သတင်းနှင့် မီဒီယာကွန်ယက်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ရှိ ကျေးရွာများတွင် ထားရှိမည့် မဲရုံတာဝန်ကျသူများအား ထောက်ခံမဲရရှိရန်အတွက် မည်သည့်နည်းနှင့်ဖြစ်စေ လုပ်ဆောင်ရန်နှင့် လုပ်ဆောင်ရာတွင် ပြဿနာပေါ်ပေါက်ပါက တာဝန်ယူရမည်ဟု သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက တာဝန်ပေးထားသည်။
ရွှေဘိုခရိုင်အတွင်း ကျေးရွာအုပ်စုများတွင် ထားရှိသည့် မဲရုံတာဝန်ကျသူများက ပြဿနာ တစုံတရာ မရှိဘဲ ထောက်ခံမဲရရှိရန် တာဝန်ယူရသည်ဟု ကျေးရွာအာဏာပိုင်များနှင့် နီးစပ်သူ ရွှေဘိုနယ်သားတဦးက ယခုလို ပြောသည်။
“မြို့နယ်ကတော့ အတင်းအဓမ္မမလုပ်ရဘူးပေါ့။ ဒါပေမယ့် ရွာတွေ၊ အုပ်စုတွေကျတော့ မဲရုံကိုယ်စား လှယ်တွေ ထားပေးတယ်ပေါ့။ အဓိကတော့ မီးသတ်တို့၊ ကြံ့ခိုင်ရေး၊ သူတို့အဖွဲ့စည်းတွေထဲက လူ တွေကို တာဝန် ပေးထားတယ်ပေါ့။ မဲရုံတာဝန်ပေးထားတဲ့သူတွေကို တကယ်လို့ မဲမရရင် သူတို့ တာဝန်ပေါ့။ သူတို့မှာ တာဝန်ရှိတယ်ပေါ့။ သူတို့ကို အရေးယူမယ်ပေါ့။ ခြိမ်းခြောက်ပြီး မဲတောင်း တယ် ဆိုတဲ့ပုံစံမျိုး တက်လာခဲ့ရင် လည်း သူတို့တာဝန်ပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် မဲရုံတာဝန်ယူတဲ့ သူတွေက မဲရဖို့လည်း သူတို့တာဝန်။ တခုခု ပြဿနာ တက်ရင်လည်း သူတို့ရှင်းပေါ့။”
မြို့နယ် အုပ်ချုပ်ရေးမှူးများကိုယ်တိုင် သက်ဆိုင်ရာ ကျေးရွာ အုပ်စုများတွင် ၄င်းတို့ စိတ်ကြိုက်ရွေးချယ်ထား သည့် မဲရုံမှူးများကို တာဝန်ပေးထားသည်ဟု ၄င်းက ဆက်ပြောသည်။
“ကျေးရွာတွေကို ချပေးလိုက်တာ။ အုပ်စုတစုမှာ မဲပုံးသုံးလေးပုံးပေါ့။ အဲလိုပုံစံမျိုး။ သူတို့ခန့်ထားတဲ့ မီးသတ် ခေါင်းဆောင်ရှိတယ်၊ ကြံ့ခိုင်ရေးခေါင်းဆောင်ရှိတယ်၊ လက်ရှိရယကဥက္ကဌပေါ့။ အဲဒီသူ တွေကို တာဝန်ပေး လိုက်တယ်။ မဲကိုဘယ်လိုဖြစ်ဖြစ် ရဖို့ပေါ့။ မြို့နယ်က ကျေးရွာအုပ်စုကိုယ်စား လှယ်တွေကို တာဝန်ပေး တာပေါ့။ မြို့နယ်မှူးတွေ ကိုယ်တိုင်က၊ ကျနော်တို့ ရွှေဘိုခရိုင် တခုထဲပေါ့ အဲဒီဟာ။ ”
မေလ(၁၀)ရက်နေ့တွင် ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးကြရန် စစ်အစိုးရပိုင် မီဒီယာများ၊ တိုင်းနှင့်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ဆိုင်းဘုတ်များစိုက်ထူကာ လှုံ့ဆော်နေသလို အစိုးရ ၀န်ထမ်းများနှင့် နယ်စပ်မြို့များတွင် ကြိုတင်မဲပေး စနစ်ဖြင့် ထောက်ခံမဲထည့်ခိုင်းမှုများ ပြုလုပ်နေသကဲ့သို့ ကျေးရွာအာဏာပိုင်များကိုလည်း ထောက်ခံမဲရရှိအောင် ဖိအားပေး စေခိုင်းမှုများပြုလုပ်နေသည်။
Source
No comments:
Post a Comment