Sunday, August 31, 2008

ရဲရင့်ထက်မြက်တဲ့ သူမရဲ့ ဆုံးဖြတ်ချက်

စိုးနေလင်း

ကုလသမဂ္ဂရဲ့ အထူးသံတမန်ကြီး မစ္စတာ ဂမ်ဘာရီကတော့ သူ့ရဲ့ တရက်တိုး ၆ ရက်တာခရီးစဉ်ကို သြဂုတ်လ ၂၃ ရက်နေ့က အဆုံးသတ် ပြန်လည် ထွက်ခွာသွားခဲ့ပြန်ပါပြီ။ ဒီတကြိမ်မှာတော့ သံတမန်ကြီးခမျာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများရဲ့ မင်းနေပြည်တော်ကိုတောင် ဖိတ်ကြားတာ မခံခဲ့ရရှာပါဘူး။ တကယ့် အာဏာရှင် ဗိုလ်ချုပ်ကြီး ဆိုသူရဲ့ အနားကိုတောင် သီခွင့် မရခဲ့တာပါ။ ရုပ်သေးဝန်ကြီးတချို့၊ အကြီးအကဲ တချို့နဲ့ စစ်အစိုးရရဲ့ ကျောရိုးပါတီ တချို့က တာဝန်ရှိ ပုဂ္ဂိုလ်လေးတချို့နဲ့ ခဏ တွေ့ခွင့်ရသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် တချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ တကယ့် မြန်မာ့ ဒီမိုကရေစီရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့် မရခဲ့ရှာပါဘူး။

ထူးခြားတာကတော့ စစ်အစိုးရက တွေ့ဆုံခွင့်မပေးလို့ တွေ့ဆုံခွင့် မရခဲ့တာမဟုတ်ဘဲ သံတမန်ကြီးက တွေ့ဆုံဖို့ ကြိုးစားခဲ့ပါရဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူ့ကိုတွေ့ဆုံဖို့ ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။ သတင်းအရတော့ သံတမန်ကြီးက မပြန်ခင်မှာ တွေ့ဆုံခွင့်ရဖို့ ထပ်ပြီး ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ စိတ်မကောင်း ဖြစ်စရာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အဲဒီလို လုပ်လိုက်ရတာကို စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို လုပ်သင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန် သင့်မြတ်လှပါတယ်။ သံတမန် တချို့ကတော့ အာရှ မဆန်ဘူး၊ သံခင်းတမန်ခင်းအရ မဖြစ်သင့်ဘူး ဘာညာ ဝေဖန်ပြောဆိုကြပေမယ့် မှန်ကန် ရဲရင့်ထက်မြက်တဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ဒီမိုကရေစီ ချစ်မြတ်နိုးကြသူ မြန်မာနိုင်ငံသား ပြည်သူအများစုကလည်း နှစ်ထောင်းအားရ ထောက်ခံကြမယ် ဆိုတာလည်း အသေအချာပါပဲ။ အခုတခေါက်ဟာ သံတမန်ကြီးရဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း စတုတ္ထမြောက်ခရီးစဉ် ဖြစ်ပါတယ်။

အရင်ခရီးစဉ်တချို့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ စစ်အစိုးရက နိုင်ငံတကာကို လှည့်စားဖို့သက်သက် ခန့်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်အောင်ကြည်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့တာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လောက်လောက်လားလားရှိတဲ့ ရလဒ် ဘာတခုမှ ထွက်ပေါ်မလာခဲ့ပါဘူး။ အနိမ့်ဆုံး လွှတ်သင့်လွှတ်ထိုက်နေပြီ ဖြစ်တဲ့၊ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်တဲ့၊ ကျန်းမာရေး မကောင်းတဲ့ နိုင်ငံရေး အကျဉ်းသားကြီးတွေကိုတောင် လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်စွမ်း မရှိပါဘူး။ ရှင်းလင်းပေါ်လွင်နေတဲ့ အချက်ကတော့ စစ်အစိုးရဟာ ကုလ သံတမန်ကြီးကို စတင်တွေ့ဆုံခဲ့ကတည်းက ရည်ရွယ်ချက် မမှန်ကန်ဘူး ဆိုတာပါပဲ။

ကမ္ဘာကို သံတမန်ရေး ကစားကွက်နဲ့ လှည့်စားဖို့ကိုပဲ ရည်ရွယ်ခဲ့တာပါ။ သံတမန်ကြီးခမျာလည်း မြန်မာအာဏာရှင် ဗိုလ်ချုပ်တွေ ကြိုးဆွဲတဲ့အတိုင်း လိုက်ကရ၊ ခေါင်းညိမ့်ရ၊ အလိုက်သင့် ပြောဆိုဆက်ဆံရနဲ့ ဘာမှထူးခြားတဲ့ ရလဒ် ထွက်ပေါ်မလာခဲ့တော့ နိုင်ငံတကာ အလယ်မှာ မျက်နှာပျက်၊ သိက္ခာကျရတာပဲ အဖတ်တင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအရာရှိ David Scott Mathieson ကတော့ "မြန်မာစစ်အစိုးရဟာ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို သူတို့ အကျိုးစီးပွားအတွက် သူတို့လုပ်နေတာတွေကို ပြဖို့သက်သက် အသုံးချလိုက်တာပါပဲ။"

"မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခွင့် ရခဲ့တဲ့ သံတမန်တိုင်းဟာ ဒီလိုပါပဲ၊ သူတို့ဟာ စစ်အစိုးရက သူတို့ကို ကြည့်စေချင် တွေ့စေချင်တာတွေကို သွားကြည့်၊ သွားတွေ့ကြမယ်။ အဲဒီတော့ စစ်အစိုးရ လုပ်ကြံဖန်တီး ထားတာတွေကိုပဲ သူတို့ မြင်ရမှာပေါ့" လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အဓိက ဦးဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း အကျယ်ချုပ် ဖမ်းဆီးနေရတဲ့ ကာလက များနေတော့ နိုင်ငံရေးအရ လှုပ်ရှားဦးဆောင်မှုပေးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့်လည်း ကုလ သံတမန်ကြီးကများ ထိထိရောက်ရောက် မြန်မာ့ဒီမိုကရေစီရေးမှာ ကူညီပေးနိုင်မလားဆိုပြီး တွေ့ဆုံခဲ့၊ ဆွေးနွေးပြောဆိုခဲ့တာပါပဲ။ ဒါပေမဲ့ တဖက်က အာဏာရယူထားတဲ့ စစ်အစိုးရကိုယ်နှိုက်ရဲ့ စေတနာနဲ့ ရည်ရွယ်ဦးတည်ချက်က မမှန်ကန်လေတော့ သံတမန်ကြီးအနေနဲ့လည်း ဒီထက် ဘာမှ ပိုပြီး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ကလည်း မြန်မာနိုင်ငံ စစ်အစိုးရကို မလိုက်နာမနေရ (binding) အရေးယူဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ဘဲ ထိထိရောက်ရောက် ဖိအားပေးအရေးယူမှု လက်တွေ့မရှိတဲ့အတွက် စစ်အစိုးရ အတွက်ကတော့ နေသာသပ လေညာက ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ တခါ တရုတ်နဲ့ ရုရှတို့လို ဗီတိုအာဏာ သုံးခွင့်ရ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံကို အကျိုးစီးပွား မက်လုံးပေးပြီး အကာအကွယ် ယူထားနိုင်လေတော့ စစ်အစိုးရ ငရဲခွေးကြီးဟာ လွတ်ချင်တိုင်း လွတ်နေတော့တာပါပဲ။

ဒါပေမဲ့ ဒီတကြိမ်မှာတော့ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ကြိုးဆွဲတိုင်းကနေတဲ့ သံတမန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနေလို့လည်း မြန်မာ့ ဒီမိုကရေစီရေးအတွက် ဘာမှ အကျိုးမရှိနိုင်ဘူး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ သံတမန် စေလွှတ်နေတာတွေဟာလည်း ဘာမှ အရာမရောက်တဲ့အတွက် သူမအနေနဲ့ အရေးတယူ လက်ခံဆွေးနွေးနေရင် သူ့ပြည်သူလူထုကို မှားယွင်းတဲ့ အားကိုး ယုံကြည်မှုတွေ ပေးနေရာ ကျတော့မယ်လို့ ယုံကြည်လာတဲ့အတွက် တွေ့ဆုံဖို့ ငြင်းဆိုလိုက်တာ ဖြစ်မှာပါပဲ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဟာ စစ်အစိုးရက ခင်းပေးတဲ့အတိုင်း မျှောလိုက်မနေဘူး၊ နိုင်ငံတကာ သံခင်းတမန်ခင်းအရ အခွင့်အရေး ရသမျှ ဆွေးနွေးပြီးရင်း ဆွေးနွေး မျောမနေဘူးဆိုတာ၊ ခိုင်မာပြတ်သားတဲ့ ယုံကြည်မှု ရည်ရွယ်ချက်နဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လုပ်နိုင်တယ်၊ လုပ်ရဲတဲ့သတ္တိ ရှိတယ်ဆိုတာကို အထင်အရှား ပြသလိုက်တာပါပဲ။

ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတ၊ီ အပြည်ြပည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မီဒီယာရေးရာ ဥက္ကဌ Son Chhay ကတော့ "သူတို့နှစ်ယောက်စလုံး (ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ မစ္စတာ ဂမ်ဘာရီ) မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ဒုက္ခတွေကို စုံစမ်းစစ်ဆေးပြီး အဲဒါတွေအတွက် အဖြေရှာပေးပါမယ်လို့ ကတိပေးထားခဲ့ကြတယ်လေ။ ဒါပေမဲ့ အခုထိ ဒီကတိတွေအတိုင်း လောက်လောက်လားလား လုပ်ပြတာ၊ လက်တွေ့ အကောင်အထည်ဖော်တာ ဘာတခုမှ မတွေ့ရသေးပါဘူး" တဲ့။

"ကျနော်တို့က ပိုပြီးလေးနက်တဲ့ လှုပ်ရှားမှုကို လိုချင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ တခြား တယောက်ယောက်ကို ခန့်အပ်သင့်ပါတယ်" လို့ မကြာသေးခင်က ပြောဆိုဝေဖန်သွားခဲ့ပါတယ်။

စစ်အာဏာရှင် အစိုးရကတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံတွေရဲ့ ပြောစကား၊ မေတ္တာရပ်ခံချက်၊ သတိပေးချက်ကိုမှ လက်မခံဘဲ စစ်အာဏာ တည်မြဲရေးအတွက် တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတင်းပြဌာန်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုတော့ဘဲ ရွေးကောက်ပွဲသစ် ကျင်းပဖို့ အတင်းစီစဉ်၊ ဒီမိုကရေစီလိုလားသူ ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတွေကို အင်အားသုံး ပိတ်ပင်တားဆီး၊ တက်ကြွှလှုပ်ရှားသူတွေကို ဥပဒေမဲ့ ဖမ်းဆီး ထောင်ချနေတာတွေကို တိုးမြှင့်၊ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေကို ပိုပြီး ချိုးဖောက်လာတာတွေကို တွေ့နေရပါပြီ။

တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စစ်အစိုးရရဲ့ မတရား ဖိစီးနှိပ်ကွပ်မှုတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေကို အများကြီးသည်းခံ အလျှော့ပေး ဆက်ဆံလာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ အပြတ်အသတ်နဲ့ အနိုင်ရပြီးတော့လည်း ဒီလိုပါပဲ။ အမြဲလျှော့ပေးပြီး အပျော့ပြောင်းဆုံး ဆက်ဆံခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းပြောဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြင်သာထင်ရှား လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဒီပဲယင်း လူသတ်ပွဲကြီးအပြီး အသက်အန္တရာယ်က သီသီကလေး လွတ်မြောက်လာတဲ့ လူထုခေါင်းဆောင်နဲ့ ဒုဥက္ကဌ ဦးတင်ဦးကို ဆက်ပြီး မတရား ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။

ဒါကိုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူလူထုကြီးက သည်းခံအလျှော့ပေးခဲ့တာပါပဲ။ ရက်စက် ကြမ်းတမ်းလွန်းတဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် မနိုင်လို့ သည်းခံရခြင်းတွေကတော့ အများစုပေါ့လေ။

ဒီအချိန်မှာတော့ အနှစ်နှစ် အလလ မျောလာတဲ့ ဖြစ်စဉ်ကြီးကို ပြန်စဉ်းစားသုံးသပ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် မဟာဗျူဟာသစ် နည်းပရိယာယ်သစ်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအတိုင်းတော့ ဆက်ပြီး လက်မခံနိုင်တော့ဘူးဆိုပြီး ကုလသမဂ္ဂသံတမန်ကြီးကို တွေ့ဆုံဖို့ကိုတောင် ငြင်းဆန်ပစ်ခဲ့ပါပြီ။ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း လူထုက ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို လူထုကို ယုံယုံကြည်ကြည်နဲ့ ဥပဒေတွင်း တိုက်ပွဲတွေ မြန်မာနိုင်ငံတ၀ှမ်းလုံး အုံးအုံးကျွက်ကျွက် တခဲနက် ဖြစ်ပေါ်လာအောင် ဦးဆောင်လမ်းညွှန်မှု ပေးဖို့ ကြိုးစားသင့်ပါပြီ။ စစ်အစိုးရ ခင်းပေးထားတဲ့ လမ်းအတိုင်းလျှောက်၊ ဥပဒေကြောင်းအရ တောင်းဆိုကန့်ကွက်နေရုံနဲ့တော့ စစ်အာဏာရှင်အစိုးရဟာ ပြည်သူလူထု ပိုင်ဆိုင်ထားတဲ့ အာဏာကို ပြည်သူတွေလက်ထဲ ပြန်ပြီး အသာတကြည် ပေးအပ်လိမ့်မယ် မဟုတ်ပါဘူး။ ဒီအချက်ကတော့ အထူး သက်သေပြနေစရာ လိုအပ်မှာ မဟုတ်ဘူးလို့ ကျနော်က ယုံကြည်ပါတယ်။

ကျနော့်အမြင်အရတော့ စစ်အစိုးရဟာ "ပြုပြင်လို့မရအောင် ကမ်းကုန်နေပါပြီ"

အဲဒီတော့ လူထုအုံကြွမှုနဲ့ ဆက်စပ်ပြီး အာဏာရှင်စနစ်ကို မြေလှန်ဖြိုလှဲပစ်ကြပါစို့။



မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသော ရွာသူကြီး အခြေအနေစိုးရိမ်ရ

ခွန်အောင်မြတ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသူကြီးသုံးယောက်ကို မသင်္ကာမှုဖြင့် မြန်မာ စစ် တပ်က ဖမ်းဆီးရိုက်နှက်ရာ တဦးမှာ ဆေးရုံတွင် ဒဏ်ရာအပြင်းထန်ခံစားရပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိ နေသည်ဟု ဒေသခံများက ပြောသည်။

မြန်မာစစ်တပ်မှ ဖမ်းဆီးရိုက်နှက်ခြင်း ခံရသော လွယ်တဖရီး ရွာသူကြီး မောင်ဦးသည် ဒဏ်ပြင်းထန်စွာရရှိပြီး ယခု တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု ယင်းဒေသခံက ပြောသည်။

“စစ်တပ်ထဲမှာတုန်းကလည်း စကားပြောလို့ မရဘူး။ ပါးစပ်ကလည်း သွေးထွက်နေတယ်။ တအား လည်းနာလို့ထင်တယ်။ (၄၂၃)ကနေ ရဲစခန်းကို အပ်လိုက်တယ်။ ရဲစခန်းလည်း အခြေအနေ မဟန် လို့ ဆေးရုံမှာ သွားထားပေးတယ်။ ထားတဲ့အခါလည်း ရဲနှစ်ယောက်က ပါတယ်။ စောင့်နေကြတယ်။ အခု စကားတောင် မပြောဘူး။ တအားနာတယ်။ ဒဏ်ရာက ထိလို့တောင် မရဘူး။ ကိုင်လို့တောင် မရဘူး။ နာနေတယ်။ ထမင်းစားလို့ မရဘူး။ ပိုက်နဲ့ သွင်းပေးရတယ်၊ နောက်ပြီးတော့ ကျင်ငယ် လည်း မသွားဘူး။ ပိုက်နဲ့ စုပ်ထုတ်ပေးရတယ်။ ခုထိက စကားတောင် မပြောဘူး။ သေမယ့် သဘော ရှိတာပေါ့ ရှင်းရှင်းပြောမယ် ဆိုရင်။ ”

ယခုလလယ်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ လွယ်တဖရီးကျေးရွာ၊ နားဗောင်ရွာနှင့် ကောင်းမူးဗွာ ရွာသူကြီးများ အား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို)အား ငွေကြေး ထောက်ပံ့ပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

“၀ါခေါင်လပြည့်နေ့က ဖြစ်တာ။ လွယ်တဖရီးရွာရယ် နောက် နားဗောင်ရွာ၊ နောက် ကောင်မူးဗွာရွာ သုံးရွာ၊ ရွာသူကြီး သုံးယောက် အရိုက်ခံရတယ်။ ခွဲထွက်တဲ့ ရလလဖ အဖွဲ့ က သူတို့က ရွာမှာ ပိုက် ဆံလိုက်တောင်းတယ်။ အဲဒီစာကို သူတို့က တရွာပြီးတရွာ လိုက်ပေးတာပေါ့။ နောက် သူတို့ ၀ါးခရာ ရွာရောက်တဲ့အခါကျတော့ အဲဒီ ရွာက လူတယောက်ပေါ့ အဲဒီလူတယောက်က သတင်းသွားပေးတာ။ (ခမရ) ၄၂၃ ကို သတင်းသွားပေးတာ။ သတင်းသွားပေးတော့ အဲဒီညက သူတို့ စာတွေ လိုက်သိမ်း တာပေါ့။ အဲဒီညမှာပဲ လွယ်တဖရီးရွာက သူကြီး သုံးယောက်ကို ဖမ်းခဲ့တယ်။ အဲဒီ ၄၂၃ မှာပဲ စခန်းထဲ မှာပဲ ဖမ်းထည့်တယ်။ အဲဒီရွာသူကြီး သုံးယောက်ကို ခေါ်လာပြီးတော့ အဲဒီတပ်ထဲရောက်တော့ မေး မြန်းပြီးမှ အဲဒီစစ်တပ်ထဲမှာပဲ သူတို့ ရိုက်တာ။ အမှန်အတိုင်းပြောလည်း ရိုက်တယ်။ လိမ်ပြောလည်း ရိုက်တယ်။ ဘယ်လိုပြောပြောလဲ မရဘူး။”

ကျန်ရွာသူကြီးနှစ်ယောက်ထဲမှ တစ်ယောက်သည် ပီအဲန်အယ်လ်အို ပေးပို့လာသည့် စာကို လက်ခံသည့် ရွာသူ ကြီးကို သွားခေါ်ရန် စေလွတ်ရာမှ ထွက်ပြေးသွားပြီး ကျန်တယောက်သည် ဆီဆိုင်ရဲစခန်းတွင် ဆက်လက် ဖမ်း ဆီး ထားသည်ဟု သိရသည်။

ဆီဆိုင်မြို့နယ်မှ ရယက လူကြီးများက ခမရ ၄၂၃ မှ ဒု-တပ်ရင်းမှူး မင်းမင်းထွန်းအား ဖမ်းဆီးထားသည့် ရွာသူ ကြီးများကို ပြန်လွတ်ပေးရန် သွားရောက် တောင်းပန်သော်လည်း မလွတ်ပေးသည့်အပြင် ရယက ဥက္ကဌအား ပါးရိုက်လွတ်သဖြင့် အခြားရွာသူကြီးများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

ယခုကျေးရွာသားများသည် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုလည်း ကြောက်နေကြရပြီး မြန်မာစစ်တပ်မှ အရေးမှုကို ကြောက်နေကြရသည်ဟု အခြားရွာသား တစ် ယောက်က ပြောသည်။

“ဒီဟာမျိုးက မလုပ်ကောင်းဘူးပေါ့နော်။ မလုပ်သင့်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားက လည်း ဒီအပြင်(လက်နက်ကိုင်အုပ်စု)ကိုလည်း မလွန်ဆန်နိုင်ဘူးပေါ့။ အပြစ်ဒဏ် ဆိုရင်လည်းပဲ အပြင်က ကြောက်ရတယ်ပေါ့နော်။ တပ်မတော်ကလည်း တာဝန်မယူပေးဘူး။ သူတို့ကလည်း တာဝန် ယူနိုင်မှာ မဟုတ်ဘူး။ မပေးရင် တောင်သူလယ်သမားဆိုတော့ ဖမ်းမလား၊ ရိုက်မလားပေါ့။ အဲဒါလည်း ကြောက်တယ်။ ပေးပြန်ရင်လည်းပဲ အစိုးရဖက်က တခါ ပြန်ရိုက်တယ်။ ဘယ်လိုနေရမလဲ။ ဒီရွာသား တွေက အားကိုးရာမဲ့နေတယ်။”

ဆီဆိုင်မြို့နယ်သည် ယခင်က ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖ ထိန်းချုပ်ရာနယ်မြေဖြစ်ပြီး ယခုအခါ မြန်မာစစ်တပ်အပြင် ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) တောင်ပိုင်း၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (ပီအဲန်အယ်လ်အို) တပ်ဖွဲ့ များလည်း လှုပ်ရှားသည့် နယ်မြေ ဖြစ်သည်။

Source

လက်ကမ်းစာစောင်ဖြန့်ဝေမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ဖြိုးကြီး။

ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းဝန်းများအတွင်း လက်ကမ်းစာစောင်များဖြန့်ဝေသည့် လှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသည်။

၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများသမဂ္ဂအဖွဲ့က ယခုလ (၂၈) ရက်နေ့မှစတင်ကာ ဒဂုံ တက္ကသိုလ်၊ မှော်ဘီနည်းပညာကောလိပ်နှင့် ကွန်ပြူတာတက္ကသိုလ်ဝန်းများအတွင်း ဖြန့်ဝေနေ ခြင်းဖြစ်သည်။

“ကျနော်တို့တွေဟာ သက်ဆိုင်ရာတက္ကသိုလ် နယ်မြေဝန်းအတွင်းမှာတောင်မှ လွတ်လွတ် လပ်လပ် သွားလာခွင့်မရပါဘူး၊ အထူးသဖြင့် ကိုယ့်မေဂျာအဆောင်ကနေ အခြားအဆောင်ကို သွားရောက်ခွင့်တောင် မရှိတော့ဘူးဖြစ်နေတယ်၊ ကျောင်းသားအတွက် အသင်းပင်းဖွဲ့စည်းမှု တွေ ဆိုတာလည်း မရခဲ့ဘူး၊ ပညာသင်ကြားရေးမှာလည်း ကျနော်တို့သင်နေရတာတွေက အဆင့်မှီတဲ့ပညာရပ်တွေ မဟုတ်တော့ဘူး၊ သင်ထောက်ကူပစ္စည်းဆိုတာတွေက ကျောင်းသား တွေအတွက် လုံလောက်မှုမရှိပါဘူး၊ အဲဒါတွေအတွက်တောင်းဆိုထားတာ”ဟု ၂၀၀၇ မျိုးဆက် သစ် ကျောင်သားများသမဂ္ဂအဖွဲ့ တာဝန်ရှိသူကျောင်းသားတဦးက ပြောသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် ဆုံးရှုံးနစ်နာနေသည့် ကျောင်းသားအခွင့်အရေး၊ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာသံဃာ့လှုပ်ရှားမှုကြီးကို ကျောင်းသားထုနှင့် ပြည်သူလူထုကြားတွင် မမေ့ မလျော့ရှိရန်၊ (နအဖ)အတည်ပြုထားသည့် ဖွဲ့စည်းပုံအား လက်မခံကြောင်းနှင့် နာဂစ်မုန်တိုင်း အတွင်း အစိုးရ၏ တာဝန်မဲ့မူများကို ပြည်သူလူထုအတွင်း သိအောင်ရေးသားထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၀၇ မျိုးဆက်သစ်ကျောင်သားများသမဂ္ဂ ဖွဲ့စည်းသည့်အချိန်မှစ၍ ကျောင်းသားများ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက် ကျောင်းသားထုတရပ်လုံး၏ အင်အားကိုရယူကာ ရည်မှန်းချက်များ အောင်မြင်သွားသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်းနှင့် ကျောင်းသားထုအတွင်း စည်းလုံးညီညွတ်မှုရရှိရန်တို့ကို ရည်ရွယ်၍ ဖွဲ့စည်းခဲ့ ကြောင်း ၎င်းက ပြောသည်။

“အဲဒီလက်ကမ်းစာစောင်တွေကို ဖတ်လိုက်ရတော့ ကိုယ်တိုင်လဲ စက်တင်ဘာတုန်းက ကြုံတွေ့ လိုက်ရတယ်ဆိုတော့ အရမ်းခံစားရတယ်၊ စစ်အစိုးရကို ဆန့်ကျင်ဖို့ ဆန္ဒတွေ ပိုပြင်းထန်လာ တယ်၊ ၂၀၀၇ ကျောင်းသားတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်ဖို့၊ ကျမတို့ ကျောင်းသား အခွင့်အရေးတွေဆိုတာလည်း ဘာမှမရှိတော့လောက်အောင် ဆုံးရှုံးနေတယ်လေ၊ အားလုံးကလဲ ထောက်ခံ ကြတယ်၊ စစ်အစိုးရကိုအလိုမရှိတော့ဘူးလို့ ခံစားရတယ်”ဟု မှော်ဘီနည်းပညာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူတဦးက ပြောသည်။

ယခုကဲ့သို့ ရွယ်တူကျောင်းသားကျောင်းသူများက အားလုံကို စွန့်လွှတ်ကာ ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသည့်အတွက် မိမိအနေဖြင့်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် တိုက်ထုတ်အောင်မြင်ရမည်ဆိုသည့် ဆုံးဖြတ်ချက်ဖြင့် ပူပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

Source

ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,31th,2008

( 5 )Junta's final deadline to demolish and relocate Baptist Church in Muse

( 4 )Two die in Maungdaw Township from diarrhea and dysentery

( 3 )Appeal For Open Trial

( 2 )ဒေါ်အောင်ဆန်းစုကြည် ကို ဆရာဝန်နဲ့ ပုံမှန်တွေ့ခွင့်ပြု

( 1 )I am a simple man at heart

Saturday, August 30, 2008

ရွေ့လျားနေသော မျှော်လင့်ချက် အားမာန်များ

ဇာနည်

ချင်းမိုင်။ ။ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ဘွဲ့ရရှိထားသူတဦး ဖြစ်သော်လည်း ကောင်းမွန်သည့် အလုပ်အကိုင် ရှာမရ၍ နိုင်ငံခြား ထွက်ပြီး ငွေရှာရန် ကိုကိုတယောက် ပြင်ဆင်ရပေသည်။

"ဒီမှာ ကုပ်ကပ်နေတာထက်စာရင် နိုင်ငံခြားကို ထွက်ဖို့ အိပ်မက်မက်ရတာက လွယ်ပါသေးတယ်ဗျာ။ ဘာလို့လဲဆိုတော့ ဒီမှာ ကျနော့် အနာဂတ်အတွက် ဘာမှ မျှော်လင့်ချက် မရှိဘူးလေ" ဟု ကိုကိုက မဇ္ဈိမကို တယ်လီဖုံးဖြင့် ဖြေဆိုရာတွင် ဘဝပေါင်းများစွာဖြင့် ရင်းနှီး ရရှိထားသော သင်္ခန်းစာတခုကို ကောက်ကာငင်ကာ ဝေငှ ပြောဆိုလာသည်။

သူ့မျက်နှာပေါ်က အရိပ်အကဲကို အဝေးတနေရာကမို့ အမိဖမ်းရ ခက်သော်လည်း သူ့အသံကို နားထောင်ကြည့်ရုံဖြင့် တချိန်က ကိုယ့်တိုင်းပြည်ထဲတွင် အင်ဂျင်နီယာ တယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သော သူ့အတွက် မျှော်လင့်ချက် ကုန်ဆုံးနေပုံကိုဖြင့် အတိအလင်း ပြဆိုနေသည်။

အခုတော့ မြန်မာပြည်ကလွဲ၍ နိုင်ငံခြား တိုင်းပြည်များထဲက ဘယ်နေရာကိုဖြစ်ဖြစ် ပြေးထွက်သွားဖို့ သူ စီစဉ်နေပြီး ကံအားလျော်စွာ ရောက်ရှိသွားမည့် ထိုနေရာတွင် သင့်တော်ကောင်းမွန်သော လစာဖြင့် သူ့ဘဝကို တည်ဆောက်သွားမည့် အကြံအစည် ဖြစ်သည်။

ယခုလိုဖြစ်နေသည်မှာ ကိုကို တဦးတည်းဖြင့် မဟုတ်ပါပေ။

ရန်ကုန်မြို့ "မြန်မာသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဥယျာဉ်" (MICT Park) တွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး တလလျှင် လစာငွေ ကျပ် ၂ သိန်း (အမေရိကန်ဒေါ်လာ ၂ဝဝ ခန့်) ရနေသူကလည်း သြစတြေးလျတွင် ဘွဲ့လွန်ပညာများ ဆက်လက် သင်ယူသွားမည် ဖြစ်ကြောင်း ပြောပြသည်။

"ဒီမှာ ရနေတဲ့လစာက ကောင်းပါတယ်။ ကျနော့်အတွက် လောက်ပါတယ်။ ဒါပေမဲ့ ကျနော့်မိသားစုကို ထောက်ပံ့ဖို့တော့ မလောက်ဘူး။ အဆင်ပြေဖို့အတွက် ပြည်ပထွက်ပြီး ပညာသင်ဦးမယ်" ဟု သူက သူ့စိတ်ကူးစိတ်သန်းကို ဖွင့်ဆိုပြသည်။

ရန်ကုန်မြို့မှ အထက်တန်းပြဆရာမ နော်အယ်ခူ ကလည်း အသက် ၆ နှစ်နှင့် ၈ နှစ်အရွယ်ရှိ သမီး ၂ ဦးကို စင်္ကာပူသို့ ပို့ဆောင်ကာ ပညာသင်ကြားစေခြင်းသည် မြန်မာပြည် ပညာရေးမှာ ကလေးများ၏ အနာဂတ်အတွက် အာမခံချက် ပေးနိုင်ခြင်း မရှိသောကြောင့်ဟု ဆိုလာပြန်သည်။

"ဒီက ပညာရေးက ကျမကလေးတွေရဲ့ အနာဂတ်အတွက် အာမခံချက် ပေးနိုင်တာမဟုတ်ဘူး။ ဒါကြောင့် သူတို့ကို စင်္ကာပူမှာ ပညာသင်ဖို့ပါပဲ" ဟု နော်အယ်ခူ က ဤကိစ္စအတွက် အရူးအမူး ဖြစ်နေသည့် လေသံဖြင့် ပြောလေသည်။

ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစား စီးပွားရေး ပါမောက္ခတဦးကလည်း မြန်မာပြည်၏ ပျက်စီးယိုယွင်းနေသော စီးပွားရေးနှင့် လူငယ်များအတွက် အခွင့်အလမ်းများ လျော့နည်းချို့တဲ့နေသော အခြေအနေတို့ကြောင့် ပညာတတ် သူများရော၊ မတတ်သူများပါ နိုင်ငံခြားသို့ ထွက်ခွါရေးသည်သာ အခွင့်အလမ်းတရပ်ဟု ရှုမြင်ကြောင်း ကောက်ချက်ချလေသည်။

အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများရှိ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့် အဆက်အသွယ်ရှိသည့် ရန်ကုန်မြို့ရှိ နာမည်ကြီး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုကလည်း မကြာသေးခင် နှစ်များအတွင်း အလုပ်အတွက် လာရောက်လျှောက်ထားသူ အရေအတွက် တိုးတက်လာခဲ့ကြောင်း ပြောဆိုသည်။

အဆိုပါ အေဂျင်စီက နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများသည် တလလျှင် အနည်းဆုံး မြန်မာလူငယ် ၁ဝ ဦးမှ ၁၅ ဦးအထိ ရွေးချယ်စေလွှတ်နေသော်လည်း အလုပ်အကိုင်များ ပိုမိုရရှိမည်ဟု ယူဆရသဖြင့် လူ ၁ဝဝ ကျော်ကို ရွေးချယ်ထားလေသည်။

နိုင်ငံရပ်ခြား အလုပ်လျှောက်လွှာ တင်သွင်းမှုသည် လွန်ခဲ့သော နှစ်က ၂ ဆခန့် တိုးပွားခဲ့သည်ဟု အဆိုပါ အေဂျင်စီမှ တာဝန်ရှိသူတဦးက ကိန်ဂဏန်းချ ပြောဆိုသည်။

"အရင်ကထက်စာရင် လျှောက်လွှာတွေက ၂ ဆတိုးလာတာ။ မြန်မာနိုင်ငံမှာ စာရင်းကိုင်လို ရာထူးတွေအတွက် နေရာလပ်တွေ အများကြီးရှိပေမယ့် လျှောက်လွှာရှင် အတော်များများက နိုင်ငံခြားမှာ လုပ်ရမယ့် အလုပ်မျိုးကိုပဲ လုပ်ချင်ကြတယ်" ဟု ရန်ကုန်မြို့ရှိ နောက်ထပ် အလုပ်ရှာဖွေရေး အေဂျင်စီတခု၏ မန်နေဂျာ ရည်မွန်က ရှင်းပြသည်။

မြန်မာပညာတတ် လူငယ်များအတွက် ပေါ်ပြူလာအဖြစ်ဆုံး နိုင်ငံများမှာ စင်္ကာပူ၊ မလေးရှားနှင့် ဒူဘိုင်းနိုင်ငံများ ဖြစ်သည်ဟု ရည်မွန်က ပြောပြသည်။

မြန်မာအများစုသည် အထွေထွေလုပ်သား ရာထူးများအတွက် ရွေးချယ်ကြသော်လည်း မလေးရှား၊ စင်္ကာပူနှင့် ဒူဘိုင်းတွင် စာရင်းကိုင်များ၊ အိုင်တီနည်းပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ဟိုတယ်အလုပ်များလည်း မြန်မာလူမျိုးတို့ ရရှိနိုင်ကြောင်း အေဂျင်စီတခု၏ အပြောအရ သိရပြန်သည်။

"ဒီမှာရှိတဲ့ မြန်မာအများစုက အိုင်တီ၊ အင်ဂျင်နီယာ ဒါမှမဟုတ် စာရင်းကိုင်လုပ်ငန်းတွေမှာ လုပ်နေကြတာ" ဟု စင်္ကာပူရှိ မြန်မာအလုပ်သမားတဦးက အခြေအနေကို ပြောသည်။ ဤသို့ဖြစ်ရခြင်းမှာ စင်္ကာပူနိုင်ငံ၏ တင်းကျပ်လှသော တရားမဝင် ဝင်ရောက်သူများအား တားဆီးသည့် ဥပဒေများကြောင့် ကာယလုပ်ငန်းများ လုပ်ကိုင်လိုသည့် မြန်မာအများစုအနေဖြင့် တိုင်းပြည်တွင်းသို့ ဝင်ရောက်ခွင့် မရခြင်းကြောင့်ဖြစ်ကြောင်း သူက ဆက်ပြောလေသည်။

ရန်ကုန်မြို့ရှိ အကြီးစား စက်ပစ္စည်းနှင့် ကိရိယာများ ငှားရမ်းခြင်းလုပ်ငန်း တခုတွင် စာရင်းကိုင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး အလုပ်မှ ထွက်ကာ ယခုအခါ စင်္ကာပူတွင် အလုပ်ရှာနေဆဲ မမေဦးကမူ ဤမြို့ပြနိုင်ငံလေးတွင် ကော်လာဖြူလုပ်သားအဖြစ် လာရောက်အလုပ်လုပ်ကိုင်ရသည်မှာ သူမ စားဝတ်နေရေးအတွက် ပိုမို အာမခံချက်ရှိသည်ဟု ခံစားမိကြောင်း ယခုလို အနာဂတ်အတွက် စိုးရိမ်ပူပန်မှုနှင့်အတူ ပွင့်လင်းစွာ ရှင်းပြလေသည်။

"မြန်မာပြည်မှာတော့ အနာဂတ်အတွက် အာမခံနိုင်မယ့် အလုပ်အကိုင်ကောင်း ရဖို့က လွယ်တာမဟုတ်ဘူးလေ။ ဒီမှာကျ ကျမ အနာဂတ်အတွက် ကြီးမားတဲ့ အခွင့်အရေးတရပ်ပဲလို့ သေသေချာချာ ယုံကြည်ထားတယ်" ဟု သူမက ရှင်းပြသည်။ သူမသည် ယခုထိ အလုပ်မရသေးပေ။

မြန်မာနိုင်ငံတွင် လူငယ်ဘွဲ့ရ အများအပြား ရှိနေသော်လည်း သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင် ရှာဖွေပေးရေးကို နိုင်ငံတော်က ဆောင်ကြဉ်းမပေးနိုင်ပုံကို ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှ အငြိမ်းစား နည်းပြဆရာတဦးက ပြောဆိုသည်။

"သူတို့ အခုလို ထွက်နေကြတာရဲ့ အဓိကအကြောင်းက မြန်မာပြည်မှာ နေလို့ရနိုင်မယ့် သင့်တင့်တဲ့ လစာနဲ့ အလုပ်အကိုင်ကို မရနိုင်လို့ပါပဲ" ဟု သူက သူ့မြင်ကွင်းကို စကားလုံးများဖြင့် စီကုံးပြန်လာသည်။

ဤအချက်ကို ယခုအခါ စင်္ကာပူတွင် နေထိုင်လျက်ရှိသော အငြိမ်းစား စီးပွားရေးပါမောက္ခက သဘောတူသည်။ မြန်မာနိုင်ငံမှာ လူငယ်များအဖို့ ကိုယ်စွမ်းကိုယ်စကို အစွမ်းကုန် အသုံးပြုနိုင်မည့် အခွင့်အလမ်းများ မပေးခြင်းနှင့် အခွင့်အလမ်းများ ဖန်တီးယူရေးအတွက် နေရာတိုင်းတွင် အမြဲမပြတ် ပိတ်ဆို့ထားသဖြင့် ဖြစ်နိုင်ခြေ မရှိကြောင်း ပြောသည်။

"သူတို့ (အစိုးရ) က ကျောင်းသားတွေကို အမြဲဖိနှိပ်နေတာ။ ကျောင်းသားတွေကို ထိန်းချုပ်လို့ ရအောင်ဆိုပြီး ပညာရေးစနစ်ကိုလည်း ဖိနှိပ်ထားတာ။ ပညာရေးအဆင့်အတန်း ဘယ်လိုဖြစ်နေတယ်ဆိုတာ ဂရုစိုက်တာ မဟုတ်ဘူး" ဟု သူက ပညာရေးဖိနှိပ်မှုယန္တရားကို ညွှန်ပြလေသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ရွှေ့ပြောင်းလုပ်သား အနည်းဆုံး ၂ သန်းရှိနေပြီး၊ မြန်မာနိုင်ငံသည် ဒေသတွင်း၌ ရွှေ့ပြောင်းလုပ်သား အများဆုံး ထုတ်လုပ်ပေးနေသော နိုင်ငံ ဖြစ်နေသည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေစိုက် လူ့အခွင့်အရေးအဖွဲ့၏ အဆိုအရ မလေးရှားတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့် ရှိနေသည် သိရသည်။

မြန်မာပြည်သား မြောက်မြားစွာထဲတွင် ကံကောင်းသူ အနည်းစုသာ စာရေးစာချီအလုပ်များ ရရှိကြပြီး၊ အများစုမှာ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်း စသည့် ကော်လာပြာအလုပ်များကိုသာ ရရှိလုပ်ကိုင်ရသည်။ ရေမြောင်းများ သန့်ရှင်းရေးလုပ်ငန်းများ အပါအဝင် လစာအနည်းငယ်သာရသည့် အလုပ်များတွင်သာ ဝင်လုပ်နေရသည်။

စင်္ကာပူသည် မြန်မာနိုင်ငံသား ၆ သောင်းမျှကို လက်ခံထားသည်။ သို့သော် ဤနိုင်ငံ၏ တင်းကျပ်လှသော တရားမဝင် အလုပ်သမား တားဆီးပိတ်ပင်ရေး ဥပဒေများကြောင့် စင်္ကာပူရှိ မြန်မာနိုင်ငံသား အများစုမှာ တရားဝင် အလုပ်လုပ်ခွင့်ပါမစ်များ ရှိကြသည်။

"မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲ မဖြစ်ဘူးဆိုရင် ဒီအခြေအနေအတိုင်း နောက်လာမယ့် နှစ်တွေမှာလည်း ဆက်ဖြစ်နေအုံးမှာပဲ" ဟု အကျပ်အတည်း၏ ထွက်ပေါက်တခုကို အငြိမ်းစား ပါမောက္ခက ထောက်ပြလေသည်။

နိုင်ငံရေး မတည်ငြိမ်မှုများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံတွင် ဤကဲ့သို့ လူသားအရင်းအမြစ်များ ဆုံးရှုံးနေရခြင်းသည် တပြန်တလှည့်အားဖြင့် စီးပွားရေးယိုယွင်းမှုကိုလည်း ဖြစ်ပေါ်စေလိမ့်မည်ဟု သူက သတိပေးစကားလည်း ပြောကြားသွားသည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် တိုင်းပြည်ကို အုပ်စိုးခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အထီးကျန်နေရေး မူဝါဒကို ကျင့်သုံးခဲ့သည့်အတွက် မြန်မာ့စီးပွားရေးမှာ တက်ကိန်းမရှိ ထိုးကျခဲ့ရသည်။

ဤသို့သော အခြေအနေဆိုးကြောင့်ပင် ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲများ ပေါ်ပေါက်လာရာ ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းပစ်ခတ်ပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြန်သည်။ ထို့နောက်တွင်မူ အခြေအနေမှာ သည့်ထက်ပင် ပိုမိုဆိုးရွားသွားစေသည်။

မိမိကိုယ်မိမိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟု ခေါ်ဝေါ်သမုတ်ထားသည့် နအဖ စစ်အစိုးရသည် နိုင်ငံတကာက အသိအမှတ်ပြု လက်မခံနိုင်သည့် ခပ်ကြောင်ကြောင် ပညာရေးစနစ်ကို မဆီမဆိုင် ချမှတ်ကျင့်သုံးလာပြန်သည်။

၁၉၈၈ မှ ၂ဝဝ၈ ခုနှစ်အတွင်း စစ်အစိုးရသည် အခြေခံပညာအထက်တန်း သင်ရိုးညွှန်းတန်းကို ၅ ကြိမ်ထက်မနဲ ပြောင်းလဲ ပြဋ္ဌာန်းလာခဲ့သည်။ သင်ရိုးသစ်တိုင်းသည် နှစ်အနည်းငယ်သာ ခံလေသည်။

စစ်အစိုးရသည် ပညာရေးစနစ်ကို အဆင့်မြှင့်သည်ဟုဆိုကာ တက္ကသိုလ် အဆောက်အဦသစ်များ တည်ဆောက်ခဲ့သည်။ စက်မှုတက္ကသိုလ်နှင့် ကွန်ပြူတာသိပ္ပံ အပါအဝင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်အသစ်များကို ဖွင့်လှစ်ခဲ့သည်။ ယခင် ကျောင်းသားဟောင်းများကို အတင်းအကျပ် ဆရာများအဖြစ် အမှုထမ်းစေခဲ့သည်။

မည်သို့ပင်ဆိုစေ မြန်မာလူငယ် အများစုမှာမူ လက်ရှိ စနစ်များအောက်တွင် ကိုယ့်တိုင်းပြည်တွင်း၌ အလုပ်အကိုင်တခု ရရှိရေး မျှော်လင့်ချက်မှာ အပြင်းအထန် ရုန်းကန်လှုပ်ရှားနေရဆဲပင်ရှိသည်။

မြန်မာလူငယ်များ မိမိတို့အလိုအလျောက် တိုင်းပြည်တွင်းမှ ထွက်ခွါကြခြင်းမှာ လူသားအရင်းအမြစ်များ ဆုံးရှုံးမှုအဖြစ် နောက်တလှမ်းဆုတ်သွားခြင်း ဖြစ်သော်လည်း အနာဂတ် မြန်မာနိုင်ငံအတွက် ရင်းနှီးမြုပ်နှံမှုတခု ဖြစ်နိုင်ကြောင်းဖြင့် အငြိမ်းစား စီးပွားရေးပါမောက္ခက ရေရှည်မျှော်လင့်ချက် ရောင်ခြည်ကို ထွန်းညှိပြလေသည်။

မြန်မာလူငယ်များ ပြည်တွင်းတွင် အလွန်ကြီးမားပြင်းထန်သော အခက်အခဲများကို ကြုံတွေ့ခဲ့ကြရပြီး နိုင်ငံရပ်ခြားသို့ ထွက်ကာ နိုင်ငံတကာ အဆင့်အတန်းရှိ ပညာရပ်များ သင်ကြားနိုင်သည့် အခွင့်အလမ်းများကို ရရှိခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟု သူက ဆက်လက်၍ အနက်ဖွင့်ဆိုသည်။

စင်္ကာပူတွင် "အစဉ်အလာအားဖြင့် မြန်မာလူငယ်များသည် ပိုလီတက္ကနစ်ကျောင်းများသို့ တက်ရောက်ကာ ပညာသင်ကြပြီး ၂ နှစ်အတွင်း ဒီပလိုမာတခု ရရှိပြီး ပညာရေးတွင် ထူးချွန်ကြသောကြောင့် အလုပ်အကိုင်များကို အလွယ်တကူ ရရှိကြသည်" ဟု သူက ပြောသည်။

ကိုကို ကမူ သူ့ပညာရပ်အတွက် အလုပ်အကိုင်ရရန် မခဲယဉ်းသော်လည်း ရရှိသည့် လစာအနဲငယ်ဖြင့် မြန်မာပြည်တွင် သူ့အတွက် တိုးတက်ရန် မဖြစ်နိုင်တော့ကြောင်း ပြောဆိုလေသည်။

"ကျနော် ဒီမှာ (မြန်မာပြည်မှာ) ဘွဲ့ရခဲ့တာပါ။ ဒါပေမဲ့ ကျနော့်အလုပ်ကို အထောက်အကူဖြစ်မယ့် ပိုတိုးတက်အောင် လုပ်နိုင်မယ့်ဟာက ဒီမှာ ဘာမှ မရှိတော့ဘူး။ ကျနော့်အတွက် တခုတည်းသော မျှော်လင့်ချက်က နိုင်ငံခြားထွက်ပြီး ပညာဆက်သင်ဖို့ပါပဲ" ဟု သူက အဆုံးသတ် ပြောကြားသွားခဲ့သည်။

IC Show part-2

နွမ်းလုလု ပန်းကလေးတွေ

အေးချမ်းမြေ့

သူတို့မျက်နှာထားတွေက အားလုံး တပုံစံတည်း။ သူတို့ ကိုဖမ်းမိလို့ တုံ့ပြန်ပုံကလည်း တထေရာတည်း။ သူတို့အားလုံး၏ အရွယ်၊ သူတို့လာတတ်သည့်အချိန်၊ သူတို့ လုပ်ပုံ လုပ်နည်းများက အားလုံး တပုံစံ တည်းဖြစ်သည်။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် လှိုင်မြို့နယ်တို့တွင် ကျက်စားနေသော ကလေး သူခိုး ကလေးများအကြောင်းကို စမ်းချောင်းသား တဦးက ပြောပြနေခြင်းဖြစ်၏။

ကလေးများ၏ အရွယ်မှာ ၁၂ နှစ် ၁၃ နှစ် ပတ်ဝန်းကျင်ဖြစ်ပြီး အုပ်စုတစုလျင် အနည်းဆုံး ကလေး ၃ ဦးမှ ၆ ဦးထိ ပါဝင် သည်ဟု သူကဆိုသည်။

“ကျနော်တို့ ရပ်ကွက်ထဲမှာတင် မိတာ ၉ ခါလောက်ရှိပြီ” ဟု သူက ပြောသည်။ ကလေး များ အဓိက ယူသည့် ပစ္စည်းများမှာ အဝတ်အထည်၊ ဖိနပ်၊ အမ်ပီသရီး ပလေယာ၊ စတီးချိုင့် စသည့် တန်ဖိုးအလွန်မကြီး သော ပစ္စည်းများဖြစ်သည်။

သူတို့ပုံစံက လမ်းထဲတွင် ပလတ်စတစ်ကောက်သည့် ပုံစံအတိုင်း ပီနံအိတ်ခပ်ကြီးကြီး တလုံး လွယ်ထားသည်။ ခိုးယူထား သည့်ပစ္စည်းများကို အောက်တွင်ခံကာ အပေါ်တွင် ပလတ်စတစ်ပစ္စည်း အစုတ်များ ဖုံးထားတတ်သည်ဟု ဆိုသည်။

“ဖမ်းမိတဲ့သူတွေက ကလေးတွေပဲဆိုပြီး ပြောဆို ပြန်လွှတ်ကြတာပဲ။ ဒါပေမယ့် မိတဲ့ ကလေးအားလုံးက ဖြေတာ တပုံစံ တည်းဖြစ်နေတယ်။ ပလတ်စတစ်ကောက်ရင်း ဒီပစ္စည်းကို တွေ့လို့ ယူမိတာပါ လို့ဖြေတယ်” ဟု စမ်းချောင်းသားက ပြောပြသည်။

တန်ဖိုးနည်း ပစ္စည်းများဖြစ်ခြင်း၊ ခိုးယူသူတို့မှာ ကလေးများ ဖြစ်နေခြင်းကြောင့် ပစ္စည်း ပျောက်သူတို့မှာ ရဲစခန်းသို့မတိုင် တော့ဘဲ ပြန်လွှတ်လိုက်ကြသည်။ ထိုကလေးများက တန်ဖိုးကြီးမားသည့် ပစ္စည်းများကို ယူနိုင်သောအနေအထား ရှိသည့် တိုင် လုံးဝယူသွား ခြင်းမရှိကြောင်း သိရသည်။

“ဟန်းဖုန်းလို ပစ္စည်းမျိုး အလွယ်တကူတွေ့တာတောင် မယူဘူး” ဟု သူက ဆက်ပြောသည်။

ထိုနယ်မြေအတွင်းမှ ဒုရဲအုပ်အဆင့် ရှိသူတဦးက ကလေးများမှာ ကြည့်မြင်တိုင် ငါးဈေး တဘက်ကမ်း အေး ရွာမှ ဖြစ်နိုင် သည်ဟု သုံးသပ်သည်။ ၎င်းက ထိုကလေးများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်းနေသူ တဦး သို့မဟုတ် တဦး မက ရှိနိုင်သည်ဟု ဆိုသည်။

“အိမ်တအိမ်ကို ဝင်ရင် သွပ်ပြားကို ချိုးတာကအစ သပ်ရပ်တယ်။ သေသေချာချာ လေ့ကျင့် ထားတာသေချာတယ်။ အိမ်ထဲကို ကျွမ်းကျင်တဲ့ ၂ ယောက်ကဝင်တယ်။ အပြင်မှာ ကျန်တဲ့ လူတွေက စောင့်နေတယ်” ဟု ၎င်းကရှင်းပြသည်။

ကြည့်မြင်တိုင် မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးကလည်း သူ့အိမ်ဘေးခြံစည်းရိုးကို ထိုကလေးများခွာ၍ ဝင်နေစဉ် ဖမ်းဆီးမိဖူးသည်ဟု ပြောပြသည်။ စစ်မေးသည့်အခါ ကလေးများက ကြောက်ရွံ့ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပင် ဖြေသည် ဟု ဆို၏။

“ကြည့်မြင်တိုင် တဘက်ကမ်းကလို့ ပြောတယ်။ ခိုးလို့ရတဲ့ ပစ္စည်းတွေကို ကြည့်မြင်တိုင် ညဈေးမှာ သွင်းတယ်တဲ့။ အင်္ကျီ တထည် ခပ်လတ်လတ်ဆိုရင် ၅၀၀ လောက်ရတယ် ပြောတယ်။ ကြောက်လန့်ပုံတော့ လုံးဝမရဘူး” ဟု ၎င်းကပြောပြသည်။

ညပိုင်းတွင် ထိုကလေးများမှာ ညလုံးပေါက် နေထိုင်၍ ရသော သီရိမင်္ဂလာ ကုန်စိမ်း ဈေးတွင် အချိန်ဖြုန်းလေ့ရှိသည်တဲ့။

“ကြည့်မြင်တိုင် တဘက်ကမ်းမှာတော့ အဲဒီလို ကလေးတွေ အများကြီးပဲ။ အိမ်ခြေရာမဲ့တွေ၊ မိဘမဲ့ ကလေးတွေပေါ့” ဟု ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သည့် သတင်းထောက် တဦးကပြောပြသည်။ ၎င်းက ဆက်လက်၍ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် အမှုအခင်းများ ပိုမို ထူပြောလာသည်ဟု ဆိုသည်။

သြဂုတ်လဆန်းပိုင်းကလည်း စမ်းချောင်းမြို့နယ်အတွင်းရှိ ဇေယျဝတီ စာသင်တိုက်တွင် ၁၃ နှစ်၊ ၁၄ နှစ် ဝန်းကျင်ရှိ မိန်းကလေး ၂ ဦး ယောက်ျားလေး ၃ ဦးတို့ ဝင်ရောက် ခိုးယူ ခဲ့ရာ မိန်းကလေး ၁ ဦးနှင့် ယောက်ျားလေး ၁ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

“ချော့မေး၊ ခြောက်မေးတာ မရဘူး။ ဘုန်းကြီးက ရိုက်ပြီးမေးတော့မှ ကြည့်မြင်တိုင် တဘက်ကမ်း အေးရွာက လို့ဖြေတယ်” ဟု ၎င်းဇေယျဝတီကျောင်းတိုက်နှင့် နီးစပ်သူ တဦးက ပြောပြသည်။

ကလေး အရေအတွက် ၄၀၊ ၅၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်းနှင့် ၎င်းတို့၏ စုရပ်မှာ ကြည့်မြင်တိုင် ဗားကရာနှင့် နတ်စင်လမ်း တို့ဖြစ်သည်ဟု ဆိုသည်။

ကြည့်မြင်တိုင် တဘက်ကမ်း အေးရွာ အပါအဝင် ရွာများမှ ကလေးငယ်များမှာ ညနေစောင်းသည်နှင့် စက်လှေစုငှားပြီး ရန်ကုန်မြို့အတွင်း တောင်းရမ်းစားသောက်ကြသည်ဟု ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင်နေထိုင်သူ တဦးက ပြောပြသည်။

“ညနေပိုင်းမှာ မြို့ထဲထွက်တောင်းစားပြီး ည ၁၀ နာရီလောက်ကျတော့ သီရိမင်္ဂလာဈေးမှာ တညလုံး အချိန်ဖြုန်းကြတာ။ အဲဒီထဲက အကြီးပိုင်းတွေက မနက်အစောကြီး အိမ်တွေထဲ ဝင်ခိုးကြတာ” ဟု သူက ပြောပြသည်။

တောင်းစားသည့် ကလေးများကော ခိုးသည့်ကလေးများပါ အဖွဲ့နှင့်ဖြစ်ပြီး နောက်ကွယ်မှ စေခိုင်းနေသော ဂိုဏ်းထောင် ထားသူများ ရှိကြသည်ဟု သူကပြောပြသည်။ ထိုကလေးများနှင့် လူကြီးတချို့တို့ စာရင်းရှင်း နေကြသည်ကို မြင်ဖူးသည်ဟု သူကဆိုသည်။

“လေလွင့်ကလေးတွေ အရမ်းများတယ်ဗျ။ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ ကလေးတွေအတွက် ရင်လေးဖို့ ကောင်းတယ်။ သူတို့ကြီးလာရင် ဆိုပြီးတွေးတောင် မတွေးရဲအောင်ဘဲ” ဟု ၎င်းကပြောသည်။

ယခုနောက်ပိုင်းတွင် စာနာတတ်သူများက မိဘမဲ့ဂေဟာများ ပရဟိတ ဂေဟာများ ထူထောင်လာကြသော် လည်း မိဘမဲ့ ကလေးများထဲမှ ၁၀ ရာခိုင်နှုန်းမျှကိုပင် လက်ခံနိုင်ခြင်းမရှိသေးကြောင်း အဖြူရောင်သက်တံ ပရဟိတ အဖွဲ့ဝင်တဦးက ပြောပြသည်။ ပရဟိတ ဂေဟာ အများစုမှာ လုပ်ချင်စိတ်အား ဖြင့်သာ ဖွင့်ထား ကြသော်လည်း အများစုမှာ အခြေခိုင်မာခြင်း မရှိဟု သူကဆိုသည်။

“လှည်းကူးက ဝိတိုရိယ ကလေးဂေဟာဆိုရင် ကလေး ၅၀ ကျော်ရှိတယ်။ ကလေးအားလုံးကို ကျောင်းထား ပေးတယ်။ ဒါပေမယ့် ကလေးတွေကလယ်ကွင်းထဲမှာ တဲထိုးပြီးနေရတယ်” ဟု သူကိုယ်တိုင်ကြုံခဲ့သည့် အဖြစ်အပျက်ကို ပြောပြသည်။

ထိုဂေဟာမှကလေးများမှာ နေ့စဉ် သောက်သုံးရေခပ်ကြရပြီး ချက်ပြုတ်ရန် ထင်းခွေထွက်ရသည်။ အလှူရှင် မရှိ၍ အဆင်မပြေသည့် နေ့များတွင် ထမင်းမစားရဘဲ ဆန်ပြုတ်သာ သောက်ရသည်တဲ့။

တချို့သော ကလေးဂေဟာများမှ ကလေးများကို အရွယ်မရောက်သေးခင်မှာပင် နိုင်ငံတော်က ခေါ်ယူကာ စခန်းသွင်း လေ့ကျင့်ပေးမှုများ အများအပြားရှိကြောင်း မကြာသေးခင်ကမှ အငြိမ်းစားပေးခံခဲ့ရသော ဗိုလ်မှူး ဟောင်းတဦးက ပြောပြသည်။

“ရဲမွန်တပ်မြို့က စခန်းသွင်း လေ့ကျင့်ပေးနေတဲ့ ကလေးတွေထဲမှာ အငယ်ဆုံးက ၉ နှစ်ပဲရှိသေးတာ တွေ့ဖူးတယ်” ဟု သူကပြောသည်။

ထိုကလေးများမှာ ဘဝအခြေမခိုင်ခင်မှာပင် မြန်မာ့တပ်မတော်၊ ရဲ၊ အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့၊ လုံထိန်း စသည့် နေရာများသို့ ရောက်သွားကြရသည်ဟု ဆက်ပြောသည်။

“တကယ်တော့ သူတို့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ဘူး။ သူတို့ဘဝက အဖြူထည်သက်သက်ပဲ။ ဒါပေမယ့် သူတို့ရဲ့အနာဂတ် တွေကတော့ ကြောက်စရာကောင်းတယ်” ဟု ဗိုလ်မှူးဟောင်းက စိတ်မချမ်းမြေ့စွာ ဆိုသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်းတွင် မိဘမဲ့ကလေး အမြောက်အများချီ၍ ကျန်ခဲ့သည်။ ထိုကလေးများအတွက် နိုင်ငံ တော်က ပြုလုပ်ပေးသော မည်သည့်အစီအစဉ်မှ မည်မည်ရရ မကြားရသေးပေ။

“ခက်တာက နိုင်ငံတော်ကလည်း ဘာမှမလုပ်ပေး၊ ကျနော်တို့လို ပြည်တွင်းက ပရဟိတ အလှူရှင်တွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်မရ၊ ပေးနိုင်သလောက် ကျပြန်တော့လည်း ဆင့်ပါးစပ် နှမ်း ပက် သလောက်ပဲရှိတာ” ဟု ကလေးသူငယ် ကူညီစောင့်ရှောက်ရေး လူမှုဝန်ထမ်း တဦးက စိတ်ပျက်လက်ပျက် ကောက်ချက်ချသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,30th,2008

( 13 )လူကုန်ကူးခံရမှု ပညာပေးကာတွန်းစာအုပ် ဖြန့်ချီမည်

( 12 )Mass inter-university fellowship of Kachin students in northern Burma

( 11 )SSA-N leader denied for eyes treatment

( 10 )ရိုးဂိုးဆံတော်ရှင်ဘုရား ရောင်ခြည်တော်ကွန့်မြူးသည်ကို လူရာချီ လာရောက်ဖူးမျော်

( 9 )ကမ္ဘာ့သြဇာလွှမ်းမိုးနိုင်သူ အမျိုးသမီးစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အဆင့် ၃၈ သတ်မှတ်

( 8 )မူဆလင် ခေါင်းဆောင် သုံးဦး ပြန်လည် လွှတ်မြောက်လာ

( 7 )A nation faces up to its future

( 6 )ဒေါ်စု ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး စာရင်ဝင်

( 5 )India’s Myanmar Policy An Alternative Roadmap

( 4 )Union, Alliance blast Myanmar FTA

( 3 )ပခုက္ကူတွင် စစ်အစိုးရ လက်နက်ကိုင်များနေရာယူ

( 2 )Hothouse, by Brian Aldiss

( 1 )အယူခံကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် တွေ့ခွင့် မရသေး

Friday, August 29, 2008

တရားခွင်၌ အများပြည်သူ ကြားနာခွင့်ပြုရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တောင်းဆို

ကိုသက် | သြဂုတ် ၂၉၊ ၂၀၀၈

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင်၌ မိသားစုအပါအ၀င် အများ ပြည်သူနှင့် သတင်းမီဒီယာများကြားနာခွင့်ကို တောင်းဆိုရန်ရှိသည်ဟု ၎င်းတို့၏အမှုများကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။



“သူတို့မှာ (၈၈ ကျောင်းသားခေါင်းဆောင်များ) နဂိုကတည်းက အဲဒီအစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း မိသားစုတွေ ထောင် ၀င်စာသွားတွေ့စဉ်ကတည်းက တချို့ပြန်ပြောပြတာတွေရှိတယ်၊ အခုတော့ တရားရုံးတင်ရင် တရားဝင်တောင်းပေးဖို့ ကျနော်တို့ကို တိုက်တွန်းမယ်ပေါ့။ ကျနော်တို့ကလည်း သူတို့ရဲ့ ညွှန်ကြားချက်အရ တရားရုံးကို တင်ပြပေးမှာပါ” ဟု ဦးအောင်သိန်းက ရှင်းပြသည်။

ယခုလ ၂၇ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ခေါင်းဆောင်များအပါအ၀င် အဖွဲ့ဝင် ၃၀ ကျော်ကို တနှစ်ကျော် ကြာအောင် ဖမ်းဆီးထားခဲ့ပြီးမှ ပထမအကြိမ် ရုံးထုတ်ခဲ့သည်။ ထိုသို့ ရုံးထုတ်ခြင်းကို ကာယကံရှင်များ ကြိုတင်မသိထား သကဲ့သို့ မိသားစုဝင်များကိုလည်း အာဏာပိုင်တို့က အကြောင်းကြားခြင်း မရှိပေ။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက “ကျနော်တို့မိသားစုကို အကြောင်းကြားတာ မရှိဘူး … အဲဒီနေ့က ပုံမှန်ထောင်ဝင်စာတွေ့တဲ့နေ့ပေါ့၊ မနက်ပိုင်း သွားတွေ့ခဲ့တယ်။ ရုံးထုတ်သွားတယ်ဆိုတာကို နောက်မှသိရတာ။ အကျိုးဆောင်ရှေ့နေတွေကိုလည်း ပေးမတွေ့ဘူးလို့ ကြားတယ်” ဟု ပြောသည်။

ရှေ့နေကြီး ဦးအောင်သိန်းကလည်း “ရုံးထုတ်တဲ့လူတွေအကုန်တော့ အတိအကျမသိဘူး။ ဟောခန်းထဲမှာ စုထားပြီးတော့ မြို့နယ်အလိုက် အမှုဖိုင်တွေ လုပ်တာထင်တယ်။ လာမယ့် ၂ ရက်၊ ၅ ရက်နဲ့ ၈ ရက်တွေမှာ ရုံးချိန်းရှိတယ်” ဟု ပြောသည်။

၎င်းတို့အားစွဲဆိုထားသည့် ဥပဒေပုဒ်မများကိုမသိရသေးသော်လည်း တဦးချင်းစီကို ပုဒ်မအများအပြား တပ်ထားပြီး အီလက် ထရွန်းနစ်ပစ္စည်းများ ပါဝင်သည့်အမှုများကို ကြမ်းခင်းအားဖြင့် ၁၅ နှစ်အထိ အမိန့်ချနိုင်သည်ဟုလည်း ဦးအောင်သိန်းက ပြောသည်။ ၎င်းအပြင် ယခုရင်ဆိုင်နေရသည့် တရားရုံးသည် အမိန့်ချမှတ်ရာတွင် အပြစ်ဒဏ်ကို တပေါင်းတည်းချမှတ်မည် မဟုတ်ဘဲ သီးခြားချမှတ်လေ့ရှိသည်ဟုလည်း ဆက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေ များဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးအောင်သိန်းနှင့် ဦးဉာဏ်ဝင်းတို့က လိုက်ပါဆောင်ရွက်လျက် ရှိသည်။

Source

နအဖဗျူဟာမှူး နုတ်ဆက်ပွဲ ဘဏ္ဍာလက်ဆောင် သိန်းချီရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အခြေစိုက် နအဖစစ်ဗျူဟာ နှုတ်ဆက်ပွဲကို တရုတ်၊ ကိုးကန့်၊ ၀၊ သျှမ်း ကုန်သည်လောဝ်ပန်းများက ဦးဆောင်ကျင်းပပေးရာ ကုန်သည်ပွဲစားများထံမှ ဘဏ္ဍာလက်ဆောင်ငွေ သိန်းရာချီ ရသွားသည်ဟု နှုတ်ဆက်ပွဲတက်ခွင့်ရသူ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးထံမှ သိရသည်။

လွန်ခဲ့သည့် ၂ လမှ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲသို့ ပြောင်းရွှေ့လာသော နအဖစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဝင်းဦး၏ နှုတ်ဆက်ပွဲအခမ်းအနားကို ယခုလ ၂၄ ရက်ညက ဒေသခံ လောဝ်ပန်းများမှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ကြီးကြီးငယ်ငယ် ကုန်သည်ပွဲစားတွေ ၁၀ ယောက်ကျော် လာကြတယ်။ အနည်းဆုံး တစ်ယောက် သိန်း ၃၀-၄၀ ကောက်ယူတော့ ဘဏ္ဍာလက်ဆောင် သိန်းသုံး ရာကျော် လေးရာနီးပါး ရသွားတယ်။ ဆင့်ဆိုတာက ခပ်များများ၊ တချို့ လောဝ်ပန်းတွေကလည်း အသစ်လာမဲ့ ဗျူဟာမှူးဆီက အခွင့်အရေးရဖို့ လမ်းခင်းထားပေးတဲ့ သဘောပေါ့” ဟု ၎င်းက ဆိုပါသည်။

“ ၁၈ ရက်နေ့ နားကောင်းမူးမှာ အစည်းအဝေး ခေါ်တုန်းကဘဲ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက ပြောသွားတယ်။ အရာရှိတွေ ၀န်ထမ်းတွေအားလုံး ဘယ်ကုန်သည်ပွဲစား၊ မူးယစ်ဆေး ရောင်းဝယ်သူတွေဆီက လာဘ်ငွေ ဆုငွေ မယူရဘူး-တဲ့။ ၂၄ ရက်နေ့ ရောက်တော့ လောဝ်ပန်းတွေဆီက လက်ဆောင်ငွေတွေ ကောက်နေပြီ။ သိန်းလေးရာနီးပါးတောင် ရသွားတော့ တြိဂံတိုင်းမှူးကိုလဲ အနည်းနဲ့အများ သူသွားကန်တော့မှာဘဲ ” ဟု ပုံပါကျင်ဒေသခံ တစ်ဦးကလည်း ပြောပြသည်။

ယခုနှုတ်ဆက်ပွဲကျင်းပ ဘဏ္ဍာလက်ဆောင် ကောက်သော ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဝင်းဦးသည် လွန်ခဲ့သည့် ဇွန်လက ပြောင်းသွားသော ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းတင့်အောင် နေရာသို့ အစားထိုး ရောက်လာခြင်း ဖြစ်သည်။ အသစ်ရောက်လာမည့် ဗျူဟာမှူး အမည်ကိုတော့ မသိရသေးဟု ဆိုပါသည်။

Source


စစ်အင်အားတင် နအဖယာဉ်တန်း မိုင်းကျွတ်သို့ အင်အားဖြည့်

သျှမ်းသံတော်ဆင့်

ယခုလ ၂၁ ရက် ညနေ ၄ နာရီ အချိန်ခန့်က မိုင်းပြင်းဘက်မှ လာသော နအဖတပ်ရင်း ၂ ရင်း စစ်ယာဉ်တန်း ၈ စီး မိုင်းဆတ်- မိုင်းတုံ ဘက်သို့ ဆင်းသွားကြောင်း၊ စစ်အင်အား အမြောက်အများ တင်ဆောင်လာသော နအဖစစ်ယာဉ်တန်းအပေါ် လူထုတို့ပို၍ အာရုံ စိုက်လာကြကြောင်း နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

“မိုင်းပြင်း ခမရ ၃၆၀ နဲ့ ခမရ ၅၂၈ တပ်ရင်း ၂ ရင်းက တရုတ်ဖြစ် (တုန်းဖုန်း) ယာဉ်တန်းတွေ၊ မိုင်းဆတ် - မိုင်းတုံ ဖြတ်ပြီး ၂၄ ရက် မနက် မိုးမလင်းခင် မိုင်းကျွတ်ကို ရောက်သွားတယ်။ ၂၄ ရက် ည ၈ နာရီလောက်မှာ နားကောင်းမူးကို ကားအလွတ်တွေ ပြန်ရောက်လာတယ်။ အခုချိန်အထိ ဘယ်မှ ဆက်မသွားသေးဘူး။ ကားပေါ်မှာတော့ စစ်သားတစ်ယောက်မှ မရှိတော့ဘူး။ သူတို့ ဘာလုပ်နေလဲ၊ ဘယ်လို အစီအစဉ်တွေ ရှိလဲ ဒေသခံလူထုအတွက် စိတ်ဝင်စားစရာ ပိုဖြစ်စေတယ်” ဟု ဒေသခံတစ်ဦးက ပြောပြ၏။


ကားတစ်စီးလျှင် စစ်အင်အား ၃၅ ယောက် အထက် တင်ဆောင်သော အဆိုပါ စစ်ယာဉ်တန်း ၈ စီးမှာ မိုင်းကျွတ်သို့ စစ်အင်အား သွားချထားခြင်း ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဆို၏။

မိုင်းကျွတ်မြို့သည် ထိုင်းနိုင်ငံ နောင်အုပ်နှင့် မျက်နှာချင်းဆိုင် ပုံပါကျင်မြို့နယ်ခွဲ၏ အနောက်ဘက် မိုင် ၂၀ ခန့် အကွာ၊ မိုင်းတုံမြို့နယ် အနောက်တောင်ဘက် မိုင် ၃၀ ကျော် အကွာတွင် တည်ရှိသည်။ နားကောင်းမူး အုပ်စုသည် မိုင်းတုံ- ပုံပါကျင် အကြားတွင် ရှိသည်။ ထိုဒေသတစ်ဝိုက် အပစ်ရပ် ၀တပ်ဖွဲ့များနှင့် သျှမ်းပြည်တပ်မတော်တို့ နားလည်မှု ရယူကာ လှုပ်ရှားသွားလာသည့် နယ်မြေဖြစ်သဖြင့် နအဖမှ စစ်အင်အား ပြသခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံလူထုများ ဝေဖန်သုံးသပ် ပြောဆိုကြသည်ဟု ဆိုသည်။

Source

IC Show part-1

တူညီမျှကာ ကူညီကြပါ( နာဂစ်ပေးစာ )

ကေရေ-
ဧရာဝတီ တိုင်း ခရီးထွက် ပြီး ကတည်း က..အတွေ့ အကြုံ တွေ ပြောပါ ဦး ဆို လို့.. ကေ ဆီ စာရေး မယ် - ရေးမယ် နဲ့..အခုမှပဲ ရေးဖြစ် တော့တယ်။ ပြန်ရောက် ပြီး ကတည်း က..ရုံး အလုပ် ကို အာရုံ ပြန် စိုက် … ပြီး တော့..လိုအပ်တဲ့.. ရွာ တွေဆီ ပြန်ပို့ နိုင် ဖို့..အလှူ ဆက် ခံ နေ ရ တာတွေ နဲ့..ချက် ချင်း စာမရေး ဖြစ် တာပါ။

ကိုယ်တို့..volunteer (၁၀) ယောက် ဇွန်လ လယ် မှာ ..မော်လမြိုင် ကျွန်း နဲ့ ဘိုကလေး မြို့နယ် က..ရွာကလေး တွေ ဆီ ..ခရီး ထွက် ဖြစ် ကြတယ်။ လှေသေးသေး လေး တွေ စီး ပြီး ချောင်းရိုး မြောင်း ရိုး သေး သေး လေး တွေ ကို ဖြတ် လို့..ရွာကလေး တွေ ဆီ ..အရောက် သွား ခဲ့ ကြတယ်။ စုစု ပေါင်း (၁၄) ရွာ ရောက် ခဲ့တယ်။ ကိုယ်တို့ အဖွဲ့ ထဲမှာ ..ဆရာဝန် (၂) ယောက် နဲ့..နာပ်စ် (၁) ယောက် ပါတော့..ရောက်တဲ့ရွာ တိုင်း မှာ ဆေးကုသ ပေး နိုင် ခဲ့ ပါတယ်။ အခြေခံ စားသောက်ကုန် နဲ့..အ၀တ်အစား အိုးခွက် တွေ ကို အဓိက..ထား - ဝေ ခဲ့တယ်။ ရေ ကန် တွေ ပြန်တူးဖော် ဖို့..ရေစုပ် စက် နဲ့ဆီ တွေ ကိုလည်း..လှူ ခဲ့ကြတယ်။

ရွာသူ ရွာသား တွေဟာလေ.. သူတို့ဘ၀ ဆက်လက် ရှင်သန် ဖို့..အလွန်အမင်း ပဲ ရုန်းကန် နေ ကြရတယ်။ ရှေ့ဆက်ရမဲ့..ခရီး အတွက် လည်း..မျှော်လင့် တကြီး ရှိ ကြ တယ်။ ရွာသား တွေ ပြောပြ တဲ့..ဇတ်လမ်း တွေ ဆိုတာ..အများကြီး မှ..တကယ့် အများကြီး ပါပဲ..ကေရေ။ ကိုယ့် အဖွဲ့ တွေ က..ပစ္စည်း တွေ ဝေ.. ဆေး တွေ ကု ကြ ပြီ ဆို ရင် ဖြင့်.. ကိုယ် ကတော့.. ကိုယ့် ရဲ့ ရည်ရွယ် ချက် ကို အကောင် အထည် ဖော်တာပါပဲ။

အလုပ် ရဲ့ သဘော သဘာဝ အရ..ဒီမှာ..Counselling လုပ် နေ ရ တဲ့..ကိုယ်က..ကလေး တွေ အတွက်.. soft toy တွေ နဲ့..သကြားလုံး တွေ ..ဦး ထုပ် တွေ ..သယ်သွား တာလေ..။ စိတ်ဒဏ်ရာ ရ နေ ကြတဲ့.. ကလေး တွေ အတွက်.. တဒင်္ဂ ပျော်ရွှင်မူ အတွက် ပါ။ အဲဒီ ပစ္စည်း လေး တွေ ရ တော့.. ကလေး တွေ သိပ် ပျော် ကြတာ.. တွေ့ ခဲ့ ရတယ်။

ကိုယ့် မှာ သူတို့လေး တွေနဲ့.. Activities လေး တွေ လုပ်ဖို့.. ယူသွားတဲ့..ပုံဆွဲစက္ကူ..ရောင်စုံ ခဲ တံ.. စတစ်ကာ လေး တွေ တောင်..မသုံး ခဲ့ ရဘူး။

ကေ ရေ- ရွာ မှာ က..ပစ္စည်း တွေ ဝေ.. ဆေး တွေကု ပြီး တာနဲ့..နောက်တရွာ ကို..ခရီး ဆက် ကြ ရ တော့..ကိုယ့် မှာ -အဲဒီလောက် အချိန် မရ လေ...။ ကိုယ့် ရဲ့ ခင်မင် ရင်း နှီး တဲ့ senior counsellor တွေ ရဲ့..အကြံပေးချက်.. Psychiatrist ဆရာဝန် ကြီး ရဲ့ သင်ပြ ပေး မူ တွေ နဲ့ အတူ ..ပါသွားတဲ့ ဆရာဝန် တွေ ရဲ့ အကူအညီ နဲ့..စိတ် တွေ ဂနာ မငြိမ် ဖြစ် နေ တဲ့.ရွာ သူ ရွာသား တွေ ကို..ဆေး ကု ပေး နိုင် ခဲ့ပါတယ်။

မှတ် မှတ် ရရ- အသွား (၄) နာရီ..အပြန် (၄) နာရီ ကြာ အောင်..ပဲ့ ထောင် လေး စီး ပြီး သွားခဲ့ ရ တဲ့ ..ရွာ ကလေး က..ဇာတ်လမ်း လေး အကြောင်း ပြောပြမယ် နော်..။ အဲဒီ ရွာ က..ဘုန်း ဘုန်း က..ရန်ကုန် ထိ တက်လာ ပြီး..အကူအညီ လာ တောင်း တာပါ။ ရွာ က ဝေးလွန်း တော့..အလှူ ရှင် တွေ မရောက် ကြ ဘူးတဲ့။ ဒါနဲ့ပဲ..တို့ အဖွဲ တွေ လှူမဲ့ အထဲက.. ပစ္စည်း တွေ ကို.. ဘုန်းဘုန်း တို့ ရွာ အတွက်.. လှေကြီး တစင်း နဲ့ ခွဲ ပြီး..အရင် ပို့ထား လိုက် ကြတယ်။ ကိုယ် တို့ ရဲ့..(၅) ရက် ခရီး စဉ် မှာ..နောက် ဆုံး နေ့ ကြမှ..အဲဒီ ရွာ ကို..ဆင်းမယ် လို့..စီစဉ် လိုက် ကြတယ်။ အဲဒီ ရွာ ကို ဆင်း တဲ့ နေ့ လည်း ကြ ရော.. မိုးက..တနေ ကုန် နီး ပါးရွာ တာ..ကေရေ...။ ကိုယ် တို့ အဖွဲ့ဆို တာ..လူတိုင်း က..ရေကူး တတ် တာ လည်း မဟုတ်..။ ပဲ့ထောင် သေး သေး လေး နဲ့..မိုးရေ ကြားထဲ မှာ..လှေ ကလည်း..ရေနဲ့ လက် တလုံး အကွာ တောင် မရှိ တော့ တဲ့..ချောင်းရိုး ပြင် မှာ..(၄) နာရီ ကျော် ကျော် ကြာ အောင် စီး ရင်း.. ` ရေ ကျော်တိုး´ ဆို တဲ့..ရွာဆီ ..အရောက် သွားခဲ့ ကြ ပါတယ်။

ရွာရောက် တော့.. ရွာသူ ရွာသား တွေ နဲ့ အတူ..လူနာ (၅၀) ကျော် လောက် စောင့် နေ ကြ ပါတယ်။ အရင် ပို့ထား နှင့် တဲ့..ပစ္စည်း တွေ နဲ့..ကိုယ်တို့ ထပ် သယ် လာ တဲ့..ပစ္စည်း တွေ ကို ဝေ ကြ တာပေါ့။ ထုံးစံ အတိုင်း..ကိုယ် လည်း.. ကလေး တွေ ကို..စု ပြီး...သကြားလုံး ဝေ ပါတယ်။ သကြားလုံး ဝေ အပြီး.. ဘုန်း ကြီး ကျောင်း ပေါ် ပြန် အတက်.. ကိုယ့် ရဲ့..လက်ကို..အမျိုးသမီး တယောက် ..လာဖမ်းဆွဲ ပြီး.. ဒီက..အမက..ဒီရွာ က..မဟုတ်တော့..ဘာမှ မရ ဘူးတဲ့လေ..။ တို့ ကလည်း..`အိုး..ဘာလို့ မရ ရ မှာ လည်း..လာ..ကျမ နဲ့ လိုက်ခဲ့..လို့..´ ခေါ် လိုက် တယ်။ ဒါနဲ့ပဲ.. ဆေးကု တဲ့ အဖွဲ့ ကို..စောင့် ရင်း.. အဲဒီ အမျိုးသမီး လေး ကို လည်း..ပစ္စည်း ပေး ရင်း..စကား ပြောဖြစ် ကြ တော့မှ.. အသက် (၃၀) ကျော်စ..ဒီအမျိုးသမီး လေး က..ကလေး (၅) ယောက် ရှိတာ..( ၅) ယောက် လုံး..မုန်တိုင်း ထဲ မှာ..ပျောက် ဆုံး သေဆုံးသွား ကြ တာ တဲ့။

သူ ကိုယ် တိုင် လည်း..လှိုင်း နဲ့ အတူ ပါ သွားလိုက် တာ..ရွာသုံးရွာ အကျော် လောက် မှာ..သွားတင် နေတာ..မနက် မိုးလင်း တော့..ချက်ချင်း သတိ မရ ဘူးတဲ့။ နဲနဲ ကြာ တော့ မှ..သတိ ရ လာ ပြီး..ရွာဆီ ကို တဖြေး ဖြေး ပြန် လာတော့....ရွာ ရောက်တော့..သူ့သားသမီး တွေ တယောက်မှ..မရှိ ကြ တော့ဘူး။ သူ့ ယောက်ျား တော့.အသက်ရှင် ကျန် ခဲ့တယ်။ ဒါနဲ့ပဲ..သူ့အမေ ရှိတဲ့..ဒီ - ရေ ကျော်တိုး ကို လာ နေတာတဲ့။ တို့ တွေ..စကား ပြော နေ တဲ့..အချိန် ..သူ့ ဘေး နား မှာ ..တဘက် လေး ..ပခုံးပေါ် တင် ပြီး..ကပ်ထိုင် နေတာ က..သူ့အမေ ပေါ့။

သူ့အမေ က..၀င် ပြော တော့ လည်း..သူ့မှာ ..သမီး (၄) ယောက် ရှိ တာ၊ ဒီတယောက် ပဲ..အသက် ရှင်တာ တဲ့လေ.. ကျန်တဲ့ သမီး (၃) ယောက် ကမွေး ထားတဲ့..မြေး တွေ ထဲက လည်း..(၂) ယောက်ပဲ..သူများ ပြန် လာပို့ ထားလို့. ပြန်ရ ထားတာ တဲ့..။ ခပ်လှမ်းလှမ်း မှာ ရှိ နေတဲ့..(၁၂) နှစ် အရွယ် ကောင် ကလေး ကို..လက်ညှိုး ထိုး ပြ ရင်း..ဒီ ကလေး က..လှိုင်း နဲ့ ပါသွား ရင်း..ရွာတရွာ က..အမှိုက်တွေ ကြားထဲ မှာ..မျက် နှာ ကလေးပဲ..ပေါ် ပြီး..တင် နေတာတဲ့။ ကလေး က..အမှိုက်တွေ အောက်မှာ..လုံးဝ မလှုပ်နိုင် ဖြစ် နေတာ။ အဲဒီ အချိန် မှာ ..လူ တွေ လိုက် ရှာ နေတဲ့..ရွာသား တွေကို..တွေ့ တော့..` ကယ်ပါဦး´ လို့ လှမ်းအော် တော့..ရွာသား တွေက....ကလေး ကို အမှိုက်တွေ ကြား ထဲက..ဆွဲထုတ်..အေးလွန်း လို့..မလှုပ် နိုင် ဖြစ် နေတဲ့..ခြေ လက် တွေ ကို..သွေး နွေး လာ အောင်..နှိပ်နယ် ပေးပြီးမှ.. ရွာ နံမည် မေးလို့..ရွာ အရောက် ပြန် ပို့ ကြ လို့..ပြန်ရ ထား တာတဲ့ ကွယ်...။

ကဲ..ဒီမှာ ပဲ..ကိုယ့် ရဲ့..Counselling Session ကို..အမေရော..သမီး အတွက်ပါ..စ ရ တော့တာပေါ့။ သူတို့ ရင် ထဲက..စကား တွေ ထပ်ထွက် လာ အောင်..ပြောချင် လာ အောင်..ကိုယ် က..မေးခွန်း တွေ မေး ရ တော့ တာပေါ့။ သိ လိုက် ရ တာ ကတော့.. သမီးရော..အမေရောက..ဖြစ်ခဲ့တဲ့..အကြောင်း အရာ တွေ ကို.. လုံးဝ ပြန် မပြော ကြဘူး။ တယောက် နဲ့ တယောက်..စကား လည်း ပြောမနေ ကြဘူး။ ငိုလည်း မငို နေကြဘူး..။ အားလုံး ကိုမြိုသိပ် ပြီး ကြိတ် ခံ နေ ကြတာ။ သမီးလုပ်တဲ့ သူက.. တနေ့ ကို တနပ်ပဲ စား ပြီး..ရွာ တွေ ထဲ ကို..ခြေဦး တည့်ရာ လျှောက်သွား နေတာ..ည ဆို လည်း..ခန္ဓာကိုယ်က.. မခံ နိုင် တော့မှ..အိပ်တာ။ အိပ် လည်း ..ခဏ ပဲ။ နားထဲ မှာ လည်း..သား တွေ..သမီး တွေ ရဲ့..ကယ်ပါ ..ယူပါ..တစာစာ နဲ့..အကူအညီ တောင်း နေတဲ့..အသံ တွေပဲ..ကြားနေ ရ တာ တဲ့။

ကဲ- ကေရေ... သူတို့ ခံစားချက် တွေ ပွင့် ထွက် ပြီး.. သက်သာ အောင် လုပ် ပေး ရမှာက..ကိုယ့် တာဝန် လေ....ကံကောင်းစွာ နဲ့ပဲ..သူတို့ တွေက..ကိုယ့် ရဲ့..မေးခွန်း တွေ ကို ဖြေ ကြ တယ်။ မေး ရင်း..ဖြေရင်း..ပြောရင်း နဲ့ပဲ.. တချိန် မှာ တော့..သမီး ဖြစ်တဲ့သူက..ငိုချ ပါလေ ရော..။ ဒါနဲ့ ပဲ.. ကိုယ်က..ငို တာဟာ..သာ မန် ဖြစ်စဉ် ပါ။ ငိုချ လိုက်ခြင်း အားဖြင့်.. စိတ်ခံစားမူ တွေ ..လျော့ စေပါတယ်။ ငိုချင် ရင်..ငိုသာ ငိုချလိုက်ပါ လို့..အားပေး ရ ပါတယ်။ ကဲ- ကေရေ.. စားစရာ က..မရှိ။ ၀တ်စရာ က..ဒီတစုံ ပဲ ရှိ တဲ့..သူတို့ဘ၀ မှာ ..ဒီ လို..စိတ် ခံစားချက် တွေနဲ့.. ခရီးဆက် ရ မဲ့..ဒီရွာသူ နဲ့..သူ့အမေ ရဲ့ ဘ၀ ကို..တွေး မိ တော့..တော့် တော့် ကို..ရင်လေး မိပါတယ်။

ဒါပေမဲ့ လည်း.. အားပေး ရ မှာ က..ကိုယ့် တို့ တာဝန်လေ။ တို့ တွေ က..ရှင်းပြ လိုက် ပါတယ်။ အမ တို့..အဖွား တို့တွေရဲ့..အသက်ရှင် ခြင်း ဟာ..ကျ မတို့တွေ အတွက်..အင်မတန် တန်ဖိုး ရှိပါတယ်။ ကျမ တို့ တွေက..ကိုယ်တိုင် ကိုယ်ကြ ..လာနိုင် တဲ့ အခွင့်အရေး ရ လို့.. အမ တို့ ဆီ ရောက် အောင်..လာနိုင် ခဲ့ ကြ တာ။ မလာ နိုင် တဲ့..ပြည်တွင်း ပြည် ပ က..သူတွေက..လှူဒါန်း လိုက် တဲ့..ဒီပစ္စည်း တွေ မှာ.. အမ တို့ တွေ အတွက်.. ချစ်ခြင်း မေတ္တာ တွေ ပါ ၀င် နေ ပါတယ်။ ကျွန် မ တို့ တွေ ဆို တာ..ရေ လည်း ကောင်း ကောင်း မကူး တတ် ပါဘူး..ဒါပေမဲ့.. အမ တို့ ဆီ ရောက် အောင် လာခဲ့ ပါတယ်။ ဒါ ကြောင့် မို့..လူရော..စိတ် ရော.. ကျန်းမာ အောင် နေ ပေး ကြပါ။ အမ တို့ ရဲ့.. အသက်ရှင် ခြင်း ဟာ.. ကျမ တို့ အားလုံး အတွက်..တန်ဖိုးဖြတ် မရ ခြင်း ပါ လို့..ပြော ပြ တော့.. သူတို့ ရင် ထဲ မှာ လှိုက် ကနဲ..ဖြစ်သွား တဲ့ ခံစားချက် ကို ..အနီးကပ် ထိုင် နေတဲ့..ကိုယ့် ဆီ..ရိုက်ခတ် ရောက် လာ ပါတယ်။… ခြေ ဦး တည့် ရာ..လျှောက်မသွား ပဲ.အဖွား နဲ့ အတူတူ ရင်ဖွင့် ကြ ရင်း..ငိုစရာ ရှိ လည်း ငို.. လုပ် စရာ ရှိ လည်းလုပ် ရင်း.. ဘ၀ ကို ပြန် တည် ဆောက် ဖို့..အားပေး ခဲ့ ရတယ်။ ပြီး တော့..ဆရာဝန် နဲ့ တိုင် ပင် ပြီး ..စိတ်ငြိမ် ဆေး နဲ့..အားဆေး တွေ လည်း ပေးဖြစ် ခဲ့တယ်။

ကေ ရေ- ရွာ တွေမှာ..ကလေး တွေ ဆိုတာ..မိုးသံ လေသံ ကြား ရင်..အဖေ အမေ တွေ ဆီ..ပြေး ကပ် ကြ တာပဲ။ တစ္ဆေ သရဲ နဲ့ ခြောက် ရင်..မကြောက် ပေမဲ့.. မုန် တိုင်း လို့ ခြောက် ရင် ..ကိုယ် တွေ..တုန် နေ အောင်..ကြောက် ကြ တယ်လို့..ရွာသား တယောက် က..ပြော ပြ တော့.. တို့က..ဦး လေး ရယ်..အဲလို တော့..ကလေး တွေ ကို..မခြောက်ပါနဲ့..စိတ်ဒဏ်ရာ တွေ ..ရ ကုန် ပါ ဦး မယ် လို့..တား ရ သေးတယ်။ ကလေး တွေ သာမက..ကျွဲတွေ..နွားတွေ ကလည်း..လေသံ ကြားရင်..ခြေဦး တည့် ရာ ပြေး နေ ကြ တာတဲ့။ ကိုယ် တို့ အဖွဲ့ တွေရဲ့..လှုပ် ရှား မူ မှတ် တမ်း တွေ ကို..ဓါတ်ပုံ ရိုက် လို့..ကင်မရာ က.. flash ထွက် ရင် တောင်..ယောက်ကျား ရင့်မ ကြီး တွေက..` အောင်မလေး´ လို့ အော် ပြီး..ကိုယ် တွေ တုန် သွား တာ..မြင်ရတော့..ကိုယ့် စိတ် တွေ ..ဘယ်လို မှ..မကောင်း နိုင် တော့ ဘူး ကေ ရေ..

ရွာ က..မပြန်ခင် ည မှာ လည်း..လေ တွေ မိုးတွေ ..အရမ်း တိုက် လို့..မနက် (၄) နာရီ လောက် မှာ..လန့်နိုး ကြ ရတယ်။ လေ က..မိုင် (၅၀) လောက် အထိ တိုက်သွား တာ။ တို့ တွေ က..မုန် တိုင်း ကို မခံ ခဲ့ ရ ဘူးတော့.. အသံ တွေ နား ထောင် ပြီး..ပါလာတဲ့..အဖွဲ့သား တွေ ကို..မနက် ကျ ရင်..ရွာသား တွေ က..ပြန်လွှတ် မှ..ပြန်မယ်။ မိုးလေ ၀သ မကောင်းလို့.. မပြန် ပါနဲ့ ဆို ရင် တော့..တရက် ဆက် နေ ကြတာ ပေါ့ လို့ ..တိုင် ပင် ကြ ပြီး..ပြန် အိပ် ပျော် သွား ကြတယ်။ မနက် ကျ မှ..သိ ရ တာ ကတော့.. ညတုန်းက..ရွာသား တွေ ရွာလုံး ကျွတ်နီး ပါး..လမ်း မပေါ် မှာ ရောက် နေ ကြ တာတဲ့။ လေ လာတဲ့ ပုံစံ ကလည်း.. နာဂစ် အတိုင် ပဲ တဲ့ လေ….. ။ ကဲ- လူ တွေ ရဲ့ စိတ် ခြောက် ခြား မူ က..ခန့်မှန်း လို့ မရ နိုင် လောက် အောင် ပါပဲ..ကေ ရေ...။

တချို့ ရွာ တွေ မှာ..ငွေကြေး စီးဆင်း မူ ဆို တာ..ရှိ ကို မရှိ တော့ ဘူး။ ပစ္စည်း တခု ကို..နောက် တခု နဲ့ လဲလှယ် ပြီး..နေ ကြ ရ တဲ့ ဘ၀ ရောက် နေကြ တယ်။ မျက်စိ တဆုံး စိမ်း နေ တဲ့..လယ် ကွင်း ပြင် တွေ မှာ..စပါး ပင် တွေအစား ..မြက် ပင် တွေ ကြီး စိုး နေ တာ..မြင် ရ တာ..ရင်နာ စရာ ပါ ကေ...။

ရွာသူ ရွာသား တွေဟာ.. စိတ် ပိုင်း ဆိုင် ရာ သာမက.. ရုပ် ပိုင်း ဆိုင် ရာ အရ လည်း..တကယ့် ကို.. အကူ အညီ တွေ လိုအပ် နေ ကြ သေးတယ်။



ကျောင်းရှိ တဲ့ ရွာ တွေ မှာ လည်း..ကျောင်း တွေက..ပြားပြားဝပ် အောင် ပြို နေ ကြတာ။ ဘုန်းကြီး ကျောင်း တွေ ကလည်း..ပြို ဆို တော့...ဒီစာသင် နှစ် မှာ ကလေး တွေ..ဘယ်လို စာသင် ကြ ရ ပါ့ မ လဲ..။ တချို့ ရွာ တွေ မှာ..မူ လတန်း ကျောင်း တောင် မရှိ ဘူး ကေရယ်။ ရွာသား တွေ ဆီ က..ဒီ စကား ကြားလိုက် ရ တော့.. အတော့် ကို..အံ့ သြ သွား မိ တယ်။ နီးစပ် ရာ ရွာ မှာ ရှိ တဲ့..မူ လတန်း ကျောင်း ကိုပဲ.. လှေနဲ့ သွား တက် ကြ ရ တာ တဲ့….။ ဟူး... မလွယ် ပါ လား ကေ ရေ....။

ကိုယ် တို့တည်း ခဲ့ တဲ့..ရွာက..ရွာသူ ရွာသား တွေ ပြော ပြ တာ တော့..မိုးရာသီ မှာ..ချောင်း တွေ မြောင်းတွေမှာ..ငါး ပုဇွန် ရှာ စား လို့..ရ နေ ကြ ပေမဲ့..မိုးရာသီ ကုန် ရင် တော့.. ကျနော် တို့ ရွာသား တွေ..ငတ် ဦး မှာ ပါပဲ တဲ့..။ ကဲ ..ကေ ရေ.. ဒီ စကား က..ကိုယ့် ကို တချိန် လုံး..ခြောက် လှန့် လို့ နေတယ်။ ဒီ ပြန် ရောက် ပြီးကာမှ.. ရွာတရွာ က..ဘုန်းဘုန်း က..ဘိုကလေး တက်လာ ပြီး.. ရွာက..ရွာသူရွာသား တွေ..ငတ် တော့မှာ မို့လို့..ဆို ပြီး..အလှူ ရှင် လာရှာ တဲ့..သတင်း လည်း ကြားရော..ကိုယ်တို့တွေ..ဒီမှာ..အမြန် ပိုက်ဆံစု ပြီး.. ပို့ ပေး လိုက် သေးတယ်။

ကိုယ် ကတော့..သွေးအေးစ ပြု နေပြီ ဖြစ် တဲ့..ဗမာ အသိုင်း အ၀ိုင်း ကို ဧရာဝတီ ရဲ့ လက်ရှိ အခြေ အနေ ကို တင်ပြ ဖို့ ကြိုးစား နေ တယ်။ ပြီး တော့..လစဉ်..အလှူ ငွေ လေး ကောက် ပြီး..ပြန် ပို့ ပေးဖို့ လည်း..လုပ် နေပြီ။ ကူညီသူ အချို့ လည်း ပေါ် ထွက် လာနေ ပြီ။ ပြည်တွင်းက..အလှူရှင် တွေ က..အတော့ ကို အားလျော့သွား ပြီလေ။ ငတ် နေမဲ့.. ကိုယ် တို့ ရဲ့..ပြည်သူ တွေ ကို..သတိ ရ လိုက် တိုင်း..ထမင်းလုတ် က..မျိုချ ရ မှာ..ခက် ခဲ နေ တုန်း ပဲ..ကေ ရေ....။

ဧရာ ၀တီ တိုင်း ကြီး ကလည်း..ကျယ်..ရေ လမ်း ခရီး ကလည်း ခက်.. ဒုက္ခ ရောက် နေတဲ့.. ပြည်သူ တွေ က ကလည်း.. သန်းနဲ့ချီ ပြီး..အဲဒီ နယ် တွေ မှာ..ရှိ နေ ကြတာ..။ ဒါ ပေမဲ့.. ဒီ ပြည်သူ တွေ က.. ကိုယ်တို့ ချစ်ရ တဲ့..ပြည်သူ တွေ လေ.. ။ ကိုယ် တို့..စား ခဲ့ တဲ့..ထမင်း တွေ ဖြစ် အောင်..ဖန်တီး ပေး ခဲ့ တဲ့..သူ တွေ လေ..။ ကိုယ် တို့ တွေ ရဲ့.. ဘ၀ က..ပြည် ပ မှာ..သူတို့ တွေ နဲ့ယှဉ် ရင်..သက် တောင့်သက် သာ နိုင် လှ ပါ တယ်။ ဘာဖြစ် လို့.. ကိုယ် တို့ တွေ ရ ထား တဲ့..အထဲက..ချစ် ရ တဲ့ သူတွေ အတွက်.. မျှ ဝေ မပေး နိင် ရ မှာ လည်း နော်... လက် တွေ ခိုင် ခိုင် တွဲ လို့....တို့ချစ် တဲ့..သူတွေကို..ကယ် တင် ကြ ရ အောင်..ကေ ရေ...

ရေ ကျော် တိုး ရွာက..အမှတ် တရ ပေး လိုက် တဲ့..ကဗျာ လေး ကို လည်း..ဝေမျှ ပေးလိုက် ပါတယ်။ တူ ညီ မျှ ကာ..ကူ ညီ ကြ ရ အောင် ကွယ်...

လေဘေးသင့် ပြည်သူ များ ဆီ သို့..ကမ်းလင့် သော လက် များ ..ဆက် လက် တိုးပွား နေ ပါစေ...။

သူငယ် ချင်း - မမေ

ကျနော့ရဲ့ Email ကို ပေးပို့လာတဲ့ Post ကလေးတစ်ခုကို မျှဝေခံစားနိုင်ရန် ဖော်ပြပေးလိုက်ခြင်းပါ။ ခုလို ပေးပို့လာတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း

ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,29th,2008

( 50 )ရန်ကုန်တိုင်း၌ သံဃာတော်များကို စိစစ်နေ

( 49 )မင်းကွန်းခေါင်းလောင်းပြုတ်ကျ

( 48 )ဘားအံ-မြ၀တီလမ်း ပျက်စီးနေ၍ ခရီးဖင့်ပြီး ကုန်ဈေးနှုန်းတက်

( 47 )ငွေကောက်ထားသော်လည်း လျှပ်စစ်မီး မသွယ်ရသေးဘဲ လာဘ်ထိုးရန်ထပ်တောင်း

( 46 )KWAT comes up with trafficking awareness cartoon

( 45 )ဒေါ်အောင်ဆန်းစုကြည်က အစာလက်မခံတာ ၂ ပတ်ခန့်ရှိပြီ

( 44 )Plantation owners living in fear of rebel and government troops

( 43 )နိုင်ငံခြားသားများ အလာနည်း၍ မြန်မာ့ကျောက်မျက် အရောင်း ကျဆင်း

( 42 )Crowds watch the aureole of Rogo Pagoda

( 41 )Rodents devastate several crops in farms in Cikha Town

( 40 )၈၈ မျိုးဆက် ကျောင်းသားများ ထောင်အတွင်း တရားရုံးထုတ်

( 39 )Twenty seven children poisoned by physic nuts

( 38 )စစ်သားတဦး သေဆုံးမှု စစ်ဆေးမှုများလုပ်

( 37 )UN trip yields no results

( 36 )ရန်ကုန် စာသင်တိုက်နှင့်ကျောင်းတိုက်ရှိ သံဃာများကို စာရင်းကောက်ယူ၍ တင်းကျပ်

( 35 )Suu Kyi 38th most powerful woman in world

( 34 )ဂန်ဘာရီနှင့် ကုလသမဂ္ဂကို အန်အယ်လ်ဒီ ဝေဖန်

( 33 )Body blow to Burmese music industry by pirated VCDs/DVDs

( 32 )Five, last year's protesters, arrested again

( 31 )ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၈ ဦးကို မြန်မာက အလံတင် အစည်းအဝေးတွင် ဘင်္ဂလာ အာဏာပိုင်များသို့ လွဲအပ်

( 30 )Detained Activists to Appeal for Open Trial

( 29 )US ‘Deeply Disappointed’ about Junta

( 28 )ပခုက္ကူသံဃာတော်များက အာဏာပိုင်များ၏ လှူဒါန်းသည့်ပစ္စည်းမျာကို လက်မခံပဲ လမ်းပေါ်တွင်ပစ်ချထား

( 27 )Joe Biden and Burma

( 26 )အဖွဲ့ချုပ်ခေါင်းဆောင်များကို ထောင်ဒဏ်များချမှတ်

( 25 )Anger in New Zealand over Deal Easing Trade with Burma

( 24 )မစ္စတာဂမ်ဘာရီ၏ခရီးစဉ် မြန်မာနိုင်ငံရေးအတွက်တိုးတက်မှုမရှိဟု အန်အယ်လ်ဒီကြေညာ

( 23 )ကမ္ဘာ့ သြဇာတိက္ကိမကြီးသူ အမျိုးသမီးများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အဆင့် ၃၈ ချိတ်

( 22 )အာဆီယံပဋိညာဉ်တွင် ဖိလစ်ပိုင် လက်မှတ်ထိုးတော့မည်

( 21 )ကြက်ဆူကြောင့် ကလေးငယ် ၃ဝ နီးပါး အဆိပ်သင့်

( 20 )New Zealand labour union attacks ASEAN trade deal

( 19 )အစိုးရပိုင် မြေကွက်များ လေလံပစ်မည့်သတင်းထွက်တန်ဖိုးကြီးမြေကွက်ဈေးကျ

( 18 )Maritime Union Criticizes Myanmar Connection In Free Trade Deal

( 17 )Three Muslim Leaders Released in Arakan

( 16 )More donations pour in for humanitarian fund

( 15 )18 Bangladeshis Handed Over in Flag Meeting

( 14 )Union criticizes Myanmar connection in trade deal

( 13 )Free trade including Myanmar dictatorship

( 12 )ဒေါ်စု ပြင်ပအစားအစာများ လက်မခံသည့် သတင်းအပေါ် အမေရိကန်အစိုးရ စိုးရိမ်ပူပန်

( 11 )Mixed reaction to Asean trade deal

( 10 )မြန်မာစစ်အစိုးရကို ကုလသမဂ္ဂမှာ အသိအမှတ်မပြုရေး အတိုက်အခံများ ကြိုးပမ်းနေ

( 9 )Refugee's new home comes into focus through new lens

( 8 )ပြင်ပအစားအစာ လက်မခံတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ စိုးရိမ်ဖွယ်ဖြစ်လာ

( 7 )Manila ready to sign ASEAN charter to push Myanmar case

( 6 )ကြက်ဆူစေ့စားလို့ အဆိပ်သင့်

( 5 )အရှင်ဂမ္ဘီရ၊ ဇာဂနာတို့ကို ရုံးထုတ် ကျောင်းသားခေါင်းဆောင်များအား အမှုများစွာဖြင့် တရားစွဲ

( 4 )အာစီယံအတွင်းရေမှူးချုပ် ဒေါ်စုနဲ့ တွေ့ရန်တိုက်တွန်း

( 3 )U.S. concerned about detained Suu Kyi's diet

( 2 )ယမန်နေ့ညက အဖမ်းခံရသော အဖွဲ့ချုပ်ဝင်များကို ယနေ့ရုံးထုတ်

( 1 )အောင်ဆန်းစုကြည်နှင့် သူ့ရှေ့နေ တွေ့ရလျှင် အကျိုးအကြောင်း သိရမည်

Thursday, August 28, 2008

ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲ အားကောင်းစေရန် ဖိအားပေးမည်

ပီတာအောင်/ ၂၈ သြဂုတ် ၂၀၀၈

အကျဉ်းသားရပိုင်ခွင့်များချုပ်ချယ် ခံထားရသည့်အပေါ် ဒေါ်ဆောင်ဆန်းစုကြည် ဆန္ဒပြတောင်း ဆိုနေမှုကို ထောက်ခံအားပေး ကြောင်းနှင့် ပိုမိုအားကောင်းလာစေရန် ဖိအားပေးသွားမည်ဟု ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်အယူခံဝင်ခွင့်၊ ရှေ့နေ၊ ဆရာဝန်တို့နှင့်တွေ့ခွင့်၊ အိမ်သုံးအီလက်ထရော နစ်ပစ္စည်း များသွင်းယူခွင့်၊ အတူနေ ဒေါ်ခင်ဝင်းတို့သားအမိအား လွတ်လပ် စွာ သွားလာခွင့်ပြုရေးတို့အတွက် အစားအသောက်များလက်မခံဘဲ ဆန္ဒပြနေခြင်းဖြစ်သည်ဟု ယမန်နေ့၌ အန်အယ်လ်ဒီက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားခဲ့သည်။

လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြနေမှုသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြန်မာ နိုင်ငံသို့ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီအား တွေ့ဆုံမှု မရှိ သည့်ကိစ္စနှင့် မပတ်သက်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြတိုက်ပွဲဝင်နေမှုကို ထောက်ခံကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအုန်းမောင်က ပြောသည်

၎င်းက “တိုက်ပွဲဝင်နေတာကိုတော့ ကြိုဆိုပါတယ်။ တောင်းဆိုမှုတွေ လုပ်နေတာ၊ ဂမ်ဘာရီကို မတွေ့တာကို ထောက်ခံတယ်။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ ဘန်ကီမွန်းတို့ကို ဗမာပြည်ရဲ့ တကယ့်အခြေခံပြဿနာတွေကို စာရေးပြီး တင်မယ်ပေါ့။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို နအဖက လက်မခံတာ ကုလသမဂ္ဂက လက်ပိုက်ကြည့်နေသလားဆိုတာ ကျနော်တို့က မေးခွန်းထုတ်ဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲ ၀င်နေတာကို အားကောင်းသွားအောင် ဖိအားပေးမယ်” ဟု ပြောသည်။

သို့သော် အစာငတ်ခံဆန္ဒပြနေသည်ဟု မယုံကြည်ကြောင်း၊ အကယ်၍ တကယ်ဆန္ဒပြနေပါက တိုင်းပြည်နှင့်ပြည်သူလူထုကို အသိပေး ရမည်ဖြစ်ကြောင်း၊ အကျဉ်းသားဖြစ်၍ မပြောနိုင်ပါက မိခင်အဖွဲ့အစည်းမှတဆင့် တိုင်းပြည်နှင့် ကမ္ဘာကိုအသိပေးသင့်သည်ဟု ဦးအုန်းမောင်က ပြောသည်။

မတရား တားဆီးချုပ်နှောင်ခံထားမှုကို ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြမှုအပါအ၀င် ဘက်ပေါင်း စုံမှ ပြန်လည် တုံ့ပြန်မှုသည် ဥပဒေကြောင်းအရ အခွင့်အရေးရှိသည်ဟု မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်တင်မကဘူး နိုင်ငံရေးအကျဉ်းသားတိုင်းနဲ့ ဆိုင်တယ်။ Fair Trial Rights တရားမျှတသောဥပဒေဆိုင်ရာ အခွင့်အရေးကို ကမ္ဘာကအသိအမှတ်ပြုထားတယ်။ အဲဒီ အခွင့်အရေးက မိသားစုနဲ့ တွေ့ခွင့်ရှိရမယ်။ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့် ရှိရမယ်။ သတင်းအချက် အလက်တွေ ရယူခွင့်ရှိရမယ်။ အထောက်အပံ့ စားနပ်ရိက္ခာရယူခွင့်ရှိရမယ်။ ကျန်းမာရေးအရ ဆေးဝါးကုသ ခံယူခွင့်ရှိရမယ်၊ အဲဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သံသယနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဘယ်ပုဂ္ဂိုလ်မဆို ခံစားခွင့်ရှိတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှု၌ ပြစ်မှုကျူးလွန်သူ မဟုတ်ဘဲ ပြစ်မှုကျူးလွန်ခံရသူဖြစ်၍ ဥပဒေကြောင်းအရ စဖမ်းကတည်းက လွဲမှားနေကြောင်း၊ ဖမ်းဆီးခံ ထားရသည့် (၅) နှစ်ကာလအတွင်း တိုင်းပြည်ငြိမ်းချမ်းမှုကို ထိပါးအောင်လုပ်သည်ဆိုသည့် အထောက်အထားကို နအဖက လုံးဝမတင်ပြနိုင်ခြင်း၊ တရားရုံးမတင်နိုင်ခြင်းနှင့် ဥပဒေအရ ဖမ်းဆီးခွင့်သက်တမ်း (၅) နှစ်ကျော်နေခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရမည်ဟု ဦးအောင်ထူးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြသည့် သတင်းထွက်ပေါ်နေသဖြင့် သူမ၏ ကျန်းမာရေး အတွက် စိုးရိမ်ပူပန်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် တခုခုဖြစ်ခဲ့ပါက ဖြစ်ပေါ်လာသည့် ဆိုးကျိုးများသည် ဥပဒေမဲ့ မတရားဖမ်းဆီးထားသည့် စစ်အုပ်စုအပေါ် တွင်သာ အဓိက တာဝန်ရှိ ကြောင်း ထိုင်း- မြန်မာနယ်စပ်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ယမန် နေ့က ထုတ်ပြန်ကြေညာသည်။

Source

ကျောက်ပုံရွာကို ဒီကေဘီအေ မီးတင်ရှို့ရွာသား (၃၀) ကျော် ဒုက္ခသည်ဖြစ်

NEJ/ ၂၈ သြဂုတ် ၂၀၀၈

မြ၀တီ ခရိုင်အတွင်းရှိ ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်း အုပ်ချုပ်မှုအောက်တွင်ရှိသော ကျောက်ပုံရွာကို ဒေသအခြေစိုက် ဒီကေဘီအေအဖွဲ့မှ မီးရှို့လိုက်သည်မှာ မှန်ကန်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။

မြ၀တီခရိုင်အခြေစိုက် ဒီကေဘီအေ (၉၀၇) တပ်ရင်းမှ အရာရှိငယ်တဦးက “(၉၉၉) လုံးအဖွဲ့က ကျောက်ပုံရွာကို အင်္ဂါနေ့ညက မီးရှို့လိုက်တယ်။ အဲဒီရွာက လူမျိုးပေါင်းစုံနေထိုင်တဲ့ ရွာလေး ဖြစ်တယ်။ အခု ရွာသားတွေလည်း ထွက်ပြေးနေကြရတယ်” ဟု အတည်ပြုပြောကြားသည်။

ကျောက်ပုံရွာသားတဦးက “ဒီကေဘီအေ (၉၉၉) တပ်ရင်းက ဗိုလ်ကတုံးတို့အဖွဲ့ ကျနော်တို့ရွာနေရာမှာ သူတို့နောက်ထပ်ဖွဲ့မယ့် သောင်ကြာတော် (သစ္စာ) တပ်ရင်းနေရာအတွက် ရွာကို ဖယ်ခိုင်းတယ်။ မိုးတွင်းကာလဆိုတော့ လောလောဆယ်ပြောင်းဖို့ အခက်အခဲရှိတာကို အချိန် ပိုပေးဖို့ ပြောတာကို သူတို့ကို အာခံရကောင်းလားဆိုပြီး ရွာကိုမီးတိုက်လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ကျောက်ပုံရွာမှာ အိမ်ခြေ (၅၀)၊ လူဦးရေ (၁၀၀) ကျော်ရှိပြီး ချောင်းဆုံဘုန်းတော်ကြီးကျောင်းတွင် ရွာသား (၃၀) ခန့် ခိုလှုံလျှက်ရှိကာ ကျန်လူများမှာ မြ၀တီနှင့် သင်္ကန်းညီနောင်အရပ်များတွင် ရှောင်တိမ်းနေကြရသည်ဟု ယမန်နေ့က ချောင်းဆုံဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိသွား သူတဦးက ပြောသည်။

တပ်ရင်း (၉၉၉) အခြေစိုက်ရာ မြ၀တီခရိုင် ရွှေကုက္ကိုကျေးရွာသို့ ဆက်သွယ်ခဲ့ရာ ဒီကေဘီအေ အရာရှိ ဗိုလ်ပြည်သိမ်းက ယခုကိစ္စနှင့် ပတ်သက်၍ ဘာမှမသိရှိရသေးကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအားတိုးက “ကရင်အမျိုးသားတွေ တိုး တက်ကြီးပွားအောင် ဆောင်ရွက်နေ တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ အဖွဲ့တခုက ကိုယ့် အုပ်ချုပ်ရေးအောက်မှာရှိတဲ့ ကရင်လူထုကျေးရွာကို အခုလို မီးရှို့ လိုက်တယ် ဆို တာကတော့ မလုပ် သင့်တဲ့ ကိစ္စဖြစ်တယ်” ဟု ပြောသည်။

ကျောက်ပုံရွာသည် ထိုင်းနယ်စပ်မှ တမိုင်ခန့်ဝေးသည့် မြ၀တီမြို့နယ်အတွင်းရှိ မဲ့ပလက်ချောင်းနှင့် သောင်းရင်းမြစ်လက်တက်ဆုံရာ ချောင်းဆုံရွာအနီးတွင် တည်ရှိသည်။

Source

ရန်ကုန်မှာ ၀တ်ကောင်းစားလှ တောင်းစားသူ များလာ

NEJ/ ၂၈ သြဂုတ် ၂၀၀၈

ရန်ကုန်မြို့တော်ပတ်ဝန်းကျင်တွင် ယခုနောက်ပိုင်း သူတောင်းစားမဟုတ်ဘဲ ၀တ်ကောင်းစား လှဖြင့် တောင်းရမ်းသူများ များပြား လာသည်။ ယခုနောက်ပိုင်းတွင် တောင်းရမ်းသူများကို အစိုးရက ဖမ်းဆီးအရေးယူလျက်ရှိခြင်းကြောင့် ပုံစံပြောင်းကာ ယခုကဲ့သို့ တဦးချင်း ချဉ်းကပ် တောင်းရမ်းမှုများ လုပ်လာခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

အတုယူဖို့ကောင်းလိုက်တာ

မညီညွတ်မှုကြောင့် ပေးဆပ်ရသည့် အဖိုးအခများ

ကျော်စွာမိုး

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ၏ ဦးတည်ရည်မှန်းချက်များ မဆုံးရှုံးလိုပါက ယခုအချိန်တွင် မိမိကိုယ်မိမိ ပြန်လည်ဝေဖန် သုံးသပ်မှုများ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်နေပေပြီ။

မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုက နှစ် ၂၀ တိုင်ခဲ့လေပြီ။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု ကာလအတွင်း မည်သည့်အောင်မြင် မှုများရခဲ့သနည်း။ လှုပ်ရှားမှု၏ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ပို၍ နီးကပ် လာခြင်း ရှိ မရှိ ဆိုသည့် မေးခွန်းများ ထုတ်ရပါ တော့မည်။


ထိုမေးခွန်းများကို အဖြေထုတ်ရန် ၈ လေးလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ကျောင်းသားဟောင်း ၅ ဦး၏ ကံကြမ္မာကို လေ့လာကြည့်ရှုသင့်သည်။ သွေးစွန်းသော ထိုနေ့ရက်များတွင် သူတို့တတွေ အတူတကွ မျှော်လင့်ချက်များဖြင့် မမောမပန်း ချီတက်ခဲ့ကြဖူးသည်။

၁၉၈၈ ခုနှစ်တွင် အသက် ၂၀ အရွယ်သာရှိသေးသော ကိုထွန်းမြင့်အောင်က ယခုအခါ ရန်ကုန်မြို့တနေရာတွင် ပုန်းအောင်း နေရ၏။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ အကျဉ်းထောင် ၅ ခုသို့ ၀င်ချည်၊ ထွက်ချည်ဖြင့် ဘ၀ကိုဖြတ်သန်းခဲ့ရင်း အကျဉ်းသား ဘ၀ကို လုံလုံလောက်လောက် ခံစားတွေ့ကြုံခဲ့ဖူးပြီးဖြစ်သည့် ကိုထွန်းမြင့်အောင်မှာ အသက် ၄၀ အရွယ်ယခုတိုင် ၀ရမ်းပြေး ဘ၀ဖြင့် စစ်အစိုးရ၏ အဖမ်းအဆီး မှ လွတ်ရန် တိမ်းရှောင်နေရသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီးနောက် ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရသော ကိုတင်အေးကတော့ ယခုအချိန်တွင် ပြည်ပသို့ထွက်ပြေး လာခဲ့ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိသည်။ သူက ပြည် ပြေးဘ၀ဖြင့် လောလောဆယ် လွတ်လပ်မှုကို ခံစားနေရချိန်တွင် သူ့ချစ်သူ မနိုဘယ်အေးက မြန်မာနိုင်ငံ၏ အရက်စက်ဆုံးဟု နာမည်ကြီးသည့် အင်းစိန် ထောင် အကျဉ်းခန်းတခုထဲ၌ ဒုတိယအကြိမ်မြောက် ထောင်ဒဏ် ကျခံနေရသည်။

လက်ရှိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်လျှက် ရှိသော ကိုအောင်နိုင်ဦးနှင့် ကိုညိုအုန်းမြင့်တို့ နှစ်ဦးကမူ ရက်စက်ကြမ်း ကြုတ်သော စစ်အစိုးရ လက်အောက်တွင် ပြေးလွှားရုန်းကန်နေရသည်ထက် ပြည်ပတွင် နေထိုင်ခြင်းက ပို၍ကောင်းသည် ဟု ယူဆကာ ဤလမ်းကို ရွေးချယ်ခဲ့ကြသည်။

ကိုညိုအုန်းမြင့် ကူညီ ဖွဲ့စည်းပေးခဲ့သည့် ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်ဌာနခွဲ) ကမူ အန္တရာယ်များစွာ ကြားတွင် ဆက်လက် လှုပ်ရှားနေကြဆဲဖြစ်သည်။

ကိုအောင်နိုင်ဦးကတော့ ၁၉၈၈ ခုနှစ်တွင် နယ်စပ်၌ စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF - မြန်မာနိုင်ငံ၏ တခုတည်းသော ကျောင်းသား တပ်မတော်) ၏ နိုင်ငံခြားရေး အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးသည်။

ဖော်ပြခဲ့သည့် ၅ ဦးက မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများကြားမှ ရုန်းကန် လှုပ်ရှားနေကြသည့် ထောင်ပေါင်း များစွာသော ပြည်သူများနှင့် ပြည်ပ နိုင်ငံများတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား များကို ကိုယ်စားပြုနေသည့်ပြင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ပုံရိပ် ကဲ့သို့လည်း ဖြစ်နေသည်။ ထို့အပြင် ၄၆ နှစ်ကြာ အာဏာရှင် စစ်တပ် ကြီးစိုးရေး ၀ါဒအောက်မှ တိုင်းပြည်တခု၏ နိုင်ငံရေးအခြေအနေ ကိုလည်း ဖော်ပြပေါ်လွင် နေစေသည်။

ထို ၅ ဦးသည် မတူညီသော လမ်းကြောင်း များပေါ်တွင် ရွေးချယ် လျှောက်လှမ်း နေခဲ့ကြသော်လည်း ၎င်းတို့၏ ဘုံရည်မှန်းချက် ပန်းတိုင် ကတော့ အတူတူပင် ဖြစ်သည်။ ထို့ပြင် အဖိနှိပ်ခံနေရသော သူတို့၏ တိုင်းပြည်အတွက် ဒီမိုကရေစီ စနစ် တည်ဆောက်ရန် ရည်သန်ထားကြပြီးလည်း ဖြစ်သည်။

နှစ်ပေါင်း ၂၀ ကြာ၍ ပြန်ကြည့်သောအခါတွင် ထိုရည်မှန်းချက်က ပိုမို မှုန်ဝါးလာသလို ရှိနေသည်။ အဘယ့်ကြောင့် ထိုသို့မှုန်ဝါးခဲ့ရသည်ကို ပြန်လှန်စစ်ကြောရန် လိုအပ်ပြီဖြစ်၏။

မြန်မာ စစ်အစိုးရက တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသည့် ကိစ္စအပေါ် မည်သူမျှ အငြင်းမပွား။ လူထုအပေါ် မတရား ရက်စက်စွာ ဖိနှိပ်နေသော ကိစ္စကလည်း မေးခွန်းထုတ်စရာ မလိုတော့ပါ။ အလားတူ ပြစ်ဒဏ်ခတ် ပိတ်ဆို့ခြင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ ဖိအားပေးမှုများက ထိရောက်မှု မရှိကြောင်းလည်း အထင်းသား ပေါ်လွင်နေပြီ ဖြစ်သည်။

အနှစ် ၂၀ ဆိုသော အချိန်ကာလတခုသည် ရက်စက်သော စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ ခံစားကျ ရောက်နေရသည့် တိုင်းပြည်တခု အနေနှင့် အခြေခံ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မလုံလောက်သေးသည့် အချိန် ဖြစ်နိုင်ပါသည်။ သို့သော် ဒီမိုကရေစီ ရရှိရေးအတွက် ဘ၀များကို ရင်းနှီးမြှုပ်နှံထားကြရသည့် အတိုက်အခံများ အတွက်မူ တဘ၀စာ ဖြစ်သွား နိုင်ပါသည်။ ယခုအချိန်က လေးလေးနက်နက် ပြန်လည် ဆန်းစစ် မေးခွန်းထုတ်ရမည့် အချိန် ဖြစ်သည်။ သို့မှသာ အင်အားသစ်တခု ပေါ်ထွန်းလာမည်ဟု လူအများက ယုံကြည် နေကြသည်။

“ကျနော်တို့ နိုင်ငံရေးသမားတွေက မပါးနပ်ကြဘူး။ သူတို့တွေက သာမာန် ရိုးရိုး နိုင်ငံရေး လှုပ်ရှားသူ အဆင့်လောက်ပဲ ရှိတယ်။ ဒီထက်ပိုမရင့်ကျက်သေးဘူးလို့ ကျနော်ထင်တယ်။ သူတို့တွေက အာဏာကို ဘယ်လို ယူရမယ်ဆိုတာ မသိဘူး။ သူတို့မှာ မဟာဗျူဟာကျတဲ့ မူဝါဒတွေလည်း မရှိဘူး” ဟု တက်ကြွ လှုပ်ရှားသူ တဦးဘ၀မှ နိုင်ငံရေး အကဲ ဖြတ်တဦး ဖြစ်လာခဲ့သူ ကိုအောင်နိုင်ဦးက ပြောသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် နိုင်ငံရေးခေါင်းဆောင်အများစုမှာ လူထုနောက်သို့ လိုက်နေခဲ့ခြင်းသာဖြစ်ပြီး လူထုကို ဦးဆောင်ခဲ့သူများ မဟုတ်ကြဟု ၎င်းက ဆိုသည်။

သို့သော်လည်း မကြိုးပမ်းခဲ့ခြင်းတော့ မဟုတ်ခဲ့ပေ။ ကျောင်းသားများက လူထုအုံကြွမှုကို စတင် လိုက်သည်နှင့် မကြာမီ မှာပင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် သြဇာတိက္ကမကြီးသော ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများက လှုပ်ရှားမှုအတွင်း ပါဝင်ပူးပေါင်းကာ လူပ်ရှားမှုကြီးကို ဦးဆောင်နိုင်ရန် အားထုတ်ခဲ့ကြသည်။

တိုင်းပြည်တပြည်လုံးတွင် အာဏာရှင်စနစ်အုပ်ချုပ်ရေး အဆုံးသတ်၍ ဒီမိုကရေစီ အပြောင်းအလဲများ ပေါ်ပေါက်ရေး အတွက် မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒေါ်စု၊ ဦးအောင်ကြီး၊ ဦးနု အဲဒီလို သြဇာကြီးတဲ့ ခေါင်းဆောင် တွေမျိုး တိုင်းပြည်သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ဖူးဘူး၊ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲဒီခေါင်းဆောင် တွေက အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ကြဘူး” ဟု ကိုအောင်နိုင်ဦးက ပြောပြခဲ့သည်။

ထိုခေါင်းဆောင် ၃ ဦးမှာ ညီညွတ်ရေးကို ပစ်ပယ်၍ ၎င်းတို့ လမ်းကြောင်းပေါ်တွင်သာ လျှောက်ခဲ့ကြသည် ဟု သူကဆက်ပြောသည်။


“တကယ်လို့များ သူတို့သာ ညီညွတ်ခဲ့မယ်ဆိုရင် ဇာတ်လမ်းက တမျိုးတဖုံ ဖြစ်လာမှာ” ဟု ၎င်းက ဆို၏။

ဆက်လက်၍ ကိုအောင်နိုင်ဦးက စစ်တပ်အနေနှင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့သည့်အချိန်တွင် ထိုခေါင်းဆောင်များက ညီညွတ်စွာဖြင့် ကြားဖြတ်အစိုးရဖွဲ့ခြင်း သို့မဟုတ် အရပ်သားအစိုးရ တရပ် အောက်မှ စေ့စပ်ညှိနှိုင်းရန် ကမ်းလှမ်းခြင်းများ ပြုလုပ်ခဲ့သင့်သည်ဟု ပြောသည်။

ထိုအချိန်က ဒေါက်တာမောင်မောင် ဦးဆောင်သည့် အရပ်သား အစိုးရတရပ် ရှိနေခဲ့ချိန် ဖြစ်သည်။ ဦးနေ၀င်းနှင့် သူ၏ အရိုက်အရာဆက်ခံသူ “သားသတ်သမား”ဟု နာမည်ကြီးသည့် ဦးစိန်လွင်တို့ ပြုတ်ကျခဲ့ရပြီးနောက် ဒေါက်တာမောင်မောင် က သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။

၁၉၈၈ လှုပ်ရှားမှု၏ အဆိုးဝါးဆုံးသော အမှားများအနက် တခုမှာ ညီညွတ်ရေး ကင်းမဲ့ခဲ့ခြင်း ဖြစ်၏။ ဧရာဝတီမဂ္ဂဇင်းက ချဉ်းကပ်မေးမြန်းခဲ့သော လှုပ်ရှား တက်ကြွသူ အများစုနှင့် နိုင်ငံရေးသမား အများစုက ထိုအချက်ကို ၀န်ခံခဲ့ကြသည်။

ညီညွတ်ရေးဆိုသည်မှာ အာဏာရှင်အစိုးရတိုင်း ယခင်ကတည်းက တုန်လှုပ်ခဲ့ပြီး ယခုတိုင် ၎င်းတို့၏ နှလုံးသားအတွင်း ကိန်းအောင်းနေသော စိမ့်၍ ကြောက်ရွံ့နေသည့် ကိစ္စ ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက အားထားနိုင်သည့် အထိရောက်ဆုံး လက်နက်တခုလည်း ဖြစ်သည်။ သို့သော်လည်း အတိုက်အခံများက ယခုတိုင် ညီညွတ်ရေးကို မဆုပ်ကိုင် နိုင်ကြသေးပေ။ ညီညွတ်ခြင်းကင်းမဲ့နေခြင်း ကြောင့်လည်း အာဏာရှင် စစ်အစိုးရအတွက် သက်ဆိုးရှည်ခွင့် ရနေစေ ခြင်းဖြစ်သည်။

သာဓကအားဖြင့် သြဇာတိက္ကမကြီးမားသော ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှုးချုပ်ဟောင်း ဦးအောင်ကြီး နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး တို့ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းခဲ့သော အဓိကအတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည်ပင်လျင် ညီညွတ်ရေးကို အောင်မြင်စွာ မတည်ဆောက်နိုင်ခဲ့ပေ။ ဦးအောင်ကြီးက ပါတီခေါင်းဆောင်ပိုင်းမှ ခွဲထွက်ကာ နောက်ပိုင်းတွင် သူ့ ကိုယ်ပိုင်ပါတီကို တည်ထောင်ခဲ့သည်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား မညီညွတ်ခဲ့သည်မှာ ယခုမှမဟုတ်။ ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ် ကာလများစွာ ကတည်းကပင် မြန်မာ့သမိုင်းတွင် ရှိခဲ့ခြင်းဖြစ်သည်ဟု လူထုအုံကြွမှု ကာလအတွင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့သူ ကိုတင်အေးက မှတ်ချက်ချသည်။

“၂၀ ရာစုနှစ် အစောပိုင်းကာလ ဗြိတိသျှအုပ်ချုပ်မှုကို တွန်းလှန်တဲ့ ကာလမှာ ကတည်းက နိုင်ငံရေး အင်အားစုတွေကြားမှာ တကွဲတပြား ဖြစ်နေခဲ့တာ” ဟု သူကပြောသည်။

၁၉၈၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတခုတွင် ညီညွတ်ရေး မရနိုင်သောကြောင့် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စများ ပျက်ပြားခဲ့ရပုံကိုလည်း ကိုတင်အေးက ပြန်ပြောင်းပြောပြခဲ့သည်။

“ဒါက ဗြိတိသျှကိုလိုနီတွေ ကျင့်သုံးခဲ့တဲ့ သွေးခွဲ အုပ်ချုပ်ရေး စနစ်ကြောင့် ဖြစ်နေတာလို့ ပြောကြ ပေမယ့် ကျနော်တို့သာ ခိုင်ခိုင်မာမာနဲ့ ညီညွတ်နေမယ် ဆိုရင် ဘယ်သူကမှ သွေးခွဲလို့မရပါဘူး” ဟု သူကဆိုသည်။

အမှန်တရားနှင့် တရားမျှတမှုအတွက် မားမားမတ်မတ် ရပ်တည်ရုံ တခုတည်းဖြင့် မလုံလောက်ဟု သြဇာကြီးသော ၈၈ မျိုးဆက် ကျောင်းသားများအုပ်စု၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ဆိုသည်။ သူကဲ့သို့သော ကျန် ၈၈ မျိုးဆက် ကျောင်းသားအုပ်စု ခေါင်းဆောင်အားလုံး ယခုအချိန်တွင် ထောင်ထဲရောက်နေကြပြီ ဖြစ်သည်။

“ကျနော်တို့တွေက အမှန်တရားနဲ့ တရားမျှတမှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒါတွေကို ဆုပ်ကိုင်ထားရုံ နဲ့တော့ အလုပ်မဖြစ်သေးဘူးဗျ။ အဲဒီလို အမှန်တရားဘက်၊ ပြည်သူ့ဘက်မှာ မားမား မတ်မတ် ရပ်နေလို့ပဲ တနေ့ ဒီတိုက်ပွဲ အောင်မြင်ရမယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီနေ့က ဘယ်တော့လဲ။ ကျနော်တို့ မြေးမြစ်တွေ လက်ထက် ကျမှလား” ဟု ကိုထွန်းမြင့်အောင်က ဆက်ပြောသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံး ပိုမိုကြီးမားသည့် အနစ်နာခံ စွန့်လွှတ်မှုများ ပေးဆပ်ရန် အသင့်ရှိ နေကြသည်ဟု သူကဆိုသည်။

“ဒါပေမယ့် ကျနော်တို့ လေးလေးနက်နက် စဉ်းစားသင့်တာကတော့ ကျနော်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု တခုတည်းနဲ့ အောင်ပွဲ ရ၊ မရ ဆိုတာပါပဲ” ဟု သူက နှိုင်းနှိုင်းဆဆ ပြောသည်။

၁၉၈၈ ခုနှစ်မှ စ၍ ထောင်ပေါင်းများစွာသော နိုင်ငံရေး လှုပ်ရှား တက်ကြွသူ များကို စစ်အစိုးရက ရက်စက်ကြမ်းကြုတ်မှု များဖြင့် နာမည်ကြီးသည့် အကျဉ်းထောင်များတွင် ထောင်သွင်းအကျဉ်းချ ထားခဲ့ပြီး အနည်းဆုံး နိုင်ငံ ရေးအကျဉ်းသား ၁၃၇ ဦးက စစ်အစိုးရ၏ သံတိုင်များ နောက်ကွယ်တွင် အသက်ဆုံးရှုံး ခဲ့ရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်) (AAPP) က ထုတ် ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရပါသည်။

ထိုမျှမက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးအား ပြင်းထန်စွာ ဖြိုခွင်းခဲ့ပြီး နောက်ပိုင်းတွင် ထောင်သောင်းချီသော လှုပ်ရှား တက်ကြွသူများလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

တကိုယ်ရေ စွန့်လွှတ်မှုများအတွက် အဆင်သင့်ပြင်ဆင်ထားရုံမျှဖြင့် မလုံလောက်ဘဲ နိုင်ငံရေးခေါင်းဆောင် များ အနေဖြင့် လက်တွေ့ကျသော မဟာဗျူဟာ၊ ရှင်းလင်းသော ခေါင်းဆောင်မှုနှင့် ညီညွတ်ရေးအတွက် ပိုမို အာရုံစိုက်သင့်သည်ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

၁၉၈၈ လူထုအုံကြွမှုနှင့် နောက်ပိုင်းနှစ်များအထိ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အပြီး ကာလများတွင် နိုင်ငံရေး ခေါင်းဆောင် အားလုံးနီးပါး တရားသေ ဆုပ်ကိုင်ခဲ့သော မူဝါဒများအနက် တခုမှာ စစ်တပ်ကို သူတို့၏ နေရာမှန်၊ စစ်တန်း လျားသို့ ပြန်ပို့ရေးပင် ဖြစ်သည်။ ဤမူဝါဒကို ဆုပ်ကိုင် သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င် ဖြစ်သည်။ သူ၏ဖခင်က စစ်တပ်ကို တည်ထောင်ခဲ့သူ တဦး ဖြစ်ပြီး စစ်တပ်၏ အခန်းကဏ္ဍသည် လူထုကို နှိပ်စက်ရန်မဟုတ် ဟုလည်း သူက ပြန်ပြောင်းပြောခဲ့သည်။

ယခုအချိန်တွင် ပြည်ပရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ၏ နိုင်ငံခြားရေး ကော်မတီ တာဝန်ခံ ဖြစ်သော ကိုညိုအုန်းမြင့်က ထိုနည်းလမ်းကို အစွန်းရောက်သည်ဟု မြင်ကြောင်း ပြောသည်။

“ကျနော်တို့ရဲ့ မူဝါဒအားနည်းချက်တခုက မင်းတို့ ငါ့ဘက်ကလား ရန်သူ့ဘက်ကလား ဆိုပြီး စဉ်းစားကြတဲ့ အချက်ပဲ။ အလယ်အလတ် ရပ်တည်ချက်ပုံစံမျိုးဆိုတာ မရှိခဲ့ဘူး။ စစ်အစိုးရကို ပိုပြီး ခပ်ရိုင်းရိုင်း၊ ခပ်ထန်ထန်၊ ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ မပြောနိုင်ရင် ခင်ဗျား နိုင်ငံရေးခေါင်းဆောင်နေရာ ရမှာမဟုတ်ဘူး” ဟု ကိုညိုအုန်းမြင့်က သုံးသပ်သည်။

အကျိုးဆက်အဖြစ် ဘက်နှစ်ဘက်စလုံးက တဘက်နှင့်တဘက် အပေးအယူ လုပ်ခြင်းထက် အပြီးသတ် ချေမှုန်း ရေးကိုသာ ဦးတည်နေကြသည်ဟု သူက ပြောပြခဲ့သည်။

“အန်အယ်လ်ဒီက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ဘဝင်မြင့်သွားတယ်။ ရွေးကောက်ပွဲ ရလဒ်က ပါတီဝင် တွေကြားမှာ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ဖြစ်စေခဲ့တယ်။ နိုင်ငံရေးအသာစီး ရပြီလို့ ထင်ခဲ့ကြတယ်။ တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပွဲသိမ်းလို့ ထင်မြင်ယူဆတာ မဟာအမှားပဲ” ဟု ကိုညိုအုန်းမြင့်က ပြောပြခဲ့သည်။

အန်အယ်လ်ဒီအဖွဲ့ဝင် အများစုလိုချင်သည်မှာ စစ်တပ်က ၎င်းတို့ပါတီထံသို့ နိုင်ငံရေးအာဏာ လွှဲပြောင်းပေးအပ်ရန် ဖြစ်သည်။ သို့သော်လည်း ယင်းအချက်ကြောင့်ပင် စစ်တပ်ကို ပို၍ ဝေးကွာ သွားစေပြီး အမျိုးသား ရင်ကြားစေ့ရေးလုပ်ရန် အတွက်လည်း ပို၍ အလှမ်းဝေး သွားစေသည်ဟု သူက ဆိုသည်။

“၁၉၈၈၊ ၉၀ ကာလတွေမှာ မြန်မာနိုင်ငံက စစ်မြေပြင်ကြီးလိုပဲ။ ဒေါ်စုက ကျနော်တို့ရဲ့ တပ်မှူးပေါ့။ ပြည်သူတွေကတော့ ကျနော်တို့ရဲ့ ရဲဘော်တွေ။ ကျနော်တို့က အင်အားကြီးတဲ့ တကယ့်စစ်တပ်ကြီးနဲ့ တိုက်ပွဲဖြစ်နေတာနဲ့ တူတယ်။ စစ်တပ်က ကျနော်တို့ တပ်တွေကို ဖြိုခွင်းလိုက်တဲ့ အချိန်မှာ ကိုယ့်အင်အား ကို ကိုယ် ကျနော်တို့ ပြန်မတည်ဆောက် နိုင်တော့ဘူး” ဟု ကိုညိုအုန်းမြင့်က ပြောသည်။

ထိုစဉ်က နိုင်ငံရေးသမားများနည်းတူ လှုပ်ရှား တက်ကြွသူများ၏ နိုင်ငံရေး အတွေ့အကြုံမှာ ၃၊ ၄ လ ခန့်သာ ရှိသေး သော်လည်း အဖွဲ့ချုပ်တွင် မူဝါဒချမှတ်သူများ ဖြစ်လာခဲ့ကြသည်ဟု သူက ပြောပြသည်။

“ကျနော်တို့ရဲ့ အမှားတခုကတော့ စိတ်ခံစားချက်တွေကို အဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာ ရောထည့် ခဲ့ကြတာပဲ။ နွားရိုင်းသတ်ပွဲလို မည်းမည်းမြင်ရာ လိုက်ဝှေ့နေသလို ဖြစ်နေတယ်” ဟု သူက ပြန်ပြောင်း သုံးသပ်သည်။

မြန်မာလူမျိုး အများစုကလည်း ဤသို့ ရပ်တည်ချက် ပြင်းထန်မှုမျိုးကို သဘောကျခဲ့ပြီး အပေးအယူ လုပ်ရန် မလိုလား ခဲ့ကြဟု ကိုညိုအုန်းမြင့်က ဆိုသည်။

“၁၉၈၈ ခုနှစ်က တကယ့်ကို ကြီးမားတဲ့ လူထုအုံကြွမှုကြီးကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်မှာ ကျနော်တို့ တွေက လုံးဝ ပြီးပြည့် စုံတဲ့ အောင်ပွဲတခု ရတော့မယ်လို့ ထင်ခဲ့ကြတာ” ဟု သူက ဆက်ပြောသည်။

ကိုအောင်နိုင်ဦးက အင်္ဂလိပ်ကဗျာဆရာ ၀ီလီယံ အားနက်စ် ဟန်နလီ ရေးသည့် အနိုင်မခံ (Invictus) ဆိုသော ကဗျာထဲမှ စာကြောင်းတကြောင်းကို ဗိုလ်ချုပ် အလွန်သဘောကျခဲ့သည်ဟု ပြောပြသည်။

“ငါ၏ ဦးခေါင်း သွေးများဖြင့် ရဲရဲနီလျှက်ရှိသည်။ သို့သော် ညွတ်ကား မညွတ်.. ဆိုတဲ့စာသားလေးပဲ။ ကျနော်တို့တွေလည်း အဲဒီသတ္တိမျိုးနဲ့ ကြီးပြင်းလာခဲ့တာပါ။ ဒါပေမယ့် တခြားဘက်မှာတော့ ကျနော်တို့ အပြန်အလှန် ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု ကိုအောင်နိုင်ဦးက ပြောပြသည်။

အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များက စစ်အစိုးရနှင့် အပေးအယူမလုပ်နိုင်ခြင်းမှာ အံအားသင့်ဖွယ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အတိုက်အခံများ အချင်းချင်း အကြားတွင်ပင် အပေးအယူ မလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကိုအောင်နိုင်ဦးက သုံးသပ်သည်။

“ရန်သူကို အထီးကျန်မဖြစ်ပါစေနဲ့။ ရန်သူကို ချောင်ထဲမှာ ထိုးမထားပါနဲ့။ ကျနော်တို့က ရန်သူကို အလင်းထဲကို ဆွဲထုတ်ဖို့ လိုတယ်။ ဒါမှမဟုတ်ရင်တော့ အပြောင်းအလဲဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

သို့သော် စစ်တပ်ခေါင်းဆောင်များကို အလင်းရောင်အတွင်းသို့ ထွက်လာ စေရန် မည်သို့ ဆွဲဆောင်ရမည်ကို မည်သူ တဦး တယောက်မျှ မသိခဲ့ကြပေ။ သေချာသည်ကတော့ စစ်အစိုးရတွင် ထို့ကဲ့သို့သော နိုင်ငံရေးဆန္ဒ မရှိသည် ကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားရင်ကြားစေ့ရေး အတွက် ခြွင်းချက်မထား၊ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုနေ မည့်အစား စစ်အစိုးရ ထံသို့ ရှင်လင်းပြတ်သားသည့် အာဏာခွဲဝေယူရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာကာ တင်ပြ သင့်သည်ဟု ကိုအောင်နိုင်ဦးက ယုံကြည်နေသည်။

“မြန်မာ့နိုင်ငံရေးက အစွန်း ၂ ဘက်ကို ရောက်နေကြတယ်။ ကျနော်တို့က အစွန်းရောက် အဖြေတွေ ရှာကြမှာလား။ စစ်အစိုးရကို ဗုံးကျဲပြီး အပြတ် ရှင်းပစ်နိုင်မှာလား။ ဒါက မဖြစ်နိုင်ဘူး။ ဒါဆို စစ်အစိုးရနဲ့ လုံးဝ ပူးပေါင်းမလား။ ဒါကလည်း မဖြစ်နိုင်တဲ့ နည်းလမ်းတခုပဲ” ဟု သူက ဆိုသည်။

အလယ်အလတ်ကျသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းသည်လည်း အလုပ်မဖြစ်ဟု သူကပြောပြန်သည်။

“ဒါဆိုရင် ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဝေဖန် ဆန်းစစ်မှု လုပ်ဖို့ လိုအပ်နေပြီ။ နိုင်ငံရေး ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်တဲ့ နည်းတွေကို စဉ်းစားဖို့လိုလာပြီ။ ၁ နှစ် ဒါမှမဟုတ် ၂ နှစ် လောက် မှား ခဲ့တာက ပြဿနာမဟုတ်ပေမယ့် အနှစ် ၂၀ တောင် မှားတယ် ဆိုတာတော့ မဖြစ်သင့်ဘူး” ဟု ကိုအောင်နိုင် ဦးက မှတ်ချက်ချသည်။

ကျော်စွာမိုးရေးသားသည့် The Price of Disunity ကိုဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,28th,2008

( 39 )ထောက်လှမ်းရေးဟု ခြိမ်းခြောက်ကာ အဖွဲ့ချုပ်ဝင်ကို ပစ္စည်းလု

( 38 )အာဆီယံပါလီမန် အမတ်များအဖွဲ့က မြန်မာ့အရေးတောင်းဆို

( 37 )မိတ္ထီလာဈေးကြီး၌ မီးသွေးမီး အသုံးရဟု တားမြစ်

( 36 )မဲရုံကို ဓါတ်ပုံရိုက်ခဲ့သည့် အဖွဲ့ချုပ်ဝင်တစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

( 35 )လေဘေးအလှူ အလွဲသုံးစားမှု ၀န်ကြီးတိုင်သော်လည်း အရေးမယူ

( 34 )ကချင်မိန်းခလေး အဓမ္မပြု သတ်ပစ်မှုအတွက် စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြ

( 33 )အာဏာပိုင်များက လူငယ်အဖွဲ့ဝင်များကိုဖမ်းဆီး၍ ချက်ချင်းရုံးထုတ်

( 32 )Burma to Hold Gem Auction

( 31 )ယခင်နှစ်က လမ်းလျှောက်ဆန္ဒပြသူ ၅ ဦးကို ဖမ်းဆီး

( 30 )USDA woos and pressures Christian community in Putao for 2010 elections

( 29 )နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း BIMSTEC အစည်းအဝေးတက်ရန် နယူးဒေလီ ရောက်မည်

( 28 )Junta authorities force carpenters to build high school

( 27 )တရားမဝင် VCD/DVD များ ရောင်းချမှုကြောင့် ဂီတလောက ထိခိုက်ရ

( 26 )Campaigners hail, ARIG's decision to pull out of Burma

( 25 )ဘိုကလေး အန်အယ်လ်ဒီ အဖွဲ့ဝင် (၆) ဦးကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

( 24 )Cambodian MP urges UN, ASEAN to fulfill Burma promise

( 23 )ပြင်ပငွေရင်းတောင့်တင်းသူများ မြန်မာနိုင်ငံ ပဲလောကထဲဝင်လာပဲဈေးကွက် ကမောက်ကမဖြစ်

( 22 )စက်တင်ဘာတွင် ထီအက္ခရာနှစ်လုံး ထပ်တိုးထုတ်မည်

( 21 )Fund raising concert for famine victims in Chin State

( 20 )ငါးမွေးမြူရာ ရေလွှမ်းသောကြောင့် ငါးဈေးကြီးပြီး ဝယ်သူနည်းလာ

( 19 )Ad industry in a spot over Mayor's order

( 18 )စစ်အာဏာပိုင်များနှင့် မွန်ခွဲထွက်ရေးအဖွဲ့အကြား တနင်္သာရီဒေသခံများ အနှိပ်စက်ခံနေရ

( 17 )Military Step in to Stem ‘Diamond Rush’

( 16 )လက်သမားများကို မယကမှ အထက်တန်းကျောင်း ဆောက်ခိုင်း

( 15 )Murder Story Draws Police Wrath

( 14 )ဒေါ်စုလွတ်မြောက်ရေး လှုပ်ရှားသူများကိုဖမ်းဆီး၊ ရမန်ယူ

( 13 )Helping Burma's nonviolent struggle

( 12 )အရှင်ဂမ္ဘီရနှင့် ကိုထင်ကျော်တို့ကို ရုံးထုတ်

( 11 )Free clinic by China docs

( 10 )အာစီယံအတွင်းရေမှူးချုပ် ဒေါ်စုနဲ့ တွေ့ရန်တိုက်တွန်း

( 9 )March to remember Burma Star veterans

( 8 )The Peking Games

( 7 )မြန်မာ့အရေး ကတိစကားအတိုင်းလုပ်ရန် ကုလနှင့် အာဆီယံကို ကမ္ဘောဒီးယားအမတ် တိုက်တွန်း

( 6 )တစ်နှစ်ကျော် ထိန်းသိမ်းခံရသည့် ကျောင်းသားခေါင်းဆောင်များကို တရားရုံးစထုတ်

( 5 )Flush-out operations in Burma camp

( 4 )တွံတေးမှ အဖွဲ့ချုပ်ဝင်တစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

( 3 )U.N. Burma's Generals

( 2 )Toor dhal supply under special PDS to continue

( 1 )တောင်းဆိုထားတဲ့ အခွင့်အရေးတွေ မရမတဲ့အတွက် ဒေါ်စု အစားအသောက် လက်မခံပဲ ဆန္ဒပြ

Wednesday, August 27, 2008

သူများတွေက အဲဒီလို ညီကြတယ်

ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြနေပြီ

NEJ/ ၂၇ သြဂုတ် ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည် ပြင်ပအစားအသောက်များလက်မခံခြင်းသည် စစ်အစိုးရအာဏာပိုင်တွေ ဘက်က ဒေါ်အောင်ဆန်းကြည်အပါအ၀င် အတူနေဒေါ်ခင်ဝင်းမိသားစုအပေါ်ကန့်သတ်ထားသည့် ပုဂ္ဂိုလ်ရေး ကန့်သတ်ချက်များအပေါ်မကျေနပ်၍ဆန္ဒပြနေခြင်းဖြစ်သော်လည်း အစာငတ်ခံဆန္ဒပြ နေခြင်းဟု မယူဆကြောင်း ခေတ်ပြိုင်နှင့် အမေးအဖြေပြုလုပ်ရာတွင် အန်အယ်လ်ဒီပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြု ပြောဆိုသည်။

မူလအကျယ်ချုပ်ကန့်သတ်ထားသည့်ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား ပါတီနှင့်ဆက်သွယ် ခွင့်၊ အပြင်ထွက်ခွင့်နှင့် သံတမန်များ နှင့်ဆက်သွယ်ခွင့်တို့ ပိတ်ပင်မှုမှအပကျန်အခွင့်အရေးများကို စစ်အစိုးရဘက်မှ ချုပ်ချယ်ခွင့်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ကယူဆကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

ချုပ်နှောင်ထားသည့်ကိစ္စ အယူခံခွင့် မရှိသည့်အချက်၊ ပြင်ပမှ ဒေါ်အောင်ဆန်းစုကြည် တကိုယ် ရည်သုံးပစ္စည်းများ ယူဆောင်ခွင့်ကို အာဏာပိုင်များက ကန့်သတ်ထားသည့်အချက်၊ ဒေါ်အောင် ဆန်းစုကြည်နှင့် အတူနေ ဒေါ်ခင်ဝင်း သားအမိကို ခြံပြင်ပသွားလေရာ စစ်ထောက်လှမ်းရေးက လိုက်လံနှောင့်ယှက်နေသည့်အချက် စသည့် မူလချုပ်နှောင်သည့် ဥပဒေနှင့် မပတ်သက်သည့် ကန့်သတ်ချက်များ ခွင့်ပြုသည်ထိ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြသွားမည်ဖြစ်သည်ဟု အန် အယ်လ် ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ခေတ်ပြိုင်သို့ အတည်ပြုပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့်အချက်များကို မိသားစုရှေ့နေ ဦးကြည်ဝင်းမှတဆင့် သက်ဆိုင်ရာ အာဏာပိုင်များကို တင်ပြထားပြီး ဖြစ်သော်လည်း အာဏာပိုင်တွေဘက်မှ ယခု သတင်းရေးချိန်ထိ အကြောင်းပြန်ကြားခြင်းမရှိသေးဟု စုံစမ်းသိရသည်။

မကြာခင်က ရန်ကုန်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည် မတွေ့ခြင်းသည် စစ်အစိုးရ ကန့်သတ်ချက်များကို မကျေနပ်၍ ဆန္ဒပြနေခြင်းနှင့် မပတ်သက်ဘဲ နိုင်ငံရေးအရ ဆောင်ရွက်ခြင်းဟု ယူဆကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော် ပြီးခဲ့သည့်ဇန်န၀ါရီလက ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီတို့ ရန်ကုန်မှာ တွေ့သည့်အချိန်တွင် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်း ဇာတ်မျောဖြစ်နေသည့် အတွက် မကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ သည်ဟု ဦးဥာဏ်ဝင်းက ရှင်းပြ သည်။

Source

အက်ဖ်အီးစီနှင့် ၀ယ်ခွင့်ရ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းများ နေ့စဉ်ပြောင်းလဲသတ်မှတ်

NEJ/ ၂၇ သြဂုတ် ၂၀၀၈

စစ်အစိုးရ ဆီဆိုင်များမှ အက်ဖ်အီးစီနှင့် သတ်မှတ်ရောင်းချပေးနေသည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဈေးနှုန်းများကို ပြောင်းလဲ သတ်မှတ်ရုံမျှ မက သာမန်ပြည်သူများနှင့် ကုလသမဂ္ဂကဲ့သို့အဖွဲ့အစည်း များအတွက်ပါ ဈေးနှုန်းခွဲခြား ရောင်းချနေကြောင်း သိရသည်။

ကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့သူတဦးက “သြဂုတ် (၂၂) ရက်ကနေ (၂၄) ရက်အထိ ဓာတ်ဆီ တဂါလန် (၃.၇၅) အက်ဖ်အီးစီ၊ ဒီဇယ်ဆီ တဂါလန် (၄.၂ ) အက်ဖ်အီးစီဆိုပြီး သတ်မှတ်ရောင်း တယ်။ သြဂုတ် (၂၅) ရက်ကျတော့ ဓာတ်ဆီတဂါလန် (၄.၀) အက်ဖ်အီးစီ၊ ဒီဇယ် တဂါလန် (၄.၄) အက်ဖ်အီးစီ ဆိုပြီးသတ်မှတ်လိုက်တယ်။ ထူးခြားတာက ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သံတမန် ကားတွေကိုတော့ ဓာတ်ဆီ တဂါလန် (၃.၇) အက်ဖ်အီးစီ၊ ဒီဇယ်တဂါလန် (၄.၀) အက်ဖ်အီးစီ ဈေးနှုန်းနဲ့ရောင်းပေးမယ်ဆိုပြီး ခွဲခြားသတ်မှတ်လိုက်တယ်” ဟု ပြောသည်။

အက်ဖ်အီးစီနှင့် ၀ယ်ယူရာတွင် အဓိကအခက်အခဲမှာ ၀ယ်ယူသည့်ဆီဂါလန်အလိုက် ပြန်အမ်းစရာ အက်ဖ်အီးစီအကြွေ မရှိခြင်းဖြစ်ကြောင်း၊ ဆီဆိုင်စာရေးများက အတိအကျဖြစ်စေရန် (၅) ဂါလန် ဖြစ်ဖြစ် ၀ယ်ခိုင်းပြီး ထိုသို့မဟုတ်ပါက ပိုသမျှအက်ဖ်အီးစီငွေကို ဆိုင်မှာစာရင်းမှတ်စနစ် ထားခိုင်း ကြောင်း ဆီကိုယ်တိုင်သွားရောက် ၀ယ်ယူခဲ့သူက ပြောသည်။

မြန်မာစစ်အစိုးရသည် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးချင်းတူညီသည့် အက်ဖ်အီးစီငွေကို ထုတ်ဝေ ထားခဲ့ရာ အငယ်ဆုံး (၁) ယူနစ်တန်၊ (၅) ယူနစ်၊ (၁၀) ယူနစ်နှင့် တန်ဖိုးအကြီးဆုံး (၂၀) ယူနစ် တန်တို့ ထုတ်ဝေထားကြောင်းသိရသည်။ နာဂစ်အတွက်ကူညီသည့် ကုလသမဂ္ဂအဖွဲ့ကြီး ဒေါ်လာ သန်း (၂၀) နီးပါး အရှုံးပြရခြင်းသည် မြန်မာ စစ်အစိုးရ၏ ငွေလဲနှုန်းစနစ်ကြောင့်ဟု စွပ်စွဲခံရပြီး နောက် စစ်အစိုးရက လောင်စာဆီကို အက်ဖ်အီးစီနှင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် စီးပွားရေးလုပ်ငန်းရှင်တဦးကမူ “အက်ဖ်အီးစီကို တန်ဖိုးတက်အောင် ရွှေတို့၊ ဒေါ်လာတို့
နဲ့ အစိုးရဘဏ်က ကျားကန်ပေးရမယ့်အစား လောင်စာဆီဝယ်ခွင့်ပေးတာ အမှန်တကယ် ဖြေရှင်း နည်းမှ မဟုတ်တာ၊ တပွဲတိုးပဲဖြစ်မှာပဲ။ ခုလည်း အက်ဖ်အီးစီ တန်ဖိုးတက်ရုံ မှောင်ခိုမှာ ဒေါ်လာ
ဈေးနဲ့ ညီရုံလောက် ရည်မှန်းတာမို့ အက်ဖ်အီးစီတန်ဖိုး အ၀ယ်လိုက်အောင် လောင်စာဆီနဲ့ မက် လုံးပေးပြီး ခဏပန်းဖြေရှင်းပေးတာပဲ။ မကြာခင် လောင်စာဆီကို အက်ဖ်အီးစီနဲ့ဝယ်ခွင့် ပြန်ပိတ် ဖို့များတယ်” ဟု ပြောသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းကိုနေ့စဉ် နေပြည်တော်မှ ဈေးနှုန်းပြောင်းလဲသတ်မှတ်ပေးမည်ဟု ဆို သော်လည်း မည်သည့်ဈေးနှုန်းကို မည်သို့အခြေခံသတ်မှတ်ကြောင်း အစိုးရကထုတ်ပြန်ကြေညာ ထားခြင်းမရှိပေ။

အက်ဖ်အီးစီနှင့် စတင်ရောင်းသည့်နေ့က ဓာတ်ဆီတဂါလန် (၃.၆၅) အက်ဖ်အီးစီ၊ ဒီဇယ်တဂါလန် (၄.၁၀) အက်ဖ်အီးစီဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး တဖြည်းဖြည်း ဈေးတက်လာခြင်းဖြစ်သည်။ သို့သော် ဆီဆိုင်များတွင် ၀ယ်သူသိပ်မရှိဟု သိရသည်။

ယခုကဲ့သို့ ဓာတ်ဆီ၊ ဒီဇယ်များကို အက်ဖ်အီးစီနှင့် ၀ယ်ယူခွင့်ပြုလိုက်သဖြင့် ပြင်ပဒေါ်လာ၊ အက်ဖ် အီးစီမှောင်ခိုဈေးကွက်တွင် အက်ဖ်အီးစီသည် ဒေါ်လာနည်းတူ အရောင်းအ၀ယ်သွက်လာနေ ကြောင်း၊ နေ့စဉ်ဈေးနှုန်းအတက်အကျ ရှိနေကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

ယမန်နေ့ ဈေးနှုန်းမှာ ဓာတ်ဆီတဂါလန် (၃.၇၅) အက်ဖ်အီးစီ၊ ဒီဇယ်တဂါလန် (၄.၂) အက်ဖ်အီးစီ ရှိသည်။

Source

အဲပုဂံလေယာဉ်ကို MAI ဌားရမ်းမည်

နန်းဒေဝီ

နယူးဒေလီ။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI က အဲပုဂံ လေကြောင်းလိုင်းပိုင် Fokker-100 လေယာဉ်ကို ဘန်ကောက်-ကွာလာလမ်ပူ ခရီးစဉ်အတွက် ငှားရမ်း အသုံးပြုသွားမည် ဖြစ်သည်။

ခရီးသည် ၃၆ ဦး လိုက်ပါနိုင်သည့် ဖော်ကာ ၁ဝဝ (F-100) ကို သြဂုတ်လကုန်ပိုင်းမှ နိုဝင်ဘာလ နောက်ဆုံးပတ်ထိ ၃ လစာ အဌားစာချုပ်ဖြင့် ငှားရမ်း အသုံးပြုသွားရန် သဘောတူထားကြခြင်း ဖြစ်သည်။

“ကျမတို့ ၃ လလောက်အတွက်ပဲ ငှားထားတာပါ။ သြဂုတ်လကုန်က စပြီးတော့ နိုဝင်ဘာလကုန်လောက် အထိပါ။ လောလောဆယ် လေယာဉ်ပျံ အခက်အခဲ ဖြစ်နေတယ်လေ။ အဲဒီ အတွက်ကြောင့်မို့လို့ ၃ လလောက်ပဲ ငှားထားတာပါ။ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီးတော့ တခြား လေယာဉ်ပျံ ထပ်ငှားရမယ်။ အမှန်တော့ တခြား လေယာဉ်ပျံတစီး ကြားထဲမှာ မရသေးတဲ့ အတွက်ကြောင့် အခုလို အဲပုဂံကို ငှားလိုက်ရတာပါ” ဟု ရန်ကုန်ရှိ အမ်အေအိုင် ၀န်ထမ်း မအေးမြသာ က ပြောသည်။

MAI သည် စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလမ်ပူ ခရီးစဉ်များ ပျံသန်းနေရာတွင် ယခင်က ဘန်ကောက်-ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ်အတွက် ထိုင်းနိုင်ငံပိုင် One-Two_Go MD-82 ကို ငှားရမ်း ပျံသန်းခဲ့သော်လည်း လေယာဉ်များ စိတ်ချရသည့် အရည်အသွေး မမှီသဖြင့် အာမခံက ရပ်ဆိုင်းခဲ့ရပြီးနောက် ယခုအခါ အဲပုဂံပိုင် လေကြောင်းလိုင်းဖြင့် ခရီးစဉ်အား အစားထိုးသွားမည် ဖြစ်သည်။

“ဘန်ကောက်-ကွာလာလမ်ပူကျတော့ နဂိုကတည်းက လေယာဉ်ပျံ ငှားငှားပြီးတော့ ပျံတယ်။ အရင် One-Two_Go MD-82 က Insurance အာမခံကိစ္စတွေ အဆင်မပြေတဲ့ အတွက်ကြောင့် ရပ်လိုက်တယ် … ဒီခရီးစဉ်တွေကိုလည်း ရပ်မထားချင်တဲ့ အတွက်ကြောင့်မို့ ဟိုဘက်ကလည်း F-100 ပေးနိုင်တဲ့ အတွက်ကြောင့်မို့ ကြားထဲမှာ သူတို့ ငှားပေးနိုင်တဲ့အတွက် ဌားလိုက်တာပါ” ဟု မအေးမြသာ ကပြောသည်။

ယခုလို အဲပုဂံ လေကြောင်းပိုင် လေယာဉ်အား MAI လေကြောင်းလိုင်းမှ ငှားရမ်း အသုံးပြုခြင်းနှင့် ပတ်သက်၍ အဲပုဂံမှ ဝန်ထမ်းတဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ သူက ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း အသေးစိတ် ဖြေကြားရန်အတွက် ငြင်းဆိုခဲ့သည်။

အဲပုဂံ သည် နအဖ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းနှင့် စီးပွားရေး ပူးတွဲ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်သည့် လေကြောင်းလိုင်းဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွင်း စစ်အစိုးရမှ ငြိမ်းချမ်းစွာ လမ်းထွက် ဆန္ဒပြခဲ့သူများအား အကြမ်းဖက် နှိမ်နှင်းမှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စစ်အစိုးရနှင့် ၎င်းတို့နှင့်အတူ ပူးတွဲ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်များအား စီးပွားရေး ပိတ်ဆို့မှု လုပ်ရာတွင် ဦးတေဇလည်း ပါဝင်ခဲ့သည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ပြီး မကြာမီမှာပင် အဲပုဂံ၏ ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ် ရပ်နားခဲ့ရသည်။ ထို့အပြင် ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကိုလည်း ယခုနှစ် ဇွန်လအတွင်းမှ စက်တင်ဘာလအထိ ၃ လကြာ ရပ်ဆိုင်းခဲ့သေးသည်။

Source

Empty handed envoy

အလင်းရောင် လက်ဖြာည … သို့မဟုတ် … လေးဖြူနဲ့ IC ရဲ့ နာဂစ်ရန်ပုံငွေပွဲ …

ဧရာဝတီ

မိုးရွာပြီးစ ကောင်းကင်က ခပ်မှိုင်းမှိုင်းဖျော့တော့နေချိန် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးဘေးမှာရှိတဲ့ သုဝဏ္ဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီး ရှေ့မှာတော့ သစ်လွင်တောက်ပတဲ့ အ၀တ်အစားတွေနဲ့ လူငယ် ထောင် ပေါင်းများစွာ စုရုံး ရောက်ရှိနေကြတယ်။ သူတို့မျက်နှာတွေက တက်ကြွလန်းဆန်းနေတယ်။ သူတို့တတွေကို လုံထိန်း ရဲကားတွေ၊ အချူပ်ကား တွေနဲ့ ရာပေါင်းများသော လုံထိန်း ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေတယ်။

ဒါပေမယ့် ဒီလူငယ်တွေက လုံထိန်းရဲတွေကိုသတိမမူအား အချင်းချင်းစကြနောက်ကြနဲ့ ပျော်ရွှင်လို့နေကြတယ်။ သူတို့တွေ ဟာ နာဂစ်ဒုက္ခသည်တွေကိုကူညီဖို့ ရန်ပုံငွေရှာတဲ့ နာမည်ကျော် IRON CROSS တေးဂီတအဖွဲ့နဲ့အတူ သီဆိုဖျော်ဖြေမယ့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ရဲ့ စတိတ်ရှိုးပွဲလာရောက်ကြတဲ့လူငယ်တွေပါ။


“လက်မှတ်တွေ ၁၃၀၀၀ နော်၊ ကုန်တော့မှာ”ဆိုတဲ့လက်မှတ်ရောင်းတဲ့သူတွေရဲ့အသံတွေကလည်း ဆူညံ နေတယ်။ မြန်မာ ပြည်မှာ ဈေးအကြီးဆုံးလို့ဆိုနိုင်မယ့် စတိတ်ရှိုးလက်မှတ် တစောင် ကျပ် ၁၅၀၀၀ ၊ ၁၀၀၀၀ ၊ ၉၀၀၀ ဈေးနှုန်းတွေဟာ များပြားလွန်းလှတဲ့ ဈေးနှုန်းဖြစ်ပေမယ့်စတိတ်ရှိုးငတ်နေတဲ့ လူငယ်တွေကတော့ ဈေးနှုန်းကို ဂရုမထား၊ အံ့သြဖွယ်ကောင်း လောက်အောင် ရုံပြည့်ရုံလျှံဝယ်ယူအားပေးကြလို့ ရက်ပိုင်းအတွင်း လက်မှတ်တွေရောင်းကုန်သွားတယ်။ မူလ က ၂၄ ရက် တရက်တည်းကျင်းပဖို့ စီစဉ်ထားပေမယ့် လက်မှတ် မရလိုက်တဲ့ သူတွေအများအပြားရှိတာမို့ ၂၅ ရက်ကိုပါထပ်ပြီး ပွဲကျင်းပ ဖို့စီစဉ်ခဲ့တာလို့ရှိုးပွဲ စီစဉ်သူ ALPINE သောက်ရေသန့် ကုမဏီက တာဝန်ရှိသူ တဦးကဆိုပါတယ်။

သုဝဏ္ဏအားကစားရုံကြီးရှေ့မှာ လူတွေ၊ ကားတွေ၊ ဈေးသည်တွေ၊ ရဲတွေ ရှုပ်ယှက်ခတ်နေတယ်။ ရှိုးပွဲကျင်းပမယ့် အားကစားရုံထဲဝင်ဖို့ တန်းစီနေတဲ့ လူတန်းကြီးကလည်း ရထားတန်းကြီးပမာ ရှည်လျားလွန်းလှတယ်။

ညနေ ၅ နာရီ။

သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီးထဲမှာ ဂီတကို ချစ်မြတ်နိုးကြတဲ့ လူကြီးလူငယ် အရွယ်မျိုးစုံ မိမိတို့လက်မှတ် ၀ယ်ယူ ထားရာနေရာအသီးသီးကို ရောက်ရှိနေရာယူကြတယ်။ တချို့က ထိုင်ခုံတွေမှာနေရာယူနေကြသလို တချို့ ကတော့ မတ်တတ်ရပ် အားပေးဖို့ ဟန်ပြင်နေကြတယ်။

ALPINE သောက်ရေသန့်နဲ့ မြန်မာဘီယာဆိုတဲ့ ဆိုင်းဘုတ်တွေက ရုံအတွင်းမှာ ပြည့်နှက်နေရာယူထားတယ်။ တေးဂီတ ဖျော်ဖြေမှုပေးမယ့် စင်ကြီးကတော့ သံတိုင်တွေနဲ့တည်ဆောက်ထားပြီး ခန့်ညားလွန်းလှတယ်။ တေး ဂီတစင်ကို ပရိုဂျက် တာတွေနဲ့တန်ဆာဆင်ထားပြီး အနီရောင် i နဲ့ c ဆိုတဲ့ စာလုံးကြီးနှစ်ခုကလည်း စတိတ်ရှိုး စင်ကို ပိုပြီးထင်ရှား ပေါ်လွင်စေ တယ်။ ပရိုဂျက်တာပေါ်မှာကတော့ လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်းနဲ့မျိုးကြီး တို့ရဲ့ ပုံရိပ် လေးခု နဲ့ IRON CROSS ဆိုတဲ့ စာတန်းကြီး ထိုးထားပြီး နောက်ခံ ရော့ခ် တေးဂီတအသံတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်နေတယ်။


ညနေ ၅ နာရီ ၁၁ မိနစ်။

ပရိုဂျက်တာပေါ်မှာ မြစ်ပြင်ကျယ်တွေ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ တံငါတွေ၊ ဆော့ကစားပြေးလွှားနေတဲ့ ကလေးငယ်ပုံ ရိပ်တွေက လှုပ်ရှားသက်ဝင်ပြသတယ်။ အဲဒီနောက်မှာတော့ လျှပ်စီးလျှပ်လက်ရောင်တွေထပြီး မုန်တိုင်းဒီရေတွေတက်လာ တဲ့ ပုံတွေ တခုတခုပြီး ပြသတယ်။ ပြီးတော့ ငိုကြွေးနေတဲ့ကလေးငယ်တွေ၊ ဒုက္ခရောက်နေတဲ့ လူကြီးလူငယ်တွေရဲ့ပုံတွေက ဆက်တိုက်ဆိုသလိုပေါ်ထွက်လာတယ်။

“အားလုံးရဲ့ မျက်ရည်ကိုယ်စီဆုတောင်းခြင်းများနဲ့…..ဒီကမ္ဘာမှာကျခဲ့ရ ၊ မိဘမဲ့ကလေးများ အမေရေ ခေါ်တဲ့ အသံများလား …”ဆိုတဲ့“နေရောင်အောက်က အသက်ရှုသံများ”သီချင်းကို မျိုးကြီး၊ လေးဖြူ၊ အငဲ နဲ့ ၀ိုင်ဝိုင်းတို့ သံပြိုင်စတင်သီဆိုလိုက်ချိန် မှာတော့ ပရိသတ်ရဲ့ လက်ခုပ်သံတွေ၊ သီချင်းကို သံပြိုင်လိုက်လံသီဆိုတဲ့ အသံတွေ က အားကစားရုံတခုလုံးလျှံထွက် ဖုံးလွှမ်းသွားတယ်။

အဲဒီသီချင်းပြီးတဲ့ နောက်မှာတော့ အဆိုတော် အငဲက “အချစ်ကခါး” သီချင်းဆိုပါတယ်။ ပရိသတ်တွေက ခုန်ပေါက်ကကြ သလို တချို့ဆယ်ကျော်သက် အရွယ်အမျိုးသမီးငယ်လေးတွေက အငဲ လို့အော်ပြီး မျက်ရည်တွေ ကျကြတယ်။ တချို့ ဆယ်ကျော်သက် အမျိုးသားလူငယ်တွေကလည်း အင်္ကျီတွေချွတ်လို့ ကခုန်ကြတယ်။

နာမည်ကျော်အဆိုတော်တွေဖြစ်တာနဲ့အညီ ပရိသတ်ရဲ့အားပေးမှုကလည်း ကြောက်ခမန်းလိလိ။ ပရိသတ်ကြိုက် နှစ်သက် ပြီးသား နာမည်ကြီး ရော့ခ်တေးသီးချင်းတွေ၊ အချစ်သီချင်း အေးအေးလေးတွေကို အငဲနဲ့ ၀ိုင်ဝိုင်းတို့က ဆက်တိုက် သီဆိုကြပါတယ်။

ညနေ ၅ နာရီ ၃၈ မိနစ် မှာတော့ ...

ဘယ်တော့မှ စတိတ်ရှိုးမဆိုတော့ပါဘူးလို့ ကြေညာထားတဲ့ အဆိုတော်ကြီး လေးဖြူ တကိုယ်တော်ဖျော်ဖြေသီဆို ဖို့ပြင်ဆင် ချိန်မှာ တော့ ပရိတ်သတ်တွေက “လေးဖြူ” “လေးဖြူ”ဆိုပြီး ညာသံပေးအော်ဟစ်သံတွေက သုဝဏ္ဏ အားကစားရုံ ပြင်ပ ထိအောင် ဟိန်းထွက်သွားတယ်။

“ခင်ဗျားတို့နဲ့အတူ နာဂစ်လေဘေးဒုက္ခသည်တွေအတွက် ကုသိုလ်ပြုရတာ အရမ်းပျော်ရွှင်ပါတယ်။ အားလုံး မင်္ဂလာပါ”လို့ လေးဖြူနှုတ်ခွန်းဆက်ပြီးချိန်မှာတော့ ပရိသတ်ရဲ့ လှုပ်ရှားမှုတွေက လေးဖြူ သီဆိုတဲ့ ရော့ခ် သီချင်းတွေမှာ နစ်မျောခုန် ပေါက်ကြတယ်။ ပွဲစချိန်ကတည်းက ရုံပြည့်ရုံလျှံနေတဲ့ လူအုပ်က ပွဲစပြီး ၄၅ မိနစ် လောက်အကြာမှာ ပို၍ပို၍ များပြား လာပါတယ်။

“ဒီပွဲလောက်ပရိတ်သတ်များတာ တခါမှ မမြင်ဖူးဘူး။ အတော်ကို အားရစရာကောင်းတယ်”လို့ ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် တဦးက မှတ်ချက်ပြုတယ်။

နာမည်ကျော် ဟစ်ဟော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ “အကြီးကျယ်ဆုံးနဲ့ အအောင်မြင်ဆုံးပွဲပါပဲ။ အားကျမိပါတယ်” လို့ စတိတ်ရှိုးပွဲကို ခုန်ပေါက် အားပေးကခုန်ရင်း မှတ်ချက်ပေးတယ်။

ရော့ခ်သီချင်းတွေသီဆို နာမည်ကြီးတဲ့ အမျိုးသမီးအဆိုတော် ကော်နီကလည်း “ပရိသတ်များနဲ့အတူတူ ပျော်ရွှင်ရပါတယ်။ ဂုဏ်ယူပါတယ်”လို့ ရယ်မောစွာနဲ့ တုံ့ပြန်မှတ်ချက်ပြုတယ်။ စူးရှတဲ့ အသံနဲ့အချစ်သီချင်းတွေရော၊ ရော့ခ်သီချင်းတွေပါ သီဆို နိုင်တဲ့ ပရိသတ်အချစ်တော် ချောစုခင်ကလည်း “ဘာဖြစ်ဖြစ် အခုလို ကိုလေးဖြူစတိတ်ရှိုးပြန်ဆိုတဲ့အတွက် ပရိသတ် အတွက်ရော ချောစုကပါ အရမ်းပျော်တယ်။ ဒီနေ့ ၂၄ ရက်နဲ့မနက်ဖြန် ၂၅ ရက်ပါ ၂ ရက်စလုံး ကိုလေးကို အားပေးမယ်။ မကြည့်ရတာကြာပြီဖြစ်တဲ့ ကိုလေး ရဲ့ ဖျော်ဖြေတာ ပြန်ကြည့်ရတဲ့အတွက် အရမ်းမိုက်ပါတယ်”လို့ သူမရဲ့ခံစားချက်ကို ထုတ်ဖော်ပြောပါတယ်။

စတိတ်ရှိုးပွဲကိုလာကြည့်တဲ့ ပရိသတ်အရေအတွက်က ခန့်မှန်းဖို့ခက်လောက်အောင် များပြားလွန်းလှတယ်။ ပွဲလုံခြုံရေး တာဝန်ယူထားတဲ့ လုံခြုံရေးဝန်ထမ်းတဦးကတော့ အနည်းဆုံး ငါးသောင်းကျော်ရှိမယ်လို့ ခန့်မှန်း တယ်။ ပရိသတ်တွေထဲမှာ နိုင်ငံခြားသားတွေ တော်တော်များများကိုလည်း တွေ့ရတယ်။

ပရိသတ်အချစ်တော် လေးဖြူ၊ ၀ိုင်ဝိုင်း၊ အငဲနဲ့မျိုးကြီးတို့ဟာ သီဆိုဖျော်ဖြေချိန်မှာ ပရိသတ်ဘက်ကို မိုက်ကရိုဖုန်း ကို ထိုးပေးပြီး ပရိသတ်ရဲ့သံပြိုင်သီချင်းလိုက်လံသီဆိုမှုကို အသိအမှတ်ပြုရင်း ပရိသတ်ကိုလည်း အရွှန်းဖောက် ပါတယ်။

“ပရိသတ်ကြီး မျိုးကြီးမြှောက်ပေးတိုင်း အင်္ကျီတွေချွတ်မနေကြနဲ့ အအေးပတ်ကုန်လိမ့်မယ်”လို့ အဆိုတော်အငဲက ပြောတော့ ပရိသတ်တွေကလည်း ရယ်ကြတယ်။

လေးဖြူကလည်း “ရောမီသောဖော (တရုတ်ကားထဲကပုံစံအတိုင်းလုပ်ပြ)”ဆိုပြီး ပရိသတ်ကို နောက်တယ်။

တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ ပရိသတ်နဲ့ အဆိုတော်တွေ အပေးအယူ မျှမျှ အတိုင်အဖောက် ညီလာ ကြတယ်။ အဆိုတော်တွေက ပရိသတ်ကို အစွမ်းကုန်ဖျော်ဖြေ ကြသလို ပရိသတ်တွေကလည်း ပွဲကို စည်းကမ်း ရှိရှိ ရန်ပွဲမရှိအား ပေးနေကြတယ်။

ည ၉ နာရီ မိနစ်၂၀ အချိန်ကျတော့ …

အဆိုတော်လေးဖြူက “ဒီညလေးကိုတော့ ဘယ်လိုမှမေ့လို့ရတော့မှာမဟုတ်ပါဘူး” လို့ပြောပြီး ပွဲကို နိဂုံးချူပ်ဖို့ ပြင်တော့ ပရိသတ်တွေက အော်ဟစ်ပြီး သီချင်းတောင်းကြတယ်။

ပရိသတ် တောင်းဆိုမှုကြောင့် လေးဖြူက နောက်ထပ်သီချင်းနှစ်ပုဒ် ထပ်ဆိုပေးမယ်။ မနက်ဖြန်ကျရင်လည်း ကျနော်ဆွဲရ ဦးမယ် (သီချင်းထပ်ဆိုရဦးမယ်)။ အဲဒီတော့ နှစ်ပုဒ်ပြီးရင် ပွဲနားကြပါစို့လို့ တောင်းပန်ပါတယ်။

ည ၉နာရီ ၃၀ မိနစ်အချိန် မှာတော့ …

အဆိုတော် လေးဖြူက နောက်ဆုံးပွဲသိမ်းသီချင်းအနေနဲ့ သူ့ရဲ့ပထမဆုံးသော နာမည်ကြီး သီချင်းဖြစ်တဲ့ “အလင်းရောင်” သီချင်းကို ဖျော်ဖြေတော့ ပရိသတ်ကလည်း သီချင်းကို သံပြိုင်အော်ဟစ်သီဆိုကြတယ်။ တချို့ပရိသတ်တွေက မီးခြစ် ကိုခြစ်ပြီး မီးတောက်လေးတွေကို ဝှေ့ယမ်းပြီး လွမ်းလွမ်းဆွေးဆွေးအားပေးကြတယ်။

ပွဲကို လာရောက်အားပေးတဲ့ အသက်၂၀ ကျော်အရွယ် ပြင်သစ်နိုင်ငံသူလေးတဦးရဲ့မျက်နှာမှာ မျက်ရည်တွေ ကျနေတာကို တွေ့လိုက်ရတယ်။ ဘာဖြစ်လို့လဲ လို့ မေးလိုက်တော့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် သီဆိုကြတဲ့ အဆိုတော်တွေနဲ့ အားပေးကြတဲ့ ပရိသတ်ကို မြင်တွေ့ရတာ သူမအဖို့ဝမ်းသာလွန်းလို့ မျက်ရည်ကျတာပါလို့ ပြောတယ်။

ည ၉ နာရီ ၄၀ မိနစ် အချိန်မှာပဲ …

နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ဖျော်ဖြေတဲ့ရန်ပုံငွေ စတိတ်ရှိုးပွဲက အောင်မြင်အေးချမ်းစွာနဲ့ အဆုံးသတ်သွား ပါတော့တယ်။

Source