Saturday, April 26, 2008

ဂျာမနီမြန်မာသံရုံးတွင်း လုံခြုံရေးကင်မရာ ဆေးနီဖြင့် အမှုတ်ခံရ

NEJ/ ဧပြီ ၂၆ ၂၀၀၈
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ မြန်မာသံရုံးကို လုံခြုံရေး အပြည့်ချထားသည့်ကြားမှ သံရုံးရှေ့ စာတိုက် ပုံးကို ဧပြီ (၂၄) ၌ မှုတ်ဆေးဖြင့် အင်္ဂလိပ်စာလုံး NO ရေးသွားသည့်အတွက် သံအမတ်ကြီးနှင့် လုံခြုံရေးများ စိုးရိမ်တကြီးဖြစ်သွားသည်ဟု သံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

မည်သည့်အဖွဲ့အစည်းက ယခုကဲ့သို့ မှုတ်ဆေးဖြင့် NO ရေးသွားသည်ကိုမူ မသိရသေးဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ဂျာမနီဆိုင်ရာ မြန်မာသံအမတ်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ သံရုံးအတွင်းရှိ လုံခြုံရေး ထူထူထပ်ထပ် ချထားသည့် CCTV လုံခြုံရေး ကင်မရာကိုပါ မှုတ်ဆေးအနီဖြင့် မှုတ်သွားသဖြင့် ဂျာမနီမှ မြန်မာသံအမတ်ကြီး ပို၍ ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်ဟု သိရသည်။ မြန်မာစစ်သံမှူးနှင့် ဂျာမန်ရဲများ စောင့်ကြပ်နေသည့်ကြားက ယခုကဲ့သို့ သံရုံးတွင်းရှိ လုံခြုံရေးကင်မရာကို မည်သူမှန်း မသိဘဲ ဆေးမှုတ်သွား ခြင်းဖြစ်သည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးဆိုလျှင် မဲပေးမည့်သူများကို အတိုက်အခံဘက်မှလည်း စောင့်ကြည့်နေသည့်ဟု မဲပေးမည့်သူတဦးက ပြောသည်။ ဂျာမနီ မြန်မာသံရုံး၌လည်း မဲလာ ပေးသူများမှာ ပထမနေ့တွင် (၃) ဦး၊ ဒုတိယနေ့တွင် (၅) ဦးသာ မဲပေးကြသည်။ ဂျာမနီ မြန်မာ သံရုံးတွင် ဆန္ဒခံယူပွဲအတွက် မဲပေးမှု ဧပြီ (၂၅) ရက်က ပြီးဆုံး သွားပြီး စုစုပေါင်း မဲပေးသူ ဦးရေမှာ သံရုံးဝန်ထမ်းအပါအ၀င် (၃၀) ၀န်းကျင်သာရှိသည်ဟု စုံစမ်း သိရသည်။

ပြည်ပရောက် မြန်မာများ သက်ဆိုင်ရာ သံရုံးများသို့ ဆန္ဒခံယူပွဲအတွက် မဲပေးရာတွင် သက်ဆိုင်ရာ သံရုံး မြန်မာသံအမတ်ကြီး သို့မဟုတ် သံမှူးကြီးက မဲရုံမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ရသည်။

မဲပေးရာတွင် အချို့သံရုံးများ၌ မဲရုံမှူး မြန်မာသံအမတ်ကြီးရှေ့တွင် အမှား အမှန် ခြစ်ရပြီး အချို့ မြန်မာသံအမတ်ကြီးများက ဘာကြောင့် ကြက်ခြေခတ်သည်ကို ခေါ်ယူမေးမြန်းသဖြင့် မဲပေးသူများ ပို၍ ထိတ်လန့်နေရသည်ဟု စုံစမ်းသိရသည်။

ခေတ်ပြိုင်က စုံစမ်းမေးမြန်းရာတွင် မဲပေးခွင့်ရှိသည့် ပြည်ပရောက် မြန်မာအများစုမှာ မြန်မာသံရုံး များသို့ သွားရောက်မဲပေးရန် ကြောက်လန့်နေကြသည်။

သံရုံးနှင့် ဝေးလံသည့် ဒေသတွင် နေသည့် မြန်မာအချို့ကလည်း လမ်းစရိတ်မတတ်နိုင်၍ လာ ရောက်မဲမပေးနိုင်ကြောင်း အကြောင်းကြားသည်မျိုးလည်း ရှိသည်ဟု စုံစမ်းသိရသည်။

Source

No comments:

Post a Comment