Wednesday, May 7, 2008

ထောက်ခံမဲ ထည့်ရန် လှုံ့ဆော်သူနှစ်ဦး လုပ်ကြံခံရ

နွယ်လေး။

ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် လိုက်လံ စည်းရုံးနေသော ရှမ်းပြည်မြောက် ပိုင်း နမ့်ခမ်းမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှ အသင်းဝင်များအား အမည်မသိ သေနတ်သမားများက တိုက်ခိုက်ခဲ့ရာ မြို့နယ် အတွင်းရေးမှူး အပါအ၀င် ၂ ဦး သေဆုံးသွား သည်။

နမ့်ခမ်းမြို့ နမ္မတီးကျေးရွာသို့ ထောက်ခံမဲပေးရန် စည်းရုံးနေသော ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင် ၅ ဦးကို ယမန် နေ့ညနေ (၅)နာရီတွင် သေနတ်သမား သုံးဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။



ကြံ့ခိုင်အတွင်းရေးမှူးဦးကျော်မြင့်နှင့် အတူ အသင်းဝင်တစ်ဦးမှာသေနတ်ဒဏ်ရာများနှင့် နေရာတင် ပွဲခြင်းပြီး သေဆုံးခဲ့ပြီး ကျန်အသင်းဝင် ၃ဦးမှာ နမ့်ခမ်းဆေးရုံ၌ အတွင်းလူနာ အဖြစ်ကုသမှုခံနေရသည်ဟု ဒေသခံက ပြောသည်။

“ဒေသခံတွေက ကြံ့ဖွံ့ကနအဖနဲ့ပေါင်းပြီး ဒီဒေသကိုစိုးမိုးခြယ်လှယ်နေတာကို အရင်တည်းက မကျေ နပ်တာ ရှိနေတာနဲ့ ဆန္ဒခံယူပွဲတွက် ထောက်ခံမဲပေးဖို့ စည်းရုံးရေး ထပ်လုပ်တော့ လက်မခံတာ မ ကြိုက်တာနဲ့ သည်းမခံနိုင်လို့ ” ဖြစ်ပွားပုံရသည်ဟု ဒေသခံက ပြောပြသည်။

ပစ်သတ်သွားသော သေနတ်သမားသုံးဦးမှာ မည်သည့် အဖွဲ့အစည်း ဖြစ်သည်ကို မသိရသေးပေ။

မြန်မာစစ်အစိုးရနှင့် စစ်တပ်မှ ကျောထောက်နောက်ခံပြုထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမာခံများက ယခု အပတ် စနေနေ့တွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲတွင် ထောက်ခံမဲများပေးရန် လှုံ့ ဆော်ခြင်း၊ စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်းများကို မြို့နယ်အတော်များများတွင် ပြုလုပ်လျက်ရှိနေသည်။

Source

No comments: