Thursday, May 1, 2008

နာဂစ် မုန်တိုင်း မြန်မာပြည်သို့ ၀င်ရောက်မည်

Tropical Storm Risk/ ၁ ဧပြီ ၂၀၀၈

ဘင်္ဂလားပင်လယ်အော်တွင် တိုက်ခတ်နေသော နာဂစ်အမည်ရှိ အားပြင်းသော ဆိုင်ကလုံး မုန်တိုင်းသည် မေ (၂) ရက် ကမ္ဘာ့စံတော်ချိန် (၀၈း၀၀) တွင် မြန်မာပြည် ကုန်းတွင်းပိုင်းသို့ တိုက်ခိုက်မည်ဟု မုန်တိုင်း လေ့လာရေး ဗဟိုမှ ခန့်မှန်းထားသည်။

သတင်းအချက်အလက်ကို အမေရိကန် လေတပ်နှင့် ရေတပ် ပူးပေါင်းထားသည့် တိုင်ဖုန်း လေ့လာရေး ဗဟိုဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဆိုင်ကလုံးမုန်တိုင်းသည် မြေပြင်ပေါ်သို့ မြောက်ဘက် (၁၇.၁) မှ အရှေ့ဘက် (၉၃.၆) ရပ်ဝန်း
သို့ ကျရောက်မည်ဖြစ်ရာ မြန်မာနိုင်ငံ ဂွမြို့အနီးမှဖြတ်၍ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်မည်ဖြစ်ပြီး ထိုအရပ်ဒေသတွင် တနာရီ (၉၂) မိုင်နှုန်းနှင့် အများဆုံး ကြာမြင့်ချိန် (၁) မိနစ်ခန့်ရှိမည်ဟု ခန့်မှန်း ထားသည်။ ထိုပတ်ဝန်းကျင် တ၀ိုက်တွင်လည်း လေတိုက်နှုန်း မြင့်မားမည်ဟု သတိပေးထား သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် သာမန်ထက် လှိုင်း (၄-၅) ပေအထိ မြင့်တက်နိုင်ကြောင်း၊ အခြေခံ မခိုင်သည့် အိမ်များ၊ ချုံပုတ်များနှင့် သစ်ပင်များ၊ ဆိုင်းဘုတ်များ ပျက်စီးမှု ရှိနိုင်ကြောင်း၊ ကမ်းခြေရှိ လမ်းများ ရေကျော်နိုင်ပြီး ဆိပ်ခံတံတားများ ပျက်စီးမှု ရှိနိုင်ကြောင်း၊ မိုးသည်းမည် ဖြစ်သဖြင့် ကုန်းပိုင်းအရပ်များတွင် ရေကြီးနိုင်ကြောင်း စသဖြင့် သတိပေးထားသည်။ သို့သော် အဆောက်အဦများ ပျက်စီးသွားလောက်အောင် ပြင်းထန်အား မရှိဟု ဆိုသည်။

Source

No comments: