Wednesday, May 28, 2008

မှောင်ခိုသမားများနှင့် နစက အာဏာပိုင်များ ပူးပေါင်း သစ်ခိုးထုတ်

Narinjara News

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ အလွန်သာယာလှပသော မင်္ဂလာကြီး တောင်တန်းရှိ သစ်တောများမှာ သစ်မှောင်ခိုသမားနှင့် နစကဌာနချုပ်မှ တာဝန်ရှိသူများ၏ ပူးပေါင်း သစ်ခိုးထုတ်မှုကြောင့် များမကြာမှီ ပြုန်းတီးသွားမည့် အခြေအနေသို့ ရောက်ရှိ နေကြောင်း ဒေသအတွင်းက ပေးပို့သော သတင်းများ အရ သိရှိရသည်။

အဆိုပါ သစ်ခိုးထုတ်မှုကြောင့် တနေ့ တနေ့ကို သစ်ကုဗတန်ချိန် ရာချီ၍ ဆုံးရှုံးနေပြီး အဆိုပါ သစ်များအား တဘက်နိုင်ငံ ဘင်္ဂလာသို့ မှောင်ခို လမ်းကြောင်းများမှ တဆင့် တင်ပို့နေကြခြင်း ဖြစ်သည်။

အဆိုပါ သစ်များအား ခုတ်ပြီး တဘက်နိုင်ငံသို့ သစ်များအား မှောင်ခို တင်ပို့ရာတွင် နစက ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကြီး ကိုယ်တိုင် ပါဝင်နေကြောင်း သတင်းတရပ်က ဖေါ်ပြသည်၊

အမည်မဖေါ်လိုသူ တဦးက “ မောင်နှမကျေးရွာ ရယက ဥက္ကဌ ဦးဇူဘိုင်နဲ့ သူအစ်ကို တော်စပ်သူ မူရုလ်ဇာ ခေါ် ဇော်ဝင်းတို့နဲ့ ပူပေါင်းပြီး နစကမှူးက သစ်တွေကို ခိုးထုတ်နေတာပါ။ တလ တလကို ကျပ်းငွေ သန်းချီပြီး ဇူဘိုင်နဲ့ ဇော်ဝင်းတို့က ဗိုလ်မှူး အောင်ကြီးကို ပေးရတယ်လို့ သိရှိရပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ ဒေသဆိုင်ရာ နစက အာဏာပိုင်များမှ မောင်တောမြို့နယ်ရှိ မင်္ဂလာကြီး တောင်တန်းမှ သစ်များကို ခိုးထုတ်နေသဖြင့် အဆိုပါ တောင်တန်းရှိ သင်းကနက်သစ်၊ မီးကျောင်းရီသစ်၊ သပြေသစ်နှင့် တခြားကျွန်းသစ်များမှာ ပြုန်းလုနီးပါး ရှိနေပြီုဖြစ်ကြောင်း သတင်းရရှိသည်။

ယခုအခါ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့တွင် ရခိုင်ပြည်မှသစ်များ ဈေးကောင်းကောင်း ရနေပြီး အညံ့ဆုံး သစ်ဖြစ်သည့် ကညင်သား တတန်ကို တာကာ ၂၅၀၀ (မြန်မာငွေနှင့် ဆိုလျှင် ကျပ်ငွေ ၄၅၀၀၀ ကျပ်) ဈေးရှိနေကြောင်း သစ်လုပ်ငန်းလုပ်ကိုင်နေသူ ဘင်္ဂလီအမျိုးသားတဦးက ပြောသည်။

Source

No comments: