အေးချမ်းမြေ့ | ဧပြီ ၂၂၊ ၂၀၀၈
မြန်မာစစ်အစိုးရအနေနှင့် နေ့စဉ်ထုတ်သတင်းစာများ၊ ရုပ်မြင်သံကြားများတွင် အခြေခံ ဥပဒေကိုထောက်ခံရန် ပြင်းထန်စွာ လှုပ်ရှားမှုများ ပြုလုပ်၍ လူထုကို တိုက်တွန်းနှိုးဆော်နေသော်လည်း လူထုကမူ ထိုသို့တိုက်တွန်းနေခြင်းကြောင့် ပိုမို၍ ကန့်ကွက်ချင်နေကြောင်း ကြားသိရသည်။
ယခုအခါ စစ်အစိုးရက ၎င်းတို့ပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရှေ့မျက်နှာဖုံး၌ “အခြေခံဥပဒေ အတည်ပြုရေးသည် ယနေ့ ပြည်သူအားလုံး၏ အမျိုးသားရေး တာဝန် ဖြစ်သည်။ အမျိုးသားရေး အကျိုး လိုလားသူတိုင်း ထောက်ခံမဲ ပေးကြစို့” ဆိုသည့် ဆောင်ပုဒ်၊ ကျောဖုံး၌ “ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို တခဲနက် ထောက်ခံမဲ ပေးကြစို့”၊ “ဘယ်သူခွဲခွဲ ဒို့မကွဲ ပေးကြပါစို့ ထောက်ခံမဲ”၊ “အခြေခံဥပဒေ အတည်ပြုရေး မဲရုံသွား၍ ထောက်ခံမဲပေး” စသည့် ဆောင်ပုဒ်များကို နေ့စဉ် ထည့်သွင်းဖော်ပြလျှက် ရှိသည်။
Source
No comments:
Post a Comment