Wednesday, September 17, 2008

ချင်းအမျိုးသာ တပ်မတော်၏ တိုက်ခိုက်မှုကြောင့် နအဖ တပ်သားတဦး ဒဏ်ရာရ

Narinjara News 9/17/2008

မင်းအောင် (နိရဉ္စရာ) ချင်းအမျိုးသားတပ်မတော် (CNA)မှ ၀င်ရောက် တိုက်ခိုက်မှုကြောင့် ခမရ ၅၅၀မှ ရှေ့တန်းစစ်ကြောင်း တကြောင်းမှ တပ်သား တဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါ အတိုက်အခိုက်ခံရသော စစ်ကြောင်းမှာ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀မှ ဖြစ်ပြီး ရှေ့တန်းစစ်ကြောင်းမှူး (၂) ဗိုလ်ကြီး ကြွယ်ဝ ဦးဆောင်သော စစ်ကြောင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းကို ပလက်ဝမြို့နယ် နယ်စပ်တွင် အင်္ဂါနေ့က ချင်းအမျိုးသား တပ်မတော်က ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေသအတွင်းမှ ရရှိသော သတင်းများအရ အဆိုပါ နအဖ စစ်ကြောင်းမှာ ပလက်ဝမြို့နယ် ရွှေလိပ်ဝ ဒေသသို့ လုံခြုံရေးအတွက် တိုက်ပွဲ မဖြစ်ပွားမှီ တရက် အလိုက တာဝန်ကျ လာသော ရှေ့တန်းစစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲမှာ အဆိုပါနေ့ နံနက်က စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲမှာ ၅ မိနစ်ကြာမြှင့်ကြောင်း သိရှိရသည်။

ချင်းအမျိုးသားတပ်မတော် (CNA)မှ အထိအခိုက် တစုံတရာ မရှိကြောင်း သိရှိရသည်။

Source

No comments: