Kaladan News
အာဏာပိုင်များက အဖြူရောင်မှတ်ပုံတင်ကဒ်များကို ရိုဟင်ဂျာအသိုင်းအ၀ိုင်းသို့ထုတ်ပေးနေ ပြီး အနီရောင်မှတ်ပုံတင်ကဒ်များကိုတော့ ရခိုင်လူမျိုးများကို ထုတ်ပေးနေသည်။ အဖြူရောင် မှတ်ပုံတင်ကဒ်များကို "ယာယီနေထိုင်ခွင့်" အတွက်ဖြစ်ပြီး အနီရောင်ကဒ်များကို နအဖ ကသတ်မှတ်ထားသော နိုင်ငံသားများအတွက် ထုတ်ပေးခြင်းဖြစ်သည်။ တချိန်တည်းတွင် ပန်းရောင်မှတ်ပုံတင်ကဒ်များကိုလည်း မြန်မာနိုင်ငံတွင် ထုတ်ပေးခဲ့ပြီးဖြစ်သည်။ သို့သော် ရခိုင်ပြည်မြောက်ပိုင်းတွင် ၎င်းကဒ်မျိုး မည်သူတဦးတယောက်မျှ ရရှိခြင်းမရှိသေးပေ။ ပန်းရောင်မှတ်ပုံတင်ကဒ်များကတော့ ပိုပြီးအနေကြာတဲ့ အမြဲတမ်းနေထိုင်သူများအတွက် ဖြစ်ကြောင်း မောင်းတောမှ ကျောင်းဆရာတဦးကပြောခဲ့သည်။
အဖြူရောင်မှတ်ပုံတင်ကဒ်များတွင် ယခင်မှတ်ပုံတင်အဟောင်းများတွင် တွေ့ရှိရသော "ရေစာများ" ရိုက်နှိပ်ထားခြင်းမရှိပါ၊ ၎င်းအဖြူရောင်ကဒ်ဖြင့် တရွာမှတရွာသို့ ခရီးသွားလာခြင်း ခွင့်မပြုပါ၊ သက်ဆိုင်ရာအာဏာပိုင်များက ၎င်းကဒ်အဖြူရောင် ကိုင်ဆောင်သူများနှင့် လက်ထပ်ထိမ်းမြားခြင်းကို ခွင့်မပြုပါ၊ ၎င်းကဒ်များသည် မဲထည့်ရန်အတွက်သားဖြစ်ပြီး ၆ လအထိသာ သက်တမ်းရှိတယ်လို့ အဆိုပါ ကျောင်းဆရာကပြောခဲ့သည်။
'ဘယ်ရိုဟင်ဂျာမဆို ကဒ်အသစ်ကိုင်ဆောင်သူနဲ့လက်ထပ်ခွင့်ရခြင်တယ်ဆိုရင် သူ/သူမ ဟာ လူဝင်မှုကြီးကြပ်ရေးရုံးသို့သွားကာ ထောက်ခံစာယူရမယ်လို့' လက်ထပ်ထိမ်းမြားခွင့်လျှောက် ထားသူ မောင်းတောမှ ကုလားမဲ ကပြောခဲ့သည်။
မကြာသေးခင်က မြို့နယ်မဲဆန္ဒခံယူပွဲကြီးကြပ်ရေးကော်မရှင်က ကျေးရွာဆန္ဒခံယူပွဲ ကြီးကြပ် ရေးကော်မရှင်သို့ မဲဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်း ရရှိအောင်လုပ်ဆောင်ဘို့ ပြောကြားခဲ့သည်။ မဲလက်မှတ်ပေါ်တွင် နံပါတ်စဉ်များရိုက်နှိပ်ထားသည်ဟု ကောလဟလ သတင်းတခု ပျံ့နှံ့နေသည်။ ထို့ကြောင့် အာဏာပိုင်များ ကန့်ကွက်မဲပေးထည့်သူကို သိရှိ နိုင်တယ်ဆိုပြီး ပြည်သူများကြားပြောဆိုနေကြသည်။ အကျိုးဆက်ကတော့ ပြည်သူတွေ ထောက်ခံမဲထည့်ရမလား သို့မဟုတ် ကန့်ကွက်မဲထည့်ရမလား ဆိုတာ ဇဝေဇ၀ါဖြင့် ရွေးချယ်ရ ခက်နေကြကြောင်း အမည်မဖော်လိုသူ မြို့နယ်မဲဆန္ဒခံယူပွဲကြီးကြပ်ရေးကော်မရှင် ဥက္ကဌက ပြောဆိုခဲ့ကြောင်းသိရသည်။
Source
No comments:
Post a Comment