Saturday, April 5, 2008

နစကကို ငွေမပေးနိုင်၍ ဘင်္ဂလာသို့ တရားမ၀င်သွားရောက်သူ ရယကဟောင်းတဦး ဖမ်းဆီးခံရ

Narinjara News
စောနိုင် (နိရဉ္စရာ)ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တရားမဝင်သွားရောက်ပြီး ပြန်လာသူ ရယက ဝန်ထမ်းဟောင်းတဦးကို နစကများက မတ်လ ၂၇-ရက်နေ့က မောင်တောမြို့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖမ်းဆီးခံရသူမှာ ပုန္နားကျွန်းမြို့နယ် ကွန်းတောင် ကျေးရွာမှ ဦးခင်မောင်သန်းဖြစ်ပြီး ဖမ်းဆီးစဉ်အတွင်း နစကတပ်ဖွဲ့ဝင်များ၏ တောင်းဆိုသော ငွေကို မပေးနိုင်သဖြင့် ဖမ်းဆီးခံရခြင်းကြောင်း မျက်မြင်တဦးကပြောသည်။

ဦးခင်မောင်သန်းမှာ လွန်ခဲ့သည့် မတ်လ ၂၄-ရက်နေ့က မောင်တောကတဆင့် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ တက်ကနက်သို့ ဖမ်းဆီးခံထားရသူ သူ၏ အစ်ကိုတော်သူအား သွားရောက်ကြည့်ရှု့ပြီး အပြန် မတ်လ ၂၇ ရက်နေ့က မောင်တောမြို့ အောင်ဗလကျေးရွာတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဦးခင်မောင်သန်း၏ မောင်တောမြို့မှ အစ်ကိုတော်စပ်သူ အေးထွန်းမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ထောင်ကျနေကြောင်း သိရှိရသည်။

အဆိုပါ ဦးခင်မောင်သန်းမှာ ၁၉၉၁-ခုနှစ်မှ ၁၉၉၈-ခုနှစ်ထိ ရယကတာဝန်ကို ထမ်းဆောင်ခဲ့ ဖူးသူ တဦးဖြစ်ကြောင်း သူနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုအခါ ဦးခင်မောင်သန်းကို တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုဖြင့် တရားစွဲနိုင်ပြီး ထောင်ဒဏ် အပြစ်ချမှတ် ခံရမည့် အနေအထားရှိနေကြောင်း သိရှိရသည်။

No comments:

Post a Comment