Thursday, August 14, 2008

ရဲအရာရှိများကို ၂၀၁၀ ရွေးကောက်ပွဲမှာ မြို့နယ်အုပ်ချူပ်ရေးမှူး အဆင့်ထားမည်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ရဲအရာရှိများကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ မြို့နယ်အုပ်ချူပ်ရေးမှူးအဆင့် ထားရှိမည် ဖြစ်ကြောင်း ရဲအသိုင်းဝိုင်များတွင် ပြောနေကြသည်။ ပြည်နယ်အဆင့်ရှိ ရဲမင်းကြီးများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရန်အတွက်လည်း ကြိုးပမ်းမှုများ ရှိနေခဲ့သည်။

"စခန်းမှူးအဆင့်ကိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်ထားဖို့်ရှိတယ်။ ယခုလက်ရှိ ရှိနေတဲ့ အုပ်ချုပ်ရေးမှုတွေကိုတော့ အပြောင်းအလဲလုပ်ဖို့ ရှိတယ်"လို့ ကရင်ပြည်နယ်မှ ရဲအရှိတစ်ဦးက ပြောသည်။

အလားတူ မွန်ပြည်နယ်တွင်ရှိသော ရဲအရာရှိများ၏ပြောဆိုချက်အရ တပ်မတော်အရာရှိ များအား သာမန်အရပ်သားများအနေဖြင့် အသွင်ပြောင်းစေပြီး ရွေးကောက်ပွဲအတွက် လှုပ်ရှား မှုများ စတင်လုပ်ဆောင်ရမည် ဖြစ်သည်။

ထို့အပြင် အရာခံဗိုလ်အဆင့်အောက်တွင်ရှိသော ရဲတပ်သားများသည် လက်နက်ကိုင်ဆောင် ခွင့် မရှိတော့ဟု ကောလဟာလများလည်း ထွက်နေခဲ့သော်လည်း ဤသတင်းသည် မဟုတ် မှန်ကြောင်း စရဖ အရာရှိတစ်ဦးက ငြင်းဆိုခဲ့သည်။

မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲနှင့် လူထုဆန္ဒခံယူပွဲတွင် အနိုင်ရရှိရန်အတွက် ဗိုလ်မှူးအဆင့်ရှိ စစ်ဘက်ဆိုင်ရာ အရာရှိများကို လူဝတ်လဲခိုင်းပြီး စည်းရုံးမှုများ ပြုလုပ်စေခဲ့သည်။

ထို့အပြင် မကြာသေးခင်က စစ်အစိုးရမှ ရာထူးပြောင်းရွှေ့မှုများ ပြုလုပ်ရာတွင်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး အရာရှိများအား လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်မည် ဖြစ်သည်ဟု ၄င်းစီးပွားရေး အသိုင်းဝိုင်းမှ ပြောဆိုနေကြသည်။

Source

No comments: