Wednesday, April 23, 2008

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်၍ လူမသိ သူမသိ ထောင်နှစ်ရှည် ချမှတ်ခံထားရသူများ

Narinjara News
စက်တင်္ဘာလအတွင်းက ပေါ်ပေါက်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးအတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသများမှ လူထုများကို ဦးဆောင်ပြီး ဆန္ဒပြခဲ့သူ ၃ ဦးကို သက်ဆိုင်ရာက နှစ်ရှည် ထောင်ပြစ်ဒဏ်များ ချမှတ်ထားကြောင်း သတင်းရရှိသည်။

အဆိုပါ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံထားရသူ ၃ ဦးမှာ ကျောက်ဖြူမြို့နယ် ဇာတီတောင်ကွင်း ကျေးရွာမှ အောင်စောထွန်း (၃၀ နှစ်)၊ ကညင်တော ကျေးရွာမှ မောင်ကျီ (၂၈ နှစ်)နှင့် ငလပွီ ကျေးရွာမှ မောင်ထွန်းခိုင် (၂၉ နှစ်)တို့ ဖြစ်ကြောင်း သိရှိရသည်။

သူတို့ ၃ ဦးအား ထောင်ဒဏ် (၇) နှစ်စီ အသီးသီး ချမှတ်ထားပြီး ယခု ကျောက်ဖြူထောင်တွင် ချုပ်နှောင်ထားကြောင်း ရောက်ချောင်းကျေးရွာက ကိုမောင်တင်ရွှေက ပြောသည်။

သူတို့ ၃ ဦး ဖမ်းဆီးထောင်ချခံနေကြရကြောင်းကို မည်သူမှ မသိရှိသေးသဖြင့် နိရဉ္စရာသို့ သတင်းပေးပို့ ရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

Source

No comments:

Post a Comment