Wednesday, April 2, 2008

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ ပန်ကြားချက်

မဇ္ဈိမသတင်းဌာန

ဝဝ၈ ခုနှစ် ဧပြီလ (၂) ရက်၊ ၁၃၆၉ ခုနှစ် တပေါင်းလပြည်ကျော် (၁၂)ရက်

၁။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်မည့် နိုင်ငံတော် ဖွဲ့စည်းပုံ မူကြမ်းကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက ရွေးဆွဲခဲ့ရခြင်း လုံးဝ မဟုတ်ပါ။

၂။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယင်းတို့ဘာသာ၊ ယင်းတို့ စိတ်ကြိုက် ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့်သာ တဖက်သတ် ရေးဆွဲထားသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ဖြစ်ပါသည်။

၃။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူထံမှ ဆင်းသက်ရမည် ဟူသော ဒီမိုကရေစီ အခြေခံမူကြီးများနှင့် ညီညွတ်ခြင်း မရှိသဖြင့် တိုင်းရင်းသား လူမျိုးစုများ အပါအဝင် ပြည်သူလူထုတရပ်လုံးက အာသာပြင်းပြစွာ လိုလားတောင်းတနေသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အာမခံချက်များလည်း မပေးနိုင်ပါ။

၎။ နိုင်ငံတော်ကို အုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူထု ထောက်ခံမှု မရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက် ရှိနေသည်။

၅။ သို့ပါသဖြင့် လူထုလူတန်းစား အလွာအသီးသီးမှ တိုင်းရင်းသား ပြည်သူများအားလုံးနှင့် အဖွဲ့အစည်းများက သက်ဆိုင်ရာ မဲရုံများသို့ မပျက်မကွက် သွားရောက်၍ ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ပေးကြရန် ပန်ကြားအပ်ပါသည်။

၂ဝ၊၃၊ဝ၈ နှင့် ၃၁ ၊၃၊ ဝ၈ ရက်နေ့များတွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

No comments:

Post a Comment