Bangkok Post/ ၁ ဧပြီ ၂၀၀၈
ထိုင်းဝန်ကြီးချုပ် စမတ် ဆန်ဒါရာဝပ်သည် သတင်းထောက်များနှင့် ပြောဆိုသုံးနှုန်းရာတွင် မဖွယ်ရာသော စကားများကို သုံးနှုန်းသည်ဟု စွပ်စွဲခံရပြီးနောက် သူ၏ အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲများကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
“အင်္ဂါနေ့နဲ့ သောကြာနေ့တွေမှာ အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲ လုပ်တာတွေကို ကျနော် ရပ်နားတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ရိုင်းပြတဲ့ စကားလုံးတွေ သုံးနှုန်းတယ်ဆိုပြီး သြဇာရှိတဲ့သူတယောက်က ဝေဖန်တာ ခံရလို့ပါ” ဟု စမတ်က ပြောသည်။
စမတ်သည် မီဒီယာများနှင့် အင်တာဗျူးရန်အတွက် အပတ်စဉ် အင်္ဂါနှင့် သောကြာနေ့များတွင် အမြဲအချိန်ပေးခဲ့ပြီး ၎င်း၏ ပွင့်လင်းလွန်း၍ တခါတရံတွင် ကြမ်းတမ်းလွန်းသည့် အဖြေစကားများ ကြောင့်လည်း နာမည်ကြီးသူတယောက်ဖြစ်သည်။
“ကျနော့်ကို ဒေါသတကြီးနဲ့ နင့်နင့်သီးသီး ဝေဖန်တယ်ဗျာ။ နိုင်ငံတော် ၀န်ကြီးချုပ်တယောက် ပါးစပ်ကနေ အခုလို မဖွယ်ရာတဲ့ စကားတွေ ပြောတာမျိုး သူတခါမှ မကြုံဖူးဘူးလို့လည်း ပြော တယ်” ဟု စမတ်က ဆိုသော်လည်း သူ့ကို ဝေဖန်သူအား မေးမြန်းရာတွင် အလွန်သြဇာရှိသူ တယောက်ဟုသာ ပြောပြီး အမည်ထုတ်ဖော် ပြောကြားခြင်း မရှိချေ။
“တရားဝင် ထိုင်းဘာသာ အဘိဓာန်ထုတ်တဲ့ ထိုင်းနိုင်ငံ တော်ဝင်တက္ကသိုလ်နဲ့ ကျနော်ဆွေးနွေး ပါဦးမယ် ကျွန်တော်သုံးတဲ့ စကားတွေက ဘယ်လောက်အထိ ရိုင်းစိုင်းနေလဲဆိုတာ ဆွေးနွေးရ မယ်” ဟု စမတ်က ပြောသည်။
မည်မျှ ဝေဖန်ခံနေရစေကာမူ စမတ်သည် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သည့် ရုပ်သံနှင့် ရေဒီယို မိန့်ခွန်းများကိုမူ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
Source
No comments:
Post a Comment