Friday, August 15, 2008

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရအုပ်ချုပ်ရေး စာရင်းပိတ်ဖို့ပြင်န်ကြီးဌာနများအား အမြန်စာရင်းစစ်ဖို့ စာရင်းစစ်ချုပ်ရုံးကိုခိုင်း

NEJ/ ၁၅ သြဂုတ် ၂၀၀၈

စီးပွားရေးလုပ်ကိုင်နေသည့် နေပြည်တော်ဝန်ကြီးဌာန (၁၄) ခုအား အောက်တိုဘာ (၃၁) ရက် နောက်ဆုံးထားပြီး အမြန်စာရင်းစစ်ပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စာရင်းစစ်ချုပ်ရုံးကို အရေးပေါ် တာဝန်ပေးလိုက်ကြောင်း အမိန့် သြဂုတ် (၁၈) ရက်က ထုတ်ပြန်လိုက်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

အဆိုပါ စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက် တင်ပြရမည် ဖြစ်သည်။ အဆိုပါ အမိန့်ထွက် လာခြင်းသည် နအဖအုပ်ချုပ်ရေးကို အဆုံးသတ်ပြီး ၂၀၁၀ ပြည့် နောက်ပိုင်း ပေါ်ထွက်လာမည့် အရပ်သားအစိုးရလက် လွှဲပြောင်းနိုင်ရေး စာရင်းပိတ်ရန် ကြိုးစားခြင်းဖြစ်နိုင်သည်ဟု နေပြည်တော် ၀န်ကြီးဌာနတာဝန်ရှိသူအချို့က ယူဆသည်။

သို့သော် စာရင်းစစ်ချုပ်ရုံးမှ တိုက်ရိုက်ကိုင်တွယ် စစ်ဆေးရာမှ အဂတိလိုက်စားမှု အများအပြား ပေါ်ပေါက်လာနိုင်သည့်အတွက် မည်သည့်ဝန်ကြီးများ ဓားစာခံဖြစ်မည်ဆိုသည်ကို သက်ဆိုင်ရာ ၀န်ကြီးအတော်များများ စိုးရိမ်နေသည်ဟု ၀န်ကြီးဌာန အရာရှိများက ပြောသည်။

No comments: