
ဖမ်းဆီးခံရသူများမှာ ဦးကိုးတိုက်(ဘ) ဦးဟွေလို့ - လယ်တဲကျေးရွာ၊ ဦးလှထွန်းအောင် (ဘ) ဦးကံပ-ကင်ဝကျေးရွာ၊ ဦးအောင်ဘဲ (ဘ) ဦးနှင်းရှပ်- စလူဝကျေးရွာ နှင့် ဦးထွီလန်း (ဘ) ဦးပေဟောက် လယ်တဲ ကျေးရွာတိုြ့ဖစ်သည်။
သူတို့အား ချင်းလက်ဝ ရဲစခန်းမှ တနင်္လာနေ့က ဖမ်းဆီးခြင်း ဖြစ်ပြီး သူတို့ထံမှ စာအုပ်ငယ်များ တချို့နှင့် ဆန္ဒခံယူပွဲကို ဆန့်ကျင်သည့် ပိုစတာများအား ဖမ်းဆီး ရရှိကြောင်း ဒေသအတွင်းက ပေးပို့သော သတင်းအရ သိရှိရသည်။
သူတို့အား ယခုအခါ ချင်းလက်ဝ ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးနေပြီး သူတို့နောက်ကွယ်က ပါဝင်သူများနှင့် ပါဝင်သည့် အဖွဲ့အစည်းများကို လိုက်လံဖေါ်ထုတ် နေကြောင်း သိရှိရသည်။
သူတို့ အဖမ်းခံရပြီး နောက်ပိုင်း ဒေသအတွင်းရှိ နိုင်ငံရေး သမားများ အနေဖြင့် နောက်ထပ် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ပုန်းရှောင်နေကြကြောင်း နယ်စပ်သို့ ရောက်ရှိလာသူ တဦးက ပြောသည်။
နအဖ စစ်အာဏာပိုင်များ အနေဖြင့် ယခုအခါ နယ်စပ်တောင်ကျော်လမ်းများတွင် တင်းတင်းကြပ်ကြပ် လုံခြုံရေး ချထားပြီး အတိုက်အခံ အုပ်စုများမှ ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် ထုတ်ဝေသည့် စာရွက်စာတန်းများ ပြည်တွင်းထဲသို့ မရောက်ရှိရေး အတွက် အထူး ကြပ်မတ် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
Source
No comments:
Post a Comment