Friday, August 15, 2008

သံဖြူဇရပ် အကောက်ခွန်ရုံးမှာ ဗုံတစ်လုံး တွေ့ရှိ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ Fri 15 Aug 2008

ယမန်နေ့ သံဖြူဇရပ်မြို့ အောင်ကုသိုလ်ရပ်ကွက်ရှိ အကောက်ခွန်ရုံးတွင် ဗုံးဟောင်းတစ်လုံးကို စားပွဲပေါ်တွင်တင်ထားသည်ကို ထပ်မံတွေ့ရှိခဲ့၍ ဒေသခံစစ်အစိုးရအရာရှိများအား ချာချာလည် သွားစေခဲ့သည်ဟု ဆိုသည်။

စနက်တံဖြုတ်ထားသည့် ထိုဗုံးကိုနေ့လယ် ဆယ့်တစ်နာရီဝန်းကျင်၌ တွေ့ရှိခဲ့ပြီး ထိုဗုံးမှာ အတော်ပင်ဟောင်းနွမ်းနေပြီဖြစ်သော်ကြောင့် ပေါက်ကွဲမှု မရှိခဲ့ပေ။

"အခုတော့ စစ်တပ်နဲ့ရဲအရာရှိတွေက ဘယ်သူ့လက်ချက်ဆိုတာ ဖော်ထုတ်နေတုန်းပဲ။ အနည်းဆုံး လူ 15 ယောက်လောက်တော့ ရဲအရာရှိတွေက ဖမ်းဆီးမေးမြန်းခဲ့တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။

ထိုဗုံးတွေ့ရှိသော ရုံးအနားတွင် စာရင်းစစ်ရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ယခင်ဗုံးကွဲခဲ့သော ကြေးနန်းနှင့် ဆက်သွယ်ရေးရုံး အနားမှာဖြစ်၍ အစိုးရဝန်ထမ်းများ တုန်လှုပ်ကြောက်လန့် သွားစေခဲ့ သည်။

ဗုံးပေါက်ကွဲမှုသည် မည်သူ့လက်ချက်ကြောင့်ဖြစ်တယ်ဆိုတာကို အတိကျမသိရသေးကြောင်း ဒေသခံ အစိုးရဝန်ထမ်းများနှင့် နီးစပ်သူများက ပြောပြသည်။ ယခုလို ဗုံးဟောင်းတစ်လုံးကို မပေါက်ကွဲအောင် ထားခဲ့ခြင်းသည် တစ်ခုခုကို ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံများက အကဲခတ်ကြသည်။

အလားတူပင် လွန်ခဲ့သော ဇူလိုင်လကုန်တွင်လည်း မုဒုံမြို့ ကျုံဖိုက်ရွာလမ်းဝတွင်ရှိသော ကြေးနန်းနှင့်ဆက်သွယ်ရေးရုံမှာလည်း ဗုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးမှန်များကွဲရုံမှလွဲ၍ ထိခိုက်သွားသူမရှိခဲ့ပေ။

မုဒုံမြို့ရဲအရာရှိများ၏ ထုတ်ဖော်ပြောဆိုချက်အရ ထိုဗုံးသည် အစိုးရဝန်ထမ်းအတွင်းရေးသာ ဖြစ်သော်လည်း ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်တော်တော်များများအား ဒေသခံရဲအရာရှိ ရာများက အုပ်ထိန်းသူမိဘများအပါဝင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်။
အသက် 12 နှစ်သားအရွယ်တွင်ရှိသော ဆိတ်ကျောင်းသားကိုပင် စစ်တပ်နှင့် ရဲအရာရှိများ ဖမ်းဆီးမေးမြန်းခဲ့သေးသည်။

Source

No comments: