကြီးရ"

ဝိုင်းထိုင်နေသူအားလုံး ငြိမ်ချက်သား ကောင်းနေကြ၏။ အတွေးကိုယ်စီနှင့် အလုပ်ရှုပ်နေကြရ၏။

"သူတို့ပြောသလို ဖိတ်လိုက်ရင်ကော တကယ်လာပါ့မလား။ တပည့်တော်တို့ဘက်က ဒီပွဲကို နောက်က အမာခံထားပြီး ကျင်းပတယ်ဆိုတာသိလို့ ဆရာတော်ဘုရားကို ကလိတာများလားမှ မသိတာ။ စာထဲမှာ သူတို့လည်းပဲ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ချင်ပါတယ်ဆိုတာက၊ တောင်ပေါ်ဘုရားမှာ မနေ့တုန်းက ဗဟိုက အဖွဲ့တွေ တချိန်လုံး ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်နေတာ သူတို့သိလို့ ဒီလိုလှမ်းပြီး တောက်တာလည်း ဖြစ်နိုင်တယ်ဘုရာ့"

ဗိုလ်ကျော်ဆန်း၏ စကားအပေါ် မည်သူမှ ရုတ်တရက် သဘောထား မပေးနိုင်ကြ။ ကျနော်ကလည်း မ၀ံ့မရဲဝင်ပြီး အကြံပြုဖို့ စဉ်းစားမိ၏။

"ဖိတ်စာပို့ကြည့်ရင် ကောင်းမလား။ ပွဲခင်းထဲကို ဘယ်သူမှ လက်နက်ကိုင်ပြီး၊ ယူနီဖောင်းဝတ်ပြီး မလာရဆိုပြီး ဆရာတော် အမိန့်ထုတ်တာဆိုတော့၊ ဒီကောင်တွေ လက်နက်မပါဘဲတော့ လာရဲမှာ မဟုတ်ဘူး ဘုရား။ လက်နက်ကိုင်ပြီး လာလို့ကလည်း မရဆိုတော့ ဒီကောင်တွေ လာရဲမယ် မထင်ဘူးဘုရာ့"

"ဒါလည်း မဖြစ်သေးဘူး ဒကာကြီးရဲ့။ သူတို့က လက်နက်ကိုင်ပြီးပဲလာလာ၊ လက်နက်မပါဘဲနဲ့ပဲ လာလာ၊ ပွဲခင်းထဲ သူတို့လာပြီဆိုတာ သိတာနဲ့တပြိုင်နက် ပွဲလည်းပျက်မှာပဲ။ အကုန်ထွက်ပြေးကြမှာပဲ။ အခုပဲ ကြည့်လေ။ သူတို့က တညနေလုံး လက်နက်ကြီးထုပြီး အသံပေးနေတာ ဒကာကြီးလည်း အကြားပဲဟာ"

"ဖိတ်သည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ ... တခုခုတော့ အကြောင်းပြန်ရမယ်နဲ့ တူတယ်"

"အဲဒါပြောတာပေါ့၊ ဘယ်လို အကြောင်းပြန်ရမလဲဆိုတာ ဆုံးဖြတ်ရခက်လို့ပေါ့"

"အကြောင်းမပြန်ဘဲ ဒီအတိုင်း နေလိုက်ပြန်ရင်လည်း ပွဲပြီးရင် ဆရာတော်ဘုရားကိုများ သူတို့က ပြဿနာ ရှာလာနိုင်မလား"

"ဒါလည်း အတတ်မပြောနိုင်ဘူး သတင်းထောက်ကြီးရဲ့။ ပြီးတော့ ဒီလို စာလာပို့တာကအစ သတင်း မပေါက်ကြားရအောင် ပိတ်ထားရတယ်။ တော်ကြာ ပွဲပျက်သွားမယ်မို့လား"

ကျနော်က မီးခွက်ဘေးတွင် ချထားသည့် စာရွက်ကိုယူကာ နောက်တကြိမ် ထပ်ပြီး ဖတ်ကြည့်မိပြန်သည်။ စာ၏ အောက်ခြေ၌ တပ်ခွဲမှူး၏အမည် မပါသော်လည်း လက်မှတ်ထိုးထားသည်ကို တွေ့ရ၏။ ထိပ်တွင် တပ်ခွဲရုံးတံဆိပ် ရိုက်ထားသည်ကို တွေ့ရ၏။

"တပည့်တော်က မသိလို့၊ စိုးရိမ်လို့ မေးတာပါဘုရား။ တကယ်လို့ ဆရာတော်ဘုရားက ဖိတ်စာမပို့ဘဲ ထားရင် ဒီကောင်တွေ ပွဲခင်းထဲများ လက်နက်ကြီးနဲ့ ထုချင်ထုမလား မသိဘူးဘုရာ့"

"အေး ... ဒါလည်း ပြောလို့တော့ မရဘူးပေါ့ ဒကာကြီးရာ။ ဒကာကြီးတောင် မနက်က ပွဲလာတဲ့ ရွာသားတယောက်နဲ့ စကားပြောရသေးတယ်မို့လား။ ဟို ... လက်မှာ လက်နက်ကြီး ကျည်ဆံ ရှပ်ထိထားလို့ ပတ်တီးစီးတဲ့ ဒကာလေ"

ဟုတ်တော့လည်း ဟုတ်၏။ မနက်ပိုင်းက ကော်ဟဲရွာသို့ ပွဲကြည့်ရန် ထွက်လာကြသည့် ကျောင်းရွာက ရွာသားတအုပ်ကို နအဖ စစ်တပ်က လမ်းမှဖြတ်တားပြီး စစ်ဆေးတားဆီးဖို့ ကြိုးစားခဲ့၏။ ကြောက်လန့်ကာ ထွက်ပြေးသည့် ရွာသားများကို လက်နက်ကြီးနှင့် လှမ်းပစ်၏။ လက်မောင်းတွင် ဒဏ်ရာရခဲ့သည့် ရွာသားတဦးကို ကျနော် သွားတွေ့ခဲ့၏။ သတင်းယူခဲ့ရ၏။ ဒဏ်ရာမှာ သွေးမတိတ်သေး။ ကမ္မမေါင်းဆေးရုံသို့ သွားပြသင့်ကြောင်း ကျနော်က အကြံပြုတော့လည်း သည်လို ဒဏ်ရာမျိုးနှင့် မြို့ကဆေးရုံတွင် သွားမပြရဲဟု ဆို၏။ ရွာထဲက အရပ်ဆရာနှင့်ပင် ကြိတ်ပြီး ဆေးကုနေလေသည်။

စကားဝိုင်းဖွဲ့ ထိုင်နေစဉ် ခြေသံကြားလို့ လှည့်ကြည့်တော့ ခရိုင်အတွင်းရေးမှူး ပဒိုကိုလေးနှင့် ရွာသားနှစ်ဦး ရောက်လာသည်ကို တွေ့ရ၏။

အချိန်အတန်ကြာဆက်ပြီး အကြိတ်အနယ် တိုင်ပင် ဆွေးနွေးကြပြန်သည်။ နောက်ဆုံး၌ နအဖ စစ်တပ်ထံ မည်သို့မျှ အကြောင်းမပြန်ဘဲ သည်အတိုင်း ပွဲကို ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြ၏။ သို့သော် ရွာနှင့် ခပ်လှမ်းလှမ်းအထိ ပုန်းကင်းများ တိုးချဲ့ချထားကြရန် စီစဉ်ခဲ့ကြရ၏။ အစစအရာရာ သတိနှင့် ပြင်ဆင်ထားကြဖို့ လုံခြုံရေး ကင်းသမားများကို မသိမသာ နှိုးဆော်ကြရ၏။

ညဥ့် ၂ နာရီ ထိုးသည်အထိ မည်သည့် ထူးခြားမှုမှ မရှိသေး။ လက်နက်ကြီး ပစ်သံများကိုမူ နာရီဝက် တကြိမ်မျှ ကြားနေကြရ၏။ ဆိုင်းသံတိတ်ချိန်နှင့် လက်နက်ကြီးပစ်သံ ကြုံကြိုက်သွားပါက ပွဲကြည့်ပရိသတ်များမှာ အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်ကြရ၏။ ခေါင်းတဆန့်ဆန့်နှင့် လည်ပြန်တကြည့်ကြည့် ဖြစ်ကြရ၏။ ပြီးတော့ ဆိုင်းသံများ ပြန်လည် ဆူညံလာသည့်အခါ ပွဲစင်ဘက်သို့ မျက်နှာပြန်လှည့်ပြီး ပျက်လုံးများကို တဝေါဝေါနှင့် သဘောကျနေကြပြန်၏။

မနက်မိုးလင်းလို့ ပွဲခင်းထဲတွင် လူစုကွဲသောအခါကျမှ ကျနော်သည်လည်း လူအုပ်နှင့်ရောကာ ဘုန်းတော်ကြီး ကျောင်းဘက်သို့ ထွက်ခဲ့ရ၏။ ကျောင်းမကြီးအောက်က ကုတင်တလုံးရှိရာသို့ အိပ်မှုံစုံမွှားနှင့် လျှောက်လာခဲ့၏။ ကုတင်ပေါ်တွင် အဖိုးအိုတယောက်ဟု ယူဆရသည့် လူတယောက်၊ ပုဆိုးခြုံကာ အိပ်ပျော်နေသည်ကို တွေ့ရ၏။ မိုးလင်းပြီဖြစ်သဖြင့် စိတ်ချယုံကြည်ရပြီဟု ပိုင်းဖြတ်ကာ အိပ်ပျော်နေသူ၏ ဘေးတွင်ပင် ၀င်ပြီး လှဲအိပ်လိုက်၏။

"ခင်ဗျား ... အခုမှ ပြန်လာတာလား"

မပီမသ နှုတ်ဆက်သံကြားလို့ ခေါင်းထောင်ပြီး ထကြည့်မိသည်။ ကျနော့်ဘေးတွင် ပုဆိုးခြုံပြီး အိပ်နေသည့် "ဗိုလ်ကျော်ဆန်း" ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။ စကားပြန်ပြောမည်ဟု ရည်ရွယ်စဉ် ဗိုလ်ကျော်ဆန်းကို ကြည့်တော့ သူက မျက်လုံးများပိတ်ကာ ဟောက်သံပေးပြီး ပြန်လည် အိပ်ပျော်နေလေတော့သည်။

Sr. General Than Shwe’s Second Daughter has made 200 Million dollars by selling Burma’s land to Chinese tycoons

Burma has been under a military dictatorship for about 40 years. This makes it one of the poorest nations in Asia. The average household income is only 10 USD per month. Along with the dictatorship CORRUPTION has rooted itself everywhere, earlier this year General Soe WIn - Prime Minister of military junta government declared the CLEAN GOVERNMENT policy and started cleaning with Burma’s most corrupted civil service department ” Custom Department” followed by actions on “Traffic Police Department” of Burma, also believed to be one of the most corrupted department in Burma. And it is also rumored that the third target will probably be the “Justice Department”

BUT “were the DIRTY hands can CLEAN?”

First week of January, 2007. The second daughter of Sr. General Than Shwe (head of Junta) have made deal with Wang Xiaohua, Chairman and Zeng Guang’an, President of Guangxi Liugong Industrial Investment Co. Ltd of Guangxi Liugong Group- CHINA, over Nanning Overseas Chinese Investment Zone (China-ASEAN economic park).

Nanning Oversea Chinese Investment Zone is established to attract the investments from ten ASEAN countries including Burma, to attract the ASEAN countries, Chinese Government offered 40 Acres of 30 years granted lands (Free of Charge) to all Asean Countries and 400 millions dollars soft loan for each land to carry out the development.

The deal was simple, Than Shwe’s daughter transfer the 30 years ownership of the (40 Acres) land which is belongs to Burma to Guangxi Liugong Group, Liugong Group claimed 400 million dollars soft loan from China bank and share or bribe 50% which is 200 million dollar to Than Shwe’s daughter.

But to legalized the deal Than Shwe’s daughter forced to brought in the local GO-NGO (Government Organized- Non Government Organization) name UMF-CCI (Union of Myanmar Federation of - Chambers of Commerce and Industry) into the deal, she ordered UMF-CCI to formed joint company with Liugong Group of China which is later named Golden Land East Asia Development Co. Ltd. Then the legalization process was done within one week (which usually took about year for normal business companies)

This information was disclosed by senior officials from Ministry of Trade who is loyal to his country (who must remained extremely anonymous), he said “who do they think they are ? (Than shew family) to do whatever they want with the properties that belongs to the state not to them”

Burma, also known as Myanmar, is ruled by a military junta which suppresses almost all dissent and wields absolute power in the face of international condemnation and sanctions. The Junta is lead by Senior General Than Shwe who is chief of army and also heads the SPDC, the body of 12 senior generals that oversees the running of the country and makes the key decisions. The generals and the army stand accused of gross human rights abuses, including the forcible relocation of civilians and the widespread use of forced labour, which includes children. The Junta has been widely accused by NGOs for its corruption which is ranked top five in the world.

Source