ခေတ်ပြိုင်
ရန်ကုန်မြို့တွင်းနေရာအချို့၌ မေလကျင်းပမည့် ဆန္ဒခံယူပွဲတွင် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံ မူကြမ်းကို ကန့်ကွက်ကြရန် “ကန့်ကွက်မဲပေး…..ဒို့သွေးကြွေး” ဟု ရေးသားထားသည့် လှုံ့ဆော်သည့်စာများ ယခုရက်ပိုင်းအတွင်း လူငယ်တစုက လိုက်လံဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ညက ရန်ကုန်မြို့ အင်းစိန်လမ်းမကြီးပေါ်ရှိ ဘီပီအိုင်ဆေးဝါးစက်ရုံ၊ စက်မှုတက္ကသိုလ် အနီးတ၀ိုက်ရှိ လူအများ သွားလာတတ်သည့် နေရာများတွင်လည်းကောင်း၊ နံနက်ခင်း အပန်း
ဖြေ လေ့ကျင့်ခန်းလုပ်ရန် လာရောက်သူတို့ ဖတ်ရှုနိုင်ရန် ပြည်သူ့ရင်ပြင်နှင့် ပန်းခြံများအတွင်း၌ လည်းကောင်း လက်ကမ်းကြော်ငြာ အရေအတွက် (၁,၀၀၀) ခန့် ဖြန့်ဝေခဲ့ကြောင်း မြန်မာ နိုင်ငံတွင်း လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအမည်ရှိ လှုံ့ဆော်စာ
ဖြန့်ဝေနေသည့်အဖွဲ့က ပြောသည်။
လက်ကမ်းကြော်ငြာ၌ “ဒို့ရိုသေလေးစားတန်ဖိုးထားတဲ့ သံဃာတော်တွေကို မင်းတို့သတ်ခဲ့
တယ်။ မင်းတို့ရဲ့ မိဘတွေဖြစ်တဲ့ ပြည်သူတွေရဲ့ သွေးတွေနဲ့ ခြေဆေးခဲ့တယ်။ မိဘတိုင်းရဲ့ ရင်နင့်သည်းချာဖြစ်တဲ့ ကျောင်းသားတွေကိုလည်း မင်းတို့သတ်ခဲ့တယ်။ ဒို့ပြည်သူတွေ
အကုန်လုံး မင်းတို့ကို ဘယ်လောက် ပက်ပက်စက်စက် ရွံမုန်းတယ်ဆိုတာ ကမ္ဘာက သိစေ
ရမယ်။ ကန့်ကွက်မဲဟာ တို့ရဲ့လက်နက်ပဲဖြစ်တယ်။ သန်း (၅၀) ကျော် ပြည်သူတွေဟာ ဒို့ရဲ့လူတွေပဲ။ လက်တွဲညီညီ မဲရုံဆီသို့၊ ကန့်ကွက်မဲပေး ပြည်သူ့အရေး၊ သွေးကြွေးဆပ်ခွင့် ကြုံပြီဟေ့” ဟု ရေးသားထားကြောင်း သိရသည်။
မြေသြဇာအဖွဲ့၏ တာဝန်ခံ ဦးဣန္ဒက “ပြည်သူလူထုကို ကန့်ကွက်မေးပေးကြဖို့ လှုံ့ဆော် ပေးတာပေါ့။ ဘာကြောင့် ကန့်ကွက်ရသလဲဆိုတော့ နအဖစစ်အစိုးရလုပ်နေတဲ့ ဖွဲ့စည်းပုံက တကယ်တမ်းတော့ စစ်အာဏာရှင်တည်မြဲရေးကိုပဲ လုပ်ထားတာပဲလေ။ ပြည်သူလူထုတွေ အကျိုးစီးပွားအတွက် ဘာတခုမှမပါဘူး ။ ပြည်သူတွေကသာ ၀ိုင်းဝန်းကန့်ကွက်ပေးမယ်
ဆိုရင် နအဖစစ်အာဏာရှင်ရဲ့ လုပ်ဇာတ်ကြီးဟာ အလိမ်ပေါ်သွားမယ်။ သူတို့ဟာ တရား
မ၀င်တဲ့အစိုးရဆိုတာ တကမ္ဘာလုံးကသိသွားမယ်” ဟု မိန့်ကြားသည်။
လက်ကမ်းကြော်ငြာများကို လက်ခံရရှိသူများအနက် တချို့က ဖတ်ရှုကြပြီး တချို့က တဆင့် ပြန်ဖြန့်ဝေ၍ တချို့က ယူမဖတ်ရဲကြကြောင်း စာဖြန့်ဝေသူတို့က ပြောသည်။ မြေသြဇာအဖွဲ့ကို တက်ကြွလူငယ်များ၊ ကျောင်းသားများ၊ ရဟန်းပျိုများ၊ ၀န်ထမ်းများ တို့ဖြင့်ဖွဲ့စည်းထားပြီး လူထုအတွက်လိုအပ်သည့်နေရာတွင် ၀င်ရောက်စတေးခံသွားမည်ဟု ၎င်းတို့အဖွဲ့က ကြေညာ ထားသည်။ ။
No comments:
Post a Comment