Monday, August 18, 2008

မြန်မာသံအမတ်ထောက်ခံချက်မရသည့်နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းများ ရာထူးမတိုး

NEJ/ ၁၈ သြဂုတ် ၂၀၀၈

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းအချို့ကို မကြာခင်က ရာထူးတက်ပေးရာတွင် နိုင်ငံခြား မြန်မာသံရုံးများ၌ အဂတိ လိုက်စားသူများ အထက်လူကြီးကို ပေးကမ်းသူများသာ ဖြစ်နေ သည့်အတွက် အောက်ခြေ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်ဟု သံတမန်အသိုင်းအ၀ိုင်းက ပြောသည်။

ရာထူးတိုးသူ အများစုမှာ နိုင်ငံခြား မြန်မာသံရုံးများ၌ တာဝန်ထမ်းဆောင်စဉ် သံအမတ်ကြီးများအား ငွေရှာပေးသူ လာဘ်ထိုးနိုင်သူတွေသာများပြီး အမှုထမ်းသက် နှစ် (၂၀-၃၀) လုပ်သက်ရှိသူ စာရေး များမှာ ရာထူးတက်ခြင်းမရှိဟု ၀န်ထမ်းတဦးက ပြောသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ရာထူးတိုး ပေးရာတွင် သံအမတ်ကြီးများ ထောက်ခံချက်က အခရာကျသည့်အတွက် နိုင်ငံခြား မြန်မာသံရုံး များတွင် အဂတိလိုက်စားမှုများ ခေတ်စားနေသည်ဟု ပြည်ပ မြန်မာသံတမန်တဦးကလည်း ပြောသည်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနလာမည့် စစ်ဗိုလ်များကလည်း တန်းစီနေသည့်အတွက် သံတမန်အတော်များများ ရာထူးက ထွက်ကုန်သလို အချို့လည်း မကြာခင် နိုင်ငံရေး ခိုလှုံခွင့် တောင်းမည့် အလားအလာရှိသည်ဟု သံတမန်အသိုင်းအ၀ိုင်းမှာ ထင်ကြေးပေးနေကြသည်။

Source

No comments: