Saturday, August 16, 2008

မူဆယ်မြို့လျှပ်စစ်မီးလူထုအပေါ် မတရားခေါင်းပုံဖြတ်

မူဆယ်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးလင်းရေးနှင့်ပါတ်သက်ပြီး ပြည်သူလူထုအပေါ် မတရားလုပ်နေသည့် မူဆယ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး နှင့် မူဆယ် မယက ဥက့ဌ ဦးညွန့်ဟန် မှ ၂၀၀၈ ခုနှစ် ဇွန်လက အမိန့်ထုတ်ခဲ့သော အိမ်သုံး မီတာလဲလှယ်တပ်ဆင်ခြင်းကိစ္စ အကြောင်းအရာ များထွက်ပေါ်လာ၍ ဒေသခံ တိုင်းရင်းသားပြည်သူလူထုက မကျေမနပ် ဖြစ်နေကြောင်း ဖော်ပြလိုပါသည်၊၊

၂၀၀၈ ခုနှစ် ဇွန်လ (၁၇) ရက် ရက်စွဲဖြင့် မူဆယ်မြို့နယ်ရယက ဥက့ဌများဟု လိပ်မူတပ်ပြီး အကြောင်း အရာ - အိမ်သုံးမီတာ လဲလှယ်တပ်ဆင်ခြင်းကိစ္စ ။ ရည်ညွန်းချက် - ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး။ လျှပ်စစ်ဓါတ်အား ဖြန့် ဖြူးရေးလုပ်ငန်း. (၁၂-၆-၂၀၀၈) ရက်စွဲပါစာအမှတ် (--) ကို မူဆယ်မြို့ နယ် မယက ဥက့ဌ ဦးညွန့် ဟန် (၃၅၄၉) လက်မှတ်ဖြင့် ရပ်ကွက်။ ကျေးရွာအုပ်စု ရယက များကို စာထုတ် အကြောင်းကြားခဲ့ပါသည်၊ အထက်ပါ မူဆယ် မယက စာတွင် အောက်ပါအတိုင်း ဖော်ပြပါရှိပါသည်၊

၁၊ အထက်ပါအကြောင်းအရာပါ ကိစနှင့် စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန. လုပ်ထုံးလုပ်နည်းအရ အိမ်သုံးမီတာ အသစ်လဲလှယ် တပ်ဆင်ခြင်းနှင့် ပတ်သက် ၍အိမ်သုံးမီတာလျှောက်လွှာပုံစံများကို သက်ဆိုင်ရာမြို့ နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင် လျှောက်လွှာ မှတ်ပုံတင်ကြေး (၁၀၀၀ိ) ပေးသွင်းပြီး လျှောက် ထားနိုင်ပါသည်၊ ထိုသို့ လျှောက်ထားရာ လတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ-မရှိ လျှောက်လွှာရှင်နေအိမ်များသို့  လာရောက် စစ်ဆေးနိုင်ရန် သက် ဆိုင်ရာ မြို့ နယ် လျှပ်စစ် အင်ဂျင် နီယာရုံးနှင့် ဆက်သွယ်ရန်ဖြစ်ပါသည်၊

၂၊ အထက်အပိုဒ် (၁) ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမ_ရှိပါက မီတာ တပ်ဆင်ခွင့်ရမည်ဖြစ်ပြီး

(က) အိမ်သုံးမီတာ သတ်မှတ်ကြေး ၅၀၀၀၀ိ (ကျပ် ငါးသောင်းတိတိ)။

(ခ) အာမခံစဘော်ငွေ ၃၀၀၀ိ (ကျပ်သုံးထောင်တိတိ)။

(ဂ) လျှပ်စစ်ကြိုးဆက်သွယ်ခ ၃၀၀၀ိ(ကျပ်သုံးထောင်တိတိ)စုစုပေါင်း ၅၆၀၀၀ (ကျပ်ငါးသောင်းခြောက်ထောင်တိတိ) ပေးသွင်းရန်ဖြစ်ပြီး ငွေပေးသွင်းပြီး တစ်ပတ်အတွင်း လျှပ်စစ်မီတာများ တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း ရည်ညွန်းပါစာဖြင့် တင်ပြလာပါသည်၊

၃၊ သို့ ပါ၍ မိမိတို့ ရပ်ကွက်-ကျေးရွာအတွင်းရှိ အိမ်သုံး မီတာအသစ် လဲလှယ်တပ်ဆင်လိုသူများကို သက်ဆိုင်ရာ မြို့ နယ် လျှပ်စစ်ရုံး မှတဆင့် မြိုဏ္ဍနယ်အလိုက် မီတာလျှောက်လွှာများ ခေါ်ယူ လျှောက် ထားစေမည်ဖြစ်ကြောင်း နှင့် ဦးစွာ လျှောက်ထားသူများမှ သတ်မှတ်ချက် နှင့် ကိုက်ညီသည့် လျှောက် လွှာရှင်များကို ဦးစားပေး တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဒေသခံများ သိရှိစေရေး နှိုးဆော်သွား နိုင်ရန် ထပ်ဆင့် အကြောင်းကြားပါသည်၊

ဥက့္ကဌ(ညွန့် ဟန်။ ၃၅၄၉)

မိတ္တျူကို - လျှပ်စစ်အင်ဂျင်နီယာရုံး။

မူဆယ်မြို့  နှင့် ရုံးလက်ခံ-မျှောစာတွဲ------------ ဟုပါရှိပါသည်၊

၁၉၈၉ ခုနှစ် စက်တင်ဘာလမှစတငှ်ု မူဆယ်မြို့သ-မြို့ သားများက လျှပ်စစ်မီးရရှိ ရေး အတွင် အာဏာပိုင်များနှင့် ပူးပေါင်းပြီး မီးလင်းရေးကော်မတီကို ဖွဲ့ စည်းကာ တဖက် တရုတ်နိုင်ငံမှ လျှပ်စစ်မီးကို ၀ယ်ယူအသုံးပြုခဲ့သည်၊

၁၉၉၃ ခုနှစ်က စတင်ပြီး မူဆယ်မြို့ နယ် လျှပ်စစ်အင်ဂျင်နီယာ အဖြစ် ဦးအောင်ကျော်မိုး ဆိုသူ ရောက်ရှိခဲ့သည်၊ - ၄င်းရောက်ရှိချိန်မှ စတင်၍ မီတာ ဘောက် တလုံးကို ကျပ်ငွေ ၃ သိန်းခွဲ (သုံးသိန်းခွဲ) ဖြင့် ၀ယ်ယူ တပ်ဆင် လာခဲ့ကြရသည်၊ မီတာဘောက်များသည် တရုတ် လျှပ်စစ်မီးဖြစ်စေ။ မြန်မာ လျှပ်စစ်မီးဖြစ်စေ အသုံးပြုနိုင်မည်ဖြစ်ပြီး တရားဝင်ကြောင်းလည်း ပြောဆိုခဲ့ပြီး နိုင်ငံတော်ကို ငွေသွင်းရသည်ဟုပြောသော်လည်း ဘဏ်သွင်းငွေ ပြေစာ။ လက်ခံ အသိအမှတ်ပြု စာရွက်စာတမ်း ဘာတခုမှ မီတာဘောက် ပိုင်ရှင်များကို ပေးခြင်းမရှိပါ၊ (တရားဝင် နိုင်ငံတော်ဘဏ် များကို မြန်မာငွေ ၂၀၄၀၀ ကျပ် (နှစ်သောင်းလေးရာကျပ်တိတိ) ပေးသွင်းရသည်ဟု သိရသော်လည်း နောက်ပိုင်းတွင် နိုင်ငံတော်သို့  တပြားတချပ်မှ ပေးသွင်းခြင်းမရှိဟု ကြားသိခဲ့ရ သည်၊)

(နိုင်ငံတော်ကို တရားဝင် ပေးသွင်းခဲ့ပါက ပိုင်ရှင်အမည်ပေါက်ပြီး ယနေ့ အချိန်ထိ တရားဝင်မည်နေမည်ဟု အများကနားလည်ထားပါသည်၊)- ၂၀၀၇ ခုနှစ်တွင် မီတာဘောက်တလုံးကို တရုတ် ယွမ်ငွေ ၁၂၀၀ ယွမ် (တစ်ထောင့်နှစ်ရာယွမ်) (မြန်မာငွေ နှစ်သိန်းခန့် ) ဖြင့် ဈေးလျော့၍ အရောင်းမြှင့်တင်ခဲ့ရာ ပြည်သူလူထု အများအပြားက တအိမ်လျှင် ၂ လုံး ၃ လုံးမှ ၅ လုံးအထိ ထပ်မံဝယ်ယူ တပ်ဆင်ခဲ့ကြသည်၊- ယခု ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းတွင် ဒီတကြိမ် နောက်ဆုံးပဲဟုဆိုကာ ရမခ တိုင်းမှူး ထံမှ ၀ယ်ရမည်ဟု ပြောပြီး ပါဝါ မီတာဘောက်တလုံးကို တရုတ် ယွမ်ငွေ ၂၅၀၀ ယွမ် (မြန်မာငွေ ငါးသိန်းခန့် ) ဖြင့် ထပ်မံရောင်း စားခဲ့ပြန်သည်၊ တကြိမ်တွင်လည်း မြန်မာလျှပ်စစ်မီးရလျှင် မီတာခ သက်သာမည်ဟုထင်၍ မူဆယ် စက်မှုဇုံနှင့် စီးပွားရေးလုပ်ငန်းရှင်များ ၀ယ်ယူခဲ့ကြပြန်သည်၊မီတာဘောက်များကို ၀ယ်ယူတပ်ဆင်ခဲ့ကြ စဉ် တိုင်းတွင် တရားဝင် မီတာဖြစ်ကြောင်း။ ၀န်ကြီးဌာန နှင့် နိုင်ငံတော်ကို ကျသင့်ငွေ ပေးဆောင် ရကြောင်း။ မြန်မာလျှပ်စစ်မီးပေးပါကလည်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မူဆယ်မြို့ နယ် လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ခံ ဦးအောင်ကျော်မိုး နှင့် ရုံးဝန်ထမ်းများက ဒေသခံ ပြည်သူလူထုကို ပြောဆိုလေ့ရှိခဲ့သည်၊

ယခုတော့ အဲ့ဒီလို မဟုတ်ပြန်ပါဘူး၊ နမ်းခမ်းမြို့ နယ်အတွင်းရှိ ရွှေလီ ရေအား လျှပ်စစ်စက်ရုံ မှ လျှပ်စစ်မီးများကို ယခု ၂၀၀၈ ခုနှစ် သြဂုတ်လ တွင် စတင် ပေးမည်ဖြစ်၍ တစ်မြို့နယ် လုံးရှိ လျှပ်စစ်မီတာဘောက်များကို လျှောက်ထားဝယ်ယူရန် စာထုတ်ခဲ့ပြန်သည်၊ မူဆယ်မြို့ ဝန်းကျင်း တွင် မီတာအလုံးရေ တစ် သောင်းခွဲကျော်ရှိသည်ဟု ခန့် မှန်းကြပြီး ယခင် တပ်ဆင်ထားသည့် မီတာများ အကျူံးမ၀င် တော့ပေ၊ ပြည်သူလူထုကတော့ ၀န်ထမ်းဆိုးဝန်ထမ်း ညစ် ကြောင့် မိအေး ၂ ခါနာရ ပေးရအုံးမည်၊ နိုင်ငံတော် အစိုးရ ခင်ဗျာ ဒီအတိုင်း ကြည့်မနေပါနဲ့ လို့  အော်လိုက်ရင်လည်း အကြည် အညို ပျက်စေမှုနဲ့ ငြိစွန်း မလားဘဲ၊- တရုတ် လျှပ်စစ်မီးဖြစ်လို့ တရုတ် ယွမ်ငွေနဲ့  မီတာခ ပေးဆောင် ရာမှာ တရုတ်မီး စပေးချိန်တွင် ဒဿမ ၇၅ ယွမ် (၇၅ ပြား)။ ၂၀၀၅ ခု နှစ်မှ ၁ ယွမ်။ နောက်ပိုင်း ၁ ယွမ်ခွဲ အထိ ပေးဆောင်ခဲ့ရပြီး မူဆယ် လျှပ်စစ်ရုံးက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသို့  အသိမပေးဘဲ တိုးကောက် ခဲ့ပါသည်၊ ငွေတန်ဖိုး ငွေလဲနှုန်းအရ ပေးဆောင်ခတိုးလာမည်ကိုတော့ နားလည်ပါသည်၊

နောက်ထူးခြားတာတခုက တရုတ် လျှပ်စစ်မီးကို သုံးနေရသော်လည်း မြန်မာလျှပ်စစ်မီး တစ်မီတာကို (၂၅) ကျပ်နှုန်းကိုလည်း မတရားပေးဆောင် လာခဲ့ရ သည်မှာ နှစ် ဆယ်ချီ နေပါပြီ၊- မူဆယ်မြို့  နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုများက မကျေမနပ်ဖြစ်နေကြသည်၊ တိုင်တန်းရန်လည်း တရားဝင် အထောက်အထား မရှိ။ မပြနိုင် ဖြစ်နေကြပါသည်၊ ဘယ်သူမှလည်း အာဏာပိုင်များ. မတရားမှုများကို မတိုင်တန်းရဲကြပေ။ စီးပွားရေးသမားများ။ ကုန်သည်များ နှင့် လုပ်ငန်းရှင်များသည်လည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ကိုင်စားသောက် ကြီးပွားနေကြရသည်၊-

မူဆယ်မြို့ နယ် လျှပ်စစ်အင်ဂျင်နီ ယာရုံး တာဝန်ခံ ဦးအောင်ကျော်မိုး . အကုန်အကျအများဆုံး ရုံးအပြင်အဆင်။ သိန်း ရာချီ မွမ်းမံ ထားသည့် ရုံးပိုင် ကြက် ဆူ စိုက်ခင်း။ အထက် အာဏာပိုင်အဆင့်ဆင့် တို့ အား ပေးကမ်း ရက်ရောမှုအများဆုံးဖြစ်ကြောင်း မူဆယ်ဌာနဆိုင်ရာ အသိုင်းအ၀ိုင်းတွင် နာမည်ကြီးသူ ဖြစ်သည်၊ အသေးစိတ် ရေးစရာများရှိသော်လည်း လူပုဂ္ဂိုလ်ကို မမုန်းပါ။ ခွင့်ပြုနိုင်သည့် စနစ်ကြီးကိုသာ မုန်းပါသည်၊- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ နိုင်ငံတော်အာဏာပိုင်များက အဖြစ်မှန်ကို စိစစ်၍အရေးယူခြင်း။ မူဆယ် ဒေသခံ ပြည်သူလူထုများကို သက်ညာစွာစဉ်းစားပေးနိုင်ပါရန် ဒေသခံ တိုင်းရင်းသားပြည်သူလူထုများက တောင်းဆိုနေကြသည်၊

စိုင်းကျောက်(မူဆယ်မြို့ နယ် ဒေသနေပြည်သူများကိုယ်စား)

ဟိုမွန်ရပ်ကွက်မူဆယ်မြို့ 

အောက်တွင်အမိန့် စာကို အများသိနိုင်ရန် ဖော်ပြပါသည်။


No comments: