Wednesday, April 2, 2008

စည်ပင်သာယာဘဏ်ကို နေပြည်တော်သို့ ပြောင်းရွှေ့

ဖနိဒါ

ချင်းမိုင်။ ။ စည်ပင်သာယာရေးဘဏ် လီမိတက်အား နေပြည်တော်သို့ မတ်လ နောက်ဆုံးအပတ်မှ စတင်ကာ ပြောင်းရွှေ့နေပြီ ဖြစ်သည်။

နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန လက်အောက်ခံ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ကုန်သည်လမ်းတွင် တည်ရှိသည့် စည်ပင်ဘဏ်၏ ရုံးသုံး ပရိဘောဂပစ္စည်းများအပြင် ဘဏ်ဝန်ထမ်း မိသားစုများ၏ အိမ်သုံး ပရိဘောဂများအား စစ်ကားများဖြင့် မတ်လ ၂၉ ရက်နေ့ (စနေနေ့) မှ စတင်ကာ သယ်ဆောင်သွားခဲ့သည်။

"၂၉ ရက်နေ့ စနေနေ့က ကားတွေနဲ့ ပစ္စည်းတွေ သယ်နေကြတာတွေ့တယ်။ အဲဒီနေ့က ဝန်ထမ်းတွေရဲ့ အိမ်ထောင်စု ပရိဘောဂတွေရော၊ မိသားစုတွေရော၊ စစ်တပ်ကားကြီးတွေနဲ့ သယ်သွားတာ၊ တင်နေကြတယ်။ အဲဒီမှာ" ဟု မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် နေပြည်တော်သို့ ဘဏ်အား ပြောင်းရွှေ့ရန် မည်သည့်နေ့ရက်တွင် အပြီးသတ် ပြောင်းရွှေ့မည်ကို အတိအကျ ညွှန်ကြားထားချက်တော့ မရှိဟု ဘဏ်ဝန်ထမ်းတဦးက ပြောသည်။

No comments:

Post a Comment