Narinjara News
မောင်သစ်အောင်၊ မောင်ကျော်နိုင် (နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်တာဝန်ရှိသူများက ဘင်္ဂလာသို့ ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၅၃ ဦးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ မြန်မာနိုင်ငံသို့ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ပြန်လည် ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလာအာဏာပိုင်များက ထုတ်ဖေါ်ပြောဆိုသည်။
အဆိုပါ အပို့ခံရသော မြန်မာနိုင်ငံသား ၅၃ ဦးမှာ စုစုပေါင်း မိသားစု ၁၀ စုဖြစ်ကြောင်းနှင့် ၎င်းတို့မှာ မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တရားမ၀င်သော ခိုးလမ်းများမှ တဆင့် ထွက်ပြေး တိမ်းရှောင်လာကြသူများ ဖြစ်ကြောင်း ဘင်္ဂလာအာဏာပိုင်များက အတည်ပြုပြောဆိုသည်။
မိသားစု ၁၀ စု အတွင်း ယောင်္ကျား ၇ ယောက်၊ အမျိုးသမီး ၁၆ ယောက်နှင့် အရွယ်မရောက်သေးသော ကလေး အယောက် ၃၀ ပါဝင်ကြောင်း သူက ပြောသည်။
အရေးယူဘဲ ပြန်လည် အပို့ခံရသော မြန်မာနိုင်ငံသားများမှာ မူဆလင်ဘသာဝင်မျာ့း ဖြစ်ကြပြီး မောင်တောမြို့နယ်မှ ဖြစ်ကြောင်း သိရှိရသည်။
အခုအခါ မောင်တောနှင့် ဘူးသီးတောင်မြို့နယ် အပါအ၀င် ရခိုင်ပြည်နယ်တွင် ဆန်ဈေးနုန်း ကြီးမြှင့် ခြင်းတို့ကြောင့် နေရာတိုင်း အရပ်တိုင်းတွင် ထမင်းငတ်သူ အရေအတွက် တနေ့ထက် တနေ့ တိုးပွားနေရာ ယခု ဘင်္ဂလာဒေခ်ျသို့ ထွက်ခွာလာကြသူများမှာလည်း ငတ်မွတ်ခေါင်းပါးမှုကြောင့် ဖြစ်နိုင်ကြောင်း နယ်စပ်တွင် နေထိုင်သူတဦးက ပြောသည်။
No comments:
Post a Comment