မဇ္ဈိမသတင်းဌာန သောကြာနေ့၊ မေလ 09 2008
ချင်းမိုင်။ ။ လမ်းပြကြယ် စာကြည့်တိုက်မှ ကောက်ခံ ရရှိသော အလှုငွေဖြင့် ရန်ကုန်တိုင်းတွင်းရှိ လေဘေးဒဏ်ခံ နေရာအချို့ အတွင်း ဆန်များ လိုက်လံ ဝေငှခြင်းကို နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင်များက ပြုလုပ်လျှက် ရှိသည်။
နာရေးကူညီမှု အသင်းကြီးမှ ဦးကျော်သူနှင့်အတူ ဝေဠုကျော် တို့က သန်လျှင်နှင့် ကျောက်တန်း မြို့နယ်များတွင် ယမန်နေ့က ဆန်ဝေငှခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင်း ရေမရရှိသေးသော နေရာများတွင် နာရေးကူညီမှု အသင်းကြီးမှ ဦးစီးကာ ရေလိုက်လံ ဝေပေးနေသည်။
စင်္ကာပူအခြေစိုက် "သပြေနု" ရောင်းဝယ်ရေးမှ လေဘေးအကူ အ၀တ်အစားများကို အခမဲ့ လေယာဉ်ဖြင့် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။ အလှုရှင်များထံမှ ရရှိသော ပစ္စည်းများမှာ ကွန်တိန်နာ ၂ လုံးစာခန့် ရှိနေရာ ကျန်ပစ္စည်းများကိုတော့ ကွန်တိန်နာဖြင့် ပို့ရန် စီစဉ်နေကြသည်။
လေးဘေးအလှူခံ လုပ်ငန်းများကို မိမိတို့နှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းအတွင်း လုပ်ဆောင်နေကြပြီး စင်္ကာပူ မြန်မာကလပ်နှင့် အာအိုင်တီ ကျောင်းသားဟောင်းများမှလည်း လေဘေးအလှူခံ ဌာနများ ဖွင့်လှစ်ကာ ကူညီပံ့ပိုး နေကြသည်။
Source
No comments:
Post a Comment