Saturday, April 26, 2008

ပြည်သာဖို့အရေး......ကန့်ကွက်တဲ့မဲတွေပေး

မျက်စိထဲကမထွက်တော့တဲ့ ရာဇဝင်
မြန်မာ့သွေးတွေနဲ့ တန်ဆာဆင်လို့ထားပါတယ်
အသက်ပင် ပဓာနမထားပဲ
ကြည်ဖြူစွာဖြင့် စွန့်လှူကာပေး
သံဃာတော်တွေ အသက်နဲ့စတေး
ပြည်သူလူထု့လွတ်မြောက်ရေး

ပြောလို့လဲမပြီးတော့တဲ့ ရာဇဝင်
ကမ္ဘာတခွင်မှာ ကဗ္ဗည်းစာတင်ကာထားပါတယ်
ပြင်းထန်ရက်စက်တဲ့ နှိပ်စက်မှုတွေကြားက
ဘုရားဟောထားမေတ္တာတရားကို အရင်းတည်လို့
ရွှေဝါရောင်သူတော်စင်တွေ စွမ်းဆောင်ကာပေး
ပြည်သူလူထု့လွတ်မြောက်ရေး

မြန်မာပြည်သူလူထု့ရဲ့ မဟာခွင်ရင်မှာဖြင့်
အစဉ်ထာဝရ မေ့မရနိုင်တော့ပါဘူး
ဘုရားသားတော်တွေကိုရက်စက်ခဲ့တဲ့ ဒီသွင်ပြင်
အစဉ်သာရှုပွားပြီးတော့ ပြင်ဆင်ကားထားလိုက်ကြပါတော့
ပြည်မြန်မာလွတ်မြှောက်မည့် အောင်ပွဲ
သဲတစ်ပွင့်အုတ်တစ်ချပ်လို့ဆိုထားတဲ့ ရှေးစကားအတိုင်း
ညီညာစွာအားမာန်ပြုကားဖြင့်
ပျူငှာစွာပေးလိုက်ကြစမ်းပါဟ ကန့်ကွက်တဲ့မဲ

ခိုးကြောင်ခိုးဝှက်နဲ့တော့ ထောက်ခံမဲမပေးကြပါနဲ့
ပြည်သူတွေမြှောက်စားကားထားလို့
တောက်ပွားကားဝင့်ကြွားနေနိုင်တဲ့
တာဝန်နဲ့ဝတ္တရားကိုအထင်ကရထားကြပါရဲ့ ပြည်သူ့ဝန်ထမ်းတွေ
သွေးကြောင်ကားသိမ်ငယ်နေရင်ဖြင့်
နောက်နောင်မှာမင်းတို့အပါအဝင်
တတိုင်းပြည်လုံးဒုက္ခရောက်မဲ့ အဆင်
ဒါတွေကိုတွေးမြင်လို့ ပြည်သာအောင်ကြံဆောင်ကြပါစို့
ဝံသာနုစိတ်ဓာတ်အခိုင်အမာပြင်းထန်စွာနဲ့
လက်တွဲညီညီ ထည့်လို့သာပေးလိုက်ကြပါတော့
ကန့်ကွက်တဲ့မဲ...ကန့်ကွက်တဲ့မဲ...ကန့်ကွက်တဲ့မဲ
ပြည်သူလူထု့လွတ်မြောက်မည့်အောင်ပွဲ ။.....။

တင်ပြသူ
ပုဒ်မ 22

No comments:

Post a Comment