Tuesday, April 22, 2008

နအဖက ဆန္ဒခံယူပွဲကို အတည်ဖြစ်နိုင်ရေး စွန့်စားလုပ်နေကြောင်း မွန်အမျိုးသား ခေါင်းဆောင်ပြော

IMNA
စစ်တပ်အစိုးရရဲ့ အစီအစဉ်ကတော့ ဖွဲ့စည်းပုံ မူကြမ်းကို ဘယ်လိုဖြစ်ဖြစ် အတည်ဖြစ်အောင် လုပ်မှာပဲ။ ပြည်သူများကြားမှာ ထောက်ခံမဲမပေးရေး စည်းရုံးလုံ့ဆော်ဘို့နည်းလမ်းကလွဲလို့ ကျနော်တို့မှာ ပြန်တိုက်စရာ အခြားနည်းလမ်းလည်းမရှိဘူးလေ"လို့ မွန်အမျိုးသားဒီမိုကရက် တစ်တပ်ဦး ဒုဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

'ဘာလုပ်သင့်သလဲဆိုတာ ကျနော်မပြောနိုင်ပါဘူး။ သို့သော် ကျနော်တို့ ဆန္ဒခံယူပွဲ ရလဒ်တွေ ကျေညာတဲ့အထိတော့ စောင့်ကြည့်ရမယ်' လို့ သူကဆက်ပြောသည်။

၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့ ဆန္ဒခံယူပွဲမှာ မဲ ဘယ်လိုထည့်ရမလဲဆိုတာကို စစ်အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားနှင့်တီဗွီသတင်းဌာနက နေ့စဉ်လိုလို ပြသနေပါသည်။

မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားသတင်းဌာနက ထုတ်လွှင့်နေတာက ကြည့်ရတာ လျို့ဝှက် မဲပေးစနစ်နဲ့ မဲထည့် ရမယ့်ပုံတော့မတွေ့ဘူး၊ ပြည်သူတွေကလည်း သူတို့ထည့်ချင်တဲ့ဟာ ထည့်လို့ရမယ့်ပုံမရှိဘူး။ သူတို့က ပြည်သူတွေကို ထောက်ခံမဲ အတင်းထည့်ခိုင်းဘို့ လုပ်နေတယ် လို့ မွန်ပြည်နယ်ရှိ မွန်နိုင်ငံရေးသမားများအုပ်စု တခုက ပြောဆိုခဲ့သည်။

အစိုးရ၀န်ထမ်းများကို ထောက်ခံမဲထည့်ဘို့အတွက် လက်မှတ်ထိုးဘို့နှင့် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်နဲ့ပူးပေါင်းဆောင်ရွက်ဘို့ မြန်မာစစ်အစိုးရက ညွန်ကြားချက် ထုတ်ထားကြောင်း သိရသည်။

မွန်ပြည်နယ်ရှိ စစ်အစိုးရအာဏာပိုင်များကတော့ ဒေသခံပြည်သူများနှင့် ကျေးလက်ပြည်သူ များကို ထောက်ခံမဲထည့်ဘို့ အလားတူ ညွန်ကြားချက်များထုတ်ထားကြောင်း သိရသည်။ တကယ်လို့ မဲလာမပေးရင်၊ ကန့်ကွက်မဲပေးရင် အရေးယူခံရမှာဖြစ်ကြောင်း အမိန့်ထုတ်ထား ကြောင်းသိရသည်။

သို့သော်လည်း မွန်ပြည်နယ်ရှိ တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံအုပ်စုများကတော့ လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိသည်။ အဆိုပါလက်ကမ်းစာစောင်များတွင် ထောက်ခံမဲ မပေးရေးနှင့် ဘာကြောင့် ထောက်ခံမဲမပေးရကြောင်း ရှင်းလင်းချက်များပါဝင်သည်။

ထောက်ခံမဲထည့်ခြင်းဟာ စစ်အစိုးရက ပြည်သူလူထုထောက်ခံမှုဖြင့် တိုင်းပြည်ကို အုပ်ချုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ကြောင်း အချို့လက်ကမ်းစာစောင်များတွင်ဖော်ပြ ထားသည်။

Source

No comments:

Post a Comment