Tuesday, May 6, 2008

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ရခိုင်ရဟန်းတော်များအား နိုင်ငံတကာရောက် ရခိုင်အသိုင်းအ၀ိုင်းမှ ဂုဏ်ပြု


ဇော်ကြီး (ပေါက်တော) ရွှေဝါရောင် တော်လှန်ရေးအတွင်း တက်ကြွစွာ ပါဝင်ခဲ့ကြသည့် ရခိုင်ရဟန်းတော်များအား နိုင်ငံတကာရောက် ရခိုင်အသိုင်းအ၀ိုင်းမှ ဂုဏ်ပြုသည့် ဂုဏ်ပြုပွဲ အခန်းအနားတရပ်ကို မေလ ၅ ရက် တနင်္လာနေ့က ထိုင်းမြန်မာ နယ်စပ်တနေရာတွင် ပြုလုပ်ခဲ့သည်။

အခန်းအနားကို ထိုင်း-မြန်မာနယ်စပ် တနေရာရှိ ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ ကွန်ဂရက် ရုံးခန်းမတွင် ကျင်ပခဲ့ခြင်းဖြစ်ပြီး ရဟန်းတော် ၁၁ ပါးမှ အဆိုပါဂုဏ်ပြုပွဲသို့ တက်ရောက်ပြီး ဂုဏ်ပြုပစ္စည်းများအား လက်ခံယူခဲ့သည်။


အခန်းအနားတွင် နိုင်ငံတကာရောက် ရခိုင်အသိုင်းအ၀ိုင်းးမှ ရွှေဝါ ရောင်တော်လှန်ရေးအတွင်း တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြသည့် ရဟန်းတော်များအား လှူဒါန်းသည့်ငွေများကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ဥက္ကဌမှ ဆက်ကပ်လှူဒါန်းခဲ့သည်။

အခန်းအနားသို့ နိုင်ငံရေးသမား ၃၀ ကျော် တက်ရောက်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မိန်းခွန်းစကားများ ပြောကြားခဲ့ကြသည်။

အခန်းအနားကို နေ့လည် ၂ နာရီတွင် နမောတဿ သုံးကြိမ် ရွှတ်ဆို ဖွင့်လှစ်ခဲ့ပြီး ညနေ ၄ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

၎င်းအပြင် အခန်းအနားတွင် ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများအား ရေစက်ချ အမျှအတန်း ပေးဝေမှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source

No comments: