Friday, September 26, 2008

အနှစ် ၂၀ ခရီးနှင့် စည်းလုံးမှု အနှောင့်အသွား

သျှမ်းသံတော်ဆင့်

၂၀၀၈ သြဂတ်စ်နှင့် စက်တင်ဘာလကား ထူးခြားသော နှမြှော တသအောက်မေ့ဘွယ်၊ သုံးသပ်ဆန်းစစ်ဘွယ်၊ သင်္ခဏ်းစာယူဘွယ် နှစ်ပတ်လည်အချိန်ကာလဖြစ်၏။

၈ လေးလုံးအရေးတော်ပုံ၊ ဒုတိယမ္ပိ စစ်တပ်အာဏာသိမ်းမှု အနှစ် ၂၀နှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခါသမယ ဖြစ်သောကြောင့်ပင်။

၁၉၆၂ မှ ၁၉၈၈ တပါတီအာဏာရှင် ၂၆ နှစ် အုပ်ချုပ်မှုနှင့် ၁၉၈၈ မှ ၂၀၀၈ န၀တ/ နအဖ ဖက်ဆစ်စစ်အာ ဏာရှင် အနှစ် ၂၀ ဓါး မိုးကြီးစိုးမှု၊ နှစ်ခုပေါင်း ၄၆ နှစ် သက်တမ်းမှာ နည်းနည်းနောနောမဟုတ်။

၂၀၀၇ စက်တင်ဘာရွှေဝါရောင်လှုပ်ရှားမှု ၁၉၈၈အရေးတော်ပုံ၌ လူထုလှုပ်ရှားမှုဖြင့် အာဏာရှင်ဗိုလ်နေ၀င်း၏ မဆလယန္တရား ဖြိုဖျက်ဖြုတ်ချနိုင်လျက်သားနှင့် ဘာ့ကြောင့်အခွင့် အ လမ်းဆုံးရှုံးခဲ့ရသနည်း။ အနှစ်၂၀ ကာလအတွင်း ပြည်တွင်းပြည်ပ အတိုက်အခံအုပ်စုများ အဘယ်ကြောင့်အင်အားဆုတ်ယုတ်သွားပြီး စစ်အုပ်စု ဘာ့ကြောင့် ပိုမိုခိုင်မာအသာစီးရလာသနည်း။ ဤအရေးကြီး သုံးသပ်ဆွေးနွေးချက်များကို လူသူတကာလို နားထောင်လေ့လာဖတ်ရှု မှတ်သားရပါသည်။

စစ်အုပ်စုကို မဖယ်ရှား နိုင်သည်မှာ ညီညွတ်မှုမရှိသောကြောင့် ဟုထောက်ပြကြ၏။ မြန်မာ့နိုင်ငံရေးနှင့် စည်းလုံးညီညွတ်ရေး ပြဿနာကို သူသူငါငါ ခွဲခြမ်းစိတ်ဖြာ ပြကြ၏။

အချို့က တိုင်းရင်းသားအင်အားစုနှင့် ဒီမိုကရေစီအင်အားစု များအကြားညီညွတ်ရေးပျက်ပြား သောကြောင့်ဟု အလွယ်တကူကောက် ချက်ချကြ၏။ အမှန်မှာ ညီညွတ်ရေးမရှိ၊ စည်းလုံးမှုနတ္တိဖြစ်နေသည်မ ဟုတ်။ ညီညွတ်ရေးလျော့ရဲပြီး စည်းလုံးမှုအားမရသေးခြင်းသာဖြစ် သည်။ လိုအပ်သော၊ လုံလောက်သော၊ ရှိသင့်ရှိထိုက်သော ညီညွတ်ရေး အဆင့် မရောက်သေးခြင်းသာဖြစ်သည်။

ညီညွတ်ရေးကို တန်းတူရေး၊ တရားမျှတရေးအပေါ် အခြေခံ သောအပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားနားလည်မှု၊ ယုံကြည်မှုတို့ ဖြင့် တည်ဆောက်ရမည်ဟု လေ့လာသိရှိဖူး၏။ အဓိပ္ပါယ်ပြည့်ဝသော ညီညွတ်ရေးကိုအနှစ်သာရရှိရှိ အကောင်အထည်ဖော်လိုပါက ဤ သဘောတရားအတိုင်း (အဖွဲ့အစည်းအသီးသီး ခေါင်းဆောင်အသီးသီး တို့) လက်တွေ့ကျကျ လိုက်နာရမည်ဖြစ်၏။ ဤပေတံဖြင့်တိုင်းတာ ပါက ညီညွတ်ရေးလျော့ရဲရခြင်းမှာ တန်းတူရေး ကျင့်သုံးမှု မထိရောက် သေးသော ကြောင့်ဟုဆိုချင်၏။ ကွဲပြားခြားနားမှုထဲမှ စည်းလုံးမှု Unity in Diversity ဟု ဟစ်အော်ကြွေးကြော်လေ့ရှိကြသော်လည်း Diversity ကို အလေးမထားနားမလည်ပစ်ပယ်လစ် လျူရှုတတ်ကြ၏။ ရန်ဖက်မဟုတ် သောမိတ်ဖက်ကွဲပြားမှု၊ ဆန့်ကျင်ဖက်မဟုတ်သော ပံ့ပိုး တည်မှီဖက်ကွဲပြားမှုအပေါ် တွေေ၀၀ိုးတ၀ါး ယိုးမှားတတ်ကြသော ကြောင့်ဖြစ်သည်။

အပြန်အလှန်အသိအမှတ်ပြု၊ လေးစားနားလည်ယုံကြည်မှု နည်းပါးလျှင် ဆက်သွယ်ဆက်ဆံမှု၊ မေးထူးခေါ် ပြောမှု၊ ၀င်ထွက်မှု၊ တွဲခေါ်ဆွဲခေါ် မှုများလည်းလျော့ရဲမည်ဖြစ်၏။ အတိုက်အခံများ၏ ညီညွတ်ရေး ဘယ်မှာလစ်ဟင်းချွတ်ယွင်း နေသလဲ၊ ယခုထက်ပိုမိုစည်းလုံး စေရန် ဘာလုပ်ရမလဲ၊ ဘယ်လိုနည်းလမ်းရှာရမလဲ ၊ စသည့်မေးခွန်း များ ရှိလျှင် မူဝါဒသဘောတရားများလက်တွေ့ကျင့်သုံးရာ၌ ထိရောက်မှုမရှိ သောကြောင့်ဟုဖြေနိုင်၏။တန်းတူရေးနှင့် အပြန် အလှန် အသိအမှတ်ြုပ လေးစားရေး (စိတ်ရောကိုယ်ပါ) မပီပြင်မပေါ်လွင်သောကြောင့်ဖြစ်သည်။

စစ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ရေးဆန္န တူညီကြသော် လည်း အနှစ်သုံးလေးဆယ် တူတွဲ မတူခွဲ လုပ်လာခဲ့ ကြသည်မှာ ဘုံရည် မှန်းချက်အတွက် ညှိနှိုင်း၍မရ၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဦးစားပေး လာကြသဖြင့် ညီညွတ်ရေးလျော့ရဲရခြင်းဖြစ်သည်ဟု အချို့ကဆို၏။ မတူတာခွဲလုပ်ခြင်းက တူတာတွဲလုပ်ခြင်းထက် အလေးသာ သော ကြောင့် ဘုံရည်မှန်းချက်ချမှတ်ရခက်ခြင်းဖြစ်ကြောင်း၊ ဘယ်ပုံစံ၊ ဘယ်သူ့ ပုံစံကိုအနီးဆုံးနမူနာ အဖြစ် ဖေါ်ပြပြီး ဘယ်ပုံဘယ်နည်း အကောင် အထည်ဖော်ရမည်ဟု မရှင်းလင်းကြကြောင်းလည်း ထောက်ပြသူရှိ သည်။

အမှန်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ထွန်းကားပြီး တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် (တရားမျှတ၊ တန်းတူ လွတ်လပ်) စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကား အတိုက်အခံအင် အားစုများ၏ ဘုံရည်မှန်းချက်ဖြစ်သည်ဟု နားလည်ထား၏။ သို့သော် ကွဲပြားမှုစွမ်းအားစုညီညွတ်ရေးကို အလေးထားသည်ဟု ပါးစပ်ဖျားက တဖွဖွပြောတတ်ကြသလောက်၊ မဟာလူမျိုးကြီးဝါဒနှင့်ကျဉ်းမြောင်း သော အမျိုးသားရေးဝါဒ များအရိုးစွဲ အယူသည်းနေကြဆဲဖြစ်သည်။ ဟောင်းနွမ်းဆွေးမြေ့သော ဤမကောင်းဆိုးဝါး စိတ်ဓါတ်နှင့်အမူအကျင့် များကို မပြုပြင်၊ မပစ်ပယ်၊ မဆေးကြောသုတ်သင် နိုင်ကြသေးပေ။

သာဓကအားဖြင့် မျှတတန်းတူလွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စု ရည်မှန်းချက်အကောင်အထည် ဖော်ရန် အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် သက်ဆိုင်ရာပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသီးသီးရှိရ မည်ဖြစ်၏။ ဤအချက်ကို ဗမာ့ဒီမိုကရေစီအင်အားစုများ မူအရလက်ခံသဘော တူသည်ဟူသောအဆင့်၌သာမျှော ထားဆဲဖြစ်ပြီး အခြားပြည်နယ်များနည်းတူ ဗမာပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပ ဒေမူကြမ်း ရေးဆွဲရေးလုပ်ဆောင် မည့်သူ မရှိသေးသည်ကိုတွေ့ရ၏။ ထို့ NCUB လို ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစုနှင့်NCGUB လို အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရတို့တွင် ကချင်၊ ကရင်နီ၊ သျှမ်း ပြည်အင်အားစုများ မပါဝင်ကြခြင်းဖြစ်၏။ အားလုံးအတွက် ရည်မှန်း ချက် (Goal) ရှိသော်လည်း ပကတိအခြေအနေနှင့် ကိုက်ညီသော လမ်း ကြောင်း (Way) နှင့်လုပ်နည်းလုပ်ဟန် အချင်းအရာအစိတ်အပိုင်း (Mean) လုံလောက်မှုမရှိလျှင် ရေတိုရေရှည်ဘုံရည်မှန်းချက် အတွက် မှန်ကန်သော မဟာဗျူဟာ ချမှတ်နိုင်မည်မဟုတ် ပေ။

တိုင်းရင်းသားအင်အားစုနှင့် ဒီမိုကရေစီအင်အားစုများ၏ ညီညွတ်ရေးလျော့ရဲမှုအပေါ် ရန်သူစစ်အုပ်စုက အသုံးချနေသည်ကို သိသိကြီးနှင့် ခိုင်မာစွာမစည်းလုံးနိုင်ကြခြင်းမှာ မိမိတို့၏ချို့ယွင်းအား နည်းချက်ကို မဆန်းစစ် မကုစား မဖါထေးနိုင်သောကြောင့်ဖြစ်၏။ ရန်သူ တစတစ အင်အားကြီးမား ခိုင်မာလာစေရန်၊ ပိုမိုကြမ်းကြုတ် ရက် စက် လာစေရန်၊ ဥပဒေကြောင်းအရ အသာစီး ပြင်ဆင် ခွင့်ရစေရန်၊ ထောက်ကူ ပံ့ပိုးသကဲ့သို့ဖြစ်သည်ဟု အတိုက် အခံခေါင်းဆောင်အချို့က ဆို၏။ စည်းလုံးမှု လျော့ရဲစေသော အနှောင့်အသွားများအနက် သဘောတရား (အပြော/ အရေး) နှင့်လက်တွေ့မကိုက် ညီခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုနှင့် ကိုယ်ကျင့် သိက္ခာများခေါင်း ပါးခြင်း၊ အခွင့် အလမ်းကြံဆောင်အ ချောင် သမားဝါဒ စခန်းထလာခြင်းတို့ကြောင့်လည်း ဖြစ်သည်။

အရေအတွက်ရော အရည်အချင်းပါတပန်းသာသည့် မဟာဝါဒီ ဥာဉ်ရှိသူ ဗမာများသည်လည်းကောင်း၊ အရေအတွက်ရော အရည် အချင်းပါ တပန်းရှုံးသော မာနကြီးသူ၊ အထီးကျန်ကြိက်သူ တောင်ပေါ် တိုင်းရင်းသား များသည်လည်းကောင်း၊ စရိယဓမ္မတရား Ethics ထက် ကိုယ်ကျိုးစီးပွါး ၍ညအနမနျအ ကိုအမှတ်မထင် ရှေ့တန်း တင်လာကြ၏။ ပြည်တွင်းအပစ်ရပ်ခါင်းဆောင်အချို့ ရွှေငွေကျည်ဆံ ဥစ္စာဓနကျည်ဆံထိ မှန်ဒဏ်ရာအတိ မှိန်းမူး ပီတိဖြစ်ပြီးအိပ်ဖောင်း၍ စိတ်ပြောင်းနေကြချိန် တွင်ပြင်ပအဖွဲ့အစည်းများကလည်းNGO ကိုးကွယ်ပါ၏ဖြစ်နေရသည်။ အရေခွံလဲတော်လှန်ရေးသမား၊ လုပ်စားနိုင်ငံရေးသမား၊NGO အဖွဲ့ဝင်၊ လှုပ်ရှားရေးသမား activists များရောနှောပြွမ်းတီးပြီး လုပ်နည်းလုပ်ဟန် ကပြောင်းကပြန် ဖြစ်ကြရသည်။

မျှတတန်းတူရေး၊ အပြန်အလှန် အသိအမှတ်ြုပရေးကို အလေး ထားကျင့်သုံးခြင်းထက် လည်သူစားတမ်း၊ အခွင့်အလမ်းဖန်တီး ဆုပ်ကိုင်၊ ရာထူးကုလားထိုင်လက်မလွတ်လိုကြ၊ အနှီအတ္တကိုယ်ကျိုးစီးပွားs elf- interestအတွက်ဖက်တွယ်လိုမှု သည်လည်း ယနေ့စည်းလုံး မှု၏အနှောင့်အသွားဖြစ်သည်။

ဤအနှောင့်အသွားများကြောင့် ဗမာဒီမိုကရေစီအင်အားစု များအတွက် ထိခိုက်သည်ဆိုလျှင် တိုင်းရင်းသား အင်အားစုများ အတွက် အခွင့်အလမ်းရော အဆင့်အတန်းပါ အရာရာ၌ ပိုမိုဆုံးရှုံးရသည်။

အရင်းရှင် မြေရှင် ဓနရှင်သည်အတ္တ၀ါဒဖြစ်ပြီး ကွန်မြူနစ်ဆိုရှယ် လစ်ဘုံစနစ်သည်ပရ၀ါဒဖြစ်သည်ဟု ဆရာ့ ဆရာများက သွန်သင်ညွန်ပြ ခဲ့ဖူး၏။ အဖိနှိပ်ခံပြည်သူလူထုလွတ်မြောက်ရေး၊ အမျိုးသားနိုင်ငံရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊သင့်မြတ်ပေါင်းစည်းရေး၊တိုင်းပြည်ထူထောင် ရေး၊ စနစ်သစ်အစားထိုးစနစ်ဆိုးဖယ်ရှားရေး-စသည်တို့ကား ပရထွန်း ကား/အတ္တအကျိုးခံစားရသည့် သမာသမတ်ဝါဒဖြစ်၏။ အချင်းချင်းအ ပေါ်သဘောထား ကျဉ်းမြောင်းငြူစူ၊ ရန်သူနှင့်ကျတော့စိတ်ရှည်သဘော ထားကြီး၊ မဟာမိတ်အပေါ်တင်းမာ ခက်ထန်၊ ရန်သူနှင့်ကျ တော့ ပျော့ ပြောင်းငြင်သာ၊ ဤအထာအမူအယာကျင့်ထုံးသည် ကိုယ်လွတ်ရုန်း အချောင်သမားတို့၏ အတ္တ၀ါဒ ပြင်းပြမှု စိတ်ထားကြောင့် ဖြစ်၏။

ဤသို့ဖြင့် ကွဲပြားမှု စွမ်းအားစုညီညွတ်ရေးUnity in Diversity ပီပြင်ပေါ်လွင်စွာအထမြောက်စေ ရန် တုန့်နှေးကြန့်ကြာ နေရ ခြင်းဖြစ်သည်။

အနှစ် ၂၀ ကာလများ၊ ကျောင်းသားပြည်သူ ရဟန်းရှင်လူ အပြည့် အ၀ တာဝန်ကျေ၊ သေကြေဒဏ်ရာရ ဒုက္ခရောက်ကြသည်မှာ အသောင်းအသောင်း။ အပြောင်းအလဲမလုပ်နိုင်တာ(စစ်အာဏာရှင်ကို မဖယ်ရှားနိုင်တာ) တော်လှန်ရေးသမား ၊ နိုင်ငံရေသမား။ လုပ်စား ရိုက်စားဖေါ်လဲဖါးတွေပေါ၊ အဖိနှိပ်ခံဇာတ်မျှောကြီး ရှည်ကြာ၊ မင်းဆိုး မင်းညစ်ယန္တရားခိုင်မာမြံမြဲ၊ ဒီဝဲသြဃက မကျော်လွန်နိုင်လေ၊ စောကြော အဖြေရှာဖို့၊ အတိုက်အခံတို့ အထူးတာဝန်ရှိ စေသော အသိ- သတိ။ စည်းလုံးမှု၏အနှောင့်အသွား၊ အမြန်ကုစားဖာထေး၊ ၀ိုင်းဝန်းပြုပြင်ပေး ကြပါကုန်။

No comments: