Sunday, April 6, 2008

ဆရာကြီးကြေးမုံဦးသောင်း၏ ဈာပနအခမ်းအနားအစီအစဉ်

ခေတ်ပြိုင်
ဧပြီလ (၃) ရက်တွင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ ဖလော်ရီဒါ မယ်ဒီကယ် စင်တာဆေးရုံတွင် ကွယ်လွန်သွားသည့် သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ ဈာပန အခမ်းအနားကို ဧပြီလ (၁၀) ရက် ကြာသပတေးနေ့တွင် 4701 North State Road 7, Tamarac, Florida 33319 ရှိ Baird Case Funeral Home ၌ ညနေ (၅) နာရီမှ ည(၈) နာရီအထိ visiting and funeral service ကျင်းပမည်ဖြစ်ပါသည်။

ဈာပနအခမ်းအနားအား ဖလော်ရီဒါရှိ ဓမ္မာလောကကျောင်းတိုက်မှ ဆရာတော် ဦးပညာဇောတက ဦးစီးကာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကျင်းပသွားမည်ဖြစ်သည်။ ယင်းနေ့ နံနက်ပိုင်းတွင် ဆရာကြီးကြေးမုံဦးသောင်းအားရည်စူး၍ ဆရာကြီး၏မိသားစုက နေအိမ်တွင် ရက်လည်ဆွမ်းသွပ်တရားတော်များနာယူမည်ဖြစ်ပါသည်။ ဧပြီ (၁၁) ရက် သောကြာနေ့ နံနက်ပိုင်းတွင် ဆရာကြီး၏ရုပ်အလောင်းအား မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။

No comments: