Wednesday, April 23, 2008

အရှင်ဂမ္ဘီရကို ဆု ချီးမြှင့်

ဖါနီဒါနှင့် ဆော်လမွန် Wednesday, 23 April 2008
ချင်းမိုင်။ ။ လန်ဒန်အခြေစိုက် Index on Censorship အဖွဲ့ကြီးက သံဃာတော်များ ဦးဆောင်သည့် စက်တင်ဘာလ ဆန္ဒပြပွဲများတွင် ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့်အတွက် မြန်မာသံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို “လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆု ၂ဝဝ၈” ကို တနင်္လာနေ့က ပေးအပ် ချီးမြှင့်လိုက်သည်။

အရှင်ဂမ္ဘီရ ကိုယ်စား ဆရာတော် ဦးဥတ္တရနှင့် ဘလော့ဂ်ဂါ ကိုထိုက်တို့က ဆုတက်ရောက် ရယူသွားခဲ့သည်။

အရှင်ဂမ္ဘီရနှင့် အခြား အကြီးတန်း သံဃာတော် အနည်းငယ်သည် သံဃာတော်များကို လှုံ့ဆော် စည်းရုံးသိမ်းသွင်းရာတွင် ဦးဆောင်မှုအခန်းမှ ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် သံဃာတော် အရေအတွက်သည် မြန်မာ့တပ်မတော် အင်အားနှင့် ဆတူနီးပါး ၄ သိန်းခန့် ရှိသည်ဟု ခန့်မှန်းထားကြသည်။

စစ်အစိုးရ၏ ဖမ်းဆီးခြင်းမှ ကာလတခုအထိ ဆက်တိုက် ရှောင်တိမ်းနိုင်ခဲ့သော်လည်း ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလတွင် အရှင်ဂမ္ဘီရကို အာဏာပိုင်များက ဖမ်းဆီး ရမိသွားခဲ့သည်။ ထို့နောက် သူ့ကို အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် ရုံးတင် တရားစွဲဆိုခဲ့ပြီး ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်ကြီးထဲတွင် ချုပ်နှောင်ထားသည်။

Source

No comments: