Thursday, December 25, 2008

အပြောင်းအရွှေ့ အသိပေးခြင်း

အကြောင်းအမျိုးမျိုးကြောင့် လာရောက်လည်ပတ်ကြသော သူများကို အထူးကျေးဇူး တင်မိပါ၏။

ကျွန်တော့ရဲ့ လက်ရှိ Blog လေးမှ အပြောင်းအလဲ လုပ်ရင် ကောင်းမည်ထင်၍ နေရာသစ် ကလေးသို့ ပြောင်းရွှေ့ ထားပါကြောင်း အသိပေးလိုက်ရပါတယ် ခင်ဗျာ။

နေရာသစ် ကလေးကတော့ ဒီနေရာလေးမှာနှိပ်ပြီး ဆက်လက်ဖတ်ရှု နိုင်ပါတယ် ခင်ဗျာ။

နေရာသစ် လိပ်စာကလေးကတော့ http://abbsoluteright.blogspot.com/ ပါပဲ။

နေရာသစ်ကလေးတွင် ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြာင်း.......

ကျေးဇူးအထူးတင်မိရင်း



ကိုကို

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,25th,2008

( 3 )ပဲဈေး ခေါက်ချိုးကျသော်လည်း ၀ယ်လက်မရှိ

( 2 )မြန်မာနိုင်ငံမှာ ဖမ်းခံထားရတဲ့ မြောက်ကိုရီယား နိုင်ငံသားတွေ အမှုကိစ္စ တောင်ကိုရီယား ရှေ့နေ့များ ကူညီမည်

( 1 )ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်နေ့၌ ကောင်းမှုကုသလိုလ်ပြုမည်

Wednesday, December 24, 2008

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်မှု အစီအစဉ်

ပြည်ထဲရေး အရာရှိတဦး (၂၄-၁၂-၀၈)



နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ဝင် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှ လာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံ အဖွဲ့အစည်းများ တချို့ က ဖွင့်လှစ်မည့် သင်တန်းပေါင်းစုံ တက်ရောက်မည့်သူများအား ထောက်လှမ်းရန်၊ ရရှိသည့် အချက်အလက်များကို ပြည်တွင်းသို့ အချိန်မီ သတင်းပို့ရန်၊ သင်တန်းဖွင့်လှစ်မည့် အဖွဲ့အစည်းများ ရုံး၊ နေရာ၊ သင်တန်း ကျင်းပသည့် နေရာထိ ထိုးဖောက်သွားရေး စီမံဆောင်ရွက်ရန် ဖြစ်ပါသည်။


နောက်ဦးတည်ချက်မှာ နယ်စပ်ဒေသတွင် UG (Underground) လုပ်သူများ လျှို့ဝှက်စွာ ပြည်တွင်းသို့ ၀င်ရောက်မည့် အစီအစဉ်လမ်းကြောင်းနှင့် ရည်ရွယ်ချက်များကို ဖော်ထုတ် ထောက်လှမ်းသွားရန်၊ အတိုက်အခံ အဖွဲ့အစည်း ရုံးများတွင် ပြည်တွင်းက တရားမ၀င် လာရောက်လုပ်ကိုင်နေသူများ၏ လှုပ်ရှားမှု သတင်းများကိုပါ ဖော်ထုတ်သွားရန် စသည့် ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။ ထိုးဖောက်ရေးအဖွဲ့၌ ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။သန်းထွန်း
၂။ဇော်မင်းထွန်း
၃။တင်ထွန်းအောင်
၎။ထွန်းထွန်းဝင်း
၅။စောကျော်ထွေး
၆။ညီမင်းသူ
၇။မောင်ထွေး
၈။အောင်ထွေး
၉။နေလင်း
၁၀။သူရအောင်
၁၁။ကျော်နိုင်
၁၂။စိုးစိုးထွေး
၁၃။မိုးပပအောင်
၁၄။မိအေးမာ
၁၅။ဆွေဆွေဝင်း
၁၆။သီသီအောင်
၁၇။မသန်းအေး
၁၈။နိုင်နိုင်ဇော်
၁၉။သက်မာ
၂၀။ဆင့်ဆင့်အေးတို့ ဖြစ်ကြသည်။

အဖွဲ့ခေါင်းဆောင် ရဲမှူးသန်းထွန်းဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိတဦးဖြစ်ပြီး မှော်ဘီ ရဲတပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ရဲမှူးသန်းထွန်းဟာ ထူးချွန်သူတဦး ဖြစ်ပြီး ဗိုလ်ချုပ်မြ၏ သားအငယ်ဆုံးကို စည်းရုံးနိုင်စွမ်း ရှိခဲ့သူ ဖြစ်ကာ DKBA အဖွဲ့၏ ပံ့ပိုးမှုဖြင့် မြ၀တီမှ မဲဆောက်ကို ထိုးဖောက်နိုင်အောင် စီစဉ်နေသူ ဖြစ်သည်။ ရဲမှူး သန်းထွန်းနှင့် အဖွဲ့ကို လှုပ်ရှားနိုင်ရန် အောက်ပါအတိုင်း နေရာချ စီမံဆောင်ရွက်ခဲ့ပါသည်။

၁။ မယ်တော်ဆေးခန်းတွင် တာဝန်ချထားသူ (၅) ဦး
၂။ စက်ရုံ အလုပ်ရုံများတွင် တာဝန်ချထားသူ (၃) ဦး
၃။ မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ (၇) ဦး
၎။ မြ၀တီမြို့ တွင် အရေးပေါ် စစ်ဆင်ရေးအတွက် အရန်အင်အား (၅) ဦး

မယ်တော်ဆေးခန်း၊ စက်ရုံ အလုပ်ရုံနှင့် မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ စုစုပေါင်း (၁၅) ဦးတို့ကို ထိုင်း လက်ကိုင်ဖုန်းများ ကိုယ်စီ ပေးထားပြီး မြ၀တီကို စဉ်ဆက်မပြတ် သတင်းပို့ဆက်သွယ်ရေးအတွက် အထူးမှာကြားထားခဲ့သည်ဟု သိရသည်။ သူတို့ကို မြ၀တီသို့ နေ့ချင်းပြန် မသွားခိုင်းဘဲ မဲဆောက်မြို့  တ၀ိုက်တွင် အခြေပြုကာ လှည့်လည်လှုပ်ရှားခိုင်းပါ သည်။ သူတို့ရဲ့  လုံခြုံရေးအတွက် နာမည်ဝှက်များကို အောက်ပါ အတိုင်း အသီးသီးပေး ထားသည်။

အဖွဲ့ခေါင်းဆောင် သန်းထွန်းအား (ဗိုက်ကြီး)၊ ထွန်းထွန်းဝင်းအား (ခေါင်းပြောင်)၊ ဇော်မင်းထွန်း အား (ဒီကေး)၊ တင်ထွန်းအောင်အား (ကုလားလေး) ၊ စောကျော်ထွေးအား (ကိုသွက်)၊ ညီမင်းသူ အား (မောင်ချွန်)၊ မောင်ထွေးအား (မယက)၊ အောင်ထွေးအား (ကိုရှုတ်)၊ နေလင်းအား (ဂျော်နီ)၊ သူရအောင်အား (သိန်းသိန်း)၊ ကျော်နိုင်အား (ကောက်ကောက်)၊ စိုးစိုးထွေးအား (ပေါက်စီ)၊ မိုးပပအောင် အား (ငကန်း)၊ မိအေးမာအား (မမွန်)၊ ဆွေဆွေဝင်းအား (ဒေါ်ကြီး)၊ သီသီအောင်အား (ဒေါက်တို)၊ မသန်းအေးအား (ဒွေးလေး)၊ နိုင်နိုင်ဇော်အား (မိဇော်)၊ သက်မာအား (ငကြောက်)၊ ဆင့်ဆင့်အေး အား (ဒေါ်အေး) ဟု အသီးသီး ဖုန်းထဲမှာ ခေါ်ပြောကြရန် မှာကြားထားသည်။

သူတို့ (၂၀) ဦးထဲမှာ ကရင်လူမျိုးများနဲ့ မွန်လူမျိုးများကို ထည့်ထားခြင်းကြောင့် နယ်စပ်ဒေသတွင် ရှိသော တိုင်းရင်းသား လူမျိုးစုထဲထိ ထိုးဖောက်ဝင်ရောက်မည် ဖြစ်ပြီး လိုအပ်ပါက ဘာသာစကား ကန့်သတ်ချက်ကို ကျော်လွှား ထောက်လှမ်းနိုင်မည် ဖြစ်သည်။ စိုးရိမ်စရာ ကောင်းသည့်အချက်တခုက မိန်းကလေး အင်အားစု တ၀က်နီးပါး ပါဝင်နေ၍ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လျှော့တွက်ပြီး မိမိ၏ အတွင်းစည်းထဲကို အလွယ်တကူ ၀င်ခွင့်ပေးသွားမည့် အလားအလာ ဖြစ်နေသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး မှာထားချက်က အခု လွှတ်ထားသည့် ထောက်လှမ်းရေး အဖွဲ့အား အတိုက်အခံ အဖွဲ့အစည်းများက ရိပ်မိသိရှိသွားခဲ့ပါက ချက်ချင်း ပြန်လာခဲ့ရန် မှာကြားထားသည်ဟု သိရသည်။

ယခုအခါမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မရှိတော့သည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် SB (Special Branch) အထူးရဲတပ်ဖွဲ့ကို အမာခံထားကာ CID မှုခင်းတပ်ဖွဲ့နှင့် BSI အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်ပြီး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေရသည်။

ထောက်လှမ်းရေးများက ၎င်းတို့၏ အမာခံ သတင်းပေးများနှင့် အချက်အလက်များကို ဖျက်ဆီးခဲ့ခြင်းကြောင့် စမ်းတ၀ါးဝါးဖြင့် မြေစမ်းခရမ်းပျိုး လုပ်နေရသည့် အနေအထား ရှိပါသည်။ လက်ရှိ လွှတ်လိုက်သည့် ထောက်လှမ်းရေး အဖွဲ့၏ အားထားရာ အမာခံ သတင်းပေးမှာ DKBA ဖြစ်ပြီး DKBA တို့၏ မဲဆောက်မြို့ အခြေစိုက် နေရာများကို အမှီပြုပြီး လှုပ်ရှားကြမည့် အနေအထားမျိုး ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် ထောက်လှမ်းရေး တပ်ဖွဲ့ကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၏ ပါဝါကို အသုံးပြုပြီး မြ၀တီ မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ကူညီပေးရေး ညွှန်ကြား တိုက်တွန်းထားသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ အတိုက်အခံ အဖွဲ့အစည်းများအနေဖြင့် မဲဆောက်တခွင်တွင် ဖထီး ပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် မယ်ပတွင် (UG) ကိုရဲ အား ပြန်ပေးဆွဲခံရမှုများကို သင်ခန်းစာယူပြီး လုံခြုံရေးအထူးသတိဖြင့် အတွင်းစည်းကို တင်းကျပ်ကာ အဆိုပါ အဖွဲ့ဝင်များကို ဖော်ထုတ် ချေမှုန်းကြရန် စေတနာကောင်းဖြင့် တိုက်တွန်း ရေးသားလိုက်ရပါသည်။

လှိုင်သာယာမှာ ယနေ့ထပ်လောင် သိန်းထောင်ကျော်ဆုံးရှုံး

NEJ/ ၂၄ ဒီဇင်ဘာ ၂၀၀၈

လှိုင်သာယာစက်မှုဇုန် (၂) တွင် ယနေ့နံနက် (၁၀) နာရီခန့်က မီးလောင်မှုဖြစ်ပွားသည်။ အမှတ် (၁၅၇) ဗြဲဝန် ဦးအောင်သူလမ်းရှိ The Peak အမည်ရှိ “၀” ဥ အမှုန့်ကြိတ်စက်ရုံတွင် ဖြစ်ပွားရာ သိန်းထောင်ကျော်ဖိုးဆုံးရှုံး သွားသည်။

အမှုန့်ကြိတ်သည့်စက်မှာ ဘီးမလည်ဘဲနေရာမှ အပူလွန်ကာ လောင်ခြင်းဖြစ်သည်ဟု သိရသည်။ ဘီးမလည်ခြင်းမှာ လျှပ်စစ်ဓာတ်အားအပြည့်မရရှိသဖြင့် လျှပ်စစ်ဓာတ်အား မနိုင်၍ဖြစ်ကြောင်း စက်မှုဇုန် (၂) ၏ လုပ်ငန်းရှင်တဦးက ပြောသည်။


“မီးကပြတ်တော့ ကိုယ်ပိုင်ထရန်စဖော်မာနဲ့ စက်တွေလည်ရတယ်။ သူတို့ရဲ့ လျှပ်စစ်က ရပြန်တော့ မီးအားမနိုင်၊ ဘာပဲလုပ်လုပ် ရှော့ခ်ရှိနိုင်တာပဲ။ စိတ်ချလို့ မရတော့ဘူး” ဟု အဆိုပါ စက်မှုဇုန်ရှိ လုပ်ငန်းရှင်တဦးက ပြောသည်။

လှိုင်သာယာမြို့နယ် အာဏာပိုင်တဦးက “ကိုယ်လုပ်နေတဲ့အလုပ်ကို သေသေချာချာ စစ်ဆေးနေဖို့လိုတယ်။ စက်လည်နေတာကို လည်နေတာပဲဆိုပြီး ဒီအတိုင်း လက်မလွှတ်ထားသင့်ဘူး။ လူတွေက ပေါ့ကို ပေါ့တယ်” ဟု ဆိုသည်။

အမှုန့်ကြိတ်စက်ရုံတွင် ပုံသေ၀န်ထမ်း (၅၀) ကျော်ရှိပြီး အဆိုပါအမှုန့်ကြိတ်စက်ကို မှီခိုနေထိုင်ကြသူချည်းဖြစ်ကြောင်း၊ စက်ပြန်လည်ပတ်နိုင်ရန် လ၀က်ခန့် အချိန်ယူပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် စက်ရုံ (၅၀'x ၂၀၀') RC သွပ်မိုး တထပ်အဆောက်အအုံတလုံးနှင့် အမှုန့်ကြိတ်စက်၊ “၀” ဥ ကုန်ကြမ်းအိတ်များ၊ အသုံးအဆောင်ပစ္စည်းများ စုစုပေါင်း တန်ဖိုး သိန်းထောင်ကျော် ဆုံးရှုံးခဲ့သည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,24th,2008

( 36 )India grants 18 more goods items for trading in border area with Myanmar

( 35 )မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု ဘယ်သူတွေရမလဲ

( 34 )New form to hire migrant workers issued

( 33 )Nasaka into lucrative business in Maungdaw

( 32 )RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ကရက် ဖွဲ့စည်းတည်ထောင်

( 31 )Shan State Congress formed

( 30 )Inaugural Sao Thusandi Award Given in Chiang Mai

( 29 )မွန်ပြည်သစ်ပါတီ ခရိုင်အတွင်းရေးမှူး နိုင်သိန်းဝင်း ကွယ်လွန်

( 28 )ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်

( 27 )NMSP vows to continue struggle as thousands of party members celebrate 50th Anniversary

( 26 )ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသား သတ်သေမှုဖြစ်

( 25 )Nai Thein Win, NMSP Central Committee Member, passes away

( 24 )Korea rejects complaint against Daewoo and KOGAS

( 23 )လက်နက်ကိုင် မြန်မာတချို့ မဲဆောက်တွင် ဖမ်းဆီးခံရ

( 22 )Maternal health-care inadequate in eastern Burma

( 21 )ကုလနှင့်ပူးပေါင်းဆောင်ရွက်ရန် ရုရှားက နအဖကို တိုက်တွန်း

( 20 )Korea Rejects Charge of Rights Abuse in Burma

( 19 )နေပြည်တော်က မကြာမီ သတင်းစာ ထုတ်ဝေမည်

( 18 )More International Pressure in 2009

( 17 )မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ

( 16 )အင်အားစုများ ညီညွတ်ရန် စီအာပီပီ တိုက်တွန်း

( 15 )Political Prisoner Commits Suicide

( 14 )ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ကျန်းမာရေး အခြေအနေဆိုးရိမ်ရ

( 13 )အစိုးရ မကူညီသဖြင့် ငါးလုပ်ငန်းကို ခက်ခဲစွာ လုပ်ကိုင်နေရ

( 12 )စည်းလုံးညီညွတ်ဖို့ စီအာပီပီက တောင်းဆို

( 11 )Junta Militants Arrested in Thailand

( 10 )ကလေးမြို့တွင် အိန္ဒိယနိုင်ငံသားတဦး သေနတ်နှင့် ပစ်သတ်ခံရ

( 9 )NMSP Celebrates 50th Anniversary

( 8 )ILO ကို တိုင်တဲ့ ကိုခင်မောင်ချိုကို ထောင် ၅ နှစ်ထပ်မံချ

( 7 )သတင်းစာ ဆရာကြီး မြန်မာ့အလင်းသန်းညွန့် ကွယ်လွန်

( 6 )အိမ်မဲလယ်သမားများ ပုဂ္ဂလိက မြေသြဇာဖိုးမပေးနိုင်

( 5 )စစ်အစိုးရက ဘိန်းစိုက်ခိုင်းနေဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောဆို

( 4 )Innovation award for EPU

( 3 )မြ၀တီမြို့မှာ လောင်းကစားဝိုင်းကြီးတွေ များလာ

( 2 )N Koreans Arrested In Myanmar Include Four Children

( 1 )နိုင်ငံရေးအကျဉ်းသားတွေ ကူညီနေတဲ့ ဦးဝင်းတင်ကို အာဏာပိုင်တွေ နှောင့်ယှက်

Tuesday, December 23, 2008

ရန်ကုန်လှိုင်သာယာမီး သိန်းသောင်းနှင့်ချီဆုံးရှုံး

NEJ/ ၂၃ ဒီဇင်ဘာ ၂၀၀၈



ပြီးခဲ့သည့် တနင်္ဂနွေနေ့ည (၈) နာရီခွဲဝန်းကျင်တွင် လှိုင်သာယာစက်မှုဇုန် (၁) အနီးရှိ ဒိုင်းမွန်းစတား ကုမ္ပဏီပိုင် POCLIMK Trading ကုမ္ပဏီဂိုဒေါင်၌ မီးလောင်မှုဖြစ်ပွားပြီး သိန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးနိုင်သည်ဟု စီးပွားရေးအသိုင်းအ၀န်းမှ ခန့်မှန်းကြသည်။


အဆိုပါ Trading ကုမ္ပဏီကို ဒိုင်းမွန်းစတားကုမ္ပဏီပိုင်ရှင် ဦးကိုကိုကြီးက ပိုင်ဆိုင်ပြီး လှိုင်သာယာတွင် ဂျုံကြိတ်စက်ရုံဖွင့်ထားခြင်းဖြစ်သည်။

မီးလောင်ရခြင်းအကြောင်းရင်းမှာ POCLIMK Trading တွင် မီးပျက်ပါက အသုံးပြုရန် မောင်းသည့် ကိုယ်ပိုင်မီးစက်ရှိပြီး အဆိုပါမီးစက်မှတဆင့် ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်းခြင်းဖြစ်ကြောင်း တာဝန်ကျ လုံခြုံရေးက ပြောသည်။

မီးလောင်မှုကြောင့် ဂိုဒေါင် (၂၀ပေx၁၅၀ပေ) တလုံး၊ အဆိုပါဂိုဒေါင်ထဲတွင်ရှိသည့် မော်တော်ဆိုင်ကယ် (၁၀) စီး၊ ဆန် (၈) တန် အားလုံး မီးလောင်သွားကြောင်း ပြောသည်။

မျက်မြင်သက်သေများ၏ ပြောပြချက်အရ “မီးလောင်တာက ညနေ (၈) နာရီခွဲလောက်ကပဲ လောင်တာ၊ မီးငြိမ်းတာ (၂၁-၁၂-၀၈) ည (၁၂) နာရီကျော်လို့ (၂၂-၁၂-၀၈) ကို ရောက်နေပြီ။ နေ့ကူးသွားတာ (၁၂) နာရီခွဲကျော်မှာမှ ငြိမ်းတာ” ဟု ပြောသည်။

မျက်မြင်သက်သေများ၏ ပြောပြချက်အရ မီးသတ်ကား အစီး (၃၀) ခန့်လာသည်ဟု ပြောသည်။

အဆိုပါ မီးလောင်မှု၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကာလတန်ဖိုးအရ သိန်းပေါင်း သောင်းနဲ့ချီရှိမည်ဟု ကုမ္ပဏီအသိုင်းအ၀န်းက ခန့်မှန်းပြောဆိုသော်လည်း အစိုးရကမူ တန်ဖိုး သိန်း (၅၀) ခန့်သာ ဆုံးရှုံးသည်ဟု တွက်ချက်ထားကြောင်း သိရသည်။

မီးလောင်မှုများ မြန်မာနိုင်ငံတ၀န်း ဖြစ်နေသည့်အနက် ရန်ကုန်မြိုတွင် မီးလောင်ရခြင်း၏ အဓိကရင်းမြစ်မှာ လျှပ်စစ်မီးမယောဂကြောင့် အဖြစ်များသည်ဟု မီးသတ် အရာထမ်းတဦးက ပြောသည်။

“၂၀၀၈ ခုနှစ်ကတော့ မကြာခင်ကုန်တော့မယ်။ နှစ်စဉ် ဇန်န၀ါရီကနေ မတ်လထိ ကာလဟာ မီးလောင်များတဲ့ ကာလတွေပါ။ ၂၀၀၉ ခုနှစ်ရဲ့ ဇန်န၀ါရီကနေ မတ်လထိ ကာလတွေမှာ ဒီလို မီးပျက်နေပုံနဲ့ လူတွေပေါ့စတာနဲ့တော့ မတွေးရဲဘူး” ဟု အဆိုပါ အရာထမ်းက ပြောသည်။


ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ကွယ်လွန်

NEJ/ ၂၃ ဒီဇင်ဘာ ၂၀၀၈

ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ယနေ့ နံနက် (၅) နာရီအချိန်ကရန်ကုန် မဟာမြိုင် အထူးကုဆေးခန်းတွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်သည်ဟု၎င်း၏ မိသားစုများက ပြောသည်။

အကယ်ဒမီ ထွန်းထွန်းနိုင်သည် ကွယ်လွန်ချိန်တွင် အသက် (၅၇) နှစ် ရှိပြီဖြစ်သည်။သူ၏ရုပ်အလောင်းကို ဒီဇင်ဘာ (၂၅) ရက် (ခရစ်စမတ်နေ့ ) ၌ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

အကယ်ဒမီ ထွန်းထွန်းနိုင်သည် ၁၉၈၅ ခုနှစ်က အချစ်မီးလျှံထဲက မေချို ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုရခဲ့သူဖြစ်ပြီး ယခု သေဆုံးချိန်ထိ ဒါရိုက်တာ နောင်ထွန်းလွင်အမည်ဖြင့်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သည်။

ခမရ ၃၇၆ မှ လယ်မြေဧက ၁၀၀ ကျော်ကို ဆက်လက် သိမ်းပိုက်

Narinjara News

မောင်သစ်အောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၆ မှ အဆိုပါ တပ်ရင်း အနီးရှိ ဒေသခံ ပြည်သူများပိုင်ဆိုင်သော လယ်မြေ ဧက ၁၀၀ ကျော်ကို ဒီဇင်္ဘာလ ဒုတိယအပတ်က လျော်ကြေး တစုံတရာ မပေးဘဲ သိမ်းပိုက်လိုက်ကြောင်း လယ်မြေ အသိမ်းခံရသူ လယ်သမား တဦးက ပြောသည်။

သိမ်းပိုက်ခံရသော လယ်မြေများမှာ ခမရ ၃၇၆ တပ်စွဲရာ ကျောက်တော်မြို့နယ် ဒေါင်းဒေါင်ရိုးကျေးရွာ အနီးအနားရှိ တောင်ပေါက်ကြီး နယ်မြေမှ လယ်မြေများ ဖြစ်သည်။

အဆိုပါ လယ်သမားက “ ခမရ ၃၇၆ စစ်တပ်က ပြောတာကတော့ အခုလို လယ်မြေတွေကို သိမ်းရတာဟာ စခန်းသစ် တည်ဆောက်ဖို့ အတွက် ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ခုရှိနေတဲ့ စခန်းက လုံခြုံရေး အရ စိတ်မချရဘူး။ ဒါကြောင့် အထက်ကို တင်ပြပြီး အထက်က ခွင့်ပြုချက်အရ သိမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။”ဟု ပြောသည်။

ခမရ ၃၇၆ တပ်ရင်းသည် ယခင်ကလည်း ဒေသခံ ပြည်သူများထံမှ လယ်မြေ ဧက ၁၀၀ ကျော်ကို လျော်ကြေး တစုံတရာ မပေးဘဲ သိမ်းယူထားသည်။

သိမ်းပိုက်ခံရသော လယ်မြေ အများစုမှာ ဒေါင်းဒေါင်ရိုးကျေးရွာ၊ ဒိုင်းနက်ကျေးရွာ၊ ပန္နဲချောင်း၊ တောင်ပေါက်ကြီးကျေးရွာများမှ ဖြစ်သည်။

ထို့ပြင် ကျောက်တော်မြို့နယ် ပန္နဲချောင်း ကျေးရွာအနီး အခြေစိုက်သော ခမရ ၃၇၅ တပ်ရင်းမှလည်း ဒေသခံ ပြည်သူများထံမှ သိမ်းပိုက်ထားသော လယ်မြေ အများ အပြား ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် လယ်ဧက ၅၀၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ထားပြီး စစ်တပ် တပ်ရင်း အများအပြားကို အဆိုပါ ဒေသတွင် အခြေစိုက်ထားကြောင်း သိရသည်။

လယ်မြေသိမ်းပိုက်ခံရသူ ဒေသခံ လယ်သမားများမှာ လုပ်ကိုင်စားသောက်ရန် မြေယာမရှိတော့ သဖြင့် အလုပ်အကိုင်သစ်များ ရှာဖွေရန် ကချင်ပြည်နယ် ဖါးကန့်နှင့် ထိုင်း၊ မလေးရှားနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသည်ဟု သိရှိရသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,23th,2008

( 40 )China''s CNPC lines up five new oil, gas projects

( 39 )Myanmar to grant more new blocks for gem mining

( 38 )သန်းရွှေနှင့်အဖွဲ့ဆိုင်ကလုံးဒဏ်ခံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ကြည့်ရှုမည်

( 37 )Regime makes identity cards for those under 18

( 36 )ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ ထောင်ဒဏ် ၅ နှစ်ထပ်တိုး

( 35 )Prisoners force to into daily labour

( 34 )မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေ လုံလောက်မှု မရှိဟု MSF ပြောကြား

( 33 )Police arrest drug trafficker, seize Yaba in Maungdaw

( 32 )စံပယ် လူထုလှုပ်ရှားမှု စတင်ပြီ

( 31 )တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ AK – 47 ကျည်ဆံရှားပါး

( 30 )သရုပ်ဆောင် ထွန်းထွန်းနိုင်ကွယ်လွန်

( 29 )Than Shwe and team to tour cyclone-hit Irrawaddy delta

( 28 )ကရင်ပြည်နယ်နှင့် တခြားပြည်နယ်များတွင် အဓ္ဓမြေယာသိမ်း

( 27 )စံနေတာတွေ အားလုံးပယ်စေဖို့ စံပယ်လှုပ်ရှားမှု

( 26 )နေပြည်တော်နေ့စဉ် သတင်းစာ ထွက်တော့မည်

( 25 )Government decides to set up 13 Integrated Check Posts (ICPs) along Indian land border

( 24 )A Gloomy Christmas in Rangoon

( 23 )နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင် ဂိတ်ကြေးကောက်

( 22 )Russia Urges Burma to Cooperate with UN

( 21 )Growing number of armed checkpoints doubles cost of travel on Thanbyuzayart motor road

( 20 )China Builds Fence on Part of Burma’s Kachin Border

( 19 )တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ

( 18 )Forced labour in army rubber plantation

( 17 )ကျန်းမာရေးဆိုးရွားသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦး ထောင်ဆေးရုံတက်

( 16 )ရန်ကုန်မှာ ဖွင့်သည့်ရွှေဈေးကွက် ကုန်သည်ငယ်များ လက်လှမ်းမမီ

( 16 )Muslims totalling 107 sent back to Arakan from Rangoon

( 15 )ရန်ကုန်တိုင်းတွင် မှောင်ခိုလောင်စာဆီဆိုင်များ တရားဝင် ဖွင့်ခွင့်ပြု

( 14 )Burma grounds its jumping cats

( 13 )ဖမ်းဆီးခံ မြောက်ကိုရီးယားများ နှစ်သစ်အကြိုနေ့တွင် တရားရင်ဆိုင်ရမည်

( 12 )Burma's mothers have poor access to healthcare

( 11 )အမ်းနှင့် သံတွဲတွင် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းများကို လျှပ်စစ် အမှတ်(၁) ဒုဝန်ကြီး မျိုးမြင့် စစ်ဆေး

( 10 )လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦးကို စစ်အစိုးရ အာဏာပိုင်များက နေရပ်ရင်း ပြန်ပို့

( 9 )မလှိုင် မယက ဦးဆောင်ပြီး မင်းမဲ့စရိုက် လုပ်ဆောင်

( 8 )မိုင်းဆတ်ထောင်ရှိ ကိုကိုကြီး ကျန်းမာရေး မိသားစု စိုးရိမ်

( 7 )North Korean defector asks Myanmar to release her children

( 6 )Moms get poor care in Myanmar

( 5 )မြန်မာဒုက္ခသည်တွေကို ဂျပန်မှ လက်ခံမည့်အပေါ် ကုလက ကြိုဆို

( 4 )'Top Ten' Humanitarian Crises

( 3 )အောင်ဆန်းစုကြည်ကို ကမ္ဘာ့ အမျိုးသမီးခေါင်းဆောင်များ ကောင်စီက ဂုဏ်ပြု

( 2 )MSF lists top 10 humanitarian crises

( 1 )လူသားကပ်ဘေး ကျရောက်မှု ၁၀ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

Monday, December 22, 2008

စစ်အစိုးရ ကြိုရေးတာဖတ်ရသည့် ကျေးဇူးတင်စကား

NEJ/ ၂၂ ဒီဇင်ဘာ ၂၀၀၈


ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပသည့် ယခုနှစ် (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရသူအား ကျေးဇူးတင်စကားပြောရန်အတွက် ကြိုတင်ရိုက်ထားသည့်စာကိုသာ အာဏာပိုင်များက ဖတ်ခိုင်းသည်။


ပြိုင်ပွဲဝင်များအနက် ဆုရသူများထဲမှ တဦးက ကျေးဇူးတင်စကားပြောရမည်ကို ကြိုတင်၍ ဝေငှထားခြင်း ဖြစ်သည်။

“အစိုးရပွဲကတော့ ရယ်ဒီမိတ်ပဲဗျ။ စကားပြောတယ်ဆိုတာ ကြိုတင်ဝေငှတာကို ကြည့်ဖတ်ရတာမျိုး မဖြစ်သင့်ဘူး။ ပြောချင်သူရဲ့ တကယ့်စိတ်ဆန္ဒကို ပြောခိုင်းသင့်တယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက ပြောသည်။

ပြည်တွင်းသတင်းထောက်တဦးကလည်း “ကျနော် အဲဒီအခမ်းအနားကို သွားတက်တာ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း လာတာ တွေ့တယ်။ အခမ်းအနားပွဲ လာသူတွေအားလုံးတော့ အစိုးရလူတွေမဟုတ်ဘူး။ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းက သတင်းထောက်တယောက် တွေ့တယ်ဗျ။ အခုလည်း အသင့်ဝေငှထားတဲ့ မိန့်ခွန်းတွေကို ရတာနဲ့ သူတို့အခမ်းအနား မပြီးခင် ကျနော်ပြန်ခဲ့တယ်” ဟု ပြောသည်။

“မြန်မာပြည်သူလူထုတွေရဲ့ လက်ရှိဖြစ်နေတဲ့စိတ်တွေကို ဒီလို အလှဓာတ်ပုံတွေ တင်ပြနေရုံနဲ့ ပြောင်းလဲလာမယ်လို့ ကလေးအတွေးတွေးပြီး ပြောတာဗျ။ အပြင်မှာ ခေတ်မီနေပြီလား၊ ဓာတ်ပုံထဲကအတိုင်းလား၊ ပြိုင်ပွဲက “အေးချမ်းခေတ်မီ မြန်မာပြည်” တဲ့ ကဲတွက်သာကြည့်တော့” ဟု အနှစ် (၃၀) ၀န်းကျင်ရှိ ဓာတ်ပုံပညာရှင်တဦးက ပြောသည်။

မြန်မာစစ်အစိုးရသည် သတင်းစာရှင်းလင်းပွဲ အတော်များများ၌လည်း ပြည်တွင်းသတင်းစာဆရာများအား မေးမည့်မေးခွန်းကို ကြိုတင်ဝေငှထားလေ့ ရှိသည်ဟု ရန်ကုန်နိုင်ငံခြားသတင်းထောက်တဦးက ပြောသည်။


သော့အိမ်က ပုရွက်ဆိတ်များ

မျိုးမြင့်ချို


ကိုရင်မောင်ရေ ….

ကျုပ် ပုရွက်ဆိတ်တွေအကြောင်း ပြောပြမလို့ဗျ။ ဘာကြောင့် အဲဒီသတ္တဝါလေးတွေကို ပုရွက်ဆိတ်လို့ ခေါ်တယ်၊ ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်အချက်အလက်တွေနဲ့ ပြည့်စုံမှ ပုရွက်ဆိတ်ဖြစ်တယ်ဆိုတာတော့ ကျုပ်မသိဘူးဗျ။ ကျုပ် မြင်ဖူးတာကတော့ နှစ်မျိုးဗျာ။ တမျိုးက အနက်ရောင်အကောင်၊ လူကိုပြန်မကိုက်ဘူးထင်တယ်၊ သွားရင်လာရင် ပြာယာခတ်ပြီး တောင်မကြည့် မြောက်မကြည့်။ ဟိုတိုးဒီတိုးနဲ့  နည်းနည်းမြန်တယ်။ အစားအသောက်တွေများ ဒီကောင်တွေ အုံခဲနေလိုကတော့ နည်းနည်းလေးလောက် လှုပ်လိုက်ခတ်လိုက်တာနဲ့ တချိုးတည်း ခြေဦးတည့်ရာ လစ်တော့တာဗျို့။ အဲဒီလိုအခါမျိုးဆို ကျုပ်က ဒီကောင်တွေကြည့်ပြီး သနားလည်းသနား ရယ်ရယ်ချင်တယ်။ အဲဒါကိုကြည့်ပြီး၊ ဒီကောင်တွေကို ကျုပ်က “အရူးပုရွက်ဆိတ်” လို့ နာမည်ပေးထားတယ်။

နောက်တမျိုးက အနီရောင်။ အနက်တွေထက် အကောင်သေးတယ်။ လူကို ကိုက်တတ်တယ်။ သွားရင်လာရင် အေးအေးဆေးဆေးပဲ။ ဣနြေ္ဒရတယ်။ ဒီကောင်တွေကျတော့ ဟိုကောင်တွေလို မဟုတ်ဘူး၊ မောင်းထုတ်ခါထုတ်လည်း ပေတီးပေကတ်နဲ့။ တော်တော်နဲ့  မထွက်ချင်ဘူး။ အံမယ်…လူတောင်ပြန်ကိုက်တဲ့ ဟာလေးတွေဗျ။ တခါတလေ စိတ်ကမရှည်တော့ လက်နဲ့  ဖိသတ်ဖျစ်သတ်မိတာပေါ့ဗျာ။ ကျုပ်က ဒါကိုကြည့်ပြီး ဒီကောင်တွေကို “ဖိုက်တာ(Fighter) ပရွက်ဆိတ်” လို့ နံမည်ပေးတယ်ဗျာ။ အရူးတွေထဲမှာရော ဖိုက်တာတွေထဲမှာရော ခေါင်းကြီးအကောင်ကြီးတွေ ရှိတယ်ဗျို့။ အဲဒီခေါင်းကြီး ပုရွက်ဆိတ်တွေက အပြင်ထွက်ခဲတယ်။ အထဲမှာ ဘာတာဝန်တွေနဲ့ ဘာလုပ်နေတယ်တော့မသိဘူးပေါ့ဗျာ။

ဒီကောင်တွေက တကောင့်တကောင် တည့်တာမဟုတ်ဘူးဗျ။ တကောင်ချင်းထိပ်တိုက်တိုးလို့ကတော့ အရူးတွေက ရှောင်တယ်၊ ပြန်မချဘူး။ နောက်ပြီး အရူးတွေက ဖိုက်တာတွေရဲ့  “အိမ်” (ပုရွက်ဆိတ်အုံ)ကို အတင်းဝင်လုပြီး နေပစ်လိုက်တာလည်းမတွေ့ဖူးဘူး။ ဖိုက်တာတွေကသာ အတင်းဝင်စီး၊ ကိုက်ကက်၊ အရူးတွေကို မောင်းထုတ်၊ ပြီးတော့ အတည်ပေါက်နဲ့ ကိုယ့်အိမ်ကိုယ့်ယာ လုပ်ပစ်တာဗျို့။ အဲဒီအခါမျိုးများဆိုရင် အရူးတွေခမျာ သိပ်သနားစရာ ကောင်းတယ်။ ပြန်မကိုက်နိုင်အားဘူး။ သူတို့ဥလေးတွေ အကောင်မဖြစ်တဖြစ်လေးတွေကို ရသလောက် ကြုံးသယ်၊ သူတို့ဘုရင်မကို အသေခံကာကွယ်ပြီး ကယ်ထုတ်၊ အိုးပြစ်အိမ်ပြစ်နဲ့။ အရူးခေါင်းကြီးတွေလည်း ထွက်လာပြီးပြန်တော့ ကိုက်ပါတယ်။ ရေရှည်အဆုံးအဖြတ်မှာတော့ ဖိုက်တာတွေပဲနိုင်တာ။ အဲဒီအခါမျိုးမှာ အရူးခေါင်းကြီးတွေ ကြည့်ရတာ စစ်ရှုံးတပ်ပျက်ကြီးကို မနည်းပြန်စုနေရတဲ့ တမ်မှူးတွေကျနေတာပဲ၊ ရောက်ယက်ကိုခတ်လို့။ ဖိုက်တာတွေက စစ်ပွဲပြီးတာနဲ့ ဒဏ်ရာရတဲ့အရူးတွေကိုရော သူတို့  ဖိုက်တာတွေကိုရော ကျင်းအပြင်ဆွဲထုတ်ပြီး တနေရာမှာ ပုံထားလိုက်တာများ ခြေပြတ်လက်ပြတ် ခေါင်းတခြား ကိုယ်တခြား။ မမြင်ရက်စရာပါဗျာ။ စစ်ပြီးစ စစ်တလင်းကြီး ကျနေတာပဲ။ ဒီ့နောက်တော့ အရူးတွေ အိမ်သစ်ရှာရပြန်ပြီ။ မတွေ့သေးခင်စပ်ကြား လူ့အဝတ်စားတွေ အသုံးအဆောင်တွေကြား ယာယီခိုကပ်ရင်း နေကြရရှာတာ။ အဲသလိုအချိန်မှ သူတို့တွေဟာ စစ်ရှုံးစစ်သားတွေထက် စစ်ပြေးဒုက္ခသည်တွေနဲ့ ပိုတူတယ်။ ကျုပ်လေ အရူးတွေဖက်က မခံချင်ဘူး။ တခုခု လုပ်ပေးချင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ လွှတ်ထားလိုက်ရတာပဲ။ သူတို့သဘာဝကိုး။

တနေ့တော့ ကျုပ်စိတ်ထဲ အတွေးပေါက်တယ်။ အရူးတွေက ဖိုက်တာတွေထက် အကောင်လည်းကြီးတယ်၊ ခြေတံလက်တံလည်း ရှည်တယ်၊ ဖျတ်ဖျတ်လတ်လတ်လည်းရှိတယ်။ ဒီကောင်တွေကို တကောင်ချင်းသာ လက်ဝှေ့ကြိုးဝိုင်းထဲကလို “တည်”ပေးလိုက်ရင် ဘယ်ကောင် နိုင်မလဲပေါ့။ ကောင်းတော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်က ကောင်းတယ်တို့ မကောင်းဘူးတို့ ကျုပ်အတွေးထဲမရှိပါဘူး။ ဒါနဲ့ လက်ကို တံတွေးလေးဆွတ်ပြီး ဒီကောင်တွေကို မနာမကျင်အောင် အသာလေး တကောင်ချင်းဖမ်းပြီး ပိတ်ဖြူစလေးပေါ်တင်ပြီး “တည်”ပေးကြည့်တယ်။ နှစ် ကောင်သား ဦးမှင်ချင်းထိကာရှိသေး အရူးကထွက်ပြေးတာဗျို့။ ကျုပ်လည်း ကျုပ်နည်းက မဟန်သေးပါဘူးဆိုပြီး နည်းလမ်းရှာတယ်။ ဒီကောင်တွေကို ထွက်ပြေးလို့မရအောင် ကြိုးဝိုင်းလုပ်ပေးရရင် ကောင်းမလားပေါ့။ နောက်တော့ သွားတွေ့တယ်။ ဒီကောင်တွေ နှစ်မျိုးလုံး ပရုပ်ဆီဆို အသေအလဲကြောက်တာ။ ဒါနဲ့ ကျုပ်လည်း သံမံတလင်းပေါ် နေရာလေးတခုကိုကွက်ပြီး ဖုန်တွေဘာတွေ ပြောင်နေအောင်သုတ်တဲ့ပြီး ပရုပ်ဆီတကော် လောက်ကော်၊ ပရုပ်ဆီနဲ့ ကျပ်ဝိုင်းလောက် အဝိုင်းလေးဝိုင်း၊ အရူးနဲ့ ဖိုက်တာ တကောင်စီကို သာသာလေးဖမ်း၊ ကွင်းထဲလွှတ်ချလိုက်တယ်။ စာကြည့်မျက်မှန်ကို မှန်ဘီလူးလိုလုပ်ပြီး သေသေချာချာ အနီးကပ်စောင့်ကြည့်တာပေါ့။ ဒီကောင်တွေဘာလုပ် မလဲဆိုတာ။

စစချင်းတော့ နှစ်ကောင်သား ဦးမှင်ချင်းထိတာနဲ့ အရူးက ထွက်ပြေးဖို့လုပ်လိုက်၊ ပရုပ်ဆီ စည်းဝိုင်းကို ဦးမှင်နဲ့ထိလိုက်၊ ကွင်းထဲ ပြန်ဝင်လာလိုက်။ ဖိုက်တာကလည်း ဒီပရုပ်ဆီကြိုးဝိုင်းထဲကနေ အပြင်ကိုထွက်ဖို့ လုပ်လိုက် ကြိုးဝိုင်းအနားသတ်က အနံ့ကိုရလိုက်၊ ကွင်းထဲပြန်ဝင်လာလိုက်၊ အရူးနဲ့ တိုးလိုက်၊ အရူးကပြေးလိုက်၊ သူကလည်း နောက်ကနေတော့ အရူးနောက်ကို လိုက်တော့မကိုက်ရှာပါဘူး။ သူ့ဟာသူ ကြိုးဝိုင်းထဲက ထွက်လမ်းရှာလိုက်နဲ့ နှစ်ကောင်စလုံးတော့ ယောက်ယက်ခတ်နေရှာသေးတယ်။ နောက်တော့ ကျုပ်က ကြိုးဝိုင်းကို ပရုပ်ဆီနည်းနည်း ထပ်ကော်ပြီး ကျဉ်းပေးလိုက်တယ်။ ဒီကောင်တွေ ရှောင်မလွတ်တော့ဘူး။ ထွက်ပေါက်လည်းမရှိတော့ဘူး။ ချရုံဘဲ ရှိတော့တယ်။ ကျဉ်းထဲကျပ်ထဲရောက်နေပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် တွေ့ရောဆိုပါတော့။ ဖိုက်တာက အရူးကို ဝင်ကိုက်တယ်။ အရူးကလည်း ပြေးမလွတ်တော့တဲ့အတူ သေမထူးနေမထူးဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ဟန်တူတယ်။ မပြေးတော့ဘူး။ ပြန်ကိုက်တယ်။ တကောင့်တကောင် လုံးသွားတယ်။ အရူးက ဖိုက်တာကို ဂုတ်ပိုးလို့ထင်ရတဲ့ နေရာကို ခဲထားတယ်။ ဖိုက်တာက အရူးရဲ့  ခါးသိမ်နေရာကို ပြန်ခဲဖို့လုပ်တယ်။ ခဏနေတော့ အကောင်ချင်းကွဲသွားတယ်။ ပြီးတော့ ပြန်လုံးကြပြန်တယ်။ ဒီတခါ ဖိုက်တာက အရူးရဲ့ နောက်ခြေထောက်တဖက်ကို အရင်စကိုက်တယ်။ အရူးက ဖိုက်တာရဲ့အကိုက်ကို ရုန်းရင်း၊ ဖိုက်တာရဲ့ခါးသိမ်ကို ပြန်ကိုက်တယ်။ နောက် အကောင်ချင်း ကွဲသွားပြန်တယ်။

အဲသလိုနဲ့ တကောင့်တကောင် ခါးသိမ်နေရာကို အမိအရ ကိုက်ဖို့ကြိုးစားရင်း အချိန်က တော်တော်ကုန်သွားတယ်။ ဘယ်ကောင်မှ ချက်ကောင်းကို အသေမမိသေးဘူး။ မိလိုက်ပြန်လွတ်လိုက်နဲ့။ နှစ်ကောင်လုံးလည်း မောနေပြီ။ လှုပ်ရှားမှုတွေ နှေးလာတယ်။ အလစ်မှာ တချက်တချက် နောက်ကနေ ဝင်ကိုက်တာကလွဲလို့ တကောင့်တကောင် အသေလုံးဖို့ မတတ်နိုင်ကြတော့ဘူး။ ပွဲကလည်း အဆုံးအဖြတ်မပေးနိုင်ဘူး။ ဒါနဲ့ ကျုပ် နောက်တမျိုးစမ်းမယ်၊ ဒီကောင်တွေလည်း မောနေပြီဆိုပြီး ကြိုးဝိုင်းထဲက အပြင်ထုတ်ပေးလိုက်တယ်။ နှစ်ကောင်လုံး ဒဏ်ရာတော့ အတော်ရသွားပုံပဲ။ တော်တော်နဲ့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ကိုယ်သူတို့ ခြေထောက်လေးတွေ လက်လေးတွေနဲ့ ဟိုနားပွတ်လိုက် ဒီနားပွတ်လိုက် လုပ်နေသေးတယ်။ ကျုပ် သနားတော့လည်းသနားတယ်။ ဒါပေမယ့် ကျုပ်လိုချင်တဲ့ အဖြေက မရသေးဘူး။

ဒါနဲ့ ကြိုးဝိုင်းထဲကို ဖိုက်တာနှစ်ကောင်နဲ့ အရူးတကောင်၊ တကယ်သာ ချမယ်ဆိုလို့ကတော့ လက်ရည်ညီလောက်တယ်လို့ တွက်ပြီး နှစ်ကောင့်တကောင်ပွဲ လုပ်ပေးပြန်တယ်။ ပွဲကစစချင်း လွှတ်လိုက်တာနဲ့ ကြမ်းတော့တာဗျို့ ။ ဖိုက်တာနှစ်ကောင်မှာ တကောင်က အရူးရဲ့ နောက်ခြေထောက်ကို ဖျတ်ကနဲပြေးဆွဲပြီး ကိုက်လိုက်တယ်။ အရူးက ထွက်ပြေးဖို့ ရုန်းတယ်။ ဖိုက်တာက သံမံတလင်းပေါ်ခြေစုံကန်ပြီး အတင်းဆွဲထားတဲ့ကြားက အရူးရုန်းရာနောက် ဒရွတ်တိုက်ပါနေတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ဖိုက်တာက အရူးရဲ့ ဂုတ်ပိုးနေရာကို ဝင်ခဲတယ်။ အရူးက ဝင်ခဲတဲ့ဖိုက်တာကို ပြန်ကိုက်လို့ အကောင်ချင်းလုံးသွားချိန်မှာ အရူးရဲ့ နောက်ခြေထောက်ကိုဆွဲထားတဲ့ ဖိုက်တာက ရုတ်တရက် လွှတ်လိုက်ပြီး အရူးဖင်ပိုင်းက ဖုသီးကို ဝင်ကိုက်တယ်။ အရူး တော်တော်လေး နာသွားဟန်တူတယ်။ အရူးက ဟိုကောင်ဆီကနေ၊ ဖင်ကိုလာကိုက်တဲ့ ဖိုက်တာကို ပြန်ကိုက်ဖို့ အတင်းရုန်းတယ်။ မရဘူး။ ဟိုကောင်က အသေခဲထားတယ်။ မလွှတ်ဘူး။ နှစ်ကောင့်တကောင်၊ အရူးခမျာ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ လူးလိမ့်နေတာပဲ။

ဒီ့နောက်တော့ အရူးကို ဖိုက်တာနှစ်ကောင်က ခဲထားရင်း ခဏငြိမ်နေတယ်။ အရူး ပြန်မကိုက်နိုင်တော့ဘူး။ တွန်းထိုးရုန်းကန်နေတာပဲ။ အမောပြေသလောက်ရှိတော့ အရူးရဲ့ဖင်ဖုသီးကို ကိုက်ထားတဲ့ ဖိုက်တာက၊ သူ့ကိုယ်ကို ပြောင်းပြန်လုပ်ထဲ့ပြီး၊ အရူးရဲ့ ခါးသိမ်နေရာကို မိမိရရ ဝင်ကိုက်ချလိုက်တယ်။ အရူးခမျာ နာတယ်ထင်ရှာရဲ့။ ဆတ်ဆတ်ကိုလွန့်နေတာပဲ။ ကျုပ်လည်း သသောပေါက်သွားတယ်။ ဒါဆို ပွဲသိမ်းခဏ်းရောက်ပြီ။ ဖိုက်တာတွေနိုင်ပြီ။ ဘာလို့လဲဆိုတော့ ပုရွက်ဆိတ်ရဲ့ အားအနည်းဆုံးအပိုင်းက ခါးသိမ်လေးကိုး။ အဲဒီခါးသိမ်လေး ပြတ်သွားရင် သွားပြီ။ ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ ကျုပ်လည်း ဒီကောင်တွေကို ပါးစပ်ထဲရေထည့်မှုတ်ပြီး အကောင်ချင်း ခွဲပေးလိုက်တယ်။ ဖိုက်တာနှစ်ကောင်ကတော့ ခဏလောက်ပဲ ဟိုဟိုဒီဒီ ပွတ်သပ်ပြီး ထွက်သွားပေမယ့် အရူးခမျာတော့ မချိမဆန့်။ ဒါနဲ့ ကျုပ်လည်း သူ့ကို ပုလင်းဖုံးလေးထဲ အချိုလေးပါ နည်းနည်းထည့်ပြီး အနားပေးလိုက်တယ်။

နောက်တပွဲကတော့ ဖိုက်တာတစ်၊ အရူးနှစ် ပွဲပေါ့ဗျာ။ ထုံးစံအတိုင်း စစချင်းတော့ အရူးတွေက လျောက်ပြေးနေသေးတယ်။ နောက်တော့ “တည်”ကုန်ကျရော။ အရူးတကောင်က ဖိုက်တာကို ဝင်ကိုက်တယ်။ ဖိုက်တာက ကိုက်လာတဲ့အရူးကို သဲကြီးမဲကြီး ပြန်လုံးပြီးကိုက်တယ်။ လုံးဝမလွှတ်ဘူး။ ကျန်တဲ့ အရူးတကောင်က တော်တော်ကြာကြာအထိ အပြင်ထွက်ဖို့ အပေါက်ရှာလိုက် ပရုပ်ဆီနံ့ရလိုက်၊ ကွင်းထဲ ပြန်ဝင်လာလိုက် လေးငါးခြောက်ကြိမ် လုပ်နေသေးတယ်။ ဟိုကောင့်ကို ဝင်မကူဘူး။ ကျုပ်တောင် ဒီအရူးကိုကြည့်ရင်း ဝင်ကိုက်ပါတော့လား… ဝင်ကိုက်ပါတော့လားနဲ့ ပါးစပ်က ထွက်မိသေးတယ်။ မလွတ်နိုင်ပုံပေါက်တော့မှ မထူးပါဘူးဆိုပြီး နောက်ဆုံးကျတော့မှ ဝင်ကိုက်တော့တာ။ အံမယ်… ငတိက ကိုက်မယ့်ကိုက်တော့ တကယ့်ချက်ကောင်းကို ဝင်ကိုက်တာ။ ခါးသိမ်နေရာပဲ။ ကွက်တိပဲ။ တချက်တည်းနဲ့ ကိုက်လည်းကိုက်၊ ဖြတ်လည်းဖြစ်ချ၊ တိကနဲပဲ။ ဖိုက်တာရဲ့ခါးသိမ်လေး ပြတ်ထွက်သွားတယ်။ ကျုပ်တောင် ဆွဲချိန်လွဲချိန် မရလိုက်ဘူး။ ကျုပ်လည်း အကောင်ချင်းခွဲလိုက်တယ်။ အရူးတွေကိုတော့ ဒီအတိုင်းပဲ ထားလိုက်တယ်။ ခါးပြတ်သွားတဲ့ ဖိုက်တာကိုတော့ သူ့အိမ်အပေါက်ဝနား အသာပြန်ချပေးလိုက်တယ်။ ခင်ဗျားကတော့ ထင်မှာပဲနော် ကျုပ်ဟာ နှလုံးသားမရှိတဲ့လူ၊ ရက်စက်တဲ့လူလို့။ မတတ်နိုင်ဘူးဗျာ။ ကျုပ်က သိချင်တာကိုး။ ဒါပေမယ့် အဲဒီတကြိမ်ပါပဲ။ နောက်ဆို ဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

ဒီသုံးပွဲလည်းပြီးရော စိတ်လည်း တော်တော်မောသွားတယ်။ တွေးစရာတွေလည်း တပုံကြီးကျန်ခဲ့တယ်။ ကျုပ်တို့ ခင်ဗျားတို့တတွေလည်း ခုဆို တကွဲတပြားစီ လွင့်စဉ်လို့။ အိုးတကွဲအိမ်တကွဲနဲ့။ ဒါတွေ ဘာ့ကြောင့် ဘယ်လိုဖြစ်ရတယ်ဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ။ ဒီတော့ ကျုပ်တွေးမိတယ်။ ကျုပ်တို့တတွေဟာ မဖြစ်မနေ ပရွက်ဆိတ်ဖြစ်ရမယ်ဆိုရင် “ဖိုက်တာပုရွက်ဆိတ်” နဲ့ “အရူးပုရွက်ဆိတ်” ဘယ်ဟာ ဖြစ်ချင်တာလဲ။ ဘာကြောင့် ဖြစ်ချင်ရတာလဲ။ ဘယ်ပုရွက်ဆိတ်ရဲ့ “ဘဝအနေဟာ” လူ့ဘောင်ကောင်းကျိုးကို ပိုဆောင်နိုင်မလဲ။ လူဟာ ဘယ်တော့မှ ပုရွက်ဆိတ်မဟုတ်ဘူးလို့ ပတ္တောပိတ်ပြောမယ်ဆိုရင်လည်း ရှိပါစေဗျာ။ ကျုပ်တော့ ကိုယ့်အခြေအနေကို ပြန်ဆင်ခြင်မိတိုင်း သော့အိမ်ရဲ့ ပရုပ်ဆီကြိုးဝိုင်းထဲက “ဖိုက်တာ” နဲ့ “အရူး” ပုရွက်ဆိတ်လေးတွေကိုပဲ မြင်မြင်နေမိတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,22th,2008

( 32 )Under-18 football tournament in Chin state

( 31 )UNDP provides money to poor families for small economic projects in Maungdaw

( 30 )Armed Insurgents in Burma Face Shortage of Ammunition

( 29 )တပ်ထွက်တစ်ဦးက မူလတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်

( 28 )Burma One of the Worst Crises in the World

( 27 )GSM Cards Launched in Yadanabon

( 26 )ကျောင်းသားခေါင်းဆောင် ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြ

( 25 )Burma Road memories haunt Mansfielder

( 24 )နာဂစ်ကူညီရေး ပြုလုပ်သူ အမျိုးသမီး ထောင်တွင်း၌ ကျန်းမာရေး ဆိုးဝါးနေ

( 23 )Cyclone survivors benefit from cash-for-work programmes

( 22 )မင်းသား ကျော်သူ ၀ါဒဖြန့် ဇာတ်ကားများ မရိုက်တော့

( 21 )တခါသုံး ဖုန်းကဒ်များ ဈေးနှုန်း အဆမတန်မြင့်တက်

( 20 )"Top Ten" humanitarian crises reveal growing insecurity, neglected health needs

( 19 )မြန်မာ့အလုပ်သမားအရေး ပြဿနာများနှင့်ကြုံ

( 18 )မြန်မာ့အလင်း သန်းညွန့်ကွယ်လွန်

( 17 )Suu Kyi honorary member of 'Council of Women World Leaders'

( 16 )Burmese labour issues destined to invite problems

( 15 )လူ့အခွင့်အရေး အချိုးဖောက်ခံရဆုးံ ၁၀ နိုင်ငံတွင် မြန်မာပါဝင်

( 14 )ဒေါ်စုကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် လျာထား

( 13 )Health of Burmese Cyclone Volunteer at Risk

( 12 )နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ဂျပန်မှာ ကျင်းပ

( 11 )Top 10 Crises Of The Year Named

( 10 )၂၀၀၈ ခု ဒီမိုကရေစီရေးညွှန်းကိန်း ဆန်းစစ်ချက် မြန်မာနောက်ဆုံးနီးပါးရ

( 9 )Leading Mon monk passes away; funeral in Pegu Dec 27-28

( 8 )ဦးဝင်းတင်နှင့် အဖွဲ့ချုပ်လူငယ်များကို အာဏာပိုင်များက လိုက်လံနှောက်ယှက်

( 7 )Myanmar to grant surplus rice export through border trade

( 6 )ဦးဝင်းတင်နှင့် လူငယ်များက နိုင်ငံရေး အကျဉ်းသား မိသားစုများကို တွေ့ဆုံအားပေး

( 5 )လေလေးအကူအညီ ဆန်များ အလွဲသုံးစားမှု ထင်ရှားနေပါလျှက် အရေးမယူ

( 4 )North Korean defectors to be tried in Myanmar

( 3 )North Korean refugees face trial in Myanmar

( 2 )Japan To Take In Myanmar Refugees

( 1 )Doctors name top 10 humanitarian crises of 2008

Sunday, December 21, 2008

မြန်မာစစ်တပ် အမှိုက်ရှင်းနည်း

တပ်မတော်အရာရှိတဦး

ဗျူဟာမှူးနဲ့ အထက်စစ်အာဏာရှင်တွေဟာ ၀ိနည်းလွတ် အမိန့်များ ပေးတတ်ရာ “မင်းတို့ အမှိုက်သရိုက်တွေ ရှင်းပစ်ကြ” ဆိုပြီး အမိန့်ပေးရင်ပဲ လက်အောက်ခံတပ်များက ရွာတွေကို မီးရှို့ ရတဲ့ ထုံးစံ ရှိပါတယ်။ အချို့တပ်ရင်းတွေ အနေနဲ့လည်း အထက်ဌာနတွေကို မိမိအတွက် အမှုမပတ်အောင် လုပ်ကြံသတင်းတင်တဲ့အခါ ရွာတွေမှာ သောင်းကျန်းသူတွေရဲ့  အမာခံ လူတွေရှိလို့ မသင်္ကာတဲ့အတွက် သွားရောက်ရှင်းလင်းရာ ခုခံလို့ မီးရှို့ ဖျက်ဆီးရခြင်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

အမှန်တကယ်တော့ အထက်ဌာနတွေကလည်း လက်အောက်မှ တင်ပြချက်ကို မသိကျိုးကျွန်ပြုကာ စုံစမ်းဖော်ထုတ် အရေးယူခြင်း မရှိခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ သတ်ဖြတ်ခံရတာမို့ တိုင်းရင်းသားတွေရဲ့  နာကြည်းချက်ဟာ မေ့ပျောက်ဖွယ်ရာ ရှိမှာ မဟုတ်တော့ပါ။

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ က ခလရ (၉၉) ဟာ ၁၉၉၇ ခုနှစ် မတ်လမှာ တပ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို ခေါ်ယူပြီး ရန်သူ့သတင်း အချက်အလက်တွေကို မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီလို စစ်ဆေးမေးမြန်းခဲ့ရာမှာ ဘာအကြောင်းမှ မထူးလို့ စစ်ဆေးတဲ့ အရာရှိတွေဟာ စိတ်မရှည်တော့ဘဲ ပန်ကျိုင်းရွာမှ ရွာသားတွေကို စတင်ထုရိုက် နှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီပန်ကျိုင်းဆိုတဲ့ ရွာလေးကို ဆက်တိုက်ဆိုသလို ခေါ်ယူစစ်ဆေးသတင်းမေးခဲ့ရာ ပန်ကျိုင်းရွာက လူတွေ တယောက်မှ မရှိတော့ဘဲ တခြား တနေရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး ရွာပျက်သလို ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်တော့ သတ်ရင် အသေခံတော့မယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ကြပါတယ်။ နောက်တော့ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကိုတောင် မညှာတာဘဲ (တပ်ရေး ဗိုလ်ကြီး) ဗိုလ်ကြီးကျော်သိန်းက ရွာရော၊ လူတွေပါ မီးရှို့ ဖျက်ဆီးခဲ့ကာ သတ်ဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ၀မ်ဆင်းမြို့ရှိ ခလရ (၂၈၇) မှာလည်း အောက်ပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလရဲ့ ညတညမှာ ၀မ်ဆင်းမြို့ ရှိ ဘုန်းကြီးကျောင်းရှေ့မှာ ဘုရားပွဲကျင်းပနေစဉ် SSA အဖွဲ့တွေဟာ ခလရ (၂၈၇) ဘက်မှ စစ်သားတွေကို အနီးကပ် ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ CSM ဒု အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး စာရေးတဦးနဲ့ ရဲဘော်နှစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ရွာသားတွေနဲ့ ရွာလူကြီးတွေကို ရန်သူ့သတင်းကို ကြိုတင် မတင်ပြရ ကောင်းလားလို့ဆိုပြီး ခလရ (၂၈၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူး ဝေလင်းက ဒေါသူပုန်ထကာ စတင် အရေးယူပါတော့တယ်။

ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်းမှာပင် ရွာမှာရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေကို ချက်ချင်း ဖမ်းဆီးထားပြီး နောက်နေ့ နံနက်တွင် ထုရိုက်နှိပ်စက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့တာမို့ တပ်ရင်းအချုပ်ထဲမှာ ထည့်ထားပြီး (၇) ရက် ဆက်တိုက် ရေလောင်း၊ အ၀တ်အုပ်၊ တုတ်နဲ့ရိုက် ထမင်းမကျွေးဘဲ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ ရွာသားတွေဟာ ရန်သူ့သတင်း အမှန်တကယ် မသိတာကို ဘယ်လိုမှ မဖြေတတ်လေ၊ ထုရိုက် နှိပ်စက်မှု ပြင်းထန်လာလေဖြစ်နေတာမို့ နောက်ဆုံး သူတို့ကို သတ်လိုက်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။(၇) ရက် ပြည့်တဲ့နေ့မှာပင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝေလင်းက အမိန့်အရ ဖမ်းဆီးထားတဲ့ အဲဒီ ရွာသား (၁၅) ယောက်ကို မည်သူနဲ့မှ တွေ့ခွင့်မပေးတော့ဘဲ တပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်မြေမှာ သူတို့ ကိုယ်တိုင်ကို ကျင်းတူးခိုင်းပြီးတော့ ရက်စက်စွာ ပစ်သတ်ခဲ့ပါတယ်။ တချို့ကျတော့ မသေမရှင်နဲ့ ဒီအတိုင်းပဲ မြေမြှုပ်လိုက်ကြပါတယ်။

အဲဒီတပ်မှာပင် မုဒိန်းမှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလခန့်က ခလရ (၂၈၇) ဌာနချုပ် တပ်ရင်းမှာပင် ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသန်းဇော်ဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လားဟူ စုစည်းရွာလေးတရွာမှ အပျိုချောချောလေးတွေကို အဓမ္မစည်းရုံး သိမ်းသွင်းပြီး အပျော်ကြံ မုဒိန်းကျင့်ကြံပါတယ်။
ဗိုလ်မှူးသန်းဇော်ဟာ အဲဒီ ဧရိယာ နယ်မြေတ၀ိုက်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်တာမို့ စားသောက်ဆိုင်တွေမှာ သောက်စားမူးယစ်ပြီး မိန်းမပျိုတွေကို ခေါ်ယူညအိပ် ပေါင်းသင်းခဲ့ပါတယ်။ အချို့ မိန်းမပျိုတွေကိုတော့ ဆန်၊ ဆီ၊ နို့ဆီ အနည်းငယ်လောက်သာ နှစ်သိမ့်ပေးပြီး တချို့ ကိုကျတော့ အာဏာဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ပါတယ်။
ဆင်းရဲတဲ့ ရွာက ရွာသားတွေဟာ ပထမတော့ သည်းခံနေကြပေမယ့် မိန်းကလေး တော်တော်များများ အနိုင်ကျင့်ခံလာရတဲ့အခါမှာ မခံရပ်နိုင်တော့ဘဲ အထက် စစ်ဌာနချုပ်တွေကို တိုင်ကြားပါတော့တယ်။ ဒါပေမယ့် အကြောင်းမထူးတာကြောင့် နောက်တော့ ရွာသားတွေဟာ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုထံသို့ သွားရောက်တိုင်ကြားခဲ့ပြန်တယ်။ ဒါကြောင့် တိုင်းမှူး ကိုယ်တိုင် ၀မ်ဆင်းသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီလို အဓမ္မပြုကျင့်တာကို လားဟူရွာမှ အပြုခံရသူ အပျိုများကို ခေါ်ပြီး ဟုတ် မဟုတ် စစ်ဆေးခဲ့ရာ ဟုတ်မှန်ကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။

ဗိုလ်မှူးသန်းဇော်ဟာ တပ်ရင်းအချုပ်ထဲမှာ တလအချုပ်ခံထားရပြီး အကျဉ်းစစ်တရားရုံးချုပ်က သူ့အား အရပ်ဝတ်လဲခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်မှူးသန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုမှာ ၀င်ရောက်နေကြောင်း သိခဲ့ရပါတယ်။ အဲဒီ ဗိုလ်မှူးသန်းဇော်ဟာ အခဲမကျေဘဲ အဲဒီရွာနဲ့ တပ်ရင်းအား မကြာခဏ ခြိမ်းခြောက်သံပေးနေကြောင်းလည်း သိရှိရပါတယ်။

ရှေ့ တန်းစစ်ဆင်ရေး နယ်မြေတွေမှာ စစ်တပ်က ကြီးစိုးနေတာမို့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရုံသာမက မိန်းကလေးတွေ အကြမ်းဖက် ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေတာမို့ ပြည်သူလူထု ထောက်ခံမှုကင်းမဲ့နေပြီး တပ်ရင်းတွေရဲ့ စည်းရုံးရေး ကျဆင်းနေမှုတို့ကို တွေ့ရှိနေရပါတယ်။

မုဒိန်းမှုဖြစ်စဉ်မှာ အတိုင်းအတာတခုထိ အရေးယူမှု ရှိခဲ့သော်လည်း လူသတ်မှု ဖြစ်စဉ်မှာ တိုင်းမှူးအနေနဲ့ အရေးယူမှု မရှိတာကို တွေ့ရလို့ တပ်မတော်ရဲ့  သမိုင်း အမည်းစက်ကြီး တစက် စွန်းထင်းခဲ့တာကို တွေ့ရပါတယ်။ မုဒိန်းမှုအရ အရေးယူလိုက်တဲ့ ဗိုလ်မှူး သန်းဇော်ရဲ့  ပြစ်ဒဏ်မှာလည်း ပေါ့ပါးလွန်းပြီး စစ်ဥပဒေအရပဲ ကြည့်ကြည့်၊ နယ်ဘက် ဥပဒေအရပဲ ကြည့်ကြည့် ထောင်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာမှာ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်ဘိုဟာ လက်အောက်ခံ အရာရှိတွေကို ဥပဒေနဲ့အညီ အရေးယူမှု ပျက်ကွက်တာမို့ ဘက်လိုက်မှုနဲ့ အကာအကွယ်ပေးခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်ဘို ကိုယ်နှိုက်က စစ်အာဏာရှင်ပီပီ သူ့ရဲ့ တိုင်းစစ်ဌာနချူပ် လက်အောက်ခံ ၀န်ထမ်းတွေနဲ့ ပြည်သူလူထုအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းတဲ့လူ ဖြစ်ပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့  နာကြည်းချက်တွေကြောင့် ခလရ (၂၈၇) တပ်ဌာနချုပ်ရဲ့  လုံခြုံရေး၊ စည်းရုံးရေးတွေဟာ တော်တော်နှင့် ရရှိနိုင်တော့မှာ မဟုတ်တော့သလို ပြည်သူကြားက ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မဖြစ်တော့တာကို ၀မ်းနည်းဖွယ် တွေ့နေရပါတယ်။

အထက်လူကြီးတွေရဲ့  မဟာဗျူဟာအရ ၀မ်ဆင်းရွာလိုမျိုး ရန်သူ့ဧရိယာတ၀ိုက်အတွင်း တပ်ရင်းတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးရေးနဲ့ ရန်သူ့ ဧရိယာ ကျုံ့သွားစေရေး ဖြစ်တာမို့ ခလရ (၂၈၇) ရဲ့ လုပ်ကိုင်ပုံကြောင့် မဟာဗျူဟာအထမမြောက်တော့ကြောင်း တင်ပြလိုက်ရပါတယ်။

ရွာသား (၁၅) ဦးကို အသားလွတ် သတ်ဖြတ်လိုက်တဲ့ လူသတ်မှု ဖြစ်စဉ်အရ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေလွင်ဟာ SSA ပစ်ခတ်မှုကြောင့် ဘုရားပွဲမှာ သေဆုံးသွားတဲ့ အရာခံ အကြပ်ကြီး ရဲဘော်တွေအတွက် အထက်ဌာနမှ ၎င်းအား အရေးယူခံရမယ့် အရေးမှ လွတ်ကင်းစေဖို့ ရွာသားတွေကို သူပုန်အမာခံလို့ မတရားစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်တွေနဲ့ တချို့ တပ်တွေဟာ ရွာမီးရှို့ မှု၊ လူသတ်မှုနဲ့ မုဒိန်းမှု စတဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာအဆင့်ထိ ရောက်ဖို့ နေနေသာသာ အောက်ခြေမှာပင် ရင်နာစွာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်များ ရှိခဲ့ကြောင်း သာဓကများနဲ့ ဖော်ထုတ်တင်ပြ ပေးပို့လိုက်ပါတယ်။

အာဏာမြဲရေး ၂၀၁၀ ကစားကွင်း

မဇ္ဈိမသတင်းဌာန

သတင်းဆိုးများ ယခုလအတွင်း ထပ်မံထွက်ပေါ်လာသည်ကတော့ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး ကိုယ့်လူဖြင့်ကိုယ် အစိုးရဖွဲ့ရေး သို့မဟုတ် ယူနီဖောင်းပြောင်းရုံ ဟန်ပြအုပ်ချုပ်မှုပုံစံ ပြောင်းလဲရေးပင် ဖြစ်သည်။ သတင်းအမှောင်ချပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အဆုံးအဖြတ်သည်သာ အားလုံးတည်မီသော နိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် အဆင့် ၇ ချက်ပါ လမ်းပြမြေပုံ၏ အဆင့် ၅ ဖြစ်သော ရွေးကောက်ပွဲအတွက် စစ်အစိုးရက မည်သို့ပြင်ဆင်နေသည်ကို ထုံးစံအတိုင်းပင် တိုင်းပြည်ကို အသိမပေးဘဲ လျှို့ဝှက်ထားသည်။

အစီအစဉ်များက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးသော နိုင်ငံတော် ထူထောင်ရေးဆိုသည့် ရည်မှန်းချက်မဟုတ်။ အာဏာကို ဆက်လက် ဆွဲကိုင်ထားနိုင်ရေးသာလျှင် ဖြစ်တော့သည်။ စီမံချက်အောက်တွင် စစ်အစိုးရ အမာခံများနှင့် လိုလားသူများကိုမူ စည်းရုံးရေးလုပ်ငန်းများ လုပ်နိုင်အောင် မျက်စပစ်ထားသည်။ သို့သော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မထုတ်ပြန်သေးဘဲ အချိန်ဆိုင်းထားခြင်းဖြင့် ဒီမိုကရေစီလိုလားသူ အတိုက်အခံများကို ပြင်ဆင်ချိန်မရအောင် လုပ်ထားသည်။

၂၀၁၀ ခုနှစ်အပြီး ဖြစ်လာနိုင်စရာ အခြေအနေများကို မှန်းဆကြည့်လျှင် လမ်းသုံးသွယ်ရှိသည်။ နံပါတ်တစ်မှာ နောင်ဖြစ်လာမည့် ပါလီမန်အမတ်နေရာ ၄၄၀ အနက် စစ်ဗိုလ်ချုပ်ကြီးများ၊ အရပ်ဝတ် လဲလိုက်သူများနှင့် သူတို့လုပ်သမျှကို ဗောင်းတော်သိ ခေါင်းညိတ်မည့်သူများကိုသာ ရွေးကောက်ပွဲဝင်ခွင့်ရအောင် သို့မဟုတ် အနိုင်ရအောင် ပြုလုပ်မည့်နည်း။ နံပါတ်နှစ်မှာ စစ်တပ်နှင့် အတိုက်အခံတို့ ညှိနှိုင်းပြီး ပါလီမန်အတွင်း ရောက်အောင် ပြုလုပ်သောနည်းဖြစ်ပြီး၊ တတိယနည်းမှာမူ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်စဉ်ကကဲ့သို့ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ လုပ်ဆောင်ထားမှုများအပေါ် သုံးသပ်ရလျှင် ပထမနည်းလမ်းကိုသာလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမှူးပြုသော စစ်ဗိုလ်ချုပ်ကြီးများက ရွေးချယ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြား ဒီမိုကရေစီလိုလားသူ အတိုက်အခံများကို နေရာမပေးရေး၊ ပြင်ပထုတ်ထားရေးကိုသာ ကျင့်သုံးမည်ဖြစ်သည်။

ထိုအစီအစဉ်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တကွ အကြီးတန်း ဗိုလ်ချုပ်ကြီးများ၊ ၀န်ကြီးများမှာ တပ်အတွင်းနှင့် အမျိုးသားလုံခြုံရေးကောင်စီတွင် ၀င်ရောက် နေရာယူဖွယ်ရှိနေသည်။ လက်ရှိ ၀န်ကြီးအချို့က ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ပြီး ၀န်ကြီးတဖန် ပြန်ဖြစ်လာမည်ဖြစ်သည်။ ပါလီမန်အတွင်း နေရာ ၁၁၀ မှာ စစ်ဖက် ကိုယ်စားလှယ်များဖြစ်ပြီး၊ ၃၃၀ ကို လက်ရှိစစ်ခေါင်းဆောင်များ လက်ခံသူများဖြင့် ဖြည့်တင်းသွားမည်ဖြစ်သည်။ မကြိုက်သော်လည်း အောင့်ကာနမ်းအနေဖြင့် ပိုင်ပိုင်နိုင်နိုင် မဟုတ်သည့် အရပ်သား ကိုယ်စားလှယ်များ ဖြစ်လာလျှင် ၁၀ ရာခိုင်နှုံး အောက်မှာသာ ရရှိစေရေးကို စီမံထားသည်။

အရပ်သားဘ၀ဖြစ်လာမည့် လက်ရှိ ၀န်ကြီးများနှင့် မြို့တော်ဝင်များ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကာ၊ စစ်တိုင်းမှူးအချို့ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ရေး စမ်းသပ်ကွင်းဆင်းနေသည်။

လွတ်လပ်မှု၊ တရားမျှတမှုတို့ လားလားမှ မျှော်မှန်းမရနိုင်သည့် ရွေးကောက်ပွဲအပြီး ပါလီမန်အတွင်းမှနေ၍ ပြုပြင်ပြောင်းလဲမှုကို သွားရန် တွက်ဆသူတို့အတွက် မျှော်လင့်ချက်က မှုန်ပြပြလေးသာ ရှိနေသည်။

သို့သော် စစ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြု တရားဝင်မှုကို ယူနီဖောင်း ချွတ်လိုက်ရုံဖြင့် ရမည်ထင်လျှင်တော့ ရူးသွပ်မိုက်မဲမှုပင်ဖြစ်သည်။ ထို့အတူ သတင်းအချက်အလက်များ လွန်စွာမြန်ဆန်လာသည့် ဂလိုဘယ်လိုက်ဇေးရှင်းမှာ အားကောင်းစွာ ပေါ်ထွက်လာပြီး နယ်နိမိတ်များ ပါးရှပ်လာနေသည့် အခါသမယတွင် ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ လမ်းစဉ်ဖြစ်သည့် အထီးကျန် နေထိုင်ရေးကို ရွေးချယ်ဖို့လည်း အခြေအနေ မပေးတော့၊ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကာ နောက်ဆုံး အဆုံးသတ် မကောင်းသော ပြိုလဲခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

သို့သော် အပြောင်းအလဲများက သူချည်းသက်သက်တော့ အရှိန်ပြင်းစွာ ဖြစ်လာမည်မဟုတ်။ တိုးတက်ပြောင်းလဲလာသော အခြေအနေအောက်မှ လူ့အခွင့်အရေးကို လေးစားလိုက်နာသော၊ လွတ်လပ်ပွင့်လင်းသော လူ့ဘောင်သို့ သွားရောက်လိုသူများအတွက် ကောင်းမွန်သော ပြင်ဆင်မှုများ စနစ်တကျ လုပ်သင့်ပေပြီ။



ရင်မချိသော ဆုံးဖြတ်ချက်များစွာ

ကြည်ဝေ

အလင်းရောင် ကောင်းစွာ မ၀င်သော အစိုးရ သံမဏိ စက်ရုံတခု၏ အလုပ်သမား လိုင်းမှ အခန်းကျဉ်းလေး တခုထဲတွင် “အမေ ... နာတယ် နာတယ်” ဟုညည်းညူရင်း ချွေးစေးများ ထွက်နေသော အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူကို ကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် သောက ဝေနေသည့် မိခင်ဖြစ်သူက ချွေးသုတ် ပေးကာ ယပ်တောင်ကိုသာ အတွင်ခပ်ပေးနေခဲ့သည်။

တဖြည်းဖြည်းနှင့် သမီးမျက်နှာမှာ သွေးဆုတ်စပြုလာပြီး အသံများ တိုးတိမ်သွားရာ အမေဖြစ်သူမှာ ထိတ်လန့် တုန်လှုပ်လာပြီး ဘေးပတ်ဝန်းကျင်က အခန်းများဆီသို့ အော်ဟစ်အကူအညီ တောင်းမိတော့သည်။

ဘေးပတ်ဝန်းကျင်က သိပြီဆိုသည်နှင့် ထိုအဖြစ်အပျက်ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ဒေါ်အေး တယောက် မတွေးဆရဲတော့။ သမီးဖြစ်သူက ဗိုက်ထဲမှ ၃လအရွယ် သန္ဓေသားကို အရပ်လက်သည် အမျိုးသမီး၏ အကူအညီနှင့် မနေ့ကပင် ဖျက်ချ ခဲ့သည် မဟုတ်လား။ မြန်မာနိုင်ငံတွင် တရားမ၀င် ကလေးဖျက်ချခြင်းမှာ ရာဇ၀တ်မှုတခု ကျူးလွန်ခြင်းပင်။

ကိုယ်ဝန်သုံးလကို လက်သည်နှင့် ဖျက်ချမည်ဟု သမီးပြောတုန်းက သူမအနေနှင့် မတားမိခဲ့ပါဟု ဒေါ်အေးက ပြောဆိုသည်။

“သူ့မှာက ကလေးကလည်း ၂ ယောက်တောင်ရှိတယ်၊ ပြီးတော့ အကြွေးတွေလည်း ရှိသေးတယ် ဆိုတော့ ကျမလည်း မလုပ်ကောင်းဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် မတတ်သာတဲ့အဆုံးမှာ ကျမလည်း .. မတားမိတော့ တာပါ” ဟု ပြောရင်း ငိုရှိုက်လေတော့သည်။

သူမ၏ သမီးမှာအဆိုပါ စက်ရုံမှ လစာနည်း ၀န်ထမ်းတဦးဖြစ်ပြီး ခင်ပွန်းသည်မှာလည်း သူမလိုပင် လစာနည်း အစိုးရ၀န်ထမ်းတဦး ဖြစ်သည့်အတွက် စားဝတ်နေရေးတွင် အခက် အခဲဖြစ်လျက်ရှိကြောင်း၊ ထိုကာလတွင် တတိယမြောက်ကိုယ်ဝန် ရလာသည့်အတွက် အရပ်ကြေးစား လက်သည်တဦးထံတွင် ကိုယ်ဝန်ဖျက်ချခဲ့ပြီး နှစ်ရက်မြောက်နေ့တွင် ဗဟိုအမျိုးသမီး ဆေးရုံသို့ ရောက်ရှိလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆေးရုံတွင် သွေးဆိပ်တက်နေသော ဝေဒနာနှင့် ဆေးဝါးကုသမှု ခံနေရသော အမျိုးသမီးမှာ စက်ရုံမှ အလုပ်ပြုတ်မည့်အပြင်၊ ကိုယ်ဝန်ဖျက်ချသည့်အတွက် ဥပဒေအရ တရားစွဲဆိုခြင်းခံရကာ ပြစ်ဒဏ် ၃ နှစ် ကျခံရမှာ ဖြစ်ကြောင်း သူက ပြောပြသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးအများစုမှာ သားဆက်ခြားနည်း များနှင့်ပတ်သက်ပြီး ဗဟုသုတနည်းပါးခြင်း၊ ငွေကြေး မပြည့်စုံခြင်းတို့ကြောင့် ကြိုတင် စီစဉ်ပြင်ဆင်ထားခြင်း မရှိသော ကိုယ်ဝန် ဆောင်ခြင်း၏ ဆိုးကျိုးကို ခံစားကြရသည်။

ဆေးရုံသို့ ကိုယ်ဝန်ဖျက်ချကာ ရောက်ရှိလာသော အမျိုးသမီးများ အများအပြား ရှိနေကြောင်း ရန်ကုန် အမျိုးသမီးရောဂါ အထူးကု ဆရာဝန်ကြီးတဦးက ပြောသည်

“အခု ဆေးရုံရောက်လာတဲ့ မိန်းမတွေမှာ ၁၀ ယောက်ရှိရင် ၇ ယောက်က ကိုယ်ဝန် ဖျက်ချ လိုက်လို့ ရောက်လာတာပဲ။ တနှစ်ထက်တနှစ်တိုးလာတယ် အဲဒီ လူနာအမျိုးအစားက လွန်ခဲ့တဲ့ ၂၀၀၄ ကနဲ့ စာရင် ၃ ဆရှိတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကထက်စာရင် ၈ ဆ နီးပါး လောက် ရှိပါတယ်” ဟု သူက ဆိုသည်။

ဆက်လက်၍ သူက ကိုယ်ဝန်ဖျက်ချကျသော အမျိုးသမီးအများစုမှာ ဆင်းရဲနွမ်းပါးပြီး ကလေးအရေအတွက် များသူ အိမ်ထောင်သည် သားသည် အမေများ ဖြစ်ကြသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

၎င်းတို့အနေနှင့် ထုံးတမ်းစဉ်လာအရ ကိုယ်ဝန်ဖျက်ချခြင်းသည် ဘာသာရေးအရ သူတပါး အသက်ကို သတ်ခြင်းဖြစ်ကြောင်း နားလည်ထားသည့်ပြင် ဥပဒေအရပါ ပြစ်ဒဏ်ခံရမည်ကို သိနေသော်လည်း နောက်ဆုံး ကြံရာမရသဖြင့် ဖျက်ချကြခြင်းဖြစ်သည်ဟု ဆရာဝန်ကြီးက ပြောဆိုသည်။

ကိုယ်ဝန်ဖျက်ချသော အမျိုးသမီးအများစုသည် အရပ်လက်သည် များနှင့် မိရိုးဖလာ ဆေးမြီးတိုများကို အသုံးချကြသည်။ အမျိုးသမီးတချို့မှာ ပြည်တွင်းဈေးကွက်တွင် ကိုယ်ဝန်ဖျက်ဆေးအဖြစ် နာမည်ကြီး လျက်ရှိသော ကေသီပန်၊ စိန်ကုလားသွေးဆေး၊ နှစ်ခွက်ဆေး စသည့် ပူစပ်သော သွေးဆေးပြင်းများကို အရက်နှင့်ရောသောက်ခြင်း၊ ချင်းနှင့် ထန်းလျက်ကို ရောကြိုသောက်ခြင်း၊ ငရုတ်ကောင်းနှင့်ရေနွေး ရောစပ်သောက်ခြင်း တို့ ပြုလုပ်ကြသည်ကို တွေ့ရသည်။

အရပ်လက်သည်အများစုမှာ ဆီးခုံရိုး နေရာကို နှိပ်နင်းခြင်း၊ ထုရိုက်စေခြင်း၊ ၀မ်းဗိုက်ပြင် အရေပြားမှတဆင့် သားအိမ်ကို ပြင်းထန်စွာ နှိပ်ခြင်း စသည့်နည်းများ သုံးကာဖျက်ချပေးကြပြီး သားအိမ်ထဲသို့ ဖဲထီးရိုးများ၊ တုတ်တံများ၊ စက်ဘီးစပုတ်တံများ၊ သစ်ကိုင်းများထည့်ခြင်းဖြင့် သားအိမ်ထဲမှ သန္ဓေသားကို ထိခိုက် ပျက်စီးအောင် လုပ်ခြင်း စသည့် နည်းလမ်းများကို အသုံးပြုလျက်ရှိသည်ကို တွေ့မြင်ရကြောင်း ဆရာဝန်များ၏ ပြောပြချက်အရ သိရှိရသည်။

ထိုနည်းများကို အသုံးပြုသူများသည် သားအိမ်ပေါက်ခြင်း၊ သားအိမ်ထဲတွင် သေဆုံးပြီး သန္ဓေသား၏ အပိုင်းအစများ ကျန်ရစ်ခဲ့ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း၊ သွေးလွန်ခြင်း၊ သွေးဆိပ်တက်ခြင်း စသည့် ရောဂါများဖြစ်ပွားကြပြီး အသက်သေဆုံး သည်အထိ ဖြစ်လာကြသည်ကို တွေ့မြင်ရကြောင်း သိရှိရသည်။

“အဓိကကတော့ ဆင်းရဲကြပ်တည်းကြတာနဲ့ ၀င်ငွေနည်းပါးကြတာကြောင့်ပဲ။ နောက်တချက် က သားဆက် ခြားနည်းဆိုင်ရာ ဗဟုသုတပိုင်းမှာ အားနည်းတာ၊ လွတ်လပ်ပွင့်လင်းမှု မရှိတာနဲ့ အလုပ်အကိုင်ရရှိမှု ခက်ခဲ တာတွေက အခုခေတ်ရဲ့ ကိုယ်ဝန်ဖျက်ချရခြင်း အကြောင်းရင်း တွေပဲ" ဟု သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန်ကြီးတဦးက ပြောဆိုသည်။

ကိုယ်ဝန်ဖျက်ချကြသော အမျိုးသမီးများမှာ အသက် ၂၅ နှစ်မှ ၄၀ ၀န်းကျင်အရွယ် အမျိုးသမီးများဖြစ်သည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။

ခုတင်တလုံးပေါ်တွင် ကွေးအိပ်ရင်းနာကျင်မှု ဝေဒနာကို အံကြိတ်ခံစားနေသော မမာလာက “ကျမမှာ သားလေး ၁ ယောက်ရှိတယ်။ အခု ဒီဖျက်ချလိုက်တဲ့ ကိုယ်ဝန်က ဒုတိယမြောက်ပါ။ ဒီကလေးကို မွေးလိုက်ရင် ကျမ အလုပ်ပြုတ်မှာ သေချာတယ်။ အဲဒါကြောင့် မဖျက်ချင်ဘဲ ဖျက်ချလိုက်တာပါ” ဟု ပြောပြသည်။

သူအလုပ်လုပ်သော ရေသန့်စက်ရုံက အလုပ်စ၀င်စဉ်ကတည်းက အိမ်ထောင်ရှိသည်ဟု ဆိုသောကြောင့် မီးဖွားခွင့်မရှိ၊ ကိုယ်ဝန်ရှိလျှင် အလုပ်ထွက်ရမည်ဟု ကြိုတင်ပြောဆို ထားသောကြောင့် ယခုကဲ့သို့ ကိုယ်ဝန်ကို ဖျက်ချလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ထောင်ရှိသော အမျိုးသမီးများအနေနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည့်ပြင် ယနေ့ခေတ် အလုပ်ရှင်များက အိမ်ထောင်သည်အမျိုးသမီးများအား အလုပ်ခန့်ရာတွင် ကိုယ်ဝန် ဆောင်ပါက မွေးဖွားခွင့် ၄၅ ရက်နှင့် ထို ၄၅ ရက်အတွက် လစာ အပြည့် ပေးရမည် စိုးသောကြောင့် ကိုယ်ဝန်ဆောင်လျှင် အလုပ်ထွက် ရမည်ဟု ကြိုတင် သတိပေးထားလေ့ ရှိသည်။

သားဆက်ခြားနည်း အမျိုးမျိုး ရှိသည့်အနက် ဈေးအသက်သာဆုံး သားဆက်ခြားနည်း ဖြစ်သည့် ဆေးပြား စားသုံးခြင်း ဆိုသည်ပင် တကတ်လျှင် လက်လီဈေးကွက်၌ အနည်းဆုံး ငွေကျပ် ၇၀၀ ဈေးပေါက်လျက် ရှိသောကြောင့် ၀င်ငွေနည်းပါးသူများမှာ ရေရှည်မသုံးစွဲနိုင်ကြောင်း သိရသည်။ ထို့ပြင် ၎င်းဆေးကတ်မှာ အမျိုးသမီးတိုင်းနှင့် မတည့် သည့်အတွက် တချို့သာ သုံးစွဲနိုင်သည်။

တခြားသားဆက်ခြားနည်း တခုဖြစ်သော လစဉ် သားဆက်ခြားဆေး ထိုးမည် ဆိုပါကလည်း တလခံဆေး၊ နှစ်လခံဆေးနှင့် သုံးလခံဆေး ဟူ၍ရှိရာ ကုန်ကျစရိတ်အနေနှင့် ဆေးဖိုးနှင့်ထိုးခ အနည်းဆုံးကျပ် ၁၅၀၀ မှ ကျပ် ၃၀၀၀ ထိ ကုန်ကျသောကြောင့် ၀င်ငွေနည်း မိသားစုများမှ အမျိုးသမီးများ အသုံးပြုနိုင်မှု နည်းပါးသည်ကို တွေ့မြင်ရသည်။

ထို့ပြင် သားသမီးများသောကြောင့် သားကြောဖြတ်မည်ဆိုပါကလည်း အစိုးရက ကန့်သတ် ထားသော ဥပဒေများရှိသောနေရာ အသက် ၃၅ နှစ်အောက် အမျိုးသမီးများ သားကြော ဖြတ်ခွင့်မရဟု သိရသည်။

တခြားသားဆက်ခြားနည်းတခုဖြစ်သည့် ကွန်ဒုံးသုံးစွဲနည်းမှာလည်း ၀င်ငွေနည်း မိသားစုများ အတွက် အဆင်မပြေကြောင်း သိရှိရသည်။ ကွန်းဒုံးတခု၏ လက်ရှိပေါက်ဈေးမှာလည်း လက်လီ ဈေးကွက်တွင် ကျပ် ၂၀၀ နှင့်အထက် ရှိနေရာ တနေ့လုပ်အားခငွေ ကျပ် ၁၅၀၀ သာရသော အလုပ်သမားများအနေနှင့် ၀ယ်ယူ သုံးစွဲနိုင်သည့် အင်အားမရှိပေ။

ကိုယ်ဝန်ဖျက်ချပေးသည့် အရပ်လက်သည်များ၏ ဈေးနှုန်းမှာ ကျပ် ၅ ထောင်မှ ကျပ် ၂ သောင်းထိ ရှိသည်။ ကျန်းမာရေးမှူး သို့မဟုတ် သူနာပြုဆရာမ စသော ဆေးဝန်ထမ်း များထံတွင်ပြုလုပ်ပါက ပိုလုံခြုံမှုရှိပြီး ဈေးနှုန်းမှာလည်း အနည်းဆုံးကျပ် ၅ သောင်းမှ ၁ သိန်းထိ ပေးရသောကြောင့် ၀င်ငွေနည်းပါးသူများ မလုပ်နိုင်ကြောင်း သိရှိရသည်။

ကိုယ်ဝန်ဖျက်ချသူ အများစုမှာ ဈေးသက်သာသော အရပ်လက်သည်များထံတွင်သာ ဖျက်ချကြ သောကြောင့် ဆေးရုံရောက်ရခြင်း၊ အသက်သေဆုံးရခြင်းများ ရှိလာသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇ၀တ်မှု တခုအဖြစ် သတ်မှတ်ထားပြီး ကိုယ်ဝန် ဖျက်ချသူနှင့် ဖျက်ချပေးသူများကို ထောင် ဒဏ် ၃ နှစ်နှင့်အထက် သတ်မှတ်ကာ ထောင်ဒဏ် ရော ငွေဒဏ်ပါ နှစ်မျိုးစလုံး အပြစ်ပေးလျက်ရှိကြောင်း သိရှိရသည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,21th,2008

( 16 )ယာဘားဆေးပြား ၁၄၀၀ နှင့် မူးယစ်သမားများကို မောင်တောရဲကဖမ်း

( 15 )နာဂစ်ဆန် ဘင်္ဂလာဒေခ်ျ့သို့ အလုံးအရင်းဖြင့် ၀င်ရောက်

( 14 )ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ရွှေးကောက်ပွဲအတွက် စစ်သား ၅၀၀၀၀ တပ်ဖြန့်ချ

( 13 )Refugees may face trial

( 12 )North Korean refugees may face trial in Myanmar


( 11 )မြင်းခြံကောလိပ်ကျောင်းသား သေဆုံးမှု၌ ငွေ၊ အာဏာတို့ဖြင့် အမှုပေါ့ရန် လုပ်နေ

( 10 )မြန်မာပိုင်နက်၌ ဖမ်းမိသည့် မြောက်ကိုရီးယား နိုင်ငံသားများကို အရေးယူမည်

( 9 )အစိုးရ စစ်တပ်ထဲ၌ လောင်းကစားပွဲခံနေ

( 8 )ရုပ်ရှင်မင်းသားကျော်သူ ပန်းချီဆွဲနေ၏

( 7 )ပြည်ခိုင်ဖြိုးများနှင့် စွမ်းအားရှင်များကို နေပြည်တော်၌ အထူသင်တန်းပေး

( 6 )နိုင်ငံရေးအကျဉ်းသားများကို သင်္ဃကျွန်းမြို့နယ် အဖွဲ့ချုပ်ဝင်များက စတင်ကူညီ

( 5 )ရုပ်ရှင် ထူးချွန်ဆုပေးပွဲနီးပြီ

( 4 )80 players participate in First Inter-Ministry Wushu Championship in Myanmar

( 3 )ထွက်ပြေးလာသည့် မြောက်ကိုရီးယား ၁၉ ယောက် မြန်မာပြည်မှာ အဖမ်းခံရ

( 2 )Ban Ki Moon Visits Burma story

( 1 )ဒေါ်စုကို အမျိုးသမီး ခေါင်းဆောင်များ ကောင်စီ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ရာထား

Saturday, December 20, 2008

၂၀၀၈ အကြမ်း၊ အရမ်း၊ အလွမ်း၊ အသော

ကျော်စွာမိုး

၂၀၀၈ ခုနှစ် အတွင်း မြန်မာ နိုင်ငံ၌ ဖြစ်ပွား ခဲ့သော ဖြစ်ရပ်မှန် ဇာတ်လမ်း များက စိတ်လှုပ် ရှားဖွယ် အလွမ်း အသော အကြမ်း အရမ်း စုံလှသည်။ ထိုဇာတ်လမ်း များကို သဘာဝ ကပ်ဘေးနှင့် စခဲ့ပြီး လူအများ၏ သနားစာနာမှုနှင့် ဒေါသများ အုံကြွခဲ့သော်လည်း နှစ်ကုန်ခါနီးအချိန်၌မူ စိတ်ပျက်အားလျှော့စရာများနှင့် နိဂုံးချုပ်ခဲ့ရသည်။ သို့သော်လည်း ပါဝင်ပတ် သက်ခဲ့ရသူများအဖို့ ၂၀၀၈ ခုနှစ်မှသည် လာမည့်နှစ်များအတွက် သင်ခန်းစာယူစရာများ ရှိနေပါသေးသည်။ သာမန် မြန်မာပြည်သူများမှသည် နိုင်ငံအဆင့် ခေါင်းဆောင်များ၊ နိုင်ငံတကာခေါင်းဆောင်များနှင့် အဖွဲ့အစည်းအသီးသီးအဖို့ သင်ခန်းစာထုတ်ယူစရာ ကိစ္စများလည်း ရှိနေပါသေးသည်။

၂၀၀၈ ခုနှစ်ကို လေးလတာကျော်ရုံသာ ရှိသေးသည် ထိတ်လန့်ဖွယ် ဖြစ်ရပ်ဆိုးကြီးနှင့် ကြုံကြိုက်လိုက်ရတော့သည်။ လှပသော်လည်း စီးပွားရေးအရ ဆုတ်ယုတ်ကျဆင်းနေကာ နိုင်ငံရေးအရ လမ်းပိတ်ဆို့နေသည့် နိုင်ငံကို ထပ်၍ ကံဆိုး မိုးမှောင်ကျစေသည့်နှယ် သဘာဝကပ်ဘေးကြီး ထပ်ဆောင်း ဖြစ်ပေါ်လာခဲ့သည်။ ဘင်္ဂလားပင်လယ်အော်မှ အစပျိုး လာသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းက လူပေါင်း ၁၄၀,၀၀၀ ကို သေကြေစေခဲ့ပြီး လူ ၂ သန်းကျော်ကို အိုးအိမ် မဲ့စေခဲ့သည်။ သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ပျက်စီးဆုံးရှုံးစေခဲ့ပြီး ကမ္ဘာတလွှားက စိုးရိမ်ထိတ်လန့်စွာ စောင့်ကြည့်နေခဲ့ရသည့် အဖွင့်ဖြင့် ဇာတ်ကြမ်းကို အစပျိုးခဲ့ရသည်။

နိုင်ငံတကာ မိသားစုက ချက်ချင်းတုံ့ပြန်၍ ကယ်ဆယ်ရေး အကူအညီများပေးရန် ကမ်းလှမ်းခဲ့သော်လည်း စစ်အစိုးရ၏ သံသယကြီး၊ နှလုံးသားမဲ့ကာ အကြင်နာကင်းပုံကိုတော့ ထည့်တွက်မထားမိခဲ့ကြပါ။ ၎င်းက ပထမပိုင်းတွင် ကူညီ ကယ်ဆယ်ပေးနေသူ အဖွဲ့အစည်းများနှင့် ၀န်ထမ်းများကို နိုင်ငံအတွင်း ၀င်ရောက်လာခြင်း မပြုရန် တားမြစ်ခဲ့ပြီး နောက်ပိုင်းမှ တင်းကျပ်သည့် ကန့်သတ်ချုပ်ချယ်မှုများနှင့် လာ ရောက်ခွင့်ပြုခဲ့သည်။

သူတို့၏ အစိုးရက လျစ်လျူရှုထားသော လေဘေးသင့်ဒုက္ခသည်များ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဖြစ်သလို ကြိုးစား ရုန်းကန်နေကြရသည်ကို ကမ္ဘာကြီးက ဒေါသဖြစ်ရသော်လည်း မည်သို့မျှမစွမ်းသာ လက်မှိုင်ချ၍ ကြည့်နေကြရသည်။
သြစတြေးလျ ၀န်ကြီးချုပ် ကီဗင်ရုဒ်ပင် ကမ္ဘာ့ခေါင်းဆောင်များသို့ တိုက်တွန်းပြောဆိုခဲ့သည်။ ၎င်းက မြန်မာစစ်အစိုးရ ပြုမူနေပုံမှာ အကျည်းတန် တုန်လှုပ်ဖွယ်ကောင်းလှသည် ဟုဆိုခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများက တန်ချိန်ထောင်ချီသော ကယ်ဆယ်ရေးအကူအညီများ သင်္ဘောပေါ်တင်၍ ဒေသအတွင်းသို့ ခရီးနှင်လာကြချိန်တွင် မရေမတွက်နိုင်သည့် အသက်ပေါင်းများစွာ ကယ်ဆယ်နိုင်မည့် အရေးပေါ် ကူညီထောက်ပံ့မှုများ ဝင်မလာစေရန် မြန်မာအစိုးရက တားမြစ်ခဲ့သည်။ ငတ်မွတ်နေကြသည့် လူထုနှင့် နာရီဝက်မျှသာ ကွာဝေးတော့သည့် ရေပြင်တွင်ထိုင်၍ ရဟတ်ယာဉ်များဖြင့် အသင့်စောင့်ဆိုင်းနေကြရဆဲ၌ လူအများ၏ စိတ်မရှည်နိုင်မှု တိုးပွားလာခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနဒ် ကုချနာ ဦးဆောင်သည့် တချို့သော နိုင်ငံရပ်ခြားအစိုးရများက ကုလသမဂ္ဂ၏ (R2P ဟု လူသိများသော) ကာကွယ်စောင့်ရှောက်မှု ပေးရတော့မည့် တာဝန်ဝတ္တရား ကို အသုံးချရန် တောင်းဆိုလာခဲ့ကြသည်။ အစိုးရတခုက ၎င်း၏ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးရန် ဆန္ဒမရှိသည့် အခြေအနေ၌ သို့မဟုတ် ကာကွယ်မှုမပေးနိုင် တော့သည့် အခြေအနေ၌ ပြည်ပက ၀င်ရောက်စွက်ဖက် အကူအညီပေးရန်ဟူသည့် တာဝန် ၀တ္တရားဖြစ်သည်။
ကမ္ဘာကြီးက ချီတုံချတုံဖြစ်နေရသည့် အချိန်တွင် လေဘေးသင့် ဒုက္ခသည်များက ဒုက္ခအထွေထွေကို ခံစားနေကြရပြီး သေ ကြေနေကြရသည်။ နောက်ဆုံး နိုင်ငံရပ်ခြားကယ်ဆယ်ရေး သင်္ဘောများ ပြန်ဆုတ်ခွာသွားရသည့်အခါ စစ်အစိုးရက “အခြေအနေများအားလုံး ပုံမှန် ပြန်ဖြစ်ပြီ” ဟု ကြေညာခဲ့သည်။ နောက်ဆုံး နိုင်ငံတကာ၏ ဖိအားတိုးပေးလာမှုကို ကြုံရမှသာ စစ်အစိုးရက ကယ်ဆယ်ရေးအကူအညီများ သယ်ဆောင်လာသည့် လေယာဉ်များ ဆင်းသက်ခွင့် ပေးခဲ့ သည်။ သို့သော်လည်း တင်းကျပ်သည့် ချုပ်ချယ်ကန့်သတ်မှုများက ရှိနေဆဲပင် ဖြစ်သည်။

မုန်တိုင်းကပ်ဘေးထက် စစ်အစိုးရအတွက် ပို၍ အရေးကြီးနေသည့်ကိစ္စမှာ ၎င်း၏ ရေရှည်ပျိုးထောင်လာသည့် အာဏာမြဲ ရေးစီမံကိန်း ချောချောမွေ့မွေ့ အဆုံးသတ်နိုင်ရန် ဖြစ်သည်။ စစ်အစိုးရ၏ လက်ရွေးစင် ကိုယ်စားလှယ်များဖြင့် ၁၄ နှစ် ကျော် ရေးဆွဲ ပြုစုလာခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ရန် ကြိုးပမ်း နေသည့်အချိန်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသားတို့အဖို့ သိမှီခဲ့သော သမိုင်းတလျှောက် အဆိုးရွားဆုံး သဘာဝ ကပ်ဘေးကြီးကပင် ဖျက်သော်ငြား ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး မပျက်စေရဟု စိတ်ပိုင်းဖြတ်ထားသည့် အချိန်လည်း ဖြစ်သည်။

ကုလသမဂ္ဂက ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို အထူးကော်မတီတရပ်ဖြင့် ပြန်လည်သုံးသပ်မှုပြုရန် တောင်းဆိုခဲ့သည်။ လူ အားလုံးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိနိုင်ရန် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ငြင်းပယ်ခဲ့သည်။ ဆန္ဒခံယူပွဲမှ ထွက်လာသည့်ရလာဒ်ကလည်း အံ့သြဖွယ်မရှိပါ။ မဲဆန္ဒပေးပိုင် ခွင့်ရှိသူများ၏ ၉၀ ရာခိုင်နှုန်းကျော်က ယခုဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံအတည်ပြုပါသည်ဟူသော လုပ်ဇာတ်ကိုထိုး၍ ပြင်ပ ကမ္ဘာကို အတင်း ယုံကြည်စေခဲ့ပြန်သည်။

တချို့ကတော့ “တခုခု ရှိခြင်းသည် မည်သည့်အရာမှ မရှိခြင်းထက်စာလျှင် ကောင်းသည်” ဟု ကိုယ့်ကိုယ်ကို စိတ်ဖြေ နှစ်သိမ့်ခဲ့ကြသည်။ မြန်မာနိုင်ငံအဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမရှိဘဲ နေလာသည်မှာ နှစ် ၂၀ ကျော်ခဲ့ပြီ ဖြစ်ပြီး လွတ် လပ်ရေးရပြီးနောက်ပိုင်း ဒုတိယအကြိမ်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံသည်လည်း ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံ အတွင်း ငြင်းပယ်ခဲ့ကြပြီ ဖြစ်သည်။ ယခုအချိန်သည် ဖွဲ့စည်းပုံအသစ်တခု ရှိရတော့မည့် အချိန်ပင် ဖြစ်သည်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာပြည်သူများက ယခုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စခန်းသွားကြရတော့မည် ဖြစ်သည်။ ယခုဖွဲ့စည်းပုံကို အလွယ်တကူ ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့် ချဲ့ထွင်ရေးသားရန်လည်း လုပ်နိုင်စရာ အကြောင်း မရှိပါ။

ဤဖွဲ့စည်းပုံတွင် ရေးထားသည့် ထင်ရှားသော အချက်များမှာ စစ်တပ်၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို အတိ အလင်း ထည့်သွင်းပြဌာန်းထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အောက်လွှတ် တော်တွင် အမတ်နေရာ ၄၄၀ အနက် ကိုယ်စားလှယ် ၁၁၀ ကို စစ်တပ်ကိုယ်စားလှယ်များနှင့် ခန့်အပ်နိုင်ခွင့် ရှိမည် ဖြစ်သည်။ ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်က ဒု-သမ္မတနှစ်ဦးနှင့်အဆင့်တူ နိုင်ငံရေးအဆင့်နေရာကိုလည်း ယူထားလိမ့် မည် ဖြစ်သည်။ “နိုင်ငံတော်အရေးပေါ်အခြေအနေ” ကိုလည်း စစ်တပ်က အချိန်မရွေး ကြေညာခွင့်ရှိပြီး ဤအချိန်တွင် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများ အားလုံးကို ထိန်းသိမ်းချုပ်ကိုင် ထားလိမ့်ဦးမည် ဖြစ်သည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ အခန်းကဏ္ဍမပေးခဲ့သည့်ပြင် ၀ါရင့်နိုင်ငံရေး ခေါင်းဆောင်များ နှင့် တက်ကြွလှုပ်ရှားသူများကိုလည်း ပူးပေါင်းပါဝင်နိုင်ရေးအတွက် အကြီးအကျယ် ကန့်သတ်ထားခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဖယ်ကျဉ်ထားသည့် အခြေအနေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ်တခုအရ သိရှိနိုင်သည်။ နိုင်ငံတော်သမ္မတသည် “သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်။ ... မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တပါးပါးသော် လည်း ကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တဦးဦးသော်လည်းကောင်း၊ ထို တရားဝင်သားသမီး တဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားခွင့်ရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ” ဟု ပြဌာန်း ထားသည်။

ဗြိတိသျှ ပညာရှင်တဦး၏ ဇနီးဖြစ်သူ၊ မြန်မာနိုင်ငံသား မဟုတ်သည့် သားငယ် ၂ ဦး၏ မိခင်ဖြစ်သူ ဒေါ်အောင် ဆန်းစုကြည် အနေနှင့် ဤပြဌာန်းချက်အရဆိုလျှင် နိုင်ငံကိုခေါင်းဆောင်မည့်နေရာမှ အလိုလို ဖယ်ရှားပြီး ဖြစ်နေသည်။ အလားတူ နိုင်ငံပြင်ပ၌ ၁၉၈၈ ခုနှစ်မှ စတင်၍ ထွက်ပြေးနေထိုင်ကြရသည့် နိုင်ငံရေး အတိုက်အခံများ အတွက်လည်း တားဆီးပြီး ဖြစ်နေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲမရအောင် တင်းကျပ်ထားသည်ကို အခန်း ၁၂ တွင် ပြဌာန်းထားကြောင်း တွေ့ရှိနိုင်သည်။ ဤအခန်းအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တရပ်ရပ်ကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံရမည်ဟုလည်း ဆိုထားပြန်သည်။ စစ်တပ်က ခန့်ထားသည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် လွှတ်တော်တွင် ဤဖွဲ့စည်းပုံက သူတို့အတွက် အကောင်းဆုံး ကျောက်သား ထွင်းထုထားသည့် ဖွဲ့စည်းပုံသဖွယ် ရှိနေစေသည်။

ဤအခြေအနေတွင် ၁၉၈၈ ကဖြစ်ခဲ့သော လူထုအုံကြွမှု အရေးတော်ပုံမျိုး ပြန်လည်ပေါ်ပေါက်မှသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ရန် အကြောင်းရှိပါတော့သည်။ သို့သော်လည်း နိုင်ငံကို တင်းကျပ်စွာချုပ်ကိုင်ထားသည့် စစ်အစိုးရက အတိုက်အခံဟူသမျှ သုတ်သင်ရှင်းလင်းလိမ့်မည် ဖြစ်ပြီး ဤသို့ အုံကြွမှုမျိုး ပေါ်ပေါက်ရန် အခွင့်အလမ်းမှာ လည်း ဝေးလှပါသည်။

သို့သော်လည်း စစ်အစိုးရ အုပ်ချုပ်နေမှုအပေါ် လူအများ မကျေနပ်မှုက ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည်က မျှော်လင့်မထားဘဲ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂန်ဘာရီကို တွေ့ဆုံရန် သြဂုတ်လက သူ၏ နောက်ဆုံးခရီးစဉ်တွင် ငြင်းပယ်လိုက်ခြင်းသည်လည်း ဤသို့စိတ်ပျက်လာကြခြင်း အကြောင်းတခု ဖြစ်သည်။

မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည့် မစ္စတာဂန်ဘာရီ၏ မအောင်မြင်သည့် ခရီးစဉ်ကို အခြေခံပြီး ကုလသမဂ္ဂ ကိုယ်နှိုက်ကပင်လျှင် မိမိကိုယ်ကို ပြန်လည်သုံးသပ်မှုများ လေးလေးနက်နက် ပြုသင့်နေပြီ ဖြစ်သည်။ အနည်းဆုံး ကုလ၏ သံတမန်ကို စစ်အစိုးရက အမြတ်ထုတ်အသုံးမချနိုင်စေရန်နှင့် တိကျသေချာသည့် ရလဒ်တခုခု မရနိုင်ဘဲ မြန်မာစစ် ဗိုလ်ချုပ်များနှင့် ဆွေးနွေးညှိနှိုင်း၍ ကတိပေးစကား မကျွံမိစေရန် ဖြစ်သည်။

အကယ်၍ အဓိကကျသည့် ပါဝင်ပတ်သက်နေသူများက သူတို့၏ အခန်းကဏ္ဍ ကျရာအတိုင်း ထိရောက်ထက်မြက်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းနိုင်သည့် စွမ်းအားမရှိလျှင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ သည်လည်း မည်သည့်နေရာတွင်မှ ရှိတော့မည် မဟုတ်ပါချေ။ ဆိုလိုသည်မှာ မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများ၊ ဒေသဆိုင်ရာအတွင်း အင်အားကြီးသူများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် ပို၍ကျယ်သည့် နိုင်ငံတကာနယ်ပယ်၌ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) စသည့် အရေးပါသော အင်အားစုများကို ကျရာကဏ္ဍအလိုက် တိတိကျကျ တာဝန်ယူစေရန် လိုအပ်ပါလိမ့်မည်။ ဤသို့ ဖြစ်စေဖို့ ဆိုသည်ကလည်း လွယ်ကူသည့်ကိစ္စ မဟုတ်ပါ။ သို့သော်လည်း မဖြစ်နိုင်သည့်ကိစ္စ မရှိဟု ဆိုရမည် ဖြစ်သည်။

ကမ္ဘာ့နိုင်ငံရေးအခြေအနေက မြန်မာ့ပြဿနာအပေါ် ကြီးမားသည့် သက်ရောက်မှု ရှိစေခဲ့ပြီ ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ပထမဦးဆုံး သဘာပတိ၏ ထုတ်ပြန်ကြေညာချက်ပြုခဲ့ပြီး မြန်မာစစ်အစိုးရကို အတိုက်အခံအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိအားပေးခဲ့သည်။

ယခုနှစ်မေလတွင် ကုလ လုံခြုံရေးကောင်စီ သဘာပတိက နောက်ထပ် ထုတ်ပြန်ကြေညာချက်တခု ပြုခဲ့ပြန်သည်။ ဤ တကြိမ်တွင်တော့ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ကန့်ကွက်မှုကြောင့် တချို့ပြင်းထန်သည့် စကားလုံးများကို လေသံ လျှော့ချခဲ့ရသည်။ ဤဆုံးဖြတ်ချက်ကို တင်သွင်းသူ အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့က သူတို့ မူလတင်သွင်းသည့် စာသားကို လေသံလျှော့ချ ပေးခဲ့ရရုံသာမက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး တောင်းဆိုချက်ကိုလည်း ဖြုတ်ချန်ထားခဲ့ရသည်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက သဘောတူညီစေရန် အတွက် စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် သိသာ ထင်ရှားသည့် အချိန်နှင့်တပြေးညီ လုပ်ငန်းအဆင့်များ လုပ်ဆောင်ရန် စစ်အစိုးရအပေါ် တောင်းဆိုသည့် စာသား တချို့ကိုလည်း ဤနိုင်ငံကြီးများက ဖြုတ်ချန်ပေးခဲ့ရပြန်သည်။

တရုတ်နှင့် ရုရှားနိုင်ငံတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ စည်းဝိုင်းအတွင်းတွင် မြန်မာစစ်အစိုးရကို ထောက်ခံနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံကို ကမ္ဘာ့မိသားစုထံမှ ခွဲခြားထုတ်၍ အထီးကျန်ထိန်းသိမ်း ထားနိုင်လိမ့်ဦးမည် ဖြစ်သည်။

အောက်တိုဘာလတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး မြောက် ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ပက်အီချွန်းနှင့် ပြုံယမ်းမြို့တွင် တွေ့ဆုံခဲ့သည်။ ၁၉၈၃ ခုနှစ် မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ သံအဆက်အသွယ် ပြတ်ခဲ့ပြီးချိန်မှဆိုလျှင် ယခုကိစ္စက ထူးခြားသည့်အပြောင်းအလဲတရပ်ပင် ဖြစ်သည်။ ၁၉၈၃ ခုနှစ်က မြောက်ကိုရီးယားများက ရန်ကုန် တွင် တောင်ကိုးရီးယား သမ္မတကို မြန်မာနိုင်ငံတွင်း လုပ်ကြံမှုပြုခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံ သံအဆက်အသွယ် ပြတ်တောက်ခဲ့ရခြင်း ဖြစ်သည်။

ကမ္ဘာကြီးက မြန်မာနိုင်ငံကို ချဉ်းကပ်ပုံ ကွဲပြားနေသမျှ ကာလပတ်လုံး စစ်အစိုးရအဖို့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများပြု လုပ်ရန် နိုင်ငံတကာတောင်းဆိုချက်များကို တင်းခံနေနိုင်ပြီး အမေရိကန် အပါအ၀င် အနောက်နိုင်ငံများကို စိန်ခေါ်အန်တု ၍ နေနိုင်ဦးမည် ဖြစ်သည်။ သို့သော်လည်း ပြဿနာမှာ ဤအင်အားကြီးနိုင်ငံများက မြန်မာပြည်အရေးကို မည်မျှထဲထဲဝင် ၀င် ပတ်သက်ဆောင်ရွက်ပါ့မည်နည်း ဟူသော မေးခွန်းလည်း ရှိနေပြန်သေးသည်။

သက်တမ်းကုန်ဆုံးတော့မည့် အမေရိကန်ပြည်ထောင်စု သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ်က နိုဝင်ဘာလအတွင်း မိုက်ကယ် ဂျေ ဂရင်း ဆိုသူကို သံတမန်ရာထူးအဆင့် ခန့်အပ်ကာ အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် နှင့် မူဝါဒရေးရာများ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့သည်။ စစ်အစိုးရက ၁၉၈၈ လူထု အုံကြွမှု အရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲနှိမ်နင်းခဲ့ချိန်မှစ၍ အမေရိကန် အစိုးရက မြန်မာနိုင်ငံနှင့် သံတမန်ဆက် ဆံရေးအဆင့်ကို လျှော့ချထားခဲ့ပြီး သံရုံးယာယီတာဝန်ခံကိုသာ ထားရှိနေခဲ့ရာမှ ယခုကဲ့သို့ ခန့်အပ်တာဝန်ပေးခဲ့ခြင်းမှာ ထူးခြားမှုတခု ဟုလည်း ဆိုနိုင်ပါသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာပြည် ဒီမိုကရေစီရေးအတွက် အခိုင်မာဆုံး ထောက်ခံအားပေးသူ၊ စစ်အစိုးရကို အပြင်းထန်ဆုံး ဝေဖန်ပြောဆိုနေသူဟု ဆိုသော်လည်း ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ အမေရိကန်အစိုးရက မြန်မာ စစ်ခေါင်းဆောင်များအပေါ် ပြင်းပြင်းထန်ထန် အရေးယူမှုများ တိုး၍ မဆောင်ရွက်နိုင်သည်ကိုလည်း မြန်မာပြည်သူများက သိရှိ သဘောပေါက်ထားကြပါသည်။ သို့သော်လည်း ရေနစ်သူအတွက် ကောက်ရိုးတမျှင်ကဲ့သို့ပင် အမေရိကန်ပြည်ထောင် စု ဦးဆောင်သည့် နိုင်ငံတကာမိသားစုက မြန်မာနိုင်ငံတွင် တကယ့်လက်တွေ့ အပြောင်းအလဲများ ဖြစ်ပေါ်လာစေမည့် မူဝါဒများ ချမှတ်ကျင့်သုံးလာရန် မျှော်လင့်နေကြဆဲ ဖြစ်သည်။

သူတို့က အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ခံသမ္မတသစ် ဘားရက် အိုဘားမား ကတိက၀တ်ပြုထားသည့် “အပြောင်းအလဲ” ဟူသော စကားလုံးမှာ မြန်မာပြည်သူများအတွက် မည်သို့ အဓိပ္ပာယ်ရှိလိမ့်မည်နည်း ဆိုသည့် မေးခွန်းကို ထုတ်ခဲ့ကြသည်။ နိုင်ငံခြားရေးမူဝါဒတွင် ဖြစ်လာမည့် အပြောင်းအလဲများသည် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ကိစ္စတွင် အခိုင်မာဆုံး ထောက်ခံပေးသည်ဟူသည့် အဆင့်ထက် ပို၍ တိုးတက်လာလိမ့်မည်လော၊ စစ်အစိုးရကို အပြင်းထန်ဆုံး ဝေဖန်ပြစ်တင်နေသူ အဆင့်ထက်ပို၍ တက်လာမည်လော... စသဖြင့် လူအများက သိလိုနေကြသည်။

အမေရိကန် ပြည်ထောင်စု၏ ရပ်တည်ချက်ခိုင်မာမှုအတွက် မြန်မာပြည်သူများက ကျေးဇူးတင်ကြသော်လည်း ၎င်းထက် ပို၍ အနည်းငယ်မျှသာ မျှော်လင့်၍ ရနိုင်တော့မည်ဖြစ်ကြောင်း သိထားကြသည်။ သို့သော်လည်း သူတို့က မျှော်လင့်ချက် မကုန်ခမ်းကြပါ။ ရှေ့မတိုး၊ နောက်မဆုတ်သာ နိုင်ငံရေး အခြေအနေများမှာ တချိန်တွင် ပြေလည် လာလိမ့်မည်ဟု မျှော်လင့်ထားကြဆဲ ဖြစ်သည်။ အမေရိကန် အစိုးရနှင့် အနောက်နိုင်ငံများက ပိုမို ထိတွေ့ဆက်ဆံလာမှုနှင့် အတူ တရုတ်၊ အိန္ဒိယ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ပို၍ ပတ်သက်ဆောင်ရွက်လာပါက အဖြေထွက်လာနိုင်သည်ဟု ယူဆနေကြပါသည်။

မြန်မာနိုင်ငံက အာဆီယံအဖွဲ့၏ ပဋိညာဉ်စာတမ်းကို ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း စစ်အစိုးရက ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ရဟန်းသံဃာများ၊ သတင်းထောက်များ၊ ရှေ့နေများ၊ လေဘေးကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ အပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၅၀ ကျော်ကို ဟန်ပြတရားခုံရုံးများဖြင့် ထောင်သွင်း အကျဉ်းချ ထားပြီး ဖြစ်နေသည့်အပြင် လူအများမယုံကြည်နိုင်စရာဖြစ်သည့် ပြစ်ဒဏ်များကို ချမှတ်ခဲ့သည်။ ၈၈ မျိုးဆက် ကျောင်းသားများ အင်အားစု၏ ခေါင်းဆောင်အများစုကို ထောင်ဒဏ် ၆၅ နှစ်တိုင် ချမှတ်၍ အပြစ်ပေးခဲ့သည်။

အာဆီယံအဖွဲ့၏ နိုင်ငံရေးယဉ်ကျေးမှုနှင့် အဖွဲ့အတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် နိုင်ငံတခု၏ အရေးကို အခြား နိုင်ငံတခုက ၀င်ရောက်မစွက်ဖက်ရေးမူကြောင့် အဖွဲ့ဝင်နိုင်ငံတခုအဖို့ ယုတ်မာရက်စက်မှုများ စိတ်ထင်တိုင်းကြဲစေရန် ခွင့် ပြုထားသလို ဖြစ်နေခဲ့သည်။

အာဆီယံအဖွဲ့က ၀င်ရောက်မစွက်ဖက်ရေးမူနှင့် ရပ်တည်နေသော်လည်း ကွဲပြားခြားနားသော အရှေ့နိုင်ငံများနှင့် အနောက်နိုင်ငံများအကြား၊ စီးပွားဒဏ်ခတ်ပိတ်ဆို့မှုကို တိုက်တွန်းနေသူ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရေး စိတ်ပါနေသူ အစိုးရများ အကြားတို့တွင် တံတာထိုး ပေါင်းကူးပေးရန်တော့ လိုအပ်ပါသည်။ ကွဲပြားမှုများ ရှိနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံ အဖို့ ပိုနေမြဲ ကျားနေမြဲ နေနိုင်ပြီး နိုင်ငံကိုအုပ်ချုပ်နေသူ စစ်အစိုးရမှလွဲ၍ ကျန်သည့်သူများ မည်သူမျှ အကျိုးရှိဖွယ် မတွေ့ပါ။

အမေရိကန် ပြည်ထောင်စု၊ တခြားအနောက်နိုင်ငံများ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအဖို့ တူညီသော ရပ်တည်ချက်တခုအပေါ်တွင် မှီတည်လုပ်ဆောင်ရန် လိုအပ်နေပါသည်။ မဟာဗျူဟာတခု ချမှတ်ဆောင် ရွက်သင့်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်တဦး ခန့်အပ်ခြင်းကဲ့သို့သော လုပ်ရပ်မျိုး အပါအ၀င် တခြားကိစ္စများ ဆောင်ရွက်ရန်သာမက ၎င်းသံအမတ်ကိုလည်း နိုင်ငံတကာမိသားစုမှ အင်အားအပြည့်ဖြင့် အာဏာပေး ရပ်တည်ပေးသင့် ပါသည်။

ဤဗျူဟာ၏ ရည်ရွယ်ချက်မှာ စစ်အစိုးရကို ဖြုတ်ချရန် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း ၎င်းတို့အနေနှင့် အတိုက် အခံနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံတကာမိသားစုများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လာစေ ရေးသာ ဖြစ်ပါသည်။ ဤသို့ အတူတကွကြိုးပမ်းဆောင်ရွက်မှသာ ယခု ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမှ ခလုတ် ပြုတ်၍ ရှေ့ဆက်နိုင်ပါလိမ့်မည်။

မြန်မာအတိုက်အခံအဖွဲ့များက ယခုအခါ အစိုးရဖြုတ်ချ ပြောင်းလဲရေးကို ပြောမနေကြတော့ပါ။ သူတို့က အမျိုးသားပြန် လည် ရင်ကြားစေ့ရေးအတွက် တောင်းဆိုနေကြသည်။ တချိုသော လက်တွေ့ကျကျ ရှုမြင်သူများက အနာဂတ်နိုင်ငံရေး ဖွဲ့စည်းပုံတွင် စစ်တပ်၏ အခန်းကဏ္ဍကိုပင် ထည့်သွင်းအသိအမှတ်ပြုရမည်ဟု ဆိုနေကြပါသည်။ သို့သော်လည်း သူတို့ ဆို နေကြသည်မှာ ယခုဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည့် အခွင့်ထူးများနှင့်တော့ ကွဲလွဲပါလိမ့်မည်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်များအနေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြင်ပကမ္ဘာနှင့် ပူးပေါင်းဆောင်ရွက် မှုပြုရန် ဆန္ဒမရှိကြောင်း သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။ သူတို့နားထောင်လာရေးအတွက်ဆိုလျှင် ဆုပေးမှု၊ ဒဏ်ပေးမှု ပေါင်းစုံသုံးမှ ဖြစ်ပေတော့မည် ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆန္ဒ ရှိရန်၊ မြန်မာပြည်သူများ ခံစားနေကြရသည့် စီးပွားရေး၊ နိုင်ငံရေးဝဋ်ဒုက္ခ များ အဆုံးသတ်ဖို့် အနည်းဆုံးဆန္ဒရှိရန်၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးပြန်လည် လွတ်မြောက်ရန်တော့ လိုအပ် သည်။

စိတ်ကူးယဉ်အိပ်မက်များ အကောင်အထည်ပေါ်လာစေရေး အတွက် ပြည်တွင်းပြည်ပရှိ အင်အားစုများအားလုံး လက်တွဲ ညီညွတ်နိုင်မှုနှင့် နိုင်ငံတကာ အင်အားစုများ ပေါင်းစည်းနိုင်မှုအပေါ်တွင် မူတည်နေပါသည်။ ကမ္ဘာတခုလုံးက ညီညွတ်စွာ မူဝါဒချမှတ် ကျင့်သုံးနိုင်ပါက ဤရည်မှန်းချက်များ အကောင်အထည်ပေါ်လာရန် ရှိပါသည်။ ဤသို့ဖြစ်လာရန် ဆိုသည်မှာ ခက်ခဲလှပါသည်။ သို့သော်လည်း မဖြစ်နိုင်ဆိုသည် မရှိပါ။

မြန်မာနိုင်ငံ၏ ဇာတ်လမ်းက မည်သည့်နည်းနှင့်မျှ အဆုံးသတ်နိုင်ဖွယ် မရှိသေးပါ။ ထို့အတူ ၀မ်းနည်းဖွယ် အဆုံးသတ် မည်လား၊ ပျော်ရွှင်ဖွယ် ဇာတ်ပေါင်းခန်းဖြစ်မည်လား ဆိုသည်ကိုလည်း မည်သူကမျှ သေချာမပြောနိုင်ကြပါ။

ကျော်စွာမိုးရေးသားသည့် The Drama of 2008 ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

စစ်အစိုးရရဲ့ရန်သူ နည်းပညာ

မမခင်

ဒီကနေ့တော့ မမခင်တယောက် အိမ်ရှင်မပီပီ အိမ်နားက ဈေးကလေးကို ဈေးဝယ်ထွက်ခဲ့ပါတယ်။ ဈေးထဲရောက်တော့ မမခင်ကို မြင်တာနဲ့ မမခင်ဝယ်နေကျ ဈေးသည်တွေက မေးတော့တာပဲ။ အသားသည်က မေး၊ ငါးသည်က မေး၊ ဟင်းသီးဟင်းရွက်သည်က မေးနဲ့။ သူတို့မေးတဲ့ မေးခွန်းက ကိုဇာဂနာတယောက် ထောင် ဘယ်လောက်ချခံလိုက်ရသလဲတဲ့။

မေးကြမှာပေါ့ရှင်၊ ကိုဇာဂနာဆိုတာ ပြည်သူချစ်တဲ့ လူရွှင်တော်ကြီး မဟုတ်ပါလား။ မမခင်က ထောင်ဒဏ်တွေ အများကြီးပဲ၊ အခု (၅၉) နှစ်ဆိုလား ချထားတာတောင် အမှုက မကုန်သေးဘူးတဲ့လို့ပဲ ဖြေလိုက်ပါတယ်။ အဲတော့ သူတို့က ကိုဇာဂနာက ဘာတွေလုပ်လို့ ဒီလောက်များတဲ့ ထောင်ဒဏ်တွေ ကျရတာလဲတဲ့။ မမခင် ဘယ်လိုဖြေရမလဲ။

တကြောင်းက နာဂစ်ဖြစ်တုန်းက လူတွေ ဒုက္ခရောက်နေတာကို ကူညီလို့၊ နောက်တကြောင်းက ဟိုလေ ကွန်ပြူတာနဲ့ စာပို့လို့ရ၊ ဖုန်းဆက်လို့ရတဲ့ အင်တာနက်သုံးလို့တဲ့ရှင်လို့ ပြန်ဖြေရတာပေါ့။ အများနားလည် အောင်လို့ပါ။

အဲတော့ ဝက်သားသည် အဒေါ်ကြီးက ပြောပါတယ်၊ ကွန်ပြူတာနဲ့ စာပို့စာယူ ဖုန်းဆက်တာတော့ အဒေါ်လဲ လုပ်ချင်တယ်။ မလေးရှားကိုရောက်နေတဲ့ သားကြီးဆီကိုတဲ့။ အဲဒီစကားကိုကြားတော့ အနားက အရာရှိပုံနဲ့ ဈေးဝယ်နေတဲ့ အမျိုးသားတယောက်က မလုပ်နဲ့ မလုပ်နဲ့အဒေါ်၊ အီလက်ထရောနစ် ပုဒ်မဗျ။ ပုဒ်မက ထောင်ဒဏ်ကြီးလေးတယ်တဲ့။

ဒီလိုရှင့် ဒီလို ...၊ ကိုဇာဂနာကို ချမှတ်လိုက်တဲ့ အီလက်ထရောနစ် ပုဒ်မတွေအကြောင်း ဆွေးနွေးနေကြတာ။

တကယ်တော့ ဒီဥပဒေဟာ နည်းပညာကိုရန်ရှာတဲ့ ဥပဒေရှင့်။ ဒီဥပဒေက အခုလို နည်းပညာတွေ ပိုမိုတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ နအဖစစ်အစိုးရအဖို့ ပြည်သူကို ရန်ရှာစရာ လမ်းပေါက်ကြီးတခုပေါ့။ ဒီဥပဒေပုဒ်မနဲ့ ကိုဇာဂနာကိုသာမက ကိုနေဘုန်းလတ်တို့လို ဘလောဒ့်ဂါတွေကိုလည်း ထောင်ချခဲ့တာပဲ။ အကြောင်းမရှိအကြောင်းရှာ အင်နာနက်ဟာ သူတို့ရန်သူ ဖြစ်နေပြီလေ။

အင်တာနက်ပေါ်လာတော့ နားမျက်စိပိတ်နေတဲ့ ပြည်သူတွေ နားမျက်စိတွေ ပွင့်လာတယ်။ စစ်အစိုးရက မဖတ်စေချင်တဲ့ စာတွေ ဖတ်ရတယ်။ ဖုံးကွယ်ထားတဲ့ သတင်းအချက်အလက်တွေကို သိရတယ်။ ကမ္ဘာတဝှမ်းလုံးက ဘယ်သူနဲ့ပဲ ဆက်သွယ်ချင် ဆက်သွယ်ချင် လွယ်လင့်တကူ ဆက်သွယ်လို့ရတယ်လေ။ ဝန်ဆောင်မှုစရိတ်က နည်းနည်းလေးနဲ့ ရေးချင်တာရေးရ ပြောချင်တာပြောရဆိုတော့ လူတွေကြားမှာ အင်တာနက်သုံးစွဲမှု ပြန့်ပွားလာတာ အဆန်းလားရှင်။

လူပဲရှင် .... ပိုပြီးတော့ ကောင်းတာ လွယ်ကူတာကို နှစ်သက်တာ သဘာဝလေ။

မမခင်တို့နိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖစစ်အစိုးရကတော့ ဒါတွေကို သိပ်ကြောက်တယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာကို သိပ်ကြောက်တယ်။ လူတွေ နည်းပညာသစ်တွေနဲ့ ရင်းနှီးပြီး သူတို့ထားရာကို မနေ၊ စေရာကိုမသွားဖြစ်မှာကို သိပ်ကြောက်တယ်လေ။ ဒါကြောင့် ကိုဇာဂနာတို့လို ကိုနေဘုန်းလတ်တို့လို လူတွေကို နမူနာပြ ထောင်ချနေတာပေါ့။

နောက်ဆိုရင် အင်တာနက် သုံးစွဲတာမဟုတ်ဘူး၊ ကွန်ပြူတာကီးဘုတ်ကိုင်ရင် ထောင် (၁၀) နှစ်၊ အင်တာနက်ဆိုင်နားက ဖြတ်သွားတဲ့ လေကို ရှူမိရင် ထောင် (၅) နှစ်၊ မီး ခဏခဏပျက်နေတဲ့ မြန်မာပြည်မှာ အင်တာနက်ဆိုင်မှာ မီးလာပြီလားလို့ သွားမေးမိရင် ထောင် (၅) နှစ်တွေ ဘာတွေများ ဂမူးရှူးထိုး အရူးဟိုဟာပန်းများ လျှောက်လုပ်နေဦးမလားမသိပါဘူးရှင်။

စဉ်းစားကြည့်တော့။ နအဖစစ်ဗိုလ်ချုပ်ကြီးတွေရဲ့အဖြစ်က မမခင်တို့ အိမ်မှာမွေးထားတဲ့ ခွေးကလေး အောင်နက်ရဲ့ အဖြစ်နဲ့ တူလွန်းလို့ပါ။ အောင်နက် ဘာဖြစ်လဲသိလား။ တနေ့တော့ မမခင်တို့အိမ် ဖိနပ်ချွတ်မှာ အောင်နက်က ထိုင်နေတာရှင့်။ သူထိုင်နေတုန်း လေတိုးလို့ သူ့ဘေးနားက မမခင်စိုက်ထားတဲ့ ပန်းအိုးထဲက နှင်းဆီပန်းတွေက လှုပ်ပါလေရော။ အဲဒါကို အောင်နက်က သူ့ကိုရန်လုပ်တယ်ထင်ပြီး ထဟောင်တာရှင့်။ လေက တိုး၊ ပန်းက လှုပ်၊ အောင်နက်ကလဲ တဝုတ်ဝုတ်ပေါ့ရှင်..။ မောနေအောင် ဟောင်တော့တာပဲ။

ပန်းက ဘာမှမလုပ်ဘဲ လေတိုးလို့ ထဟောင်တဲ့ အောင်နက်လိုပဲ နအဖစစ်ဗိုလ်ချုပ်တွေလဲ အကြောင်းမရှိအကြောင်းရှာ လူတကာကို ရန်လုပ်နေတော့တာပါပဲ။ ရီတော့လည်း ရီစရာပါပဲ။ ဒီကနေ့ မြန်မာပြည် တနံတလျားက နိုင်ငံရေးသမားတွေရှိတဲ့ အကျဉ်းထောင်တွေထဲကို လှည့်ပတ်ဟောင်၊ အဲလေ ယောင်လို့။ လှည့်ပတ်ရန်ထောင်ခံနေရတဲ့ အဖြစ်ပါ။

တကယ်တော့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေဟာ အရင်းကို မစစ်လို့ပါရှင်။ အရင်းစစ်ရင် အမြစ်မြေကတဲ့။ အင်တာနက်သုံးစွဲသူ ကိုဇာဂနာတို့ ကိုနေဘုန်းလတ်တို့က ပညာတတ်တွေဆိုတော့ တိုးတက်လာတဲ့ နည်းပညာကို အသုံးချတတ်လို့ အသုံးချရုံပါပဲ။ အမြစ်ကတော့ တိုးတက်အောင်လုပ်နေကြတဲ့ အနောက်နိုင်ငံကြီးတွေက မိုက်ခရိုဆော့ဖ်တို့၊ ရာဟူးလ်တို့၊ ဂူဂဲလ်တို့လို ကုမ္ပဏီကြီးတွေပေါ့။

ကုမ္ပဏီကြီးတွေက နည်းပညာကို ကောင်းသထက်ကောင်းအောင်၊ မြန်သထက်မြန်အောင်၊ သွက်သထက်သွက်အောင် လုပ်ခဲ့ကြလို့ ကမ္ဘာတဝှမ်းလုံးက လူတွေအားလုံး အင်တာနက်ရေစီးကြောင်းထဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ မျောပါခဲ့ကြတာ မဟုတ်ပါလား။ နအဖစစ်အစိုးရဟာ အရင်းကိုပဲ အရေးယူတယ်။ အမှန်တော့ အမြစ်ကိုရှင်းရမှာရှင့်။ အမြစ်ကို ရှင်းရမှာ။

မမခင်ကတော့ စစ်ဗိုလ်ချုပ်ကြီးတွေကို ပြောချင်တယ်။ သုံးစွဲသူတွေကို မဖမ်းပါနဲ့၊ အင်တာနက်ကို သုံးစွဲနိုင်အောင် အားထုတ်ခဲ့ကြတဲ့ ကုမ္ပဏီကြီးတွေကိုသာ ဖမ်းပါလို့လေ။

အဲလိုများဆို ဘယ်လောက်ကြည့်ကောင်းလိုက်မလဲရှင်...။ ကမ္ဘာတဝှမ်းက ကုမ္ပဏီကြီးတွေကို စစ်တပ်တို့ ရဲတို့ ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့ကို သုံးပြီးတော့ ဖမ်း၊ လက်ပြန်ကြိုးတွေနဲ့ တုတ်၊ ခြေထောက်တွေကို သံခြေကျင်းတွေနဲ့ ခတ်ပြီး ကိုဇာဂနာတို့ကို ခွေးတိုက်ထဲပို့သလို ပို့ပေါ့ရှင်။ ဒီလိုဆိုရင် တကမ္ဘာလုံးက လူတွေ မျက်လုံးမျက်ဆံတွေ ပြူးသွားလိမ့်မယ်။ နအဖစစ်အစိုးရဟာ နည်းပညာတိုးတက်မှုကို ဘယ်လို တားဆီးဆန့်ကျင် ကြောက်လန့်နေတယ်ဆိုတာ သိသွားကြလိမ့်မယ်။

ပြောမဲ့သာ ပြောတာပါ။ ကမ္ဘာကြီးရဲ့ နည်းပညာပြောင်းလဲတိုးတက်မှုကို ဘယ်သူကများ ဟန့်တားနိုင်မှာလဲ။ တားဆီးလို့ ရကောင်းတဲ့အရာမှ မဟုတ်တာ။ နောက်ဆိုရင် လက်ပ်တာ့လေးတလုံးရှိတာနဲ့ ကြိုးမဲ့ အင်တာနက်စနစ်တွေနဲ့ မြို့ပြတွေသာမက ကျေးလက်တွေအထိ သတင်းမှန်သမျှ ဖုံးမရ ဖိမရသလို ဆက်သွယ်ရေးစနစ်ဟာ ကြောက်စရာကောင်းလောက်အောင် ခြေဆန့်တော့မှာမို့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေ အခက်တွေ့လာတော့မှာပါ။ ပြည်သူတွေကို ဖမ်းချင်သလိုဖမ်းမရ၊ သတ်ချင်သလိုသတ်မရ၊ နယ်စပ်ဒေသတွေမှာ မုဒိမ်းမှုလို အမှုမျိုးတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့မရ၊ လုပ်ရင်လဲ လုပ်တာနဲ့ပေါ်၊ ဖုံးမရဖိမရ တကမ္ဘာလုံးက ချက်ချင်းသိကြမှာ။

မမခင်တို့ကတော့ နည်းပညာသစ်တွေ တိုးတက်လေလေ ဝမ်းမြောက်လေပါပဲ။ နည်းပညာသစ်တွေက နအဖဗိုလ်ချုပ်ကြီးတွေရဲ့ ဟိုဘက်နှားခေါင်းနဲ့ ဒီဘက်နှာခေါင်းကို ပိတ်ဆို့ထားလိုက်ရင် ကိုယ်တော်တွေ ဘာခံနိုင်ရိုးလဲ။ တခါတည်း အသက်ရှူကြပ်ပြီး သေသွားမယ်။ အဲဒီအခါ သူတို့ရဲ့ လက်ချောင်းတွေ သေနတ်မောင်းဆွဲဖို့ အချိန်မရဖြစ်သွားမှာ အသေအချာပါပဲရှင်...။


ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် မေတ္တာစာ

အေးချမ်းမြေ့

အံ့သြစရာ ကောင်းလောက်အောင် မိသားစုကို လူထုရှေ့ မကြာခဏ ချပြရှေ့တန်း အတင်ဆုံးသော မြန်မာ့ စစ်ခေါင်းဆောင်ကြီး အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မှတ်တမ်း တင်ရမည် ဖြစ်သည်။

မကြာသေးမီက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်တွင် ပြုလုပ်သွားသော (၅၁) ကြိမ်မြောက် ဗိုလ်လောင်း သင်တန်းဆင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဇနီး ဒေါ်ကြိုင်ကြိုင်၊ သမီး ၂ ယောက်၊ ၎င်း၏ အချစ်ဆုံးမြေး နေရွှေသွေးအောင်နှင့် မြေး မိန်းကလေး တဦးတို့ကို ရှေ့တန်း၌ ဆွဲထုတ် ပြသထားကြောင်း တွေ့ရသည်။

မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ ပါ ပုံများအရ ဗိုလ်ချုပ်မှူးကြီး၏ မိသားစုက ရှေ့ဆုံးတန်းတွင် တခြားသော ဗိုလ်ချုပ်ကြီးများ၏ ထိုင်ခုံများနှင့် ကွဲပြားသော ထိုင်ခုံကြီးများပေါ် အခန့်သား ထိုင်နေသည်ကို တွေ့ရမည် ဖြစ်သည်။

၎င်းမိသားစု ထိုင်နေသောပုံမှာ ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်း တပ်ရင်းကို စစ်ဆေးနေစဉ် (သို့မဟုတ်) မိန့်ခွန်း ပြောကြားနေစဉ် ရိုက်ထားသော ပုံဖြစ်ပြီး အလယ်ခုံရှည်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာ၏ တဘက် တချက်၌ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မြေးဖြစ်သူ နေရွှေသွေးအောင်တို့ အသီးသီး ထိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်းတပ်ရင်း၏ အလေးပြုမှု ခံယူနေပုံပြီးလျှင် ၎င်း မိသားစု ဓာတ်ပုံက အပေါ်ဆုံးတွင်ဖြစ်သည်။ အောက်တွင်မှ စစ်အစိုးရ၏ တတိယခေါင်းဆောင် နေရာတွင် ရှိသော ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတွင်းရေးမှူး ၁ သီဟသူရ တင်အောင်မြင့်ဦးတို့၏ ပုံများကို တွေ့ရသည်။

ဒုတိယခေါင်းဆောင် တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီ မောင်အေးကမူ ၎င်းအခမ်းအနားသို့ တက်ရောက် ခြင်းမရှိကြောင်း သတင်းစာက ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့် ၎င်း၏ မိသားစုကို လူထုရှေ့သို့ ထုတ်ပြခြင်းမှာ ယခုတကြိမ်က ပထမဆုံး မဟုတ်ဘဲ ယခင်နှစ်များကလည်း ဗိုလ်သင်တန်းဆင်းပွဲတိုင်းတွင် ၎င်း၏မိသားစုတို့ အုပ်စုလိုက် တက်ရောက် လေ့ရှိပြီး မြေးဖြစ်သူ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်ကို ငယ်စဉ်ကတည်းက သွားလေရာ ခေါ်သွားလေ့ရှိ ကြောင်းတွေ့ရသည်။

စစ်အစိုးရ၏ ပွဲလမ်းသဘင်များတွင် ၎င်း၏ မိသားစုဝင်များကို မြင်တွေ့ရသည်မှာ မဆန်းလှသော်လည်း စစ်တပ်၏ အရေးကြီးလှသော ယခုကဲ့သို့ အခမ်းအနား၌ ဇနီး၊ သမီးများနှင့် မြေးကို စစ်ဗိုလ်ချုပ်များ၏ ရှေ့တွင် နေရာချထားသည်မှာ ပဒေသရာဇ်ခေတ် ဘုရင်များ မင်းခမ်းမင်းနား အပြည့်အစုံနှင့် ပွဲတက်သည်ကို မြင်ရသည်နှင့် တူနေသည်။ ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော ဗိုလ်ချုပ်ကြီးများကို ယခုကဲ့သို့ မမြင်ရဘူးပေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပဒေသရာဇ်စနစ်ကို အားကျသူ၊ ဘုရင်းမင်းတြားကြီးကဲ့သို့ ၎င်း၏ လက်အောက် ငယ်သားများက ဆက်ဆံသည်ကို နှစ်သက်သူအဖြစ် သတင်းကြီးသည်။

မြန်မာစစ်တပ်အရေး လေ့လာသူတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဆက်ခံလိမ့်မည်ဟု ဆိုကြသော်လည်း ယခု စစ်အစိုးရပိုင် သတင်းစာများ၏ ဖော်ပြချက်ကို ကြည့်ကာ “ဟုတ်ပါ့မလား” ဟု မေးခွန်းထုတ်ရမလို ဖြစ်နေပေသည်။

မြန်မာနိုင်ငံတွင် အုပ်စိုးဗိုလ်ကျခဲ့သော စစ်အာဏာရှင် အဆက်ဆက်ကို ကြည့်မည်ဆိုလျှင်ပင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကဲ့သို့ မိသားစုကို ရှေ့တန်းတင်၍ ထုတ်ဖော် ပြသခဲ့သူတို့ မရှိခဲ့ပေ။ သက်ဆိုးအရှည်ဆုံး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းပင်လျှင် ၎င်း၏မိသားစုကို သတင်းစာမျက်နှာထက် ယခုလောက် ဖော်ပြခြင်း မရှိခဲ့။

“ဗိုလ်ချုပ်မှူးကြီးက သန်းရွှေမင်းဆက်ကို ထူထောင်ဖို့ စဉ်းစားနေတာ” ဟု ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး တဦးဖြစ်သူ သခင်ချန်ထွန်းကလည်း ပြောသည်။ သခင်ချန်ထွန်းပြောသည့်အတိုင်းကလည်း ဖြစ်နိုင်စရာ ရှိသည်။

သတင်းဓာတ်ပုံများကို ကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို သူ၏ မြေးဖြစ်သူကပင် ဆက်ခံမည်လားဟု ထင်စရာရှိနေ၏။

စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများကတော့ ဗိုလ်ချုပ်မှူးကြီးမရှိတော့လျှင် စစ်တပ်အတွင်း၌ လှိုက်စား နေသော အတွင်းကြိတ်ပြဿနာများ ပေါ်ထွက်လာကာ ဗိုလ်ချုပ်ကြီးများ အချင်းချင်း အပြိုင်အဆိုင် နေရာလုကြရင်း အကွဲအပြဲများ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

ယနေ့ထုတ် စစ်အစိုးရပိုင်သတင်းစာများထဲတွင်တော့ မင်းတြားကြီးက ပုဂံရွှေမြို့တော်ကြီးကိုလှည့်လည်ကာ ဘုရားများဖူးရင်း အလှူပြုနေသည်ကို ဓာတ်ပုံများ ဝေဝေဆာဆာဖြင့်မြင်တွေ့ရသည်။ ယမန်နှစ်ကလည်း ဗိုလ်လောင်းသင်တန်းဆင်းပွဲအပြီး ယခုခရီးစဉ်အတိုင်းပင် တိုင်းခန်းလှည့်လှည်ခဲ့၏။

မကြာသေးမီကလည်း သတင်းစာများတွင် ဗိုလ်ချုပ်ကြီးမောင်အေး ဂေါက်သီးရိုက်နေပုံကို မျက်နှာဖုံး၌ ပုံကြီးများဖြင့် ဖော်ပြထားသည်ကို တွေ့ရသေးသည်။ ဗိုလ်ချုပ်မှူးကြီးက တိုင်းရေးပြည်ရာ ကိစ္စများ၊ ဘာသာရေး အလှူအတန်းကိစ္စများဖြင့် အလုပ်များနေစဉ် ဒုတိယအဆင့်ရှိသူ ဗိုလ်ချုပ်ကြီးမောင်အေးက အပျော်အပါးကိစ္စများဖြင့် ရှုပ်နေသည်ကို ဖော်ပြချင်သည်လားမသိ။

ထို့ကြောင့် မင်းတြားကြီးအနေနှင့် ၎င်းနတ်ရွာမစံမီ အရိုက်အရာလွှဲပေးရမည့်သူကို မတွေ့သေးခြင်း ဖြစ်နိုင်သည်။ ရာဇဝင်ထဲမှ ဘုရင် မင်းမြတ်များလို သားတော်၊ မြေးတော်များကို လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိသည်လားတော့ မဆိုနိုင်ပေ။ ၎င်းနှင့် အနီးစပ်ဆုံးသူများပင် ၎င်း၏ စိတ်တွင်း မည်သို့ ကြံစည်နေ သည်ကို မသိရှိရဟု ကြားဖူး၏။

မည်သို့ပင် ကြံစည်နေသည်ဖြစ်စေ မြန်မာပြည်၌ ခေတ်အဆက်ဆက် ကြုံကြရဖူးသော အတွေ့အကြုံ၊ အဖြစ် အပျက်များကို ထောက်ရှုစဉ်းစားပါက တဗိုလ်ကျလျှင် ၎င်းတဗိုလ်၏ မိသားစုဝင် အသိုင်းအဝန်းအားလုံး အနိစ္စသဘောဖြင့် ကိစ္စချောမြဲ ဖြစ်သည်။

ရာဇပလ္လင်ပေါ်သို့ ပုခုံးထမ်းတင်၍ ရရိုးထုံးစံမရှိပါချေ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,20th,2008

( 13 )Myanmar receives extra €40m in EU aid

( 12 )Myanmar arrests 19 North Korean defectors

( 11 )စက်မှု( ၁ ) ၀န်ကြီးဌာနပိုင် ဓါတ်ငွေ့စက်ရုံ၌ ပေါက်ကွဲမီးလောင်

( 10 )Myanmar nabs 19 N. Koreans

( 9 )Kazuo Nakamura, soldier who inspired 'The Burmese Harp' novel, dies

( 8 )Early Christmas cheer for kids

( 7 )ရွှေလီမြစ် လျှပ်စစ်စီမံကိန်း လယ်ယာ၊ သဘာဝသစ်တောပျက်ဆီး ဒေသခံများ မီးမရ

( 6 )ဥရောပသမဂ္ဂက စာနာထောက်ထား အကူအညီအဖြစ် ယူရို သန်း ၄ဝ ခွဲ မြန်မာကို ပေးမည်

( 5 )မြန်မာအစိုးရ ရွေးကောက်ပွဲ ဥပဒေကို လွတ်လပ်ရေးနေ့တွင် ကြေငြာဖွယ်ရှိ

( 4 )2010 ရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် အပစ်ရပ်အဖွဲ့များ ဆွေးနွေး

( 3 )ထောင်ပြောင်း နိုင်ငံရေးအကျဉ်းသား ဥပဒေရပိုင်ခွင့် ဆုံးရှုံး

( 2 )ကားတိုက်ခံရသူတွေကို ဆေးရုံပေါ်ကနှင်ချ

( 1 )လူမှုရေးအကူအညီ ဒေါ်လာ ၅၈ သန်း ပံ့ပိုးဖို့ အီးယူဆုံးဖြတ်

Friday, December 19, 2008

ပြဿနာများစွာလာတော့မည်ဟု ဦးဝင်းတင်ပြော

ဇာနည်ဝင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာ များစွာကို ကြုံတွေ့ ရတော့မည်ဟု အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

“(အဖွဲ့ချုပ်ရဲ့) အနေအထားကို ကြည့်မယ်ဆိုရင် အားလုံး သိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ် အနည်းငယ်ဆိုရင် ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မယ်”ဟု ရန်ကုန်မြို့ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဟောပြောပွဲ တခုတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။


အဖွဲ့ချုပ် ကြုံတွေ့ရမည့် ပြဿနာတခုအဖြစ် စစ်အစိုးရ၏ ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ကြရမည့် အရေးကို ဥပမာပေးခဲ့သည်။

စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြီးခဲ့သည့် မေလတွင် အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို လာမည့် ၂ နှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည်။ လွန်ခဲ့သည့် ၁၈ နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အဖွဲ့ချုပ်က အဆိုပါ အခြေခံ ဥပဒေကို ပြန်သုံးသပ်ရန် စစ်အစိုးရကို တိုက်တွန်းထားသည်။ သို့သော်လည်း စစ်အစိုးရက စီစဉ်ထားသည့် အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ဤသို့သော အခြေအနေတွင် မကြာမီက အကျဉ်းထောင်မှ ပြန်လွတ်လာပြီး အဖွဲ့ချုပ်၏ ခေါင်းဆောင် တဦးအဖြစ် ပြန်လည် တာဝန်ပေးခံရသူ ဦးဝင်းတင်က ရင်ဆိုင်ရမည့် အခက်အခဲများစွာ ရှိလာမည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။

ဦးဝင်းတင်၏ သတိပေးချက်နှင့် ပတ်သက်၍ ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက “အခုလည်းပဲ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုပြီး စိန်ခေါ်ခံနေရတယ်” ဟု ဆိုသည်။

“အဖွဲ့ချုပ်က ဒီကနေ့အထိ တောင့်ခံနေနိုင်တာက လူထုက သူ့ကို ထောက်ခံထားလို့၊ လုပ်ပိုင်ခွင့် ပေးထားလို့ဖြစ်တယ်။ လူထုရဲ့အားနဲ့ပဲ လုပ်ချင်တဲ့လုပ်ငန်းတွေ အကုန်လုံးကို လူထုနဲ့အတူ လုပ်ကြရလိမ့်မယ်။ ဥပမာ … ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာမှာ မတင်ဘူးလို့ ဆုံးဖြတ်တယ်ဆိုရင် လူထုနဲ့အတူ ရင်ဆိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲအတွက် အမတ်စာရင်းတွေ တင်ခိုင်းရင် မတင်နိုင်ဘူး၊ ဒီကိစ္စကို လုံးဝ စဉ်းစားမှာ မဟုတ်ဘူးလို့ တောင့်ခံမယ် ဆိုရင် အဲဒါအတွက် လူထုနဲ့အတူ ပြင်ဆင်ရလိမ့်မယ်” ဟု ကိုငွေလင်းက ဧရာဝတီသို့ ပြောပြသည်။

အင်္ဂါနေ့ကပြုလုပ်သည့် ဟောပြောပွဲတွင် ဦးဝင်းတင်က တက်ရောက်လာသည့် လူငယ်များအား ပြဿနာအခက်အခဲများအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ “ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီး အရေးကြီးပါတယ်” ဟု တိုက်တွန်းလိုက်သည်။

ရန်ကုန် လင်းစဒေါင်း ဓာတ်ငွေ့စက်ရုံ မီးလောင်၊ (၂) ဦးဒဏ်ရာရ

NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈


အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းရှိ အောက်စီဂျင်ဓာတ်ငွေ့စက်ရုံ မီးလောင်မှုကြောင့် လူ (၂) ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရသည်။

ယနေ့ နေ့လယ် (၁) နာရီခွဲခန့်၌ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကား အစီးရေ (၁၅) စီးခန့်လာသည်ဟု မျက်မြင် သက်သေများက ပြောသည်။

အဆိုပါစက်ရုံမှ စက်ရုံမှူးမှာ ဦးနေထွန်းဖြစ်ကြောင်း လင်းစဒေါင်းမှ ယင်းစက်ရုံအနီးနေသူတဦးက ပြောသည်။

“စက်ရုံမှူးတို့ဆီကို ဒီနေ့ပဲ မီးသတ်က လူကြီးတွေ လာပြီးတော့ စစ်တာပဲ။ မီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် လာပြီး သတိပေးတာတွေ့တယ်” ဟု အဆိုပါစက်ရုံအနီးနေသူက ပြောသည်။

မီးလောင်ရခြင်းမှာ သံပြားများဖြတ်တောက်ရာတွင် အသုံးပြုရသော ဓာတ်ငွေ့တမျိုးကို အသုံးပြုနေရာမှ ယင်း ဓာတ်ငွေ့ပိုက်ပွင့်ကာ မီးကူးစက်လောင်ခြင်းဖြစ်ပြီး လူ (၂) ဦး ဒဏ်ရာရကြောင်း သိရသည်။

မျက်မြင်သက်သေတဦးကမူ “အခုပဲ ဆေးရုံကြီးကို ပို့တာပါ။ စိုးရိမ်ရလားတော့ မသိသေးဘူး။ ကျနော့်အထင်ကိုပြောရရင်တော့ နည်းနည်းတော့များမယ်ဗျ” ဟု မျက်မြင်သက်သေက ဆိုသည်။

မီးလောင်မှုမှာ မိနစ်ပိုင်းတွင် ငြိမ်းသွားပြီး အဆောက်အအုံများကို ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း၊ သို့သော် အနီးရှိ လုပ်ငန်းသုံးပစ္စည်း အတိုအထွာများကို လောင်ကျွမ်းသွားသည့်အတွက် ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းနှင့်ချီ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်သော ဓာတ်ငွေ့စက်ရုံမှာ ဆေးရုံသုံး အောက်စီဂျင်များ ထုတ်ပေးနေသော စက်ရုံဖြစ်သည်။

စစ်ဗိုလ်များကို ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌရာထူးပေးရန် စီစဉ်

NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈

စစ်တပ်၌ ရာထူးတက်ရန်လမ်းမရှိတော့သည့် စစ်အရာရှိများကို အရပ်ဘက်တွင် ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌအဆင့် ရာထူးများပေးတော့မည်ဖြစ်ပြီး အရာထမ်းမဟုတ်သည့် စစ်ဘက်ဝန်ထမ်းများကိုမူ နေပြည်တော်လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်းခိုင်းမည်ဖြစ်သည်ဟု စစ်အရာရှိတဦးက ပြောသည်။

စစ်တပ်မှ မကြာခင် အရပ်ဘက်ပြောင်းပေးမည့် ဗိုလ်မှူးအဆင့် (၃,၀၀၀) ကျော်ရှိပြီး ၎င်းတို့အား ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌ ရာထူးယူမလား၊ ပင်စင်သွားမလား ရွေးချယ်ခိုင်းထားသည်ဟု စုံစမ်းသိရသည်။ မကြာခင်က စစ်အရာရှိ အတော်များများကို အရပ်ဘက် ၀န်ကြီးဌာနများသို့ ခွဲတမ်းချပေးပြီးနောက်ပိုင်း လက်ရှိ ကြံ့ဖွံ့များနေရာကို စစ်ဗိုလ်များနှင့် အစားထိုးရန် စစ်အစိုးရဘက်က ပြင်ဆင်နေခြင်းဖြစ်သည်။

လက်ရှိ ကြံ့ဖွံ့ ဥက္ကဋ္ဌ ရာထူးယူထားသူများမှာ အဖွဲ့အစည်း ရန်ပုံငွေများ များပြားစွာရှိထားသည့်အတွက် နောက်လာမည့် စစ်ဗိုလ်များနှင့် ပဋိပက္ခဖြစ်စရာ အကြောင်းရှိသည်ဟု နေပြည်တော် အရာရှိအချို့က သုံးသပ်သည်။

နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် ပြောင်းရမည့် တပ်ကြပ်ကြီးကဲ့သို့သော အဆင့်များမှ အသက် (၄၅) နှစ်ကျော်သူများကို ပြောင်းခိုင်းမည်ဖြစ်သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။ အဆိုပါအဆင့်များကို နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် မသွားလိုပါက ပင်စင်ပေးမည်ဟုလည်း ဆက်ပြောသည်။


ကျောင်းသားနဲ့ နိုင်ငံရေး

မောင်စွမ်းရည်

ကျောင်းသားတွေ နိုင်ငံရေး “လုပ်ရ”၊ “မလုပ်ရ” ဆိုတဲ့ ပြဿနာဟာ သံဃာတွေ နိုင်ငံရေး လုပ်ရ၊ မလုပ်ရဆိုတဲ့ ပြဿနာလိုပဲ မြန်မာ့ခေတ်သစ်သမိုင်းတလျှောက် ဆွေးနွေးခဲ့ကြဖူးပါတယ်။ ခုလည်း ဆွေးနွေးဆဲပါပဲ။ ဗမာပြည်မှာ ဒီအကြောင်းအရာကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ထင်ပါရဲ့။ ဆောင်းပါးရှင်တဦးက တင်ပြဖူးတယ်။ ခေါင်းစဉ်ကတော့ “ကျောင်းသား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” လို့ တိုက်ရိုက် တပ်မထားပါဘူး။ ဆောင်းပါးထဲမှာ ထည့်သွင်းဆွေးနွေးထားတာက မျိုးဆက်သစ်တွေ တိုးတက်ရစ်ချင်ရင် ကျောင်းသားဘ၀မှာ နိုင်ငံရေးမလုပ်ဖို့ပါပဲ။ ဒီအချက်တခု ငြိနေပေမယ့် “ကျောင်းသားနိုင်ငံရေး လုပ်သင့်တာပေါ့” လို့ ဘယ်သူမှ ပြန်မရေးကြပါဘူး။ ရေးရင် ဖမ်းမှာကိုး။

“စစ်သား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” ဆိုတာတော့ စဉ်းစားခွင့်ကို ပေးမှာမဟုတ်ဘူး။ “လုပ်သင့်တယ်” ဆိုရင် အောက်ခြေစစ်သားတွေက နိုင်ငံရေးထလုပ်ရင် ဒုက္ခ။ “မလုပ်သင့်ဘူး” ဆိုရင်လည်း သူတို့ စစ်တပ်အကြီးအကဲတွေက လုပ်နေပြန်တော့ ဒုက္ခ။ သူတို့က နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ကယ်တင်နေတာတဲ့။ ဒါလည်း ဟုတ်သလိုပဲ။ သူတို့က နိုင်ငံရေးမလုပ်ဘူး၊ စီးပွားရေးပဲလုပ်တာကိုး။ ကယ်တင်တာကတော့ ဗိုလ်ချုပ်တွေကိုပဲ ကယ်တင်နေတာလေ။ နိုင်ငံရေးမလုပ်ပါ “နိုင်ငံရေးလုပ်စား” ကြတာပါ။

တကယ်တော့ မြန်မာ့ခေတ်သစ်သမိုင်းဟာ ကျောင်းသားသမိုင်းပဲ။ ကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းပဲ။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုက ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်ပဲ။ ဒါဟာ ပထမဆုံး ပညာရေးတိုက်ပွဲ၊ ကျောင်းသားအခွင့်အရေးတိုက်ပွဲဖြစ်တဲ့အပြင် ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့ ပထမဆုံး ဒီမိုကရေစီရေး တိုက်ပွဲလည်း ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ သခင်ဗသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တလောက မဂ္ဂဇင်း အယ်ဒီတာ၊ ဘာသာပြန်ဆရာ လုပ်နေရာက ထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တော့လည်း သခင်လေးမောင်၊ သခင်သိမ်းမောင်၊ သခင်ဗစိန် စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ထဲမှာ ဒို့ဗမာသီချင်းဆိုရင်း စတင်ခဲ့တာပဲမဟုတ်လား။

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ ခေါင်းဆောင် “လူကြီးလူကောင်း” တွေ ဒူးညွှတ်ကုန်ကြတော့ ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲအလံကို ဆက်လက်သယ်ဆောင်ခဲ့ကြရတယ်။ ၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊ မအမာတို့ရဲ့ ဒုတိယကောလိပ်သပိတ်၊ ၁၉၃၈ ခုနှစ် ဗိုလ်အောင်ကျော်တို့ရဲ့ တတိယကောလိပ်သပိတ်တို့ဟာလည်း ကျောင်းသားတွေ အသက်ပေးမြှင့်တင်ခဲ့ကြတဲ့ လွတ်လပ်ရေးတိုက်ပွဲပဲမဟုတ်ပါလား။

ကိုနု၊ ကိုလှဖေ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ စတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်အပြီးမှာ သခင်တွေ ဖြစ်လာကြတယ်။ ဒို့ဗမာအစည်းအရုံးကို သခင်အောင်ဆန်းတို့ ဆက်လက်ဦးဆောင်တယ်။ ၁၉၂၀ ခုနှစ်ကတည်းက “ထီမထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းပေါ်ဖျားမှာ၊ မင်းတို့ဆရာကို စာရင်းတို့ကာသာ ထားလိုက်ပေတော့” လို့ ကြွေးကြော်ပါဝင်လာခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှာ ကျောင်းသားတွေက ဆက်လက်ပြီး ဦးဆောင်မှုကို ခံယူခဲ့ကြတယ်။

ဗမာ့တပ်မတော်သမိုင်းဆိုပြီး ရေးကြရင်လည်း ဗိုလ်နေ၀င်းတို့၊ ဗိုလ်အောင်ကြီးတို့ စစ်အာဏာရှင်သားအဖ မိုင်းဗုံးနဲ့ ဖြိုခွဲခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံက စတင်ရမှာပဲ ဖြစ်ပါတယ်။ ဗိုလ်လက်ျာ (သခင်လှဖေ)၊ ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ (တကသဥက္ကဋ္ဌ ကိုလှမောင်)၊ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်) တို့ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြဖို့ကို သမဂ္ဂအဆောက်အအုံမှာပဲ ဆွေးနွေးစတင်ခဲ့ကြတာဟာ သမိုင်းပါပဲ။ ဒါကြောင့် “တပ်မတော်အစ ကျောင်းသားသမဂ္ဂ” လို့ ဆောင်ပုဒ်လုပ်ပြီး ကျောင်းတွေမှာ သင်ရပါအုံးမယ်။ ဒီဆောင်ပုဒ်မှာ ကန့်ကွက်ငြင်းဆို ပြင်ဆင်စရာ ဘာမှ မရှိပါဘူး။

လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အထူးအရေးကြီးတယ်။ ဒါလည်း ကျောင်းသားတွေက ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ “မှိုင်းရာပြည့်” တို့၊ “ဦးသန့်အရေးအခင်း”တို့၊ “ရှစ်လေးလုံး အရေးတော်ပုံ” တို့ဟာ ကျောင်းသားခေါင်းဆောင်မှုတွေပါပဲ။ ပေါ်ပေါက်ရတဲ့အကြောင်းရင်းက စစ်အစိုးရရဲ့ အာဏာရှင် လုပ်ရပ်တွေကြောင့်ဆိုတာ ငြင်းမရပါဘူး။ ရှစ်လေးလုံးဆိုတာ တနိုင်ငံလုံးက မခံမရပ်နိုင်ဖြစ်နေတဲ့ ငွေစက္ကူကိစ္စ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ လတ်တလောကိစ္စတွေကြောင့် ပေါ်ပေါက်လာခဲ့ရတာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ဖရိုဖရဲဖြစ်ရတာတွေဟာ အရင်းခံပါပဲ။ ဒါတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ရတာကို ဗကပယူဂျီတွေကြောင့်လို့ တရားခံရှာရင် ဗကပပဲ ဂုဏ်တက်မှာပါ။ ဒီနေ့လည်း “မျိုးဆက်သစ်” လူငယ်လေးတွေဟာ ကျောင်းသားလေးတွေပါ။ သူတို့ရဲ့ ဘ၀အသိနဲ့ သူတို့ ထွက်လာခဲ့ကြတာပါ။

အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ ကျောင်းသား နိုင်ငံရေးမလုပ်သင့်ကြောင်း ဆောင်းပါးရှင်ကို ကျောင်သားတယောက်က “လုပ်ရင် ဘာဖြစ်မလဲ” ဆိုတော့ “လုပ်စမ်းကြည့်ပေါ့၊ မင့်ဘ၀အညွန့်ကျိုးမှာပဲ” တဲ့။ ခုခေတ်မှာ ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြလို့ တဦးချင်းအရ ပြောရရင် ထောင်ကျ၊ နှိပ်စက်ခံ၊ အသတ်ခံရတဲ့အထိ နစ်နာကြရပါတယ်။ တရားခံက စစ်အစိုးရပါ။ ဒါကို ကျောင်းသားတွေ “အညွန့်ကျိုးတယ်” ဆိုတော့ ထမေးတဲ့ ကျောင်းသားက ကျနော့်ကို ဒီကိစ္စ ပြန်ပြောတယ်။ ဆောင်းပါးရှင် ကျောင်းဆရာ သူပြောတာ စေတနာနဲ့ပဲ ထားပါတော့ကွာ။ ဒါပေမယ့် “ကိုအောင်ဆန်းတို့လို ကျောင်းသားတွေ နိုင်ငံရေး မလုပ်ခဲ့ရင် ငါတို့မှာ ကျိုးစရာ အညွန့်တောင် ရှိမှာမဟုတ်ဘူး” လို့ ပြောလိုက်ရပါတယ်။

ပီနန်ဆရာတော်ကြီးက “အိမ်” ထဲမှာ နေသူတိုင်းဟာ “အိမ်” မိုးယိုတာ၊ ကြမ်းပေါက်တာတွေအတွက် တာဝန်ရှိသလိုပဲ “နိုင်ငံ” ထဲမှာ နေကြတဲ့ နိုင်ငံသားတိုင်းဟာလည်း “နိုင်ငံ” နင်းကျိုးနင်းကျွံဖြစ်နေတာတွေ အတွက် တာဝန်ရှိကြပါတယ်။ နိုင်ငံတော်အတွင်းမှာ အများပြည်သူတွေနဲ့ အတူနေကြရတဲ့ ငါတို့ ရဟန်းသံဃာတွေမှာလည်း တာဝန်ရှိတာပဲဆိုတဲ့ သဘောထားကို အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ ဒီသဘောနဲ့ ထပ်တူပဲ အမေလူထု ဒေါ်အမာက ကျောင်းသားနဲ့ နိုင်ငံရေးကိစ္စကို အဖြေပေးခဲ့ဖူးပါတယ်။

“အမေကတော့ ကျောင်းသားလည်း နိုင်ငံရေးလုပ်သင့်တယ်လို့ မြင်တာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ကျောင်းသားလည်း တိုင်းသူပြည်သားတယောက်ပဲမဟုတ်လား။ သူတနေ့ လူကြီးဖြစ်လာအုံးမှာပဲ။ အဲဒီတော့ နိုင်ငံရေးမလုပ်ရင် “အ”တယ်။ ပြည်သူလူထုနဲ့အတူရောပြီး တက်ကြွရမှာပဲ၊ လှုပ်ရှားရမှာပဲလို့ မြင်တာပဲကွဲ့။ ကျောင်းသားတွေကို အကုန်လုံး ဟိုရွှေ့ဒီရွှေ့ တခါတည်း ဖရိုဖရဲဖြစ်အောင် အစွမ်းကုန် သူတို့ဘက်က လုပ်တော့တာပဲ။ ကျောင်းသားကို သူတို့က သိပ်ကြောက်နေတာ။ အဲဒါပဲ အမေမြင်တာ” တဲ့။ (လူထုဒေါ်အမာ)

ဒါကြောင့် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ အညွန့်တလူလူထွက်ဖို့ရာမှာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်လို့ ဖြစ်ကို မဖြစ်ပါဘူး။ ဒီသံသရာ ဘယ်တော့ ဆုံးမှာလဲဆိုရင် စစ်တပ်က နိုင်ငံရေးမလုပ်တော့တဲ့အခါ ဆုံးမှာပါပဲ။ ဖိရင်တော့ ကြွမှာပဲ။ ကျောင်းသားရော၊ သံဃာရော၊ သီလရှင်ရော၊ အိမ်ရှင်မတွေရော နိုင်ငံရေးထဲပါအုံးမှာပဲဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ရှောင်လို့မရဘူး။