Thursday, May 29, 2008

ဗီဇာတောင်းဆိုမှုများကို မြန်မာစစ်အစိုးရခွင့်ပြု

NEJ/ ၂၉ မေ ၂၀၀၈

မြန်မာစစ်အစိုးရက ကုလသမဂ္ဂ ကယ်ဆယ်ရေးလုပ်သားများ အားလုံးနှင့် နိုင်ငံတကာ ကယ်ဆယ် ရေးလုပ်သား အတော်များများကို ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးနေသည်ဟု ဧဂျင်စီသတင်းများ တွင် ဖော်ပြသည်။

အခြားအဖွဲ့အစည်းများမှ ကယ်ဆယ်ရေး လုပ်သားများသည်လည်း မုန်တိုင်းထိခိုက်မှု အများဆုံး ခံရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ပိုမိုဝင်ခွင့်ရနေပြီဖြစ်သည်

ယခု လတ်တလောအခြေအနေ တိုးတက်လာမှုသည် နိုင်ငံပေါင်းစုံမှ ကယ်ဆယ်ရေး လုပ်သား များကို ၀င်ခွင့်ပြုကြောင်း နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောကြားပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က မုန်တိုင်းဒဏ်ခံရသည့် မြန်မာနိုင်ငံကို လူသားချင်း စာနာထောက် ထားသည့် ကူညီမှုများခွင့်ပြုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရကို တိုက်တွန်းပြောဆိုခဲ့သည်။

ထိုသို့ ဘန်ကီမွန်း၏ တိုက်တွန်းပြောဆိုမှုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မည်သည့်နိုင်ငံသား ကယ်ဆယ်ရေး လုပ်သားမဆို ခွင့်ပြုမည်ဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂကမူ လူပေါင်း (၂) သန်းကျော် အကူအညီ လိုအပ်နေသည်ဟု ခန့်မှန်းထားသည်။
စောစောပိုင်းအချိန်များတွင် စစ်အစိုးရက နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို မိမိတို့ဘာသာ ထောက်ပံ့ဖြေရှင်းနိုင်သည်ဟု ခေါင်းမာပြီး တင်းခံနေခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး (၇၈,၀၀၀) ရှိပြီး (၅၀,၀၀၀) ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

Source

No comments: