Tuesday, September 30, 2008

ဝတပ်ဖွဲ့အား လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန် နအဖတပ်မှူး ကျောသပ်တိုက်တွန်း

သျှမ်းသံတော်ဆင့်

တြိဂံဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းသည် ၂၀၀၈ နှစ်ကုန်၌ ၀တပ်ဖွဲ့အားလုံး လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရေး အတွက် ပြင်ဆင် ထားရန်နှင့် ထိုင်းနယ်စပ်တလျှောက် အခြေစိုက်ဝတပ်များ မြောက်ပိုင်းပန်ဆန်းဌာနချုပ်သို့ တပ်ဆုတ်ရန် ကျောသပ်ချော့မြူ တိုက် တွန်းခဲ့သည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

ယခုလ ၁၈ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် ၀မ့်ဟုန့်စခန်း၌ ၁၇၁ စစ်ဒေသတပ်မှူး ဝေ့ရှော်ယင် (ဝေ့ရှော်ကန်း၏ညီ) နှင့်အခြား ၀ တပ်မှူးများအား ဗိုလ်မှူးချုပ်ဝေလင်း သွားရောက်တွေ့ဆုံစဉ် စည်းရုံး ပြောဆိုခြင်းဖြစ်သည် ဟုဆို၏။

“လက်နက်ချမယ် မချဘူးဆိုတာ တောင်ပိုင်းဝ တပ်ဖွဲ့ကဘဲ လုပ်လို့မရဘူး။ ပန်ဆန်းဌာနချုပ်ရဲ့ဆုံးဖြတ်ချက်ကို နားထောင်ရမယ်”- ပေါ့ထောက်ဆမ်ဟု ဒေသခံများခေါ်ဝေါ်ကြသည့် ဝေ့ရှော်ယင်က ပြန်ဖြေကြောင်း ၀အရာရှိတစ်ဦးနှင့်သိကျွမ်းသည့် မိုင်းဆတ် ကား သမားတစ်ဦးက ပြောပြသည်။

“လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ခွန်ဆာ့ MTA တပ်ကိုထိုးစစ်ဆင်ဖို့ ကျနော်တို့ကို မြောက်ပိုင်းကနေခေါ်ဆင်းလာတယ်။ ကနေ့ အထိ ယွက်စစ်ရဲ SSA တပ်ကို တိုက်ခိုက်ဖို့ ကျနော်တို့ ဖိအားပေးခံနေရဆဲဖြစ်တယ်။ ကျနော်တို့တပ်ဖွဲ့ စားဝတ်နေရေးအတွက် ကျပ်သန်းထောင်ချီရင်းနှီးပြီး မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ငန်းတွေလုပ်ရတယ်။ ဒီအရင်း အနှီးတွေအတွက် ကျေနပ်တဲ့အထိ လျော် ကြေးမရရင် တစ်လက်မမှ တပ်မဆုတ်ဘူး” ဟု ၀တပ်ဖွဲ့က အစည်းအဝေးအပြီး နအဖတပ်မှူးတစ်ဦးအားပြန်ပြောကြောင်း အဆိုပါ ကားသမားက ပြန်လည်ပြောပြ၏။

ဝတပ်ဖွဲ့ ကျပ်သန်းထောင်ချီ ရင်းနှီးမြုပ်နှံခဲ့ရသော စိုက်ပျိုးရေးလုပ်ငန်းများမှာ နှင်းသီးခြံ၊ လိမ္မော်ခြံ၊ ကော်ဖီခြံ၊ လဖက်ခြံ၊ စပျစ်သီး ခြံအပြင် အများဆုံးကုန်ကျသော ရာဘာခြံနှင့် ကြက်၊ ၀က်မွေးမြူရေးတို့ဖြစ်ကြောင်း နယ်စပ်မှ ထိုင်းအာဏာပိုင်တစ်ဦးကဆို၏။

“နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ အပစ်ရပ်အဖွဲ့တွေနဲ့အဆင်ပြေအောင်ဆက်ဆံပါ ပြဿနာမဖြစ်စေနဲ့ လို့တိုင်းမှူး ကိုမှာကြားတယ်။ စစ်အစိုးရအဖို့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စစ်မျက်နှာ ၂ ဘက် တပြင်ထဲ မဖွင့်ချင်ဘူးလေ။ တဘက် တလမ်း ကလည်း ပြည်တွင်းပြည်ပ အတိုက်အခံတွေနဲ့အပစ်ရပ်အဖွဲ့တွေအကြား အလေးထားနေရလို့ဘဲ” ဟု စစ်ရေးကျွမ်းကျင်သူ နယ်စပ် ထိုင်းလုံခြုံရေးအရာရှိတစ်ဦး သုံးသပ်ပြောဆိုသည်။

၂၀၀၈ မေလ ဆန္ဒခံယူပွဲ နောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲ အတွက်ပြင်ဆင်သည့်အနေဖြင့် အပစ်ရပ်များ အားလုံး လက်နက်ချရန် နည်းလမ်းအမျိုးမျိုး ဖိအားပေးလာခဲ့သည်။

ယခုလ ၁၈ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထိုအစည်းအဝေးသို့ တြိဂံဒုတိုင်းမှူးနှင့်အတူ မိုင်းဆတ်အခြေစိုက် စကခ ၁၄ စကခမှူး၊ မိုင်းတုံဗျူဟာမှူး၊ မိုင်းတုံအခြေစိုက် ခလရ ၁၁၃ တပ်ရင်းမှူးအပြင် ထိုင်းနယ်စပ် လွယ်လန်းဒေသ နအဖတပ်ရင်း ၆ ရင်းမှတပ်ရင်းမှူးများတက်ရောက် ကြ၏။

ဝတပ်ဖွဲ့ဘက်က ချင်းမိုင်ခရိုင် မျက်နှာချင်းဆိုင် မိုင်းယွမ်းဂွင် တပ်မဟာ ၂၅၁၈ ၊ ဟိုပန်၊ ဟိုယွက်ဂွင် တပ်မဟာ ၄၁၄ ၊ မိုင်းကျွက်၊ ဟွေ့အော့်၊ နောင်ဝဲန်း၊ နမ့်ဟူးခွန် စစ်ဒေသ ၁၇၁ နှင့် မယ့်ဟောင့်ဆွမ်ခရိုင်မျက်နှာချင်းဆိုင် တတ်လျက်၊ နမ့်ကတ်၊ ခိုင်းလုံ၊ ခန့်ပါ၊ တို့မှ အုပ်ချုပ်ရေး၊ စစ်ရေး အရာရှိအယောက် ၃၀-၄၀ ဖိုးဝှီးလ် ကား ၁၀ စီးကျော်ဖြင့် ၀မ့်ဟုန့်အစည်းအဝေးသို့ သွားရောက် ခဲ့ကြသည်။

နောက်ဆုံးရ သတင်း

ဘယ်သူ့လက်ချက်လဲ

မင်းသက်အောင်

ယခုတလောမှာ မကြာခဏဆိုသလို ဗုံးပေါက်ကွဲ၊ ဗုံးရှာတွေ့သည့် ဖြစ်ရပ်များစွာ ကြားသိရပါသည်၊ သို့သော် ဘယ်သူ့လက်ချက်လဲ ဆိုတာ ဘယ်သူကမှ ဝန်မခံကြပါ၊ သရဲဘော ကြောင်တယ်လို့ပဲ ဆိုလိုရပါတယ်။

ယမန်နေ့ နံနက် ၁၀:၄၀ ခန့်က မဟာဗန္ဓုလ ပန်းခြံမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်၊ နောက်ထပ် မပေါက်မကွဲသေးတဲ့ဗုံးတစ်လုံး ကက်ဆက်ထဲမှာ ဖန်တီးပြီး ထည့်ထားတာ လက်မတင်လေး စနက်တံပြုတ်နိုင်ခဲ့တာ အင်မတန် တော်တဲ့အစိုးရ လုံခြုံရေးအုပ်စုတွေပါပဲ။

ဒီဖြစ်ရပ်တွေ ပေါ်လာတိုင်း အစိုးရက အတိုက်အခံအုပ်စုတွေကိုပဲ လက်ညှိုးထိုး၊ အတင်းအပုပ် ချလေ့ရှိပါတယ်၊ အဲဒီလို အပုပ်ချလို့ရအောင် အင်အားမရှိတော့တဲ့ "ခြံခုန်" သမားတွေကို အတင်း ထုထောင်းရိုက်နှက်ပြီး မဟုတ်သော်ရှိလည်း ဝန်ခံခိုင်းတဲ့ ထုံးစံ အစိုးရရဲ့ အောက်ခြေမှာ လှုပ်ရှာနေရတဲ့ စရဖ၊ စသုံးလုံး၊ အထူးသတင်းတပ်ဖွဲ့၊ ရဲ၊ နယ်မြေခံ တပ်နယ်မှူးရုံးတို့က ဇာတ်လမ်းတွေ အများကြီး ရှိခဲ့ပါတယ်။

မဟာဗန္ဓုလပန်းခြံ ရှေ့က မော်တော်ကားဂိတ်ဟာ အမြဲတမ်းလိုလို လူစည်ကားလေ့ရှိပါတယ်၊ ရန်ကုန်မြို့တော်ခန်းမ ရှေ့က ဆိုတော့ လုံခြုံရေးကိစ္စရေးရာမှာ ပြောမရာ မလိုပါ၊ အပ်တစ်ချောင်းတောင် ပစ်လို့မရတဲ့နေရာမျိုးပါ။

လွန်ခဲ့တဲ့ တနင်္လာနေ့က ၄၆ လမ်း နဲ့အနီးတဝိုက် "ဇဝန" နဲ့ စီးတီးမတ် ဆိုင်တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုတစ်မျိုး ဖန်တီးခဲ့တာကို သတိပြုမိခဲ့မှာပါ၊ ဗုံးဝှက်တဲ့အုပ်စုနဲ့ ဗုံးရှာတဲ့အုပ်စုတွေ ဆိုပြီး ဗုံး "တူးတူးပုန်း" လုပ်တမ်း ကစားကြတယ်၊ ပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

ဆိုလိုချင်တာက မြန်မာပြည်က အစိုးရထောက်လှန်းရေး ဆိုတာ အင်မတန် တော်ရှာကြပါတယ်၊ အဲဒါကြောင့် သွားလေရှာသူ ဗိုလ်ချုပ်ကြီးတင်ဦး ဆိုသလို ဗုံးဒဏ်က သီသီကလေး လွတ်ခဲ့ပြီး နောက်ဆုံးက "တရုပ်လှရွာ" အနီး ရဟတ်ယာဉ်နဲ့ ဇာတ်သိမ်းခဲ့တဲ့အဖြစ် တိုင်းပြည်ကို မတင်ပြနိုင်ခဲ့ပါဘူး။

ဗိုလ်ခင်ညွန့်တို့အုပ်စုကို ဖြုတ်ထုတ်ချလုပ်ခဲ့ပြီးနောက်ပိုင်း ၂၀၀၅ မေလ ရန်ကုန်မြို့ စီးတီးမတ် သုံးနေရာမှာ တပြိုင်ထဲဆိုသလို ဖောက်ခဲ့တဲ့ဗုံးလက်သည် ဘယ်သူဆိုတာ မယ်မယ်ရရ ပြည်သူတွေ မသိရပါဘူး၊ အစိုးရ ထောက်လှန်းရေး တချို့တွေ သိကြမှာပါ၊ ဒါပေမဲ့ သတင်းစာမှာ ထုတ်ပြန်ယင်တော့ KNU, ABSDF နဲ့တခြား အကြမ်းဖက်အုပ်စု လက်ချက် လို့ ဇွတ်အတင်း စွပ်စွဲနေတာပါဘဲ။

ဗိုလ်ခင်ညွန့်ရဲ့ နောက်လိုက်တွေ ကန့်လန့်ကာ နောက်ကွယ်မှာ အိပ်ပြီး မနေကြဘူးဆိုတာ သတိပြုပါလိမ့်မယ်၊ အဆင့်မြင့် ထောက်လှန်းရေး နည်းပညာတွေနဲ့ ပစ္စည်း ကိရိယာတွေ သူတို့လက်မှာ ပိုင်ဆိုင်ခဲ့တာကို နားလည် ရပါလိမ့်မယ်၊ နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ဘတ်ဂျက်နဲ့ မဆိုင်တဲ့ စစ်ထောက်လှန်းရေးအုပ်စုရဲ့ သီးသန့် ရံပုံငွေ အများအပြား ရှိနေသေးတယ် ဆိုတာ မမေ့သင့်ပါဘူး။

မနှစ်က စခဲ့တဲ့ သံဃာတော်တွေရဲ စက်တင်ဘာ အရေးအခင်း နှစ်ပတ်လည်ပြည့်မြောက်တဲ့ကာလမှာ ပြည်သူတွေ အာရုံ မစိုက်မိအောင် "ဝုန်း" ကနဲ ဗုံခွဲပစ်တဲ့ လက်သည် တရားခံ ဘယ်မှာလဲ ဆိုတာ တောကြိုတောင်ကြားမှာ ငတ်ငတ်ပြတ်ပြတ်နဲ့ လှုပ်ရှားနေရတဲ့ တော်လှန်းရေး အဖွဲ့အစည်းတွေကို လက်ညှိုး ထိုးမနေပါနဲ့၊ မြို့တော်ခန်းမကို ဗုံးဖောက်ခွဲနိုင်ယင် သိန်းတရာပေးမဲ့ငွေ ဘယ်သူတွေဆီမှာ ရှိနိုင်မလဲ၊ လုံခြုံရေး အစီအမံ အထပ်ထပ်ကြားက ကျော်ဖြတ်နိုင်ပြီး ဗုံးခွဲနိုင်တဲ့အုပ်စု ဘယ်သူတွေ ဖြစ်နိုင်မလဲ။ ဆိုလိုချင်တာက ဒီပုပ်ထဲက ဒီပဲတွေပါဘဲ။


မသိလို့မှားတာပါ ဆိုတိုင်း …

အောင်ကျော်

ယမန်နှစ်က ဘာသာရေးပွဲတခုတွင် တိုက်တိုက်ဆိုင်ဆိုင် နေပြည်တော်မှ အရာရှိကြီးတချို့နှင့် ဆုံဖြစ်သည်။ သည်လိုဖြင့် စကားစပ်မိကြရာက ဘုန်းကြီးတွေကို ကန်တော့တဲ့အခါ ခါးမှာချိတ်ထားသော သေနတ်ကို ဖြုတ်ထားသင့်ကြောင်းကိစ္စ ရောက်သွားသည်။

မိတ်ဆွေတယောက်က ရဟန်းတော်များမှာ ၀ိနည်းတော်ရှိကြောင်း၊ “အဂါရ၀ ငါးပါး” ကို ရှောင်ရှားကြရကြောင်း၊ အမြင့်မှာ ရှိနေသူ၊ ကျောပေးထားသူ၊ မလေးမစား အမူအယာပြသူ၊ လက်နက်ကိုင်ဆောင်ထားသူ၊ အရိုအသေ မပြုသူတို့ကို တရား မဟောရ၊ အကန်တော့ မခံကြရကြောင်း၊ အကန်တော့ခံမိပါက ရဟန်းတော်တွင် အာပတ် သင့် ရောက်ပါကြောင်း ရှင်းပြသည်။

ဥပမာ ဗိုလ်ခင်ညွန့် အာဏာရှိစဉ်က တရက်တွင် ပဲခူးမြို့မှ စာသင်တိုက်ကြီး တတိုက်သို့သွားကာ ဆရာတော်ကို ဖူးတွေ့ ကြောင်း၊ ထိုအခါ ဆရာတော်က “ငါ့ကိုရှိမခိုးခင် မင့်ခါးက သေနတ်ကို အရင်ဖြုတ်ပါဦး” ဟု အမိန့်ရှိ ကြောင်း၊ ထိုစကားကို ဗိုလ်ခင်ညွန့်က သူ့ကို ဆရာတော်က ရှုတ်ချစကားဆိုသည်အထင်နှင့် ချက်ခြင်းလှည့်ပြန် သွားခဲ့ဖူးကြောင်း ပြောပြသည်။

မသိနားမလည်လို့ပါဆိုပြီး အမှားတခုကို ကျူးလွန်မိလျှင် အကုသိုလ်ကံကတော့ ခွင့်လွှတ်မည် မဟုတ်သည်မှာ သေချာပါ သည်။ အမိအဘကို မသတ်ရဆိုသည့် ပညတ်ချက်ကို မသိနားမလည်လို့ဆိုပြီး ကျူးလွန်မိလျှင် ထိုသူ မှာ ကံကြီးထိုက် မည်ပင် ဖြစ်သည်။

ယနေ့ကာလတွင် ရဟန်းသံဃာတော်များက နအဖ၊ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်စသည့် အပေါင်းပါများအား သံဃာကို စော်ကားမော်ကား ပြုမှုများကြောင့် “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ထား ကြသည်။

အမှန်စင်စစ် ထို “ပတ္တနိက္ကုဇ္ဇနကံ” ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ခွင့်ပြုချက်အရ သာသနာတော်ထမ်း ရှင်ရဟန်းတို့အား စော်ကားပြုမူလာခြင်းကို နောင်မပြုရဲအောင် ကံဆောင်တားမြစ် ဆုံးမခြင်းပင် ဖြစ်သည်။ အကြင်သူသည် …

• ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏။
• ရဟန်တို့အား အကျိုးမဲ့စိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။
• ရဟန်းအချင်းချင်း ကွဲပြားစေ၏။
• မြတ်စွာဘုရား ကျေးဇူးမဲ့ကို ပြော၏။
• တရားတော်၏ ကျေးဇူးမဲ့ကို ပြော၏။
• သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏။

ရဟန်းတို့ ထိုအင်္ဂါ ရှစ်ပါးနှင့်ညိစွန်းသော ဥပါသကာအား သပိတ်မှောက်ရမည်ဟု စူဠ၀ါပါဠိတော် မြန်မာပြန် စာ-၂၆၅ ခုဒ္ဒက ၀တ္ထုကမ္မ အခန်းကဏ္ဍတွင် သပိတ်မှောက်အင်္ဂါရှစ်ပါးကို ပြဆိုထားသည်။

“ပတ္တနိက္ကုဇ္ဇနကံ”ကို သာသနာတော်အတွင်း ရှိရှိသမျှသော သံဃာတော်များ၏ ဆန္ဒရယူပြီးမှ သိမ်အတွင်းတွင် ကမ္မ၀ါစာဖြင့် ပြဌာန်းရသည်ဖြစ်၍ ရဟန်းတော်တပါးတလေ၏ ပြဌာန်းချက်မဟုတ်။ သံဃာတော်အားလုံး၏ အမိန့် အာဏာဖြစ်သည်။

ထို့ကြောင့် ကံပြုစဉ်က မိမိဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ သာသနာတော်ထမ်း ရဟန်းတော်တိုင်းက လေးစားလိုက် နာကြရသည်။ ထိုကံဆောင်ခြင်းမှ သွေဖည်၍ ကံပြုခံရသူများနှင့် ဘာသာရေးကိစ္စများ လက်ခံ ဆောင်ရွက်ပေးပါက ထိုပုဂ္ဂိုလ်မှာ မြတ်စွာဘုရားရှင်၏ ပညတ်ချက်ကို ကျူးကျော်ရာရောက်သဖြင့် အာပတ် သင့်ရောက်ပါသည်။

“ပတ္တနိက္ကုဇ္ဇနကံ”၏ ရည်ရွယ်ချက်မှာ ဘာသာရေးကို မသိနားမလည်၍ တကြိမ်တခါ ပြစ်မှားကျူးလွန်မိခြင်းကို အချိန်မီ သိရှိကာ ၀န်ချတောင်းပန်နိုင်စေရန် ဖြစ်ပါသည်။

ကာယကံရှင်များက မိမိတို့ပြုမှားမိသည်များကို သံဃာသို့ ၀န်ချတောင်းပန်မှသာလျှင် ကံဆောင်ထားခြင်းမှ ရုပ်သိမ်းပေးခွင့် ရှိပါသည်။ ပြန်လည်ရုပ်သိမ်းမည်ဆိုကလည်း၊ ကံဆောင်စဉ်က နည်းအတိုင်း၊ သံဃာအားလုံး၏ ဆန္ဒရယူပြီး သိမ်အတွင်း ၀ယ် ကမ္မ၀ါစာဖြင့် ပြန်လည်၍ ကံလွှတ် ရုပ်သိမ်းပေးတော်မူကြရသည်။

မြန်မာနိုင်ငံတွင် သံဃာတော်များက နအဖအစိုးရနှင့်အပေါင်းပါ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး အပေါ် “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ခဲ့ပါပြီ။ တကြိမ်မျှ မတောင်းပန်ခဲ့ဘူးပါ။ ထိုသို့ မတောင်းပန်ခြင်းသည် နအဖ စစ်အစိုးရနှင့် အပေါင်ပါများအဖို့ သံသရာခရီးတွင် နစ်သည်ထက် နစ်လာကြရဖို့ သာ ရှိပေသည်။ သံဃာတော်များအား အလှူအတန်းစသည် ပေးလှူခွင့်၊ ဥပုသ်သီတင်း ဆောက်တည်ခွင့်၊ သေလျှင် သရဏဂုံတင်ခွင့် ဆုံးရှုံးကြရပေတော့မည်။ လူ့ဘ၀ကိုရပါလျှက် အပေါင်းအသင်း မှားသဖြင့် လူဖြစ်ရှုံးကြရလေပြီ။

လတ်တလောအားဖြင့် သံဃာများက ထိုကံဆောင်ထားကြသည့်အတွက် မိမိတို့တွင် “သံဃံ သရဏံ ဂစ္ဆာမိ” ဟူသော သရဏဂုံ တပါး ကျိုးပေါက်သွားကြပြီ။ သရဏဂုံ မတည်သူများ ဖြစ်ကြရပြီ။ ထိုသူများအဖို့ မည်မျှ ငွေကြေးတတ်နိုင်၍ လှူလိုကြသည်ဖြစ်စေ၊ လှူလေသမျှ တန်းလေသမျှ ဘာကုသိုလ်မျှမရနိုင်တော့ပြီ။ စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး သတိထားကြစရာပါ။ ကုသိုလ်လုပ်၍မရတော့လျှင် အသက်ရှင်နေသည့် ကာလတလျှောက် အကုသိုလ်သာ စုမိကြဖို့ဖြစ်လာသည်။

ယခုလတ်တလောမှာတော့ နအဖက ၄င်းတို့လုပ်နေကြလုပ်ထုံးအတိုင်း သံဃာတော်များကပဲ သူတို့ အလှူကို လက်ခံနေကြ သယောင်ယောင် ဆရာတော်တွေကို ၀ါဆိုသင်္ကန်းတွေကပ်၊ ကျောင်းတိုက်ကြီးများသို့ ဆွမ်းဆန် တော် အိတ်တွေ၊ ၀တ္ထု ပဒေသာပင်တွေ ဝေနေအောင်လှူပြ နေကြသည်။ စင်စစ် ထိုအလှူများအပေါ် သံဃာ တော် များက သာယာမှုဖြစ်တော် မမူကြ။ ထိုအလှူများကြောင့် လှူရသူတို့မှာ ကုသိုလ်မရသည့်ပြင် ရဟန်းတော် တို့အား အာပတ်သင့် ရောက်အောင် တွန်းပို့နေရာသာရောက်နေသည်။ ကုသိုလ်ပြုကာမှ ငရဲသာရနေသည်။

အဆိုးဆုံးကတော့ သံဃာ့ဝိနည်းကို နားမလည်ဘဲ သံဃာတော်များကို လူပုဂ္ဂိုလ်များကဲ့သို့ ဆက်ဆံနေကြခြင်း ဖြစ်သည်။ အရေးအခင်းမှာ ပါသည်ဆိုလျှင်ပင် သူတို့မှာ ဆုံးမကြဖို့ အခွင့်အလမ်းရထားသူများလို သံဃာတော် တွေကို ရိုက်လိုရိုက်၊ သတ်လိုသတ် သင်္ကန်းဆွဲချွတ် လိုချွတ်ပြုနေကြသည်။

သံဃာတော်ဖြစ်ပြီဆိုသည်နှင့် ကာယကံရှင်၏ ဆန္ဒမပါဘဲ၊ မည်သူတစုံ တဦးကမျှ သင်္ကန်းကို ဆွဲချွတ်၍မရပါ။ ထိုပုဂ္ဂိုလ် ကိုယ်တိုင်က ၀ိနည်းသိက္ခာပုဒ်တော်နှင့်မညီဘဲ ပါရာဇိက ကဲ့သို့သော လူဝတ်လဲပေးရမည့် သိက္ခာပုဒ် တော်ကို ကျူးလွန် ဖောက်ဖျက်မိသည့်တိုင် ထိုအပြစ်ကို ရဟန်းတော်ကိုယ်တိုင်က ၀န်ခံမှသာ လူဝတ်လဲပေးနိုင် သည်။

အကယ်၍ ဇွတ်အတင်းဆွဲချွတ်သဖြင့် ကိုယ်ပေါ်တွင် သင်္ကန်းမရှိတော့လင့်ကစား၊ ကာယကံရှင်က မိမိသည် ရဟန်းတပါး ဖြစ်ကြောင်း မှတ်ယူထားလေသမျှ သံဃာအဖြစ်မှာပဲ ရှိနေပေသည်။ ထိုပုဂ္ဂိုလ်ကို ရိုက်နှက် ညှဉ်းပန်း ခြင်းပြုပြုသမျှသည် သံဃာအပေါ်ကျူးလွန်မိခြင်းသာဖြစ်ပါသည်။

စဉ်းစားကြည့်ပါ။ သံဃာတော်ဆိုသည်မှာ မြတ်စွာဘုရားရှင်နှင့် တတန်းတည်းထား ကိုးကွယ် ဆည်းကပ်ကြရမည့် ရတနာ သုံးပါး ၀င် ဖြစ်တော်မူကြသည်။ ရတနာသုံးပါးကို ပြစ်မှား ကျူးလွန်ရဲနေကြသည်။

“သံဃာမရှိလဲဖြစ်ပါတယ်”ဆိုသည့်စကားမှာ သရဏဂုံ ပျက်စေပါသည်။

ထိုအကုသိုလ်များကြောင့် ပြစ်မှားကြသူတို့မှာ သံဃာဂိုဏ်းသင့်ကြရပြီ။ သံဃာဂိုဏ်းသင့်သည် ဆိုသည်မှာ ယခု ဘ၀တွင် ဘာကုသိုလ်လုပ်လုပ် ကုသိုလ်မရ။ တရားထိုင်လျှင်လည်း မဂ်ဖိုလ်မရ နိုင်တော့သည့်“မဂ်တားဖိုလ်တား ကိစ္စကြီး” ဖြစ်ပါ သည်။ “မဂ်၏ အန္တရာယ်”ဖြစ်ကြရပြီ။ မည်သူမျှ ကယ်တင်၍မရနိုင်ဘဲ အပါယ်လေးဘုံ သို့ သာသွားရ မည့် တလမ်းသွားများ ဖြစ်ကြရပြီ။

ကုလားဖုမင်းသည် ခန္တီဝါဒီရှင် ရသေ့ကို ညှဉ်းပန်းခဲ့သဖြင့် မြေမျိုခံရဘူးကြောင်း နိပါတ်မှာလာပါ သည်။ ရသေ့ သည် ရဟန်းလောက်မမြင့်မြတ်သေးပါ။

မနုဿတ္တဘာဝေါ ဒုလ္လဘော။ လူ့ဘ၀သည်ရခဲလှပါ၏။ ထိုရခဲလှသောလူ့ဘ၀တွင်၊ မိမိနောင် ရေးအတွက် တတ် နိုင်သမျှ ကုသိုလ်စုဖို့သာ ဖြစ်သင့်ပါသည်။ မိမိသေလျှင် မိမိနောက်သို့ မိမိပြုခဲ့သည့် ကုသိုလ် အကုသိုလ်ကံများသာ ပါသွားကြပါ မည်။ မိမိအတွက်မဟုတ်ပါဘဲ သံဃာကိုသတ်ဖြတ်နေရသည့်အဖြစ်မျိုး ဘယ်သူ့ကြောင့် ရောက် နေရပါသနည်း။ ထိုပုဂ္ဂိုလ် မျိုးအတွက် မိမိမှာ တသံသရာလုံး အနစ်မွန်းခံရပေတော့မည်။ ထိုက်တန်ပါရဲ့လား။

ထိုကျူးလွန်နေသူများကို မေးလိုပါသည်။ သင်တို့လူ့ပြည်တွင် နှစ်ပေါင်းမည်မျှ ဆက်လက် အသက်ရှည်နေကြဦး မည်ဟု ထင်ပါသနည်း။ အာဏာတည်မြဲဖို့ဆိုတော့ကော။ ဘယ်နှနှစ်ခံပါ မည်နည်း။ အဲသည့် နှစ်ကလေး အတွင်းမှာ ဘယ်လောက် ချမ်းသာသွားမလဲ။ အဲသည့် ဥစ္စာပစ္စည်းကကော မြဲပါ့မလား။

ဦးနေ၀င်းတုန်းက ၁၉၈၅ မှာ မဟာဝိဇယစေတီတော်ကို အသုံးချ၍ မလုပ်ကောင်း လုပ်ကောင်း ယတြာချေခဲ့ သည်။ သာသနာသန့်ရှင်းရေးဆိုပြီး တကယ့်သံဃာတော်များကို မိန်းမတွေနှင့်ရှုပ်သယောင်စွပ်စွဲပြီး သင်္ကန်း ဆွဲချွတ် လုပ်ခဲ့သည်။ ဘယ်နှနှစ်ခံခဲ့ပါသနည်း။ ဦးနေ၀င်းသေတော့ ဘယ်ပုံစံနှင့်သေခဲ့ရပါသနည်း။

ဦးနေ၀င်းတသက် စုဆောင်းခဲ့ရသမျှ ဥစ္စာဓနများကိုကော စံစားသွားရပါရဲ့လား။ ဦးနေ၀င်းကိုယ်တိုင် အခြေခံ ဥပဒေ ကြီးတွေအခိုင်အမာဖြင့် တည်ဆောက်ခဲ့သော တိုင်းပြည်ကြီး မရှုမလှ ပျက်စီးခဲ့ရသည်ကို သံဝေဂ ယူသင့် ပါသည်။ အဲသည်တုန်းက သံဃာကို ကိုယ်ထိလက်ရောက် ပြစ်မှားခဲ့ကြသူများ ဘာဖြစ်သွားကြပါသနည်း။

ဗိုလ်ခင်ညွန့်က ပထမအကြိမ် သံဃာကံဆောင်ပွဲကြီးကို ချေမှုန်းပြီး အထင်ကရ သံဃာတော် ကြီးများကို အတင်းလူဝတ်လဲ ထောင်ချလုပ်ခဲ့သည်။ ဘယ်နှနှစ်များ အာဏာမှာ တည်မြဲခဲ့ပါ သနည်း။ သူလုပ်ခဲ့သမျှ အကုသိုလ်ကံတွေပဲ သူ့နောက်ပါသွား မည်သာဖြစ်ပါသည်။ တပ်မတော် ထဲတွင် အခိုင်မာဆုံးဆိုရမည့် ဗိုလ်ခင်ညွန့်တယောက် ဘယ်ပုံစံဖြင့် ပြုတ်သွားခဲ့ရပါ သနည်း။ သူ့တသက် ရှာဖွေစုဆောင်းရယူခဲ့သော ဥစ္စာ များကော တည်မြဲခဲ့ပါရဲ့လား။ သံဃာကို နှိပ်စက် ညှဉ်းပန်းခဲ့ကြသည့် သူ့နောက်လိုက်များကော ဘာဖြစ် သွားကြပါသနည်း။

အခုကော ဗိုလ်သန်းရွှေ အာဏာမက်ပြီး သံဃာတော်များကို သတ်ဖြတ်ချေမှုန်းနှိမ်နင်းရေး တွေလုပ်နေပြန်ပြီ။ သူလဲအခု အသက် ၇၄ နှစ်။ နောက်ထပ်ဘယ်နှနှစ်အသက်ရှင်နေဦး မှာမို့လဲ။ ကိုယ်ပြုလိုက်ရသည့် အကုသိုလ် နှင့် ပြန် ရမည့် အာဏာတည်မြဲရေး လုံးဝမမျှတ။ အာဏာမှာ မြဲနေယင်တောင် တနေ့မျှ စားကောင်းခြင်းမစားရ။ အိပ်ကောင်းခြင်းမအိပ်ရ။ အမြဲတန်း ပူပင်သောကဖြင့်သာနေနေရပါမည်။ ရှာဖွေရရှိထားသမျှ ဥစ္စာပစ္စည်းတွေက ကော မြဲပါ့မလား။ ပစ္စည်းသင်္ခါရ လူသင်္ခါရ။ ကိုယ်ကိုယ်တိုင်က ရှေ့လူများကို ရက်ရက်စက်စက် ကျူးလွန်ထားမိ ခဲ့ပြီ။ ထိုအကုသိုလ်ကံများကကော ၀ဋ်မလည်ဘဲနေကြမည်လား။

သည်အာဏာရခဲ့သည့် ကာလတိုတိုကလေးအတွက် အ၀ီစိငရဲမှာ အဆုံးအစမရှိ ကျက်ကြရမှာ မြင်ယောင်သေး သည်။ ဘုရားအလောင်းတော် တေမိမင်းသားကလေးသည် ထိုအပြစ်များကို မြင်သဖြင့် “မင်း” မလုပ်ရအောင် စကားမပြောသည့် အဓိဌာန်ဆောက်တည်ခဲ့ခြင်း ဖြစ်သည်။

အမှန်ဆို မိမိအာဏာရနေစဉ်မှာ တိုင်းပြည်ကောင်းစားအောင် လုပ်ဆောင်ပေးကြမည်ဆိုပါလျှင် သူတို့တည်မြဲရေး အတွက် ပြည်သူကပင် ကြိုးပမ်းပေး ကြပါလိမ့်မည်။

ဗိုလ်နေ၀င်း၊ ဗိုလ်ခင်ညွန့် တို့ ကျဆုံးသွားပုံကိုကြည့်လျှင် သူတို့သာမက ဆက်စပ်ပတ်သက်သူမှန်သမျှ အားလုံး ဘ၀ပျက် ခဲ့ကြရသည်။

ယခု ဗိုလ်သန်းရွှေကျလျှင်ကော၊ အတူတွဲလုပ်ကိုင်ခဲ့ကြသည့် စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင် တို့အားလုံး ဘုမသိ ဘမသိ ဖြင့် သံဃာ့ကံများပါ ထိကြ မှာမလွဲပါ။ ထိုကံများမှလွတ်အောင် ဗိုလ်သန်းရွှေ မတတ်နိုင်ပါ။ သူလည်းကံထိုက်မည်သာ ဖြစ်ပါသည်။ ပြုလုပ်သူကော စေခိုင်းသူပါ အကုသိုလ်ထပ်တူရကြပါလိမ့်မည်။

နောင်ဘ၀မှာတော့ အ၀ီစိမှာတူပျော်ပျော်ပဲ နေကြရဦးမှာပါ။ “ဂေါဏေန ဂေါဏော” ဆိုသမို့လား။

Darfur/Burma

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,30th,2008

( 49 )Amnesty appalled as Junta re-arrest U Win Htein

( 48 )Burmese soldier killed; villagers forced to search for lost gun

( 47 )Rajang river cruise set for july next year

( 46 )True humanitarian heroes

( 45 )FWF provides relief to poor villagers of Rohingya and Bengalis

( 44 )မော်လမြိုင်ရှိ အင်တာနက်ဆိုင်များကို ည ၈ နာရီမှာ ပိတ်ခိုင်း

( 43 )Two youths fined for marrying despite permission

( 42 )Man arrested for remarrying without permission

( 41 )တပ်သားသစ်များ ဒီကေဘီအေ အဓမ္မ စုဆောင်းနေ

( 40 )Man arrested after praying in mosque

( 39 )Junta claims international law on its side, condemns sanctions

( 38 )ရန်ကုန်နှင့် စစ်တွေတွင် လုံခြုံရေး တိုးချထား

( 37 )နာဂစ်ဒုက္ခသည် အမျိုးသမီးများ လုံခြုံမှု ကင်းမဲ့နေ

( 36 )Burma’s State Media Still Mum on Tainted Milk Powder

( 35 )သခင်သိန်းဖေ သွေးပေါင်ချိန်တိုး အရေးပေါ် ဆေးရုံတင်ထားရ

( 34 )Karen Group Opposes Salween River Dams

( 33 )လွှတ်တော်အမတ် ဒေါက်တာ မျိုးဝင်း ကွယ်လွန်

( 32 )DKBA Recruited Villagers for Assault on KNLA

( 31 )မိတ်ဆွေနိုင်ငံများအဖွဲ့ မိမိတို့တွင်း ကွဲပြားမှုများကို မဖြေရှင်းနိုင်

( 30 )Security Further Tightened in Rangoon, Sittwe

( 29 )Remove ‘Unjust’ Economic Sanctions

( 28 )ဗျောက်အိုး ဖောက်သူ၊ ရောင်းသူ၊ ပြုလုပ်သူ အားလုံးကို အရေးယူမည်

( 27 )“Burma Rally in NYC on Monday”

( 26 )Cyber cafes ordered to close early

( 25 )UN appeal for Myanmar's cyclone victims 50 per cent unfunded

( 24 )Tuesday's Quote of the Day

( 23 )အဖမ်းခံရသူ အဖွဲ့ချုပ်ဝင် ၉ ဦးစလုံး ပြန်လွတ်

( 22 )Chinese investments in Myanmar's energy, mining sectors of concern

( 21 )စစ်တွေနည်းပညာ တက္ကသိုလ် ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

( 20 )Screening commemorates Burma protests

( 19 )ဗန်းမော်မီးသတ်ဌာန မီးသတ်ဘူး အဓမ္မရောင်း

( 18 )Press Freedom and Democracy Remain "Imprisoned"

( 17 )Who should be awarded the freedom of Salford?

( 16 )မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းပေးရန် နအဖ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

( 15 )Winds of change fail to stir Myanmar

( 14 )ဘုရားသုံးဆူနယ်စပ်တွင် စီးပွါးရေးအခြေအနေ ဆုတ်ယုတ်လာ

( 13 )General Maung Aye Scheduled to Arrive in Bangladesh on 7 October

( 12 )Ryan Giggs and Burmese dissident Aung San Suu Kyi fight for freedom of Salford

( 11 )နာဂစ်မုန်တိုင်းသင့် ဒေသအတွက် စင်ကာပူနိုင်ငံ ဓာတ်မြေသြဇာလှူဒါန်း

( 10 )Ethiopia urges U.N. to deploy Somalia peacekeepers

( 9 )Myanmar urges end to sanctions

( 8 )၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ အာရှတော်ဝင်ဆေးရုံတက် သက်သာဟု မိသားစုပြော

( 7 )Myanmar Calls For Lifting Of ‘Immoral’ Sanctions

( 6 )Lift 'immoral' sanctions

( 5 )Myanmar urges end to sanctions

( 4 )Mission of Burma, Still On a Mission

( 3 )မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ရန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

( 2 )Myanmar FM urges lifting 'counter-productive' sanctions

( 1 )တရုတ်ရင်းနှီးမြှုပ်နှံမှု တိုးများလာမှုကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိခိုက်

Monday, September 29, 2008

စစ်တွေတွင် ကျောင်းသားများ ဆန္ဒပြ

သန်းထိုက်ဦး တနင်္လာနေ့၊ စက်တင်ဘာလ 29 2008

ချင်းမိုင်။ ။ ကျောင်းကား စီစဉ်ပေးခြင်း မရှိသောကြောင့်ဆိုကာ စစ်တွေ နည်းပညာကောလိပ်မှ ကျောင်းသားများသည် တင်္နလာနေ့ မွန်းလွဲပိုင်းက စုပေါင်းလမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဒေသခံများ အပြောအရ သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အပြင်ဘက် ရေချမ်းပြင်ရပ်ကွက်ရှိ အစိုးရနည်းပညာ ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၂၅ဝ ကျော်သည် မြို့ထဲသို့ လမ်းလျှောက် ပြန်လာကြခြင်း ဖြစ်သည်။

စစ်အစိုးရ ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်ပြီး အတိုက်အခံ လှုပ်ရှားမှု အားကောင်းရာ ဒေသတခုတွင် ယခုကဲ့သို့ ကျောင်းသားများ စုရုံး လှုပ်ရှားမှုသည် အာဏာပိုင်များကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။

"၈ မိုင်လောက်ဝေးတဲ့ ဗန္ဓုလလမ်းဆုံဆိုတာ ရှိတယ်။ အဲဒီ လမ်းဆုံရောက်တဲ့အခါ ကျောင်းအကြိုအပို့ကားက နောက်ကနေ လိုက်လာတယ်။ လိုက်လာတော့လည်း ကဲ ဘာမှ မထူးတော့ဘူး ဆိုပြီးတော့ ကားမစီးပဲ ကိုယ်အိမ်ကိုယ် ပြန်ရောက်တဲ့အထိ တန်းစီပြီးတော့ လမ်းလျှောက်ခဲ့ကြတယ်" ဟု လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူတဦးက ပြောသည်။

ယခုလုပ်ရပ်သည် စာမေးပွဲတခု ဖြေဆိုနေချိန်ဖြစ်ပြီး ကျောင်းအာဏာပိုင်များက မချေမငံ ပြောဆိုမှုကြောင့် ဆန္ဒပြရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

စစ်တွေ နည်းပညာကောလိပ်သို့ မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ "ဘာမှ မဟုတ်ပါဘူး အားလုံးပြီးသွားပါပြီ" ဟုသာ တုံ့ပြန်ဖြေကြားကာ ဖုံးချသွားသည်။

စနေနေ့နံနက်က သံဃာတော် ၁၅၀ ခန့်သည် ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့် အမှတ်အသားအနေဖြင့် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် စစ်တွေမြို့တွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားသော သံဃာတော်များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုမျိုး ဖြစ်ပွားလာမည် စိုးရိမ်ကာ အရေးပါသော မြို့ကြီးများတွင် လုံခြုံရေးများ တင်းကြပ်ထားသည့်ကြားမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသားများပြန်လွှတ်ပေးရာတွင် အကောက်ခွန်နှင့် ထောက်လှမ်းရေးအဖွဲ့များ အများဆုံးပါဝင်

ဖြိုးကြီး။ စက်တင်ဘာ ၂၉၊ ၂၀၀၈

စစ်အစိုးရက အကျဉ်းသား ၉၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင် အကောက်ခွန်ဝန်ထမ်းများနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များသာ အများဆုံးပါဝင်သည်ဟု ဆိုသည်။

ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်း ရေးအဖွဲ့ဝင်များနှင့် မူဆယ် (၁၀၅) မိုင်ဂိတ်မှ အကောက်ခွန်ဝန်ထမ်း ၇၀၀ ကျော် ပါဝင်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“ကာစတန်နဲ့ စစ်ထောက်လှမ်းရေးက အဖွဲ့တွေလေ၊ အဲဒီမှာ အနှစ် (၃၀) လောက်ကျတဲ့ ဗိုလ်ကြီးအဆင့်တွေ တော်တော်များများပါတယ်၊ ကြီးကြီးပိုင်းတွေတော့ မလွတ်သေးဘူး”ဟု အဆိုပါအရာရှိက အတည်ပြုပြောသည်။

အမှတ် (၁) ထောက်လှမ်းရေးမှ ဗိုလ်မှူး သောင်းကျော်ရှင်း၊ အမှတ် (၇) ထောက်လှမ်းရေးမှ ဗိုလ်ကြီးသိန်းဝင်း၊ အမှတ် (၁၄) မှ ဗိုလ်ကြီး သန်းနိုင်နှင့် အရာခံဗိုလ် သက်ဇော်မှူးတို့ ပြန်လည် လွတ်မြောက်လာသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့တွေက နှစ်ကြီးသမားတွေလေ၊ အနှစ် (၃၀) နဲ့ (၄၀) ကြားမှ ကျနေတဲ့သူတွေပဲ၊ အဲဒီ ထဲက အဖွဲ့တွေတော်တော်များများ ပါလာတယ်၊ အကောက်ခွန်အဖွဲ့တွေလဲ ပါတယ်”ဟု ပြောသည်။

အကောက်ခွန်ဝန်ထမ်းများကို ပြန်လွှတ်ပေးရာတွင် မူဆယ် (၁၀၅) မိုင်ဂိတ်မှ ဝန်ထမ်းများလည်း ပါဝင်ပြီး အချို့ကို ပြန်လည်စီစစ်မှုများပြုလုပ်နေသည့်ဟု အကောက်ခွန်စီမံရေးရာ တာဝန်ရှိသူ တဦးက ပြောသည်။

“မူဆယ်မှာ ဘယ်သူတွေ လွှတ်တယ်ဆိုတာတော့ မသိသေးဘူး၊ မူဆယ်က အကုန်လွှတ်ပေး တာတော့မဟုတ်ဘူး၊ အမှုဖိုင်ထဲမှာ ပြန်စီစစ်ရင်းနဲ့ အမှုနဲ့သိပ်မပက်သက်တဲ့ သူတွေကတော့ လွတ်တယ်”ဟု ပြောသည်။

စစ်အစိုးရက အကျဉ်းသား (၉၀၀၀) ကျော် ပြန်လွှတ်လိုက်သည်ဟုဆိုသော်လည်း စစ်ထောက် လှမ်းရေးအဖွဲ့များ၊ အကောက်ခွန်ဝန်ထမ်းများနှင့် အခြားရာဇဝတ်ပြစ်မှုဆိုင်ရာ အကျဉ်းသားများ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား (၈) ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က အတည်ပြုပြော ဆိုသည်။

နောက်ဆုံးရ သတင်း

ရန်ကုန် မြို့တော်ခန်းမအား လုံခြုံရေးတင်းကျပ်

NEJ/၂၉ စက်တင်ဘာ ၂၀၀၈။ ။

စီမံချက်တရပ်အနေဖြင့် ယနေ့မှစ၍ မြို့တော်ခန်းမအတွင်းသို့ မည်သည့်လက်ကိုင်အိတ်မျိုးမှ ယူဆောင်ခွင့်မပြုတော့ကြောင်း ခန်းမဧည့်အ၀င်ပေါက် တာဝန်ကျ စည်ပင်ရဲများက ပြောသည်။

“ဒီ စီမံချက်ကို စတင်တာ မြို့တော်ခန်းမ လုံခြုံရေးအတွက်ပါ၊ မကြာမကြာ ဗုံးတွေ ပေါက်နေတဲ့အတွက် ခန်းမလုံခြုံရေးကို အကာအကွယ်ယူတဲ့ သဘောပါ” ဟု တာဝန်ကျ စည်ပင်ရဲတဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၅) ရက် နံနက် (၁၀) နာရီ (၄၀) မိနစ်ခန့်တွင် မြို့တော်ခန်းမ မျက်နှာစာတည့်တည့်ရှိ မဟာဗန္ဓုလပန်းခြံအနီး ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ မြို့တော်ခန်းမတွင်းသို့ မည်သည့် လက်ကိုင်အိတ်ကိုမျှ ယူဆောင်ခွင့် မပေးခြင်း ဖြစ်သည်ဟု သိရသည်။

တောင်ဒဂုံမှ မြို့တော်ခန်းမသို့ အလုပ်ကိစ္စဖြင့်လာသူ အမျိုးသမီးတဦးက “ဘာပဲဖြစ်ဖြစ် ပိုက်ဆံလေး ဘာလေး ထည့်လာတော့ ပိုက်ဆံအိတ်ကတော့ ပါတာပေါ့ရှင်၊ အခုဟာက ပိုက်ဆံအိတ်ကိုတောင် မယူရဘူးဆိုတော့ လွန်အားကြီးပါတယ်။ အခု လာတာက လေလံပေးမယ့် ကိစ္စရပ်တွေအတွက် သိချင်တာတွေကို စီမံဌာနမှာ စုံစမ်းနိုင်တယ်ဆိုလို့ လာတာပါ၊ ဒီနေ့တော့ ပိုက်ဆံအိတ်ပါလာတော့ ၀င်လို့ မရဘူးလေ။ မနက်ဖြန်မှပဲ လာပေါ့တဲ့” ဟုပြောသည်။

(၂၅) ရက်ဗုံးပေါက်ကွဲပြီး နောက်တနေ့မှစတင်ကာ မြို့ တော်ခန်းမ ဘေးပတ်လည်ရှိ ပလက်ဖေါင်းများကို ပြန်လည် ပြင်ဆင်နေကြောင်း၊ မြို့ တော် ခန်းမတွင် CCTV လုံခြုံရေး ကင်မရာ (၉) လုံးတပ်ဆင်ထားပြီး စည်ပင်ရဲများအား ခန်းမဘေး ပတ်လည်တွင် ချထားကြောင်း မျက်မြင်များက ပြောသည်။

အနက်ရောင်ဝမ်းဆက်ဝတ်ထားသည့် မျက်နှာဖုံးမှန်ကာ ဦးထုပ်များနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အထူးရဲကွန်မင်ဒိုများ၊ အပြာဝမ်းဆက် လည်ပတ်အနီများနှင့် လုံထိန်းများ၊ အပေါ်မီးခိုး အောက်အပြာဝတ်ထားသည့် ပုံမှန်ရဲများကိုလည်း ရန်ကုန်မြို့ နေရာအနှံ့တွင် လုံခြုံရေးချထားကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,29th,2008

( 39 )Pressure mounts on Lloyd's over Burma

( 38 )Myanmar leader congratulates China over successful space mission

( 37 )UN General Assembly Enters Final Debate Day

( 36 )In and out of jail in Burma

( 35 )ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်အမျိုးသမီးအဖွဲ့ ရှောင်တခင် စစ်ဆေးခံရ

( 34 )Opposition Must Cooperate

( 33 )Junta Amends Historical Commission Law

( 32 )မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေတွင် ဖွဲ့စည်း

( 31 )State Violence in Thailand and Burma

( 30 )Army hospitals to be sold to China

( 29 )Junta sells foreign-aid-fertilizers for Cyclone Nargis-hit Irrawaddy River Delta

( 28 )မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး (လွတ်မြောက်နယ်မြေ) ဖွဲ့စည်း

( 27 )Mon National Democratic Front Liberation Area (MNDF-LA) founded

( 26 )'Group of Friends' fails to resolve internal differences

( 25 )တပ်မတော် စစ်ဆေးရုံကို တရုတ်သို့ရောင်း

( 24 )Nargis-hit rice fields replanted

( 23 )Singapore donates 38,000 bags of fertiliser to Myanmar farmers

( 22 )စစ်အစိုးရက မြန်မာသမိုင်းအဖွဲ့ဥပဒေကို ပြင်ဆင် ပြဌာန်း

( 21 )S'pore donates fertilisers

( 20 )နာဂစ်ဒေသ ခရီးသွားလုပ်ငန်း စတင်တော့မည်

( 19 )Mizo students ask Myanmar migrants to leave

( 18 )မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ဖွဲ့စည်းပြီး

( 17 )Army Captain compensates two women with extortion money

( 16 )Peaceful protest to mark 1st anniversary of saffron revolution in Arakan

( 15 )အမေရိကန် လွှတ်တော်အမတ်ဟောင်း မြန်မာ့အတိုက်ခံသတင်းသမားများနှင့် တွေ့ဆုံဖွယ်ရှိ

( 14 )Boat people ready to go to Malaysia from Bangladesh

( 13 )Saffron revolution not just Burman affair: event organizer

( 12 )China’s Grip on Burma ‘Cause for Concern’

( 11 )သံလွင်ရေကာတာစီမံကိန်း ဇီဝမျိုးစိတ် (၄၀၀)ခန့်ကို အန္တရာယ်ပြုနေ

( 10 )Time has come to release all political prisoners

( 9 )ရခိုင်အမျိုးသမီးအစည်းအရုံး ရုံးခန်းကို ဘင်္ဂလားအာဏာပိုင်များမှ နှစ်ရက်ဆက်တိုက် ၀င်ရောက်စစ်ဆေး

( 8 )Key Nations call on Burma to release Democracy Leader Suu Kyi

( 7 )စာပေစိစစ်ရေးစည်းကမ်းသစ်ကြောင့် ပြည်တွင်းဂျာနယ်တွေ ပိုအခက်တွေ့

( 6 )Six Deserters Surrender to Nasaka on Western Border

( 5 )စစ်အစိုးရနှင့်အတိုက်အခံ ဆွေးနွေးရေး မြန်မာမိတ်ဆွေ နိုင်ငံများ အားပေး

( 4 )Philippine violet is fabulous for autumn

( 3 )စီးပွားရေးပြုပြင်မှုကသာ မြန်မာနိုင်ငံကို ပွင့်သွားစေမည့်အချက်ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

( 2 )Myanmar-China border trade fair to be held in Muse this year

( 1 )ဦးဝင်းတင် လွတ်မြောက်မှု NLD အတွက် အင်အားဖြစ်လာမယ်လို့ လူငယ်တွေမျှော်လင့်

Sunday, September 28, 2008

တောင်းပန်ခြင်း

Sunday နေ့လည်ပိုင်းမှ စပြီး google မှ အကြောင်းကြားစာပေးပို့ပြီး ခေတ္တရပ်ပေးရန် ပြောဆိုလာသဖြင့် sunday နေ့လည်မှ Monday ညနေအထိ post တင်ခြင်း ရပ်ဆိုင်းသွားရသဖြင့် စာဖတ်သူများ အနှောက်အယှက် ဖြစ်သွားသည်ကို တောင်းပန်လိုက်ရပါတယ် ခင်ဗျာ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,28th,2008

( 12 )World powers push Burma on political reforms

( 11 )UN aims to keep focus on Myanmar

( 10 )Monks mark crackdown

( 9 )ကုလသမဂ္ဂနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို တိုက်တွန်း

( 8 )Group to focus on Myanmar

( 7 )စစ်တွေ သံဃာတော်တွေ ငြိမ်းချမ်းစွာ မေတ္တာပို့ကြွချီ

( 6 )Suu Kyi’s party marks 20-year anniversary

( 5 )UN talks set to grapple with Myanmar issue

( 4 )အတွင်းရေးမှူးချုပ်ရဲ့ မြန်မာမိတ်ဆွေနိုင်ငံများ အဆင့်မြင့်ကိုယ်စားလှယ် အစည်းအဝေးကျင်းပမည်

( 3 )New hopes for democracy in Burma?

( 2 )အဲန်အယ်လ်ဒီ အနှစ် (၂၀) ပြည့် အဖွဲ့ဝင်တချို့ အဖမ်းခံရ

( 1 )စစ်အစိုးရကို တရားဝင်မှု ရုတ်သိမ်းရေး တောင်းဆိုချက် ကုလသမဂ္ဂ လက်မခံ

စစ်တွေတွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြ

မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့်သော အခါသမယတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သံဃာတော် ၁၅၀ ခန့်က စနေနေ့ နံနက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုကို မျက်မြင်တွေ့ခဲ့သူ ဒေသခံ ကိုသန်းလှိုင်က မဇ္ဈိမသို့ ပြောပြရာတွင် သံဃာတော်များသည် စစ်တွေ လမ်းမကြီးမှ နံနက် ၁၀ နာရီမှစတင် ချီတက်ခဲ့ကြသည်ဟု ပြောသည်။ ဆန္ဒပြမှုမှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ဖြစ်သည်။

"သံဃာတော်တွေက တိတ်တိတ်ဆိတ်ဆိတ်ကိုပဲ ချီတက်ခဲ့ကြတာ။ ရဲနဲ့ တခြားအာဏာပိုင်တွေ ကားတွေ၊ ဆိုင်ကယ်တွေ အများကြီးနဲ့ အနောက်က လိုက်ကြပြီး ဘာဖြစ်လို့ လုပ်တာလဲ မေးကြတယ်" ဟု သန်းလှိုင်က ပြောသည်။

"လမ်းဘေးမှာရှိတဲ့ ရဲတွေကလည်း လက်အုပ်ချီ ကန်တော့ခဲ့ကြတာပေါ့" ဟု သူက ထပ်ပြောသည်။

သံဃာတော်များသည် ဦးဥတ္တမ ပန်းခြံအထိ ဆက်လက် ချီတက်ကြခဲ့ကြပြီး ငြိမ်းချမ်းစွာပင် လူစုခွဲလိုက်ကြသည်။

"ပထမအသုတ် လူစုခွဲလိုက်ပြီးတော့ နောက်တသုတ် ၁၀၀ လောက်ရှိမယ် ထပ်လိုက်ပြီးတော့ အဲဒီမှာပဲ လူစုခွဲလိုက်ကြတယ်" ဟုဆိုကာ သံဃာတော်များ၏ ဆန္ဒပြမှု နံနက် ၁၀း၃၀ နာရီတွင် ပြီးဆုံးကြောင်း သူက ဆက်ပြောသည်။

အာဏာပိုင်များက အတင်းလူစုမခွဲသော်လည်း သံဃာတော်များနောက်က လိုက်ခဲ့ကြောင်း ကိုသန်းလှိုင်က ပြောသည်။ ရဟန်းတော်တပါးလည်း ရဲစခန်းသို့ ခေါ်သွားခံရကြောင်း သူကြားသိရသည်ဟု ပြောသည်။

ကိုသန်းလှိုင် အပြောအရ စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်းခဲ့သော ရဟန်းတော်များ ဦးဆောင်သည့် ဆန္ဒပြမှု တနှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု သိရသည်။

ကုလသမဂ္ဂ အဆိုအရ ထောင်ပေါင်းများစွာသော သံဃာတော်များနှင့် တက်ကြွ လှုပ်ရှားသူများ အဖမ်းခံရပြီး အနည်းဆုံး လူ ၃၁ ယောက် သေဆုံးခဲ့သည်ဟု ဆိုသည်။

Saturday, September 27, 2008

ဆေးမတိုးတော့ ယတြာပေါ့

မင်းသက်အောင်

လွန်ခဲ့တဲ့သီတင်းပတ်တွေထဲမှ နိုင်ငံတော်အကြီးအကဲ ဆိုသူ ဦးသန်းရွှေ အိပ်ရာထဲမှာ လဲလျောင်းနေရ ရှာတဲ့အကြောင်း သတင်းတွေ ပလူပျံနေပါတယ်၊ နေပြည်တော်မှာကား အဝင်အထွက် တဝီဝီနဲ့ ဘယ်သူက ဘယ်အမွေများ ရလိမ့်နိုးနဲ့
ကိုယ်ဟာကိုယ် ခန့်ထားတဲ့ဝန်ကြီးများ (ပြည်သူ မရွေးချယ်ခဲ့) ဥဒဟို ဝင်ထွက်သွားလာနေကြတဲ့ အကြောင်းတွေ စုံလိုပါဘဲ လေ့။

ရုတ်တရက်ဆို ဟော ဒီနေ့ထုတ် ၂၃၊ ၉၊ ၀၈၊ အစိုးရ သတင်းစာတွေမှာ အကျဉ်းသား ၉၀၀၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီ ဆိုပဲ၊ ဝမ်းသာစရာ သတင်းတစ်ခု လို့ ဆိုရပါလိမ့်မယ်။

အသိတွေထံ တယောက်ပြီးတယောက်ထံ ဖုန်းဆက်ပြီး လေကန်ကြတာ ဒီလွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တဲသူတွေအထဲမှာ ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့သူ ဘယ်သူတွေ ပါခဲ့တာတွေကို မေးမြန်းစုံစမ်းရတာပေါ့၊ မိတ်ဆွေတယောက်က "နိုင်ငံရေး အကျဉ်းသားတွေ တနေ့ထက်တနေ့ များလာတော့ နေစရာ၊ ထားစရာ၊ စားစရာ၊ ကျွေးစရာ မရှိမလုံလောက်လို့ လွှတ်ပစ်တာ ဖြစ်မှာပေါ့ " ဆိုသတဲ့။

နောက်တယောက်ကတော့ "ဗိုလ်ခင်ညွန့် အဖြုတ်ခံခဲ့ရတဲ့ကာလမှာ ထောင်ဒဏ် နှစ်ရှည်ကြီး ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တပ်က အရာရှိတွေ အများကြီးပဲ၊ အချို့က ဘာပြစ်မှုမှ မရှိပဲနဲ့ ကျူပင်ခုတ် ကျူငုတ်မကြံ၊ အပြတ်ရှင်းတဲ့အထဲမှာပါ
သွားကြတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်ထဲမှာ မကျေနပ်ချက်တွေ အများကြီး ရှိနေတယ်၊ ဒီလူတွေ၊ ဒီနည်းနဲ့ တရားဝင်းလမ်းကြောင်းက လွတ်မြောက်အောင် လုပ်ပေးပြီး နာမည်ကောင်း ယူတာလည်း ဖြစ်နိုင်ပါတယ်။

စာရေးသူအနေနဲ့ဘဝင်မကျ နိုင်သေးပါ၊ နောက်ထပ် မိတ်ဆွေတဦးနဲ့ ပြောဖြစ်ပြန်ပါတယ်၊ "လွှတ်ပေးတဲ့အထဲမှာ အကျဉ်းသားတွေ ဆိုတာ ဘယ်အမျိုးအစားရယ်လို့ ပြောမထားဘူး၊ သူခိုး၊ ဓါးမြ၊ ခါးပိုက်နှိုက်၊ လူသတ်၊ မုဒိန်း ကောင်တွေ ချည်းပဲလားမသိ၊ ဒီကောင်တွေက ထောင်ပိုင်၊ ထောင်မှူးတွေကို လာဘ်လာဘ ထိုးပြီး အကျင့်စာရိတ္တ ကောင်းတဲ့စာရင်းမှာ သွင်းပေးလိုက်ယင် ပြီးသွားပါဘဲ" - - အဲဒါလည်း တမျိုးကြီးပဲ။

ရန်ကုန်မြို့က မိတ်ဆွေတဦးကတော့ "ဒီနေ့ပဲ လွှတ်ပေးတယ် ဆိုတော့ ဘယ်သူဘယ်ဝါ ဘယ်အမျိုးအစားရယ်လို့ ကွဲကွဲပြားပြား မသိနိုင်သေးဘူးလေ၊ ကြားနေရတာကတော့ ထောင်လွတ်ရက်စေ့သူ၊ အသက်ကြီး နာမကျန်းသူတွေနဲ့
အစိုးရအသိုင်းအဝိုင်းနဲ့မကင်းကြတဲ့တွေပဲ ဖြစ်ဖို့များတယ်၊ မူယစ်ဂိုဏ်းတွေထဲက ငွေပုံအော ပေးယင်လဲ ဒီလောက် တောင်မှ လာဘ်စားနေကြတဲ့စစ်ဗိုလ်တွေ၊ ထောင်ပိုင်တွေအတွက် ဦးသန်းရွှေ ဖန်တီးပေးလိုက်တဲ့ အကွက်ဆန်း တခန်းလေးပေါ့"။

နောက်မိတ်ဆွေတယောက် ကျပြန်တော့ "ဦးသန်းရွှေ ကြီး အသည်းအသန် ဖြစ်နေတာ ယတြာချေတဲ့ သဘောနဲ့ ဖြစ်မှာပေါ့၊ သူ ဗျာဒိတ်ဆရာတွေ အခါတော်ပေး ညွှန်ပြတဲ့အတိုင်း ဘယ်နေ့၊ ဘယ်ထောင်၊ ဘယ်အချိန်၊ အရေအတွက်
ဘယ်လောက်ပေါ့၊ သေချာတာ တစ်ခုက နိုင်ငံရေးအကျဉ်းသားတွေ ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ သိပ်ပါဝင်မဲ့ဟန် မပေါ်ဘူး"။

ဒီအဆိုကို စာရေးသူ သဘောတူပါ၏၊ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနဲ့ တိရစ္ဆာန်တွေကို ဘေးမဲ့ လွှတ်ပေးသော အယူအဆအတိုင်း နိုင်ငံဥသျှောင် အကြီးအကဲတပါး နောက်ဆုံးဘဝခရီးမှာ ကုစရာဆေးလည်း နတ္ထိဖြစ်နေခဲ့လျှင်
ဒီယတြာချေနည်း ကလွဲပြီး ဘာမှ မတတ်နိုင်ပါကလား။

ထိုင်းနိုင်ငံ မဲဆောက်သို့ မြန်မာဆန်များ ခိုးသွင်းနေ

ကိုထွေး

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း အာဏာပိုင်များက နယ်စပ်ဒေသများတွင် ဆန် အရောင်းအ၀ယ် ကန့်သတ်ထား သော်လည်း ယခုအခါ မြန်မာပြည်မှ ဆန်အမြောက်အမြားကို ထိုင်းနိုင်ငံအတွင်းသို့ တရား မ၀င်သော နည်းလမ်းများဖြင့် တင်ပို့နေကြောင်း သိရသည်။

တနေ့လျှင် ဆန်အိတ်အရေအတွက် ၅၀၀မှ ၇၀၀ အထိ တင်ဆောင်ထားသော ၁၂နှစ်ဘီးကား အမျိုးအစား ကားအစီးရေ ၃၀ခန့် အထိ မြန်မာနိုင်ငံ မြ၀တီမြို့ဘက်မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တင်ပို့ နေကြောင်း အမည်မဖော်လိုသူ ကားသမား တဦးက ဧရာဝတီသို့ ပြောသည်။

“ကားတွေ တခေါက်လာရင် အိတ် ၁၀၀၀၀ လောက် ပါတယ်၊ ၁၂ဘီး ကားနဲ့ တင်လာတာများတယ်၊ ဆန်က တအိတ်ကို အနည်းဆုံး ၂၄ပြည် ပါတယ်၊ ကီလိုနဲ့ဆို ၅၀ရှိတယ်၊ ဒီရောက်လာတဲ့ ဆန်တံဆိပ်တွေ က လည်း အများကြီး ပါပဲ၊ ကျနော် တို့က ဆန်သယ်ရင် အပေါ်က ကုန်တွေဖုံးပြီး အောက်မှာဆန်အိတ်တွေ ထားသယ်ရ တာ၊ ဆန်တမျိုးပဲ တွက်ခြေကိုက်တယ်၊ ကျန်တဲ့ ကုန်ပစ္စည်းတွေက တွက်ခြေမကိုက်ဘူး”ဟု ၎င်းက ပြောဆို သည်။

မြ၀တီမှဆန်ကုန်သည်တဦးကလည်း “တံဆိပ်ပါတဲ့ဟာ ထိုင်းဘက် ကယ်ရီတွေက လက်မခံတော့နောက်ပိုင်း တံဆိပ် မထည့်တော့ဘူး၊ အခုက အိတ်အဖြူ အတိုင်းလာတာ ပိုများလာတယ်၊ တံဆိပ် ပါရင်တော့ ဟိုဘက် ကမ်းကို ကူးလို့ မရဘူး၊ ကူးလို့မရတော့ ဒီဘက်ကမ်းမှာ အိတ်ပြောင်း ပေးရတယ်၊ ဆန်ကတော့ အမျိုးအစား အမျိုးမျိုးပဲ၊ ရောက်လာတဲ့ဆန်တွေကို မြ၀တီထဲမှာ ဘယ်သူမှ ကြာကြာမထားရဲကြဘူး၊ ရောက်တာနဲ့ အမြန် ကူးတယ်၊ ထားရင်အဖမ်းခံထိမယ်”ဟု ပြောသည်။

အဆိုပါဆန်များကို မဲဆောက်မြို့မှ ကုန်သည်များက ၀ယ်ယူကြကြောင်း၊ ထိုင်းနှင့်မြန်မာ နှစ်ဘက် အာဏာ ပိုင်များ ဖမ်းနေသည့် ကြားမှနေ၍ လွတ်သွားသည့် ဆန်အိတ်အရေအတွက်မှာလည်း အလွန်များ ကြောင်း၊ ကုန်သည်များသည် ထိုင်း-မြန်မာအာဏာပိုင်များအပါအ၀င် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) ၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့(ကေပီအက်ဖ်)အဖွဲ့များနှင့် နားလည်မှုရယူကာ ယင်း ဆန် အရောင်းအ၀ယ်ကို လုပ်ဆောင်နေ ကြကြောင်း သိရသည်။

“အထက်ကလူတွေတောင် လာဘ်စားတာပဲ အောက်ကလူတွေက ပိုဆိုးတာပေါ့၊ ကားက သင်္ကန်းညီနောင် တပ်မဂိတ်တွေကို မ၀င်ချင်ရင် ကုန်သည်က တစီးကို ကျပ် ၁၀ သိန်း၊ ၁၅သိန်း အဆင်ပြေသလို ပေးလိုက်ရင် ကား နံပါတ် ဘယ်လောက်က တော့ သွားလို့ရတယ်၊ ဒါဆို ထွက်လာတာပေါ့၊ ဆန်တအိတ်ကို ကျပ် ၂၀၀ လောက် ပေးရတယ်၊ အရင်ကထက် အခု ပိုဆိုးလာတာပေါ့”ဟု အထက်ပါ ကားသမားက ပြောသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်း မြန်မာပြည်တွင် ဖြစ်ပေါ်လာနိုင်သော ဆန်စပါးပြဿနာကြောင့် နယ်စပ် ဒေသများ တွင် ဆန်အရောင်းအ၀ယ်အား အာဏာပိုင်များက ကန့်သတ်ထားသော်လည်း ယခုနှစ် ထိုင်းနိုင်ငံတွင် ဆန်စပါးပြတ်လပ် မည့် အခြေအနေကို ရင်ဆိုင်ရနိုင်ဖွယ်ရှိသည့်အတွက် နယ်စပ်မှ တဆင့် ၀င်ရောက်လာသော ဆန်များသည် ထိုင်းနိုင်ငံ အတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း လေ့လာသူ တချို့က သုံးသပ်ကြသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,27th,2008

( 34 )Army extorts money and live stock from hungry villagers

( 33 )နအဖ အကျဉ်းသား ထောင်ချီလွှတ်ပေး- ရှမ်းခေါင်းဆောင် တစ်ဦးမှ မပါ

( 32 )ကရင်နီ အပစ်ရပ်အဖွဲ့ ပြန်လည်တောခိုဖွယ်ရှိ

( 31 )Monks protest in Sittwe, western Burma

( 30 )Fire brigade force residents to buy fire extinguishers for funds

( 29 )UN rejects appeal to unseat junta

( 28 )ဦးဝင်းတင် အပါအ၀င် ပါတီခေါင်းဆောင်တချို့ကို တာဝန်ပြန်လည် အပ်နှင်း

( 27 )Junta arrests nine party members on NLD's 20th anniversary

( 26 )One year after violent crackdown, repression continues

( 25 )False dawn in Myanmar

( 24 )Yawdserk warns Shans against meddling in Thai politics

( 23 )ကျောက်တံတားရဲများ ဗုံး စနက်တံဖြုတ်ရန် ကြိုးစာနေ

( 22 )Suu Kyi's party marks anniversary

( 21 )လျော်ကြေးမပေးလိုသဖြင့် သင်္ဘောကို အဆုံးခံလိုက်ကြောင်း သတင်းများထွက်ပေါ်

( 20 )Monks in Myanmar mark crackdown anniversary

( 19 )စစ်အစိုးရ၏ လျှို့ဝှက်စီမံကိန်း - တရုတ်နှင့် ပိုမိုနီးစပ်သည့် ဆက်ဆံရေး ရအောင်လုပ်မည်

( 18 )Myanmar activists rally in Tokyo

( 17 )မမေ့နိုင်တဲ့နေ့ - ရွှေဝါရောင် တော်လှန်ရေးကို နှိမ်နင်းခဲ့တဲ့နေ့ နှစ်ပတ်လည်

( 16 )Suu Kyi's Myanmar democracy party marks 20-year anniversary

( 15 )ဗုံးသတင်းကြောင့် အစိုးရထုတ် သတင်းစာတွေ အရောင်းသွက်ခဲ့

( 14 )Myanmar arrests three as opposition NLD celebrates anniversary

( 13 )Street rally remembers Burma's Saffron Revolution

( 12 )ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် ဦးဝင်းတင် ပြောဆို

( 11 )Sydney rally marks Burma uprising

( 10 )အန်အယ်လ်ဒီ နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပါတီဝင်တချို့ အဖမ်းခံရ

( 9 )High level UN talks set to grapple with Myanmar issue

( 8 )UN set to grapple with Myanmar

( 7 )အန်အယ်လ်ဒီ ဖွဲ့စည်းခြင်း နှစ် ၂၀ ပြည့် ကျင်းပမည်

( 6 )စည်ပင်အရာရှိ ဗိုလ်ကြီးကိုလိမ်လည်မှုဖြင့်တရားဆွဲသော်လည်း ရဲကအရေးမယူနိုင်ပါ

( 5 )Switzerland extends sanctions

( 4 )Security clampdown keeps Myanmar protesters away

( 3 )Dissident enjoys just 17 hours of freedom

( 2 )Myanmar calm on uprising anniversary

( 1 )ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ရန်ကုန်လုံခြုံရေး အထူး တင်းကြပ်

Friday, September 26, 2008

အနှစ် ၂၀ ခရီးနှင့် စည်းလုံးမှု အနှောင့်အသွား

သျှမ်းသံတော်ဆင့်

၂၀၀၈ သြဂတ်စ်နှင့် စက်တင်ဘာလကား ထူးခြားသော နှမြှော တသအောက်မေ့ဘွယ်၊ သုံးသပ်ဆန်းစစ်ဘွယ်၊ သင်္ခဏ်းစာယူဘွယ် နှစ်ပတ်လည်အချိန်ကာလဖြစ်၏။

၈ လေးလုံးအရေးတော်ပုံ၊ ဒုတိယမ္ပိ စစ်တပ်အာဏာသိမ်းမှု အနှစ် ၂၀နှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခါသမယ ဖြစ်သောကြောင့်ပင်။

၁၉၆၂ မှ ၁၉၈၈ တပါတီအာဏာရှင် ၂၆ နှစ် အုပ်ချုပ်မှုနှင့် ၁၉၈၈ မှ ၂၀၀၈ န၀တ/ နအဖ ဖက်ဆစ်စစ်အာ ဏာရှင် အနှစ် ၂၀ ဓါး မိုးကြီးစိုးမှု၊ နှစ်ခုပေါင်း ၄၆ နှစ် သက်တမ်းမှာ နည်းနည်းနောနောမဟုတ်။

၂၀၀၇ စက်တင်ဘာရွှေဝါရောင်လှုပ်ရှားမှု ၁၉၈၈အရေးတော်ပုံ၌ လူထုလှုပ်ရှားမှုဖြင့် အာဏာရှင်ဗိုလ်နေ၀င်း၏ မဆလယန္တရား ဖြိုဖျက်ဖြုတ်ချနိုင်လျက်သားနှင့် ဘာ့ကြောင့်အခွင့် အ လမ်းဆုံးရှုံးခဲ့ရသနည်း။ အနှစ်၂၀ ကာလအတွင်း ပြည်တွင်းပြည်ပ အတိုက်အခံအုပ်စုများ အဘယ်ကြောင့်အင်အားဆုတ်ယုတ်သွားပြီး စစ်အုပ်စု ဘာ့ကြောင့် ပိုမိုခိုင်မာအသာစီးရလာသနည်း။ ဤအရေးကြီး သုံးသပ်ဆွေးနွေးချက်များကို လူသူတကာလို နားထောင်လေ့လာဖတ်ရှု မှတ်သားရပါသည်။

စစ်အုပ်စုကို မဖယ်ရှား နိုင်သည်မှာ ညီညွတ်မှုမရှိသောကြောင့် ဟုထောက်ပြကြ၏။ မြန်မာ့နိုင်ငံရေးနှင့် စည်းလုံးညီညွတ်ရေး ပြဿနာကို သူသူငါငါ ခွဲခြမ်းစိတ်ဖြာ ပြကြ၏။

အချို့က တိုင်းရင်းသားအင်အားစုနှင့် ဒီမိုကရေစီအင်အားစု များအကြားညီညွတ်ရေးပျက်ပြား သောကြောင့်ဟု အလွယ်တကူကောက် ချက်ချကြ၏။ အမှန်မှာ ညီညွတ်ရေးမရှိ၊ စည်းလုံးမှုနတ္တိဖြစ်နေသည်မ ဟုတ်။ ညီညွတ်ရေးလျော့ရဲပြီး စည်းလုံးမှုအားမရသေးခြင်းသာဖြစ် သည်။ လိုအပ်သော၊ လုံလောက်သော၊ ရှိသင့်ရှိထိုက်သော ညီညွတ်ရေး အဆင့် မရောက်သေးခြင်းသာဖြစ်သည်။

ညီညွတ်ရေးကို တန်းတူရေး၊ တရားမျှတရေးအပေါ် အခြေခံ သောအပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားနားလည်မှု၊ ယုံကြည်မှုတို့ ဖြင့် တည်ဆောက်ရမည်ဟု လေ့လာသိရှိဖူး၏။ အဓိပ္ပါယ်ပြည့်ဝသော ညီညွတ်ရေးကိုအနှစ်သာရရှိရှိ အကောင်အထည်ဖော်လိုပါက ဤ သဘောတရားအတိုင်း (အဖွဲ့အစည်းအသီးသီး ခေါင်းဆောင်အသီးသီး တို့) လက်တွေ့ကျကျ လိုက်နာရမည်ဖြစ်၏။ ဤပေတံဖြင့်တိုင်းတာ ပါက ညီညွတ်ရေးလျော့ရဲရခြင်းမှာ တန်းတူရေး ကျင့်သုံးမှု မထိရောက် သေးသော ကြောင့်ဟုဆိုချင်၏။ ကွဲပြားခြားနားမှုထဲမှ စည်းလုံးမှု Unity in Diversity ဟု ဟစ်အော်ကြွေးကြော်လေ့ရှိကြသော်လည်း Diversity ကို အလေးမထားနားမလည်ပစ်ပယ်လစ် လျူရှုတတ်ကြ၏။ ရန်ဖက်မဟုတ် သောမိတ်ဖက်ကွဲပြားမှု၊ ဆန့်ကျင်ဖက်မဟုတ်သော ပံ့ပိုး တည်မှီဖက်ကွဲပြားမှုအပေါ် တွေေ၀၀ိုးတ၀ါး ယိုးမှားတတ်ကြသော ကြောင့်ဖြစ်သည်။

အပြန်အလှန်အသိအမှတ်ပြု၊ လေးစားနားလည်ယုံကြည်မှု နည်းပါးလျှင် ဆက်သွယ်ဆက်ဆံမှု၊ မေးထူးခေါ် ပြောမှု၊ ၀င်ထွက်မှု၊ တွဲခေါ်ဆွဲခေါ် မှုများလည်းလျော့ရဲမည်ဖြစ်၏။ အတိုက်အခံများ၏ ညီညွတ်ရေး ဘယ်မှာလစ်ဟင်းချွတ်ယွင်း နေသလဲ၊ ယခုထက်ပိုမိုစည်းလုံး စေရန် ဘာလုပ်ရမလဲ၊ ဘယ်လိုနည်းလမ်းရှာရမလဲ ၊ စသည့်မေးခွန်း များ ရှိလျှင် မူဝါဒသဘောတရားများလက်တွေ့ကျင့်သုံးရာ၌ ထိရောက်မှုမရှိ သောကြောင့်ဟုဖြေနိုင်၏။တန်းတူရေးနှင့် အပြန် အလှန် အသိအမှတ်ြုပ လေးစားရေး (စိတ်ရောကိုယ်ပါ) မပီပြင်မပေါ်လွင်သောကြောင့်ဖြစ်သည်။

စစ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ရေးဆန္န တူညီကြသော် လည်း အနှစ်သုံးလေးဆယ် တူတွဲ မတူခွဲ လုပ်လာခဲ့ ကြသည်မှာ ဘုံရည် မှန်းချက်အတွက် ညှိနှိုင်း၍မရ၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဦးစားပေး လာကြသဖြင့် ညီညွတ်ရေးလျော့ရဲရခြင်းဖြစ်သည်ဟု အချို့ကဆို၏။ မတူတာခွဲလုပ်ခြင်းက တူတာတွဲလုပ်ခြင်းထက် အလေးသာ သော ကြောင့် ဘုံရည်မှန်းချက်ချမှတ်ရခက်ခြင်းဖြစ်ကြောင်း၊ ဘယ်ပုံစံ၊ ဘယ်သူ့ ပုံစံကိုအနီးဆုံးနမူနာ အဖြစ် ဖေါ်ပြပြီး ဘယ်ပုံဘယ်နည်း အကောင် အထည်ဖော်ရမည်ဟု မရှင်းလင်းကြကြောင်းလည်း ထောက်ပြသူရှိ သည်။

အမှန်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ထွန်းကားပြီး တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် (တရားမျှတ၊ တန်းတူ လွတ်လပ်) စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကား အတိုက်အခံအင် အားစုများ၏ ဘုံရည်မှန်းချက်ဖြစ်သည်ဟု နားလည်ထား၏။ သို့သော် ကွဲပြားမှုစွမ်းအားစုညီညွတ်ရေးကို အလေးထားသည်ဟု ပါးစပ်ဖျားက တဖွဖွပြောတတ်ကြသလောက်၊ မဟာလူမျိုးကြီးဝါဒနှင့်ကျဉ်းမြောင်း သော အမျိုးသားရေးဝါဒ များအရိုးစွဲ အယူသည်းနေကြဆဲဖြစ်သည်။ ဟောင်းနွမ်းဆွေးမြေ့သော ဤမကောင်းဆိုးဝါး စိတ်ဓါတ်နှင့်အမူအကျင့် များကို မပြုပြင်၊ မပစ်ပယ်၊ မဆေးကြောသုတ်သင် နိုင်ကြသေးပေ။

သာဓကအားဖြင့် မျှတတန်းတူလွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စု ရည်မှန်းချက်အကောင်အထည် ဖော်ရန် အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် သက်ဆိုင်ရာပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသီးသီးရှိရ မည်ဖြစ်၏။ ဤအချက်ကို ဗမာ့ဒီမိုကရေစီအင်အားစုများ မူအရလက်ခံသဘော တူသည်ဟူသောအဆင့်၌သာမျှော ထားဆဲဖြစ်ပြီး အခြားပြည်နယ်များနည်းတူ ဗမာပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပ ဒေမူကြမ်း ရေးဆွဲရေးလုပ်ဆောင် မည့်သူ မရှိသေးသည်ကိုတွေ့ရ၏။ ထို့ NCUB လို ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစုနှင့်NCGUB လို အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရတို့တွင် ကချင်၊ ကရင်နီ၊ သျှမ်း ပြည်အင်အားစုများ မပါဝင်ကြခြင်းဖြစ်၏။ အားလုံးအတွက် ရည်မှန်း ချက် (Goal) ရှိသော်လည်း ပကတိအခြေအနေနှင့် ကိုက်ညီသော လမ်း ကြောင်း (Way) နှင့်လုပ်နည်းလုပ်ဟန် အချင်းအရာအစိတ်အပိုင်း (Mean) လုံလောက်မှုမရှိလျှင် ရေတိုရေရှည်ဘုံရည်မှန်းချက် အတွက် မှန်ကန်သော မဟာဗျူဟာ ချမှတ်နိုင်မည်မဟုတ် ပေ။

တိုင်းရင်းသားအင်အားစုနှင့် ဒီမိုကရေစီအင်အားစုများ၏ ညီညွတ်ရေးလျော့ရဲမှုအပေါ် ရန်သူစစ်အုပ်စုက အသုံးချနေသည်ကို သိသိကြီးနှင့် ခိုင်မာစွာမစည်းလုံးနိုင်ကြခြင်းမှာ မိမိတို့၏ချို့ယွင်းအား နည်းချက်ကို မဆန်းစစ် မကုစား မဖါထေးနိုင်သောကြောင့်ဖြစ်၏။ ရန်သူ တစတစ အင်အားကြီးမား ခိုင်မာလာစေရန်၊ ပိုမိုကြမ်းကြုတ် ရက် စက် လာစေရန်၊ ဥပဒေကြောင်းအရ အသာစီး ပြင်ဆင် ခွင့်ရစေရန်၊ ထောက်ကူ ပံ့ပိုးသကဲ့သို့ဖြစ်သည်ဟု အတိုက် အခံခေါင်းဆောင်အချို့က ဆို၏။ စည်းလုံးမှု လျော့ရဲစေသော အနှောင့်အသွားများအနက် သဘောတရား (အပြော/ အရေး) နှင့်လက်တွေ့မကိုက် ညီခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုနှင့် ကိုယ်ကျင့် သိက္ခာများခေါင်း ပါးခြင်း၊ အခွင့် အလမ်းကြံဆောင်အ ချောင် သမားဝါဒ စခန်းထလာခြင်းတို့ကြောင့်လည်း ဖြစ်သည်။

အရေအတွက်ရော အရည်အချင်းပါတပန်းသာသည့် မဟာဝါဒီ ဥာဉ်ရှိသူ ဗမာများသည်လည်းကောင်း၊ အရေအတွက်ရော အရည် အချင်းပါ တပန်းရှုံးသော မာနကြီးသူ၊ အထီးကျန်ကြိက်သူ တောင်ပေါ် တိုင်းရင်းသား များသည်လည်းကောင်း၊ စရိယဓမ္မတရား Ethics ထက် ကိုယ်ကျိုးစီးပွါး ၍ညအနမနျအ ကိုအမှတ်မထင် ရှေ့တန်း တင်လာကြ၏။ ပြည်တွင်းအပစ်ရပ်ခါင်းဆောင်အချို့ ရွှေငွေကျည်ဆံ ဥစ္စာဓနကျည်ဆံထိ မှန်ဒဏ်ရာအတိ မှိန်းမူး ပီတိဖြစ်ပြီးအိပ်ဖောင်း၍ စိတ်ပြောင်းနေကြချိန် တွင်ပြင်ပအဖွဲ့အစည်းများကလည်းNGO ကိုးကွယ်ပါ၏ဖြစ်နေရသည်။ အရေခွံလဲတော်လှန်ရေးသမား၊ လုပ်စားနိုင်ငံရေးသမား၊NGO အဖွဲ့ဝင်၊ လှုပ်ရှားရေးသမား activists များရောနှောပြွမ်းတီးပြီး လုပ်နည်းလုပ်ဟန် ကပြောင်းကပြန် ဖြစ်ကြရသည်။

မျှတတန်းတူရေး၊ အပြန်အလှန် အသိအမှတ်ြုပရေးကို အလေး ထားကျင့်သုံးခြင်းထက် လည်သူစားတမ်း၊ အခွင့်အလမ်းဖန်တီး ဆုပ်ကိုင်၊ ရာထူးကုလားထိုင်လက်မလွတ်လိုကြ၊ အနှီအတ္တကိုယ်ကျိုးစီးပွားs elf- interestအတွက်ဖက်တွယ်လိုမှု သည်လည်း ယနေ့စည်းလုံး မှု၏အနှောင့်အသွားဖြစ်သည်။

ဤအနှောင့်အသွားများကြောင့် ဗမာဒီမိုကရေစီအင်အားစု များအတွက် ထိခိုက်သည်ဆိုလျှင် တိုင်းရင်းသား အင်အားစုများ အတွက် အခွင့်အလမ်းရော အဆင့်အတန်းပါ အရာရာ၌ ပိုမိုဆုံးရှုံးရသည်။

အရင်းရှင် မြေရှင် ဓနရှင်သည်အတ္တ၀ါဒဖြစ်ပြီး ကွန်မြူနစ်ဆိုရှယ် လစ်ဘုံစနစ်သည်ပရ၀ါဒဖြစ်သည်ဟု ဆရာ့ ဆရာများက သွန်သင်ညွန်ပြ ခဲ့ဖူး၏။ အဖိနှိပ်ခံပြည်သူလူထုလွတ်မြောက်ရေး၊ အမျိုးသားနိုင်ငံရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊သင့်မြတ်ပေါင်းစည်းရေး၊တိုင်းပြည်ထူထောင် ရေး၊ စနစ်သစ်အစားထိုးစနစ်ဆိုးဖယ်ရှားရေး-စသည်တို့ကား ပရထွန်း ကား/အတ္တအကျိုးခံစားရသည့် သမာသမတ်ဝါဒဖြစ်၏။ အချင်းချင်းအ ပေါ်သဘောထား ကျဉ်းမြောင်းငြူစူ၊ ရန်သူနှင့်ကျတော့စိတ်ရှည်သဘော ထားကြီး၊ မဟာမိတ်အပေါ်တင်းမာ ခက်ထန်၊ ရန်သူနှင့်ကျ တော့ ပျော့ ပြောင်းငြင်သာ၊ ဤအထာအမူအယာကျင့်ထုံးသည် ကိုယ်လွတ်ရုန်း အချောင်သမားတို့၏ အတ္တ၀ါဒ ပြင်းပြမှု စိတ်ထားကြောင့် ဖြစ်၏။

ဤသို့ဖြင့် ကွဲပြားမှု စွမ်းအားစုညီညွတ်ရေးUnity in Diversity ပီပြင်ပေါ်လွင်စွာအထမြောက်စေ ရန် တုန့်နှေးကြန့်ကြာ နေရ ခြင်းဖြစ်သည်။

အနှစ် ၂၀ ကာလများ၊ ကျောင်းသားပြည်သူ ရဟန်းရှင်လူ အပြည့် အ၀ တာဝန်ကျေ၊ သေကြေဒဏ်ရာရ ဒုက္ခရောက်ကြသည်မှာ အသောင်းအသောင်း။ အပြောင်းအလဲမလုပ်နိုင်တာ(စစ်အာဏာရှင်ကို မဖယ်ရှားနိုင်တာ) တော်လှန်ရေးသမား ၊ နိုင်ငံရေသမား။ လုပ်စား ရိုက်စားဖေါ်လဲဖါးတွေပေါ၊ အဖိနှိပ်ခံဇာတ်မျှောကြီး ရှည်ကြာ၊ မင်းဆိုး မင်းညစ်ယန္တရားခိုင်မာမြံမြဲ၊ ဒီဝဲသြဃက မကျော်လွန်နိုင်လေ၊ စောကြော အဖြေရှာဖို့၊ အတိုက်အခံတို့ အထူးတာဝန်ရှိ စေသော အသိ- သတိ။ စည်းလုံးမှု၏အနှောင့်အသွား၊ အမြန်ကုစားဖာထေး၊ ၀ိုင်းဝန်းပြုပြင်ပေး ကြပါကုန်။

နောက်ဆုံးရ သတင်း

ရွှေဝါရောင် (၁) နှစ်ပြည့်အခမ်းအနား ကျင်းပ

ရိုးမ ၃။ စက်တင်ဘာ ၂၆၊ ၂၀၀၈


စက်တင်ဘာသံဃာ့လှုပ်ရှားမှု(ရွှေဝါရောင်တော်လှန်ရေး) (၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် သံဃာတော်များ၊ ပြည်သူများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစု မဟာမိတ်အဖွဲ့အစည်းများမှ အင်အား (၇၀) ခန့် တက်ရောက်ခဲ့ ကြသည်။

“အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ စက်တင်ဘာလ (၂၆) ရက်နေ့မှာ သံဃာ တော်တွေရဲ့ သွေးမြေကျခဲ့ရတဲ့အတွက် ရွှေဝါရောင်တော်လှန်ရေးနေ့နဲ့ မြန်မာရဟန်းတော် များနေ့လို့ သတ်မှတ်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) ဥက္ကဌ ဆရာတော် ဦးသြဘာသက မိန့်ကြားသည်။

သံဃာတော်များအနေဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ယခုအချိန်ထိ ထိန်းသိမ်းစောင့်ရှောက် ထားပြီး အချို့သံဃာတော်အနည်း အကျဉ်းသာ သပိတ်ကံပြန်လှန်ခြင်းရှိကြောင်း အဆိုပါ ဆရာတော်က ဆက်လက်မိန့်သည်။

“ဝိနည်းကံနဲ့ကြည့်မယ်ဆိုရင် အခုချိန်ထိ ဦးဇင်းတို့ မန္တလေး၊ ရန်ကုန် အစရှိတဲ့မြို့ကြီးတွေနဲ့ တနိုင်ငံလုံးက ရဟန်းသံဃာတွေဟာ ဒီကံကို ထိန်းသိမ်းစောင့်ရှောက်ဆဲပါ၊ ဒါပေမဲ့ နအဖရဲ့ လာဘ်လာဘကို မျှော်ပြီးတော့ ပြန်လှန်လိုက်တဲ့ သံဃာတွေတော့ ရှိပါတယ်၊ ဒါက အနည်း အကျဉ်းပါ၊ အများဆုံးကတော့ လုံးဝကိုမလှန်ပဲ နေကြတုန်းပါ၊ ဦးဇင်းပြောချင်တာကတော့ ပတ္တနိက္ကုဇ္ဖနကံကတော့ ဆောင်နေဆဲပါဘဲ”ဟု ပြောသည်။

ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတော်များသည် ပြည်သူလူထုအရေး၊ နိုင်ငံအရေးကိစ္စများတွင် ပုဂံခေတ်ကတည်း က ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ပြီး ယခုအခါတွင်လည်း ရှေ့တန်းမှဦးဆောင် ကာ လူထုကို သွန်သင်ဆုံးမ၍ မြန်မာပြည်လွတ်မြောက်ရေးအတွက် ကြိုးစားသွားကြရန်ကို လည်း ဆက်လက်မိန့်ဆိုသည်။

ထို့အပြင် စစ်တင်ဘာရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သည် သာသနာ့တက္ကသိုလ် မန္တလေး မှ သံဃာတော်တပါးက “နအဖကို သိပ်ပြီးကြောက်နေလို့တော့လည်း ပြီးမှာမဟုတ်ဘူး၊ ပိုကြောက်လေ ပိုဆိုးလေဖြစ်မှာဘဲ၊ ဒါကြောင့်မို့ ဘယ်လောက်ဘဲ နှိပ်စက်နှိပ်စက် ရုန်းထွက် တွန်းကန် ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားကြပါလို့ ဒီကနေ တိုက်တွန်းလိုပါတယ်”ဟု မိန့်ကြား သည်။

ထို့အပြင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) အနေဖြင့် မြန်မာနိုင်ငံတွင် ဘာသာမရွေး၊ လူမျိုးမရွေး လူ့အခွင့်အရေးအပြည့်အဝရရှိပြီး ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ လူမျိုးပေါင်းစုံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သဘောထားကြေညာချက် ထုတ်ပြန်လိုက် သည်။

ယနေ့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့သည်မှာ (၁) နှစ်ပြည့်မြောက်ခဲ့သည့် နေ့ဖြစ်သည်။

Source

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,26th,2008

( 55 )Checks and search operations in Rangoon after bomb blast

( 54 )Mizos tell Burmese to move out of village in Mizoram

( 53 )150 prisoners released from Buthidaung Jail, in Arakan

( 52 )Police guard monasteries in Myitkyina

( 51 )Fish import stopped in Teknaf land port

( 50 )Ohn Myint awards students in Myitkyina

( 49 )Wildlife keepers warn against elephants tendency to move sanctuary

( 48 )NLD to Celebrate 20th Anniversary

( 47 )မြင်းခြံကောလိပ်ကျောင်းသား အသတ်ခံရမှု လူငယ်များကို ရုံးထုတ်စစ်ဆေး

( 46 )Thai good worth 80 million Kyats seized in Pegu

( 45 )Illegal Burmese Rice Exports Boom on Thai Border

( 44 )ရဲချုပ်က အဖွဲ့ချုပ်ကို သတိပေး

( 43 )Army resells fertilizers meant for cyclone hit farmers

( 42 )Gambari Should Be Tougher on Junta

( 41 )မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု စစ်ဆေးမှုများ လုပ်

( 40 )Release Aung San Suu Kyi

( 39 )Cyclone-hit farmers battle snails

( 38 )Philippine activists remember violent Myanmar protests

( 37 )Frightened Myanmar protesters stay away for anniversary

( 36 )Monks Forced Back Home

( 35 )Myanmar junta flexes muscles a year after crackdown

( 34 )Imprisonment a temporary death

( 33 )Press freedom and democracy remain elusive in Burma

( 32 )စစ်အစိုးရနှင့် နီးစပ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီအချို့ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတင်ပို့ခွင့်ရ

( 31 )No progress in Burma, says group

( 30 )Suu Kyi’s party asked to retract statement

( 29 )၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရမည်ဟု တစညပါတီမျှော်လင့်

( 28 )Myanmar police defused 2nd bomb in Yangon

( 27 )Tight security in Myanmar

( 26 )ဗိုလ်ကြီးဝင်းထိန်ကို ကသာထောင်မှာ မိသားစုက ထောင်ဝင်စာတွေ့

( 25 )Tight Security Prevents Repeat Of Myanmar Protests

( 24 )Burma's unfinished revolution

( 23 )လွှတ်တော်ခေါ်ယူပေးရေးတောင်းဆိုမှု ပြန်ရုပ်သိမ်းရန် ရဲချုပ်ဖိအားပေးမှုကို အန်အယ်လ်ဒီငြင်းဆန်

( 22 )investigating the Saffron Revolution

( 21 )Myanmar Continues Repression a Year After Crackdown, Group Says

( 20 )စစ်တွေအကျဉ်းထောင်မှ ထောင်သား ၂၀၀ လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားများမပါဝင်

( 19 )Myanmar marks bloody crackdown

( 18 )UK considers further Burma sanctions

( 17 )စစ်တွေမြို့က ရဟန်းတော်နှစ်ပါး အိမ်ပြန်ပို့ခံရ

( 16 )Mass Amnesty for Prisoners Signals New Era

( 15 )In Myanmar, cyclone continues to take a toll

( 14 )Myanmar After Cyclone Nargis

( 13 )အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဝင်များ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ ချီတက်သွား

( 12 )Burmese gloom one year after protests

( 11 )Rampaging rats bring starvation to Burma

( 10 )Generals still rule Myanmar with firm grip

( 9 )In tiny acts of defiance, a revolution still fickers

( 8 )Tradition and technology

( 7 )သံဃာတော်တွေအပေါ် နှိပ်ကွပ်မှုကို အရေးယူရန် အမေရိကန် ဆောင်ရွက်မည်

( 6 )Myanmar’s Release Of Detainee 'Positive' Step

( 5 )ရွှေဝါရောင်တော်လှန်ရေး အတွေ့အကြုံ သံဃာတော်များ တင်ပြ

( 4 )Signatures to protest journalist's slaying submitted to Myanmar Embassy

( 3 )ဖွဲ့စည်းပုံ ပြန်လည်စမ်းစစ်ရေး ကြေညာချက် အန်န်အယ်လ်ဒီ မရုပ်သိမ်း

( 2 )Burma's Bluff

( 1 )မြန်မာနိုင်ငံသား ၈ ယောက် တောင်ကိုရီးယားနိုင်ငံမှာ ခိုလှုံခွင့်ရ

Thursday, September 25, 2008

ရန်ကုန်မြို့လယ် ဗုံးကွဲပြီးနောက် လုံခြုံရေး ထပ်မံတင်းကျပ်

အေးချမ်းမြေ့ | စက်တင်ဘာ ၂၅၊ ၂၀၀၈

ယနေ့နံနက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးများ ကို ထပ်မံ တိုးမြှင့်ချထားလိုက်ပြီ ဖြစ်ပြီး ယနေ့ညတွင် ရှာဖွေရေးများတင်းကျပ်စွာ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရဲ အသိုင်းအဝန်းမှ ကြားသိ ရသည်။



လက်ရှိရန်ကုန်တွင် လုံခြုံရေးအနေဖြင့် ရဲ တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ကို နေရာအနှံ့ ချထားပြီး အဝေးပြေးကားဂိတ်များတွင် ရှာဖွေရေးများ တင်းကျပ်စွာ ပြုလုပ်လျှက် ရှိသည်ဟု ရဲ ဝန်ထမ်းတဦးကပြောသည်။ ထို့ပြင် ရန်ကုန်မြို့ထဲတွင်လည်း ကားလမ်းများ ကိုပိတ်ကာ ရှာဖွေရေးများ ပြုလုပ်လျှက်ရှိကြောင်း ကြားသိရသည်။

“ယုဇန ပလာဇာရှေ့မှာ ကားလမ်းကို ပိတ်ပြီး ရှာနေတာ။ ရဲတွေကတော့ အများကြီးပဲ။ မှတ်ပုံတင်မပါရင် အပြင်သွားဖို့ တောင်မလွယ်ဘူး” ဟု မြို့တွင်း ခရီးသွား တဦးက ပြောသည်။

ရန်ကုန်တွင် နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် အစိုးရရုံးဌာနများရှိဝန်ထမ်းများမှာ အထိတ် တလန့်ဖြစ်ပြီး စောစီးစွာ ပြန်ရန် စီစဉ်ကြကြောင်း ဒေသခံများကပြောပြသည်။ ပတ်စ်ပို့စ် ရုံးကို ဗုံးခွဲမည်ဟူသော သတင်း ဖြစ်ပေါ်နေသောကြောင့်လည်း ရုံးကို စောစီးစွာ ပိတ်လိုက် ကြောင်းလည်း ကြားသိရသည်။

“အခု ဗုံးကွဲတဲ့ ကိစ္စကို အန်အယ်လ်ဒီ လူငယ်ကိုပဲစွပ်စွဲချင်ပုံရတယ်” ဟု ရန်ကုန် ရဲ အသိုင်း အဝန်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဗုံးပေါက်ကွဲမှု တမှုဖြစ်ပွားလျင် စစ်အစိုးရက အတိုက်အခံများကို စွပ်စွဲသကဲ့သို့ ပြည်သူ လူထုကလည်း အစိုးရဟုသာ ထင်မြင်ယူဆကြောင်း တွေ့ရှိရသည်။

“လုံခြုံရေးတွေ များနေကတည်းက တခုခုဖြစ်တော့မယ်လို့ ထင်နေတာ။ အမြဲတမ်း အဲလိုပဲ လေ။ ဒါမျိုးက ရိုးတောင်နေပြီ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။

အခြားမြို့ခံတဦးကလည်း ယခုကဲ့သို့ ဗုံးခွဲသည့် လုပ်ရပ်ကို လုပ်မည့်သူမှာ အစိုးရသာ ဖြစ်နိုင်သည်ဟု ဆိုသည်။

“အဲဒီနေရာတွေမှာ ရဲတွေချည်းပဲ။ သူတို့ပဲဖြစ်မှာပဲ” ဟု ၎င်းကသုံးသပ်သည်။

လုံခြုံရေး ရဲများကို ယခုကဲ့သို့ တိုးမြှင့်ချထားခြင်းမှာ နောက်တကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားဦးမည်ဟူသော ကောလာဟလ သတင်းထွက်ပေါ်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ တချို့က ပြောဆို နေကြသည်။

ယနေ့သည် စက်တင်ဘာ ၂၅ ရက်နေ့ဖြစ်ပြီး စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်များမှာ သံဃာ တော်များနှင့် ပြည်သူတို့ သွေးမြေ ကျခဲ့ရသည့် နှစ်ပတ်လည် နေ့များဖြစ်နေသည်။ ရန်ကုန်မြို့တွင် သြဂုတ်လကုန်ပိုင်းမှစ၍ လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိရာ တဖြည်းဖြည်းနှင့် တိုးမြှင့်သည်ထက် တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။

ကြားနေရသော ကောလာဟလစကားများအရ နက်ဖြန် စက်တင်ဘာ ၂၆ ရက်နေ့တွင် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့ ရသည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြ၊ လမ်းလျှောက် ရန် စီစဉ်မှုများရှိနေကြောင်း ကြားသိရသဖြင့် အစိုးရအနေနှင့် လုံခြုံရေး များကို တိုး၍ ချထားခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက ဆိုသည်။

ယမန်နှစ် စက်တင်ဘာ အရေးတော်ပုံအတွင်း သံဃာတော်နှင့် မယ်သီလရှင်များ အပါအဝင် ပြည်သူလူထု ၃၁ ဦး သေဆုံးခဲ့ ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ရန်ကုန်တွင်သာမက ရခိုင်ပြည်နယ်နှင့် ပခုက္ကူမြို့များတွင်လည်း စက်တင်ဘာ လဆန်းကတည်းက လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း ကြားသိရသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့ပေါ်နှင့် အခြားဒေသများရှိ လူထုအုံကြွမှုများကို စစ်တပ်က မနှိမ်နင်းတော့ဘဲ ရဲကသာ နှိမ်နင်း တော့မည် ဖြစ်သောကြောင့် ရဲ အင်အားကို ထပ်မံ တိုးချဲ့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးက ၆/ ၂၀၀၈ ပြည်ထဲရေး ဝန်ကြီးဌာန စည်းရုံးရေး ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ရဲအပြည့်နဲ့ ကားတွေ တခါ တခါ ဖြတ်သွားရင် ၅ စီး ၆ စီးပဲ။ မြို့ထဲမှာ အဲလိုတွေ မြင်နေရ တော့ မလုံခြုံသလို ခံစားရတယ်။ မနှစ်က စက်တင်ဘာအရေးအခင်း ပြီးခါစကလည်း အဲလိုပဲ။ နေရတာ ဘယ်လိုမှမပျော်ဘူး” ဟု ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တဦးက ပြောပြသည်။

ယနေ့နံနက် ဗုံးပေါက်ကွဲမှုတွင် လူ ၈ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦးမှာ အသေးစား ထိခိုက်မှုသာ ရှိခဲ့ကြောင်း မျက်မြင်တဦးထံမှ သိရှိရသည်။

Source

နောက်ဆုံးရ သတင်း

ကြက်ဆူပင် စီမံကိန်းမအောင်မြင်၍ ပြန်စိုက်ခိုင်း

ကန္တရသတီတိုင်း(မ်)

ကြက်ဆူပင်များအား ကရင်နီပြည် လွိုင်ကော်မြို့အတွင်းရှိ နိုးကိုးအုပ်စုနှင့် တီးလုံ ကျေးရွာအုပ်စုများကို ယခုနှစ် သြဂုတ်လမှစ၍ မြေရိုင်းများ ရှင်းလင်းပြီး နောက်တဖန် ကြက်ဆူပင်များ ပြန်လည် စိုက်ပျိုးခိုင်းကြောင်း၊ သို့သော် ပြည်သူလူထုများ စိတ်ဆန္ဒ မပါသရွေ့ ကြက်ဆူပင် စီမံကိန်းသည် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ကြောင်း ကရင်နီ လူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုပါသည်။

"ပြည်သူလူထု စိတ်ဝင်စားလာအောင် သူမလုပ်ပဲနဲ့ လူထုကိုပဲ သူက ဖြစ်စေချင်တာ သူလုပ်ခိုင်းမယ်ဆို၊ ဘယ်လိုပဲ ထပ်လုပ်ခိုင်း လုပ်ခိုင်း အောင်မြင်မှာတော့ မဟုတ်ဘူး။ အောင်မြင်သည့်တိုင် ရာနှုန်းပြည့် မအောင်မြင်နိုင်ဘူး " ဟု ကရင်နီ လူမှုကယ်ဆယ်ရေး အဖွဲ့က ပြောဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။

ကြက်ဆူပင် စီမံကိန်းသည် နိုင်ငံတော်၏ စီမံကိန်းဖြစ်ကြောင်း နအဖ စစ်အစိုးရက ကြေညာပြီး လွိုင်ကော်မြို့မှ ဒစက (ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်) Regional Control Command က ကြက်ဆူပင်ကို မစိုက်မနေရ အမိန့်ဖြင့် ယခင်က မအောင်မြင်ခဲ့သည့်အတွက် တဖန်ပြန်လည် စိုက်ပျိုးခိုင်းခြင်းကြောင်း ဖြစ်သည်ဟု သိရပါသည်။

ကြက်ဆူပင်များ စိုက်ပျိုးခြင်းမရှိသည့် မိသားစုများ၊ ကျေးရွာများကို လျော်ကြေးအဖြစ် သစ်ဝါးများ တောင်းခံခြင်း၊ ဒဏ်ငွေရိုက်ခြင်း စသည်ဖြင့် ပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။

တီးလုံအုပ်စုနှင့် နိုးကိုးအုပ်စုများကို တအိမ်ထောင်လျှင် ကြက်ဆူပင်ပေါင်း( ၅၄၀၀) စိုက်ကြရမည် ဖြစ်ကြောင်းနှင့် တအုပ်စုကို လယ်ယာမြေ ဧကပေါင်း (၁၅၀၀) ဧက စိုက်ပျိုးကြရမည် ဖြစ်ကြောင်း၊ သည့်အပြင် ရွာသားများကို မျိုးစေ့အဖြစ် တစ်အုပ်စုကို ကြက်ဆူစေ့ ( ၆၀၀ ) အိတ်ကျော် တောင်းခံကြောင်း သိရပါသည်။

ယခုလသည် ရွာသားများ၏ နှစ်စဉ်ရာသ်ီဖြစ်သည့် ကောက်သီးပဲနှံရိတ်ချိန်၊ စပါးနှယ်ချိန်နှင့် တထပ်တည်းဖြစ်နေသည့် အ တွက်ကြောင့် ရွာသူ/သားများ၏ အလုပ်အတွက် အတားအဆီးများ ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ် ကုန်ပိုင်းကစပြီး စစ်အစိုးရဘက်မှ ကြက်ဆူပင် စီမံကိန်းကို နိုင်ငံတော် စီမံကိန်းအဖြစ် စတင်အကောင် အထည်ဖော် လာခဲ့တာ ဖြစ်ပါသည်။

၎င်းကြက်ဆူပင်သည် အပူဓါတ်ရှိသောကြောင့် သဘာဝ ပတ်ဝန်းကျင်ကို အနည်းနှင့်အများ ထိခိုက်နိုင်ကြောင်းလည်း ဆိုပါသည်။ ထို့အပြင် ရွာသူ/သားများ၏ လယ်ယာမြေကွက်များ၊ တောင်ယာမြေရိုင်းများပေါ်တွင် စိုက်ပျိုးခြင်းများ ပြုလုပ်ပါက တောင်ယာခင်းတွင်းရှိ မျိုးစပါးများ၊ ကောက်ပဲသီးနှံများ မအောင်တော့ဘဲ သီးနှံထွက်နှုန်း လျော့ကျသွားနိုင်ကြောင်း သိရပါသည်။

ရန်ကုန်မြို့လယ် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူအချို့ဒဏ်ရာရ

NEJ/ ၂၅ စက်တင်ဘာ ၂၀၀၈။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း ယနေ့နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားပြီး အနည်းဆုံး လူ (၃) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။


ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနကို ခေတ်ပြိုင်က မေးမြန်းရာ ဒဏ်ရာရသူ (၃-၄) ဦးခန့် ရောက်ရှိလာသည်ဟု ပြောသည်။ ပန်းပဲတန်းမြို့နယ် ရဲစခန်းကလည်း ကျောက်တံတားမြို့နယ် အတွင်း၌ ပေါက်ကွဲမှုဖြစ်ကြောင်းသာ အတည်ပြုပြောဆိုသော်လည်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူရှိမရှိကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအတွင်း သံတိုင်အနီး ပေါက်ကွဲခြင်းဖြစ်သည်။ ပန်းခြံထဲ ဝင်သူတိုင်းကို လုံခြုံရေးအရ စစ်ဆေးသည့်အတွက် အပြင်ဘက် ဘတ်စ်ကား ဂိတ်ဘက်မှ ပန်းခြံသံတိုင်ကြား ဗုံးပစ်သွင်းခြင်းဖြစ်နိုင်သည်ဟု မျက်မြင်သက်သေများက ယူဆသည်။

ပန်းခြံတွင်း ပေါက်ကွဲသည့်အတွက် ပန်းခြံထဲမှ စုံတွဲတတွဲ ထိခိုက်ဒဏ်ရာ ရသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။ ပေါက်ကွဲမှုမှာ ထူးထူးခြားခြား အသံကျယ်လောင်ကြောင်း မြို့ခံအချို့က ပြောသည်။ ပေါက်ကွဲမှုဖြစ်သည့်နေရာသည် မြို့တော်ခန်းမရှေ့ ပန်းခြံနှင့်ကပ်လျက် ဘတ်စ်ကား အများစု ရပ်ရာ မှတ်တိုင်နှင့် အနီးဆုံးနေရာလည်း ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင် မြို့တော်ခန်းမဘက်မှ လုံခြုံရေးတာဝန်ခံများ ပြေးထွက်လာပြီး အဆိုပါ ပန်းခြံ ပတ်ဝန်းကျင်ကို တားမြစ်နယ်မြေအဖြစ် အဝါရောင် စက္ကူစများဖြင့် ကာရံလိုက်သည်။ နောက်ပိုင်း လုံခြုံရေးကား အများအပြားရောက်လာသော်လည်း လမ်းကို လုံးဝ ပိတ်ဆို့ခြင်းမလုပ်ဟု မျက်မြင်သက်သေတဦးက ပြောသည်။ ယခု ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယုဇန ပလာဇာ ဘက်မှာလည်း သံဆူးကြိုးများ ချပြီး လူများကို စစ်ဆေးနေကြောင်း ပြောသည်။

စက်တင်ဘာသံဃာ့အရေးအခင်းနှစ်ပတ်လည်ချိန်ကာလ ရန်ကုန်မြို့၌ လုံခြုံရေးတိုးမြှင့်ချထားချိန်၌ ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Source

သံဃာတော်များအားရိုက်နှက်ကာ ပစ္စည်းလုခဲ့ရာတွင် ခမရ (၇၀၃) ပါဝင်ခဲ့

ဗထူး။ စက်တင်ဘာ ၂၅၊ ၂၀၀၈

စစ်အစိုးရက ၂၀၀၇ ခုနှစ် သံဃာလှုပ်ရှား မှုအား အကြမ်းဖက်နှိမ်နင်းခဲ့ရာ တောင် ဥက္ကလာပ၊ ငွေကြာယံကျောင်းတိုက်အား ညအချိန် ဝင်ရောက်စီးနင်း၍ ပစ္စည်းများ လုယူခဲ့မှုတွင် အမှတ် (၇၀၃) ခြေမြန် တပ်ရင်းလည်း အပါအဝင်ဖြစ်သည်ဟု စစ်ဘက်အရာရှိတဦးက ပြောဆိုလိုက် သည်။

ယမန်နှစ် စက်တင်ဘာလ (၂၆) ရက်နေ့ ညတွင် ငွေကြာယံကျောင်းတိုက်ဝင်းတံခါး အား ဖျက်စီးကာ လုံထိန်းနှင့် စစ်တပ်အင်အားအလုံးအရင်းဖြင့် သံဃာတော်များအား အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီးကာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အဖိုးတန်ပစ္စည်းအမြောက်အများကို သိမ်းပိုက်ခဲ့သည်။

“ဒုရင်းမှူး ဗိုလ်မှူးရွှေဝင်းရဲ့ အကူရဲဘော် ခင်ဇော်ဦးက ကာလတန်ဖိုး သိန်း (၄၀) လောက်ရှိမဲ့ ရွှေတွေ ရသွားတယ်၊ တပ်တောင်ဘက်က မြိုင်သာယာစံပြကျေးရွာမှာ (၁၄) သိန်းတန် ခြံတကွက် ဝယ်လိုက်လို့ ရိပ်မိသွားပြီး ခင်ဇော်ဦးကို စစ်ဆေးလိုက်တာ (၂၃) သိန်းရလိုက် တယ်လို့ သိရတယ်”ဟု အဆိုပါတပ်မတော်အရာရှိက ပြောသည်။

အဆိုပါနေ့ညတွင် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄) လက်အောက်ခံ ခမရ(၇၀၃)၊ (၇၀၉) တို့အပြင် အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သား ၁၀၀ ကျော်ပါဝင်ခဲ့ပြီး သံဃာ တော်အများအပြားကို ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရက သံဃာလှုပ်ရှားမှုအား စက်တင်ဘာ (၂၄) ရက်နေ့မှစတင်ကာ အကြမ်းဖက် ဖြိုခွဲ ခဲ့ပြီးနောက် ငွေကြာယံကျောင်းတိုက်အား အကြမ်းဖက်စီးနင်းခဲ့ရာ မနက်ဖြန်တွင် တနှစ် ပြည့်မြောက်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၂၇) ရက်နေ့တွင်လည်း ကျောင်းတိုက်အား ဖျက်စီးသွားသဖြင့် ဒေါသထွက်နေသော ပြည်သူများ၏ ဆက်လက်ဆန္ဒပြမှုအား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့ရာ တောင်ဥက္ကလာပနေ ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့သည်။

“တပ်သား ခင်ဇော်ဦးဆီက ရတဲ့ငွေရော ဝယ်ထားတဲ့ခြံပါ ပြန်ရောင်းပြီး တပ်ရင်းမှူးနဲ့ ဒုရင်းမှူး တို့က ခွဲယူလိုက်ကြတယ်။ ခု တပ်ရင်းမှူးလုပ်တဲ့ ဒုတိယဗိုလ်မှူးကြီး စိုးတင့်နိုင်က တောင်ငူ (စရဖ) ကို (G1)စစ်ဦးစီးအရာရှိ (ပ) နဲ့တောင် ရာထူးတိုးပြောင်းသွားပြီ”ဟု အဆိုပါ အမည်မဖော် လိုသူ တပ်မတော်အရာရှိတဦးက ပြောသည်။

အဆိုပါအကြမ်းဖက်မှုတွင် အဓိက အမိန့်ပေးညွှန်ကြားသူမှာ စကခ (၄) မှ (ကြည်း/၁၅၉၂၇) ဗိုလ်မှူးချုပ် မြင့်နောင် (ယခု) တိုက်ခိုက်ရေးကျောင်းအုပ်(ဘုရင့်နောင်) ဖြစ်ပြီး ခမရ (၇၀၃) မှ (ကြည်း/၂၀၈၁၈) ဒုဗိုလ်မှူးကြီး စိုးတင့်နိုင်နှင့် (ကြည်း/၂၀၆၁၇) ဗိုလ်မှူးရွှေဝင်းတို့ ဖြစ်သည်။

ယခုအချိန်တွင်လည်း ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် စက်တင်ဘာသံဃာလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည့် စက်တင်ဘာလအတွင်း စစ်အစိုးရက ၎င်းတို့တပ်ဖွဲ့ဝင်များ၊ ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် စသည့် အကြမ်းဖက်နှိမ်နင်းမည့် အင်အားများကို နေရာအနှံ့ဖြန့်ကျက်ထားပြီး ဆန္ဒပြမှုဖြစ်ပေါ်ပါက နှိမ်နင်းရန် ပြင်ဆင်ထားသည်။

Source


ရန်ကုန် မြို့တော်ခန်းမရှေ့ ဗုံးပေါက်ကွဲမှုဖြစ်၊ လူတဦးသေ

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008


ရန်ကုန်မြို့လယ် မြို့တော်ခန်းမအရှေ့ ဗန္ဓုလပန်းခြံအနီး ပေါက်ကွဲမှုတခု မြန်မာစံတော်ချိန် နံနက် ၁၀း၄၀ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု ယုံကြည်ရပြီး လူ ၁ ဦးသေဆုံးကာ အနည်းဆုံး ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။

မဟာဗန္ဓုလ ပန်းခြံအနီးရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးက ပေါက်ကွဲသံတခု ကြားခဲ့ကြောင်းနှင့် ပန်းခြံရှေ့ဘက် ဘတ်စ်ကားမှတ်တိုင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး အနည်းဆုံး လူ ၃ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ပြောသည်။

"ပေါက်ကွဲသံကြီး ကြားလိုက်ရတယ် ပြီးတော့ လူတွေတအုံးအုံးနဲ့ သွားကြည့်ကြတာပေါ့။ ကျနော်မြင်တာ ဒဏ်ရာရတဲ့ လူတွေ" ဟု သူက ပြောသည်။

အခင်း ဖြစ်ပွားရာသို့ ရဲများ ချက်ခြင်းရောက်ရှိလာပြီး ဗန္ဓုလလမ်းကို ပိတ်ဆို့လိုက်သည်။

ကျောက်တံတား ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။ ဒါပေမယ့် ဗုံး ဟုတ် မဟုတ် မသေချာဘူး။ စုံစမ်းနေတုံးပဲ" ဟု ပြောသွားသည်။

ချိန်ကိုက်ဗုံး အမျိုးအစား ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ နေရာ ရောက်နေသော ရဲတပ်သားတဦးက ပြောသည်။ ထို့အပြင် မပေါက်ကွဲသေးသော ဗုံး ၁ လုံးကိုလည်း ထပ်မံ တွေ့ရှိခဲ့ရသည်ဟု သူက ပြောသည်။

ကက်ဆက်ထဲတွင် ထည့်ထားသော ဗုံးကို ရဲတဦးက ဗုံးမှန်း မသိဘဲ ယူဆောင်လာပြီးမှ ပေါက်ကွဲရန် ၅ မိနစ်အလိုတွင် စနက်တံ ဖြုတ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

Source

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,25th,2008

( 57 )တာချီလိတ်တွင် ဆိုင်ခန်းခွန်များ တိုးမြှင့်ကောက်ခံ

( 56 )Extortion by district police in Maungdaw worsens

( 55 )Burmese groups in exile demonstrate outside Burmese embassy in Dhaka

( 54 )Pro-junta organizations trade in motorcycle licenses in Thanpyuzayart

( 53 )Security Clampdown Follows Rangoon Bombing

( 52 )Monks travelling to Rangoon subjected to rigorous checks

( 51 )ဗန္ဓုလ ပန်းခြံအနီး ဗုံးပေါက်ကွဲ ၁ ဦးသေ ၄ ဦး ဒဏ်ရာရ

( 50 )Su Su Nway’s Sister Banned from Visiting

( 49 )ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ လူငယ် ဆေးရုံပို့ရ

( 48 )Burma to Destroy 16 Metric Tons of Chinese Milk

( 47 )ဘန်ကီမွန်းက လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆို ထပ်လွှတ်ပေးရန်ပြော

( 46 )Rangoon General Hospital confirms receiving four injured from bomb blast

( 45 )ဗုံးကြောင့် လူ ၄ ဦး ဒဏ်ရာရ၍ ဆေးရုံရောက်လာဟု အရေးပေါ် လူနာဌာနပြော

( 44 )Ban welcomes amnesties, says more must follow

( 43 )ဖမ်းဆီးခံနေရသော မစုစုနွေးနှင့် အစ်မဖြစ်သူ တွေ့ခွင့်မရ

( 42 )တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအတိုင်း နိုင်ငံရေးဆက်လုပ်သွားမည်ဟု ဦးခင်မောင်ဆွေပြော

( 41 )Food crisis in Chin state results in school drop outs

( 40 )နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

( 39 )Cyber War Mercenaries

( 38 )ရွေးကောက်ပွဲရလဒ် ကာကွယ်ရန်အားလုံး၌တာဝန်ရှိဟု ထောင်မှလွတ်လာသည့် လွှတ်တော်အမတ်ပြောကြား

( 37 )Burmese democracy activist: 'I don't know how I kept my sanity'

( 36 )Sustained effort from all quarters needed in Burma

( 35 )S Korean Court Says Myanmar Refugees Can Stay

( 34 )Chula to hold Shan conference

( 33 )UPDATE: Six injured In Myanmar Bomb Blast

( 32 )Myanmar will destroy Chinese milk powder

( 31 )Bomb Blast in Rangoon Park Injures Three

( 30 )UN Chief Welcomes Release of Burmese Prisoners

( 29 )မဟာဗန္ဓုလပန်းခြံတွင် ဗုံးပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရ

( 28 )မဲဆောက်မှာ ဆည်ရေဖောက်ချ၊ မြန်မာအလုပ်သမားစက်ရုံနှင့် အထက ပိတ်ရ

( 27 )Over 200 Prisoners Released in Sittwe, Most Army Deserters

( 26 )ဘင်္ဂလာ-မြန်မာချစ်ကြည်ရေး လမ်းဖေါက်လုပ်ရေးအတွက် တရုတ်အစိုးရက ဒေါ်လာ ၁၂၈ သန်း ကူညီမည်

( 25 )7 Cattle Ship Crew Rescued by Bangladesh Fishermen

( 24 )Monks Stage Demonstration in Dhaka Demanding Release of Political Prisoners

( 23 )မြန်မာနိုင်ငံကို ကမ္ဘာ့ ဒုတိယ အဆိုးဝါးဆုံး လာဘ်စားမှုနိုင်ငံ အဖြစ် သတ်မှတ်

( 22 )Myanmar junta rules roost 1 year after crackdown

( 21 )Explosion rocks Myanmar

( 20 )တားမြစ်ပိတ်ပင်နေသော နိုင်ငံများကို UN ၌ ဘုရှ်က ပြစ်တင်ပြောဆို

( 19 )Witnesses say one injured in blast in central Yangon

( 18 )Thousands still jailed 12 months after Saffron Revolution

( 17 )The Mekong River

( 16 )The Mekong River Hydropower Program

( 15 )The Mekong River Commission

( 14 )Myanmar steps up control of trans-border animal diseases

( 13 )Myanmar opposition vows to fight for Suu Kyi

( 12 )ဦးဝင်းတင် လွတ်မြောက်မှု ကုလအတွင်းရေးမှူးချုပ် ကြိုဆို

( 11 )UN welcomes Burma prisoner release

( 10 )Myanmar junta rules roost one year after crackdown

( 9 )Ban Urges Myanmar To Free All Political Prisoners

( 8 )2008 CORRUPTION PERCEPTIONS INDEX

( 7 )Laura Bush presses China, India over Myanmar

( 6 )Little succor for Burma's refugees

( 5 )UN chief hails Burma prisoner release

( 4 )High-profile amnesty in Myanmar

( 3 )ဒုတိယနေ့ လွှတ်ပေးသူများအတွင်း နိုင်ငံရေး အကျဉ်းသား မပါ

( 2 )The lonely death of Cycle Maung Maung

( 1 )လွတ်မြောက်လာသူ ဒေါက်တာမေ၀င်းမြင့် နိုင်ငံရေး ဆက်လုပ်သွားမည်

Wednesday, September 24, 2008

ရွှေဝါရောင်တော်လှန်ရေး (၁)နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ဒက္ကားမြို့ မြန်မာ သံရုံးနှင့် တရားရုံးချုပ်ရှေ့တွင် ရဟန်းတော်များဆန္ဒပြ

Narinjara News


မောင်အေး(နိရဉ္စရာ) ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်နေ့ အထိမ်းအမှတ် နေ့တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလာဒေခ်ျ့ ဌာနခွဲ)က ဒက္ကားမြို့တော်တွင် ဆန္ဒပြပွဲတရပ် ပြုလုပ်ပြီး ဖမ်းဆီးခံ ရဟန်းတော်များအား အမြန်ဆုံး ပြန်လည် လွတ်ပေးရန် တောင်းဆိုခဲ့သည်။

ရဟန်းတော်များသည် ဘင်္ဂလာရဲအဖွဲ့ တင်းတင်းကျပ်ကျပ် တားမြစ်ထားသည့်ကြားက ဆန္ဒပြပွဲကို မြန်မာသံရုံးရှေ့နှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တရားရုံးချုပ်ရှေ့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြပွဲတွင် မြန်မာ့ ရဟန်းတော်များသာမက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းမြို့မှ ဘရ၀ါ (မာရမာကြီး) ရဟန်းတော်များနှင့် စစ်တကောင်း တောင်တန်းနယ်မှ မာရမာ ဘုန်းတော်ကြီးများလည်း တက်ရောက်ခဲ့သည်။

၎င်းပြင် ရခိုင်ကျောင်းသားများ အမျိုးသမီးများလည်း ဆန္ဒပြရာတွင် တတတ်တအား ပါဝင်ခဲ့ပြီး ရဟန်းတော် ၄၀ အပါအ၀င် လူပေါင်း ၈၀ ခန့် တက်ရောက်ခဲ့သည်။

မြန်မာ သံရုံးရှေ့တွင် ဆန္ဒပြသူများမှ ဦးဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရေး၊ နအဖဖွဲ့စည်းပုံ အလိုမရှိ၊ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ အလိုမရှိ၊ ရွှေဝါရောင်အရေးတော်ပုံ အောင်ရမည် စသည့်ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒပြခဲ့ကြ သည်။

အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလာဒေခ်ျ့ ဌာနခွဲ)မှ ဥက္ကဌ ဆရာတော် ဦင်္းမေဃိယမှ “ ဦးဇင်းတို့ ဒီနေ့ဆန္ဒပြရတာက ၂၀၀၇-ခုနှစ် စက်တင်္ဘလာလမှာ ဒီမိုကရေစီ သူရဲကောင်းတွေ ဖြစ်ကြတဲ့ ရဟန်းတော်များနဲ့ ပြည်သူများကျဆုံးသူတွေကို ဂုဏ်ပြု အောက်မေ့တဲ့ အနေနဲ့ ကျင်းပရတာ ဖြစ်တယ်။ နောက်တချက်က စက်တင်္ဘာ ၂၆ ရက်ကို အပြည်ပြည်ဆိုင်ရာ သာသနဦးသျှောင် ရဟန်းတော်များအဖွဲ့က ရွှေဝါရောင် တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတဲ့အတွက် ဒီနေ့ မှာ အကြို အနေနဲ့ မြန်မာသံရုံးရှေ့ကိုလာပြီး အခုလို ဆန္ဒပြရတာဖြစ်တယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ဆန္ဒပြပွဲတွင် ရဟန်းတော်သုံးပါးက မြန်မာ အကျဉ်းထောင်များထဲတွင် ရဟန်းတော်များအား သင်္ကန်းချွတ် လူဝတ်လဲ သံခြေချင်း ခတ်ထားပုံများကို နမူနာ သရုပ်ပြကာ ဆန္ဒပြခဲ့သဖြင့် တခြားသံရုံးများမှ သံအရာရှိများနှင့် သံရုံးဝန်းကျင်မှ လူအများအပြား အုတ်အော် သောင်းနှင့် လာရောက် ကြည့်ရှု့ခဲ့ကြသည်။

၎င်းပြင် ၈၈ မျိုးဆက်သစ် ကိုနိုင်နိုင်မှလည်း သံရုံး ဂိတ်တံခါးဝသို့ ဘင်္ဂလာရဲများ တားဖြစ်သည့်ကြားက သွားရောက်ပြီး လွမ်းသူ့ ပန်းခွေကို ချခဲ့သည်။

၎င်းအပြင် “ ဦးဇင်းတို့က မတရား ဖမ်းဆီးခံရနေရတဲ့ သံဃာတော်တွေအပါအ၀င် ကျောင်းသားလူငယ် ပြည်သူတွေကို အမြန်ဆုံးလွတ်မြောက်စေချင်တယ်။နောက်ပြီး ဖမ်းဆီးထားတဲ့ သံဃာတွေကို အတင်း လူဝတ်လှည်တဲ့အပြင်ချဉ်နှောင်ပြီး ရုံးထုတ်စစ်ဆေးနေတာတွေဟာ အင်မတန်မှ အကျဉ်းတန်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေကို နအဖအနေနဲ့ ရပ်သင့်က ရပ်သင့်ပြီလို့ ပြောကြားလိုပါတယ်” ဟု အရှင်မေဃိယမှ ဆက်ပြောသည်။

ရဟန်းတော်များ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေစဉ်အတွင်း ဘင်္ဂလားအာဏာပိုင်များနှင့် ရဟန်းတော်များအကြား အနည်းငယ် တင်းမာမှုများရှိခဲ့သော်လည်း ရဟန်းတော်များက မေတ္တာသုတ် ပရိတ်တရားတော်ကို ရွတ်ဖတ်ပြီး ဆန္ဒပြပွဲကို ပြုလုပ်နိုင်ခဲ့သည်။

သံရုံးရှေ့ ဆန္ဒပြပွဲကို နံနက် ၁၁ နာရီတွင် စတင်ပြီး နေ့လည် ၁၂ နာရီခွဲတွင် သံရုံးရှေ့မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တရားရုံးချုပ်ရှေ့သို့ ချီတက်ခဲ့ကြပြီး နအဖ စစ်အစိုးရ၏ ကြယ် ၁၄ လုံးပါ မြန်မာနိုင်ငံ အလံကို မီးရှို့ကာ ဆက်လက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

Source

အာဏာပိုင်များကို ဆန့်ကျင်ကန့်ကွက်၍ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သတင်းစာ ဆရာကြီး ဦးဝင်းတင် ပြောဆို

ကိုစိုး | စက်တင်ဘာ ၂၄၊ ၂၀၀၈

စစ်အစိုးရ၏ ၀န်ခံကတိလက်မှတ်ထိုးခိုင်း၍ လူမှုရေးအရ စာနာထောက်ထားသောအားဖြင့် ပြန်လွှတ်ပေးသည်ဆို ခြင်းကို လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကာ အကျဉ်းထောင်က ထွက်လာခြင်းဖြစ်သည်ဟု သတင်းစာ ဆရာကြီး ဦးဝင်းတင် က ဧရာဝတီသို့ ပြောဆိုလိုက်သည်။


“တခြားလူတွေကိစ္စတော့ ကျနော် ဘယ်လိုမှန်းမသိဘူး၊ ကျနော် တယောက်တည်းနဲ့ ပတ်သက်လို့ကတော့ မရိုး မသား လုပ်တာ လိမ်တာပဲဗျ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က ထောင် အနှစ် ၂၀ ကျတယ်ဗျာ၊ ထောင်ရဲ့ ထုံးစံက တနှစ်မှာ လျှော့ရက် ဆို တာ ၃ လ လောက်ရှိတယ်၊ ထောင် အနှစ် ၂၀ ကျတဲ့သူက ၁၆ နှစ် လောက် နေပြီးရင် လျှော့ရက်က ၄၈ လ လောက် ရှိတယ်၊ ၄ နှစ်လောက် လျှော့ရက်ရမယ်၊ ၁၆ နှစ် ကျော်ကျော် ဆို လွတ် ပြီ၊ ကျနော်က လွတ်ရမယ့်ဟာ ရှိတယ်၊ အဲဒါကို ကျနော့်ကို ၄၀၁ ထဲကို (၀န်ခံ ကတိနဲ့ လွှတ်တဲ့အထဲကို)ထည့် တယ်၊ အဲဒါကို လက်မခံဘူး”ဟု ဦးဝင်းတင်က ရှင်းပြသည်။

ယမန်နေ့ စက်တင်ဘာ ၂၃ ရက်က အသက် ၇၉ နှစ်ရှိ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံ တ၀န်း အကျဉ်း ထောင်များရှိ အကျဉ်းသား ၉၀၀၂ ဦး ကို လူမှုရေးအရ စာနာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အကျိုးပြုသူများအဖြစ်ပါဝင်ရန်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန်လည်းကောင်း စသည့် ရည်ရွယ်ချက်ဖြင့် ပြန်လွှတ်ခြင်းဖြစ်သည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြ သည်။

ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရ က အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသူ ဖြစ်သည်။

စစ်အာဏာပိုင်များက ၀န်ခံလက်မှတ်ထိုးပါက ထောင်မှ ပြန်လွှတ်မည်ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆို ညှိနှိုင်း သည်ကို ငြင်းဆိုခဲ့သည်ဟု ယနေ့ ဧရာဝတီနှင့် အင်တာဗျူးတွင် ဦးဝင်းတင် က ပြောပြသည်။

“ကျနော်က ၄၀၁ ဆိုတဲ့ လက်မှတ်ထိုးတာ၊ ပြစ်ဒဏ်ကို လျှော့ပြီးတော့ လွှတ်ပေးတာ၊ ဆလံပေးထွက်တာ၊ ဒူးထောက်ထွက် တာမျိုးကို မလုပ်ဘူး၊ အမှန်တကယ်က ကျနော့်ကို လွတ်ရက်စေ့တဲ့ လူအနေနဲ့လွှတ်ရမှာ” ဟုလည်း ဦးဝင်းတင်က ရန်ကုန်မြို့ရှိ သူ၏ မိတ်ဆွေအိမ် တယ်လီဖုန်းမှ တဆင့် ပြောဆိုသည်။

၄၀၁ ဟု ခေါ်သော ၀န်ခံကတိဖြင့် အာဏာပိုင်တို့က ထောင်မှထွက်ခိုင်းခြင်းကို ၁၉၉၀ ခုနှစ်ကတည်းကစတင် ခြင်းဆို ခဲ့ခြင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် တကြိမ်၊ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ဆေးရုံတက်နေချိန်အတွင်း က တကြိမ် ဤသို့ ထောင်မှ ထွက်ခိုင်းသည်ကို ငြင်းဆိုခဲ့သည်ဟု ၎င်း က ဆိုသည်။

ဒီမိုကရေစီနိုင်ငံရေးကို ၎င်းအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)နှင့် လက်တွဲ၍ ဆက်လက် လုပ်ကိုင် ဆောင်ရွက် သွားမည်ဖြစ်သည်ဟု သံန္နိဌာန်ချထားကြောင်းလည်း ဦးဝင်းတင်က ပြောသည်။

အရှေ့တောင်အာရှ သတင်းစာသမားများ မဟာမိတ်အဖွဲ့(SEAPA) ဒါရိုက်တာ ရော်ဘီ အလန်ပေး က “ဒီမိုကရေစီရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ သံန္နိဌာန်ကို အလွန်လေးစား ဂုဏ်ယူပါတယ်”ဟု ပြောသည်။

ဦးဝင်းတင်သည် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ ဒု ဥက္ကဌ နှင့် ဟံသာဝတီ သတင်းစာ အယ်ဒီတာ ဟောင်း တဦး ဖြစ်ပြီး ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အန်အယ်လ်ဒီ အဖွဲ့ကို တည်ထောင်ခဲ့သူ တဦး လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသော လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေ အနေ ကို မဖြေရှင်းနိုင်ကြောင်း ဝေဖန်သူများ၏ ပြောဆိုချက်အပေါ်ဦးဝင်းတင်က“ကျနော် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းကို သံသယမရှိပါဘူး၊ ကျနော် သူ့ကို ယုံကြည်တယ်”ဟု ယခု အင်တာဗျူးတွင် တုံ့ပြန်ပြောကြားသည်။

ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။