Monday, September 1, 2008

ဒေါ်အောင်ဆန်းစုကြည် အနည်းငယ် ပိန်သွားသော်လည်း ကျန်းမာရေးကောင်း

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ စက်တင်ဘာလ 01 2008

ချင်းမိုင်။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် ခန္ဓာကိုယ် အလေးချိန် အနည်းငယ် ကျဆင်းသွားသည်မှ လွဲ၍ ကျန်းမာရေး ကောင်းမွန်လျက် ရှိသည်ဟု သူ၏ ရှေ့နေက ပြောကြောင်း ရန်ကုန်မှလာသော အေအက်ဖ်ပီ သတင်းတရပ်တွင် ပါရှိသည်။

ရှေ့နေ ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့တွင် မိနစ် ၃၀ ခန့်တွေ့ခွင့် ရပြီးသည့်နောက် ဤသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"သူနေကောင်းတယ်လို့ ပြောတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် လျော့သွားတယ်။ သူက ကျမ နည်းနည်း ပင်ပန်းနေတယ်။ နားဖို့ လိုတယ်လို့ ကျနော့ကို ပြောတယ်" ဟု ဦးကြည်ဝင်းက ပြောသည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ဦးကြည်ဝင်းနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် ဦးတင်မျိုးဝင်းတို့လည်း သူမနှင့် တွေ့ဆုံခွင့် ရခဲ့သည်။

No comments:

Post a Comment