Tuesday, August 26, 2008

မူဆယ် ရပ်တော်မူဘုရားမျက်နှာတော် ပျားစွဲ

NEJ/ ၂၆ သြဂုတ် ၂၀၀၈

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ လွယ်တိန် ခမ်းတောင်ပေါ်ရှိ မဟာသန္တိသုခ ရပ်တော်မူ ဘုရား၏ မျက်နှာတော်တွင် သြဂုတ် (၂၀) ရက်မှ စပြီး ပျားများ ထူးဆန်းစွာ လာရောက်စွဲနေသဖြင့် ဒေသခံ လူထုအကြား အံ့ဖွယ်ဖြစ်ရပ်အဖြစ် သွား ရောက်ဖူးမြော် ကြည့်ရှုသူများဖြင့် စည်ကားနေ သည်။

တောင်ပေါ်တွင် တည်ထားကိုးကွယ်ထားသည့် အဆိုပါ ရပ်တော်မူဘုရားဆင်းတုသည် ဥာဏ်တော် (၈၁) ပေရှိပြီး အမိုးအကာမရှိ လေတိုက်ခြင်း၊ မိုးရွာခြင်း ခံနေရသည့်ကြားမှ ပျားများလာရောက် စွဲသဖြင့် ထူးဆန်းသည့် ဖြစ်ရပ်ဟု မူဆယ်ဒေသခံတဦးက ပြောသည်။

No comments: