Tuesday, August 19, 2008

ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရင်ကြားစေ့ရေးကိစ္စ မစွန့်လွှတ်

NEJ/ ၁၉ သြဂုတ် ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ချထားသည့် တာဆီးမိန့်ကိစ္စ အယူခံဘို့ ရှေ့နေနှင့် စတင်ဆောင်ရွက်နေသော်လည်း အမျိုးသားရင်ကြားစေ့ရေးကိစ္စကို စွန့်လွှတ်သည့် သဘောမဟုတ်ကြောင်း မကြာခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် (၂) ကြိမ် တွေ့ခွင့်ရခဲ့သူ ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က "အယူခံတောင် ကျမက ရင်ကြားစေ့ရေး၊ အမျိုးသားရင်ကြားစေ့ လုပ်ငန်း အဲဒီဟာ သွားထိခိုက်မှာစိုးလို့ တော်တော်စဉ်းစားခဲ့တယ်" ဟု ပြောကြောင်း ဦးကြည်ဝင်းက ပြောပြသည်။

ထို့ပြင် "ခုကတော့ ပြိုင်တူပေါ့လေ ဟိုဟာလည်း စွန့်လွှတ်တာတော့ မဟုတ်ပါဘူးတဲ့။ ရင်ကြား စေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး ဘာညာ ဒါကို လုံးဝစွန့်လွှတ်လိုက်တဲ့သဘော အယူခံဘက်ကို ယိုင်သွားတဲ့သဘောမဟုတ်ဘူး။ ဟိုဘက်ကလည်းလုပ်၊ ဒီဘက်ကလည်း အယူခံလည်း အယူခံပေါ့ ၊ ဥပဒေကြောင်းအရ အန်ကယ်လ်တို့လုပ်ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေ ဦးကြည်ဝင်းက ဆက်လက်ရှင်းပြသည်။

No comments: