Friday, April 4, 2008

မြန်မာနိုင်ငံသို့ မြောက်ကိုရီးယားမှ လက်နက်တင်ပို့မှု စွပ်စွဲချက် စင်ကာပူစုံစမ်းမည်

ခေတ်ပြိုင်( AP )
မြန်မာနိုင်ငံသို့ မြောက်ကိုရီးယားမှ ရော့ကက်လောင်ချာများ တင်သွင်းမှုတွင် စင်ကာပူကုမ္ပဏီတခု ပါဝင်ပတ်သက်နေ သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းသွားမည်ဟု စင်ကာပူအစိုးရက ပြောဆိုကြောင်း ယမန်နေ့သတင်းများတွင် ဖော်ပြသည်။

စင်ကာပူအခြေစိုက် ကုမ္ပဏီတခုမှတဆင့် မြောက်ကိုရီးယားမှ ရော့ကက်လောင်ချာများကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သည်ဟု ဂျပန်နိုင်ငံ အမျိုးသားအသံလွှင့်ဌာနဖြစ်သည့် NHK ကပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် သတင်းထုတ်ပြန်ချက်၌ စင်ကာပူအခြေစိုက်ကုမ္ပဏီ၏ နာမည်နှင့်အခြား အသေးစိတ် အချက်အလက်များကို ဖော်ပြခြင်းမရှိပေ။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုကဲ့သို့သော စွပ်စွဲမှုမျိုးကို အလေးအနက် ကိုင်တွယ်ပြီး စုံစမ်းစစ်ဆေးသွားမည်ဟု ပြောသည်။

“ကျနော်တို့တွေဟာ တရားမ၀င်တဲ့ လက်နက်ခိုးသွင်းမှုတွေ၊ အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်တဲ့ လက်နက် ခိုးထုတ်တာမျိုးတွေကို တားမြစ်ဖို့အတွက် နိုင်ငံတကာရဲ့ တာဝန်သိတတ်မှုတွေကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ထားကြပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက အစီရင်ခံစာ တခုတွင် ပြောကြားသည်။

တင်သွင်းလာသည့် ပစ္စည်းများမှာ (၆၅) ကီလိုမီတာအကွာအထိ ပစ်ခတ်ရနိုင်သည့် အနီးပစ် အဝေးပစ် ရော့ကက် စနစ်ပါသည့် အချင်း (၉.၅) လက်မရှည်ပြီး အရှည် (၃.၃) ပေရှိသည့် လောင်ချာများ ဖြစ်သည်ဟု NHK က ပြောသည်။

ထိုသတင်းတွင် အမည်မဖော်လိုသူ သံတမန် သတင်းရင်းမြစ်များကိုသာ ကိုးကားထားပြီး ထိုကဲ့ သို့သော လက်နက်များ မည်မျှအထိ တင်သွင်းသည်ကိုမူ ဖော်ပြမထားပေ။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံမှုမှာ (၂၄) နှစ်အတွင်း ယမန်နှစ် ဧပြီလမှ စပြီး ပထမဆုံးအကြိမ်အဖြစ် ပုံမှန်ပြန်ဖြစ်ခဲ့သည်။ NHK ၏ သတင်းပို့ချက်အရ မြောက်ကိုရီး ယားသည် အလားတူ ရော့ကက်များကို ကိုရီးယားနှစ်နိုင်ငံအတွင်းရှိ စစ်ကင်းမဲ့ရေးဇုန်တွင် အသုံးပြုခဲ့ပြီးဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment