ဘင်ဂျမင် ဇာဗက်စကီး (မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့)
“ကျနော်တို့ ရှေ့ကို ချီတက်ရမယ်။ မြန်မာနိုင်ငံမှာလည်း ရှေ့ကို ချီတက်ရမယ်။ ကျနော်တို့ နောက်ကြောင်း လှည့်စရာမရှိဘူး” ဆိုတဲ့ စကားဟာ မြန်မာနိုင်ငံ (၈၈၈၈) အရေးအခင်းမှာ ပါဝင်ခဲ့ပြီး နိုင်ငံထဲကနေ ထွက်ပြေးတိမ်းရှောင်လာရသူတဦးက ကျနော့်ကို ပြောပြ တာပါ။ မြန်မာနိုင်ငံထဲမှာ ပြည်သူ့အာဏာဆိုတာ ဖြတ်ခနဲ အချိန်လေး ရလိုက်ပေမယ့်လည်း နှစ်ပေါင်း (၂၀) ကျော် ကြာပြီး တဲ့နောက်မှာ သန်းပေါင်းများစွာချီတဲ့ ပြည်သူလူထုတွေဟာ မဖြစ်စလောက် တိုးတက်မှုလေးနဲ့ ဖိနှိပ်တဲ့ အုပ်ချုပ်မှုအောက်မှာ ဝေဒနာတွေ ခံစား နေရ တုန်းပါ။
အနာဂတ် ကောင်းစားရေးအတွက်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံ အိမ်နီးချင်း နိုင်ငံတွေဟာ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြု မထားသင့် တော့ပါဘူး။ ဒီချိုးဖောက်မှုတွေ ရပ်တန့်ဖို့ ပြတ်သားထိရောက်တဲ့ အရေးယူမှုတွေ စတင်သင့်နေ ပါပြီ။
၁၉၈၈ခုနှစ် သြဂုတ်လမှာ ကျောင်းသားတွေဟာ ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ချီတက်ပြီး အစိုးရ ဆီမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တောင်းဆိုခဲ့ကြတယ်။ နောက် (၁) လခွဲလောက် ကြာပြီး တဲ့အခါမှာ ဆန္ဒပြတဲ့ ပမာဏဟာ ကြီးထွားလာပြီး ပြည်သူအများ ထောက်ခံမှုတွေလည်း ရသလို နိုင်ငံအ၀ှမ်း ကျယ်ပြန့်သွားခဲ့ပါတယ်။ အဲဒီမှာပဲ အစိုးရရဲ့ လုံခြုံရေးတပ်တွေ ၀င်ရောက်လာပြီး ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းတော့တာပါပဲ။ အစိုးရဘက်က ပြည်သူတွေ (၃၀၀၀) ကျော် သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့အရေအတွက် မသိရတဲ့ လူတွေကိုလည်း အတင်းအကျပ် ကွယ်ပျောက်စေခဲ့ပါတယ်။
အဲဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ တကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ နိုင်ငံတွင်း မှာရှိတဲ့သူတွေရော၊ ပြည်ပမှာရှိတဲ့သူတွေကပါ မြန်မာနိုင်ငံတော့ “နိဂုံးချုပ်ပြီ” လို့ ယုံမှတ်ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ အဲဒီလို စံတင်လောက်တဲ့ ပမာဏနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘယ်လိုလုပ် သည်းခံနိုင်တော့မှာလဲ။ ဒါပေမယ့်လည်း မြန်မာပြည်သူတွေ အတွက် ကြေကွဲစရာ ကောင်းတာကတော့ “နိဂုံးချုပ်ပြီ” လို့ နိုင်ငံတကာက ထင်တာ မှားနေတယ် ဆိုတာပါပဲ။
မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် လည်းဖြစ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ စံပြခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ (၁၉) နှစ်ကြာ ကာလအတွင်း နေအိမ်အကျယ်ချုပ်နဲ့ (၁၃) နှစ်ကြာ ထိန်းသိမ်း ခံထားရတယ်။ ဒေါ်စုပါတီရဲ့ လူကြီးပိုင်း အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းတင်ဟာလည်း (၁၉) နှစ် လုံးလုံး ထောင်သွင်းအကျဉ်းချ ခံထားခဲ့ရပြီး မြန်မာနိုင်ငံမှာ အပြစ်မရှိလည်း ပြစ်ဒဏ်ကျခံနေရတဲ့ နှစ်အရှည်ဆုံး အကျဉ်းသားတယောက်တောင် ဖြစ်နေရပါပြီ။ အသက်ကလည်း (၇၈) နှစ်တောင် ရှိပြီ။ (၁၉၈၈) ခုနှစ်ကတည်းက ထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဆိုတာလည်း မနည်းဘူး။ ထောင်ထဲမှာတင် သေသွားတဲ့သူတွေကပဲ (၁၃၇) ဦးရှိတယ်။ သေကြတဲ့အထဲမှာ တချို့က ညှဉ်းပန်းနှိပ်စက်လို့၊ အချို့က ဆေးကုသမှု ဂရုတစိုက် မရှိခဲ့လို့ပါ။
အခု ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ရှိပါတယ်။ အဲဒီအထဲက သုံးပုံ တပုံဟာ ပြီးခဲ့တဲ့နှစ် သံဃာတော်တွေ ဦးဆောင်တဲ့ စက်တင်ဘာ အရေးအခင်းမှာ အကြမ်းဖက် နှိမ်နင်းပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဖြစ်ပါတယ်။
စက်တင်ဘာ အရေးအခင်းဆိုတာကလည်း (၈၈၈၈) ကတည်းကဆိုရင် အကြင်နာမဲ့တဲ့၊ ရက်စက် ကြမ်းကြုတ်တဲ့ စစ်အစိုးရကို ပြည်သူတွေက အခွင့်အရေး တောင်းဆိုတဲ့ အဓိက တတိယမြောက် အင်တိုက်အားတိုက် ဆန္ဒပြမှုပါပဲ။ အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းမှု ပြီးသွားတဲ့နောက် ရက်ပိုင်းအတွင်း ရက်စက်မှုဘေးကနေ သီသီလေး ပြေးလာကြတဲ့ သံဃာတော်တွေနဲ့ ပါဝင်လှုပ်ရှားသူအချို့က ထိုင်း-မြန်မာ နယ်စပ်မှာ ကျနော့်ကို ဖြစ်ကြောင်းကုန်စင် ပြောပြကြပါတယ်။
မြို့ကြီးတွေရဲ့ ပြင်ပ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ မီးမောင်းထိုးထားမှု မျက်ကွယ်မှာ မြန်မာ စစ်တပ်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး တိုင်းပြည်ရဲ့ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်း တွေကို ဆက်တိုက် စစ်ဆင်နေခဲ့ပါတယ်။ အဲဒီ စစ်ဆင်မှုခံရတဲ့အထဲမှာ ကရင်လူမျိုးစုတွေလည်း ပါတာပေါ့။ စစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ကို ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေဆိုတာ (၁၉၉၀) ခုနှစ်တွေကတည်းကပဲ။ လွန်ခဲ့တဲ့ သုံးနှစ်က စစ်တပ်ဟာ ကရင် လူမျိုးတွေကို နောက်ထပ် အင်တိုက်အားတိုက် ထိုးစစ်ဆင်တယ်။ ဒီနေ့အထိလည်း တိုက်နေ တုန်းပဲ။ ဒီတချီမှာတော့ စစ်တပ်ဟာ (KNLA) ကိုရှောင်ပြီး အကာအကွယ်မဲ့တဲ့ ရွာသူရွာသားတွေကို ပစ်မှတ်ထားပြီး စစ်ဆင်နေတယ်။
စစ်တပ်ဟာ ကရင်လူမျိုးတွေအပေါ်မှာ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူ့အခွင့်အရေး အကြီး အကျယ် ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်။ အဲဒီအထဲမှာ တရားလက်လွတ် သတ်ဖြတ်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေ၊ အာဏာသုံး အစဖျောက်မှုတွေ၊ တရားလက်လွတ် ဖမ်းဆီးတာတွေ၊ အဓမ္မ ခိုင်းစေတာတွေ၊ သီးနှံတွေ ဖျက်ဆီးတာတွေ၊ မတရား သိမ်းတာတွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပိတ်ပင်တာတွေ၊ မတရား အခွန်အခ ကောက်ခံ ဒဏ်ရိုက်တာတွေ၊ မြေမြှုပ်မိုင်း ထောင်တာတွေ ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ၊ တိုင်းရင်းသား လူနည်းစုတွေကို ညှဉ်းပန်းတာတွေရဲ့ နောက်ထပ် အကျိုးဆက်တခုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) အတွင်း ထောင်ပေါင်းများစွာချီတဲ့ လူတွေဟာ ကိုယ့်အရပ်ဒေသတွေကို စွန့်ခွာပြီး အိမ်နီးနားချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ကြရတာပါပဲ။ ခန့်မှန်းခြေ လူဦးရေ (၅၁) သန်းရှိတဲ့ မြန်မာနိုင်ငံလူဦးရေထဲမှာ ရွာပုန်းရွာရှောင် လုပ်နေကြရတဲ့ လူအရေအတွက်က (၅) သိန်းထက် မနည်းဘူး။ ကျနော့်ကိုယ်တွေ့မျက်မြင်အရဆိုရင် အတော် များများဟာ မနှစ်မြို့ဖွယ်ရာ အခြေအနေတွေနဲ့ နေထိုင်နေကြရပြီး အမြဲ ကြောက်စိတ်ဝင်နေကြ တယ်။ သူတို့အကြောင်းကို ကမ္ဘာကတောင် သိမှ သိပါ့မလားလို့တောင် ကျနော် စဉ်းစားမိတယ်။
အဲလို ရွာပုန်းရွာရှောင် လုပ်နေတဲ့ လူတွေအားလုံးရဲ့ တ၀က်လောက်ကိုသာ အိမ်နီးနားချင်းနိုင်ငံ တွေက ဒုက္ခသည်တွေအဖြစ် တရားဝင် အသိအမှတ်ပြုကြတယ်။ အများစုက တရားဝင်ဒုက္ခသည် အဖြစ် အသိအမှတ်ပြု မခံရတဲ့အပြင် ရတဲ့အခွင့်အရေးကလည်း နည်းလွန်းလှတယ်။ ကလေးမျိုး ဆက်သစ်တခုလုံး နိုင်ငံခြားမှာ မွေးလာတဲ့အလျောက် ဒုက္ခသည် တော်တော်များများဟာ ကမ္ဘာ့ အခိုင်မာဆုံး၊ အရဲရင့်ဆုံး လူ့အခွင့်အရေး လှုပ်ရှားသူအချို့ ဖြစ်လာကြတယ်။ (၈၈ မျိုးဆက်
အဖွဲ့ဝင်တွေပေါ့လေ။)
လွန်ခဲ့တဲ့ သုံးလက မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းကြီး တိုက်ခတ်လာတော့ အစိုးရဟာ မုန်တိုင်း ဒုက္ခသည်တွေကို ဒီအတိုင်း လစ်လျူ ရှုထားတယ်။ စစ်အစိုးရအနေနဲ့ မိမိပြည်သူတွေ စားဝတ်
နေရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းစတဲ့ လူ့အခွင့်အရေးတွေကို ဘယ်လောက်အထိ အကြီးအကျယ် ချိုးဖောက်နေကြောင်း ကယ်ဆယ်ရေးလုပ်သားတွေ၊ သံတမန်တွေ၊ သတင်း ထောက်တွေ၊ မုန်တိုင်းဒုက္ခသည်တွေက ထိတ်လန့်တကြားနဲ့ မယုံနိုင်လောက်အောင် ကျနော့်ကို ထပ်တလဲလဲ ပြောပြကြတယ်။
အစိုးရဟာ အင်အား (၄) သိန်းကျော်ရှိတဲ့ စစ်တပ်အင်အားကို မုန်တိုင်းသင့်ဒေသတွေမှာ တပ်ဖြန့်ဖို့ ငြင်းဆန်တဲ့အပြင် နိုင်ငံတကာ အကူအညီကိုလည်း ပယ်ချခဲ့တယ်။ ဒုက္ခသည်တွေကို ကယ်တင်ရ မယ့်အစား အာဏာပိုင်တွေဟာ ကိုယ်ကျိုးနည်းပြီး သောကမီးတွေ တောက်နေတဲ့၊ ထိတ်လန့်တ ကြား ဖြစ်နေတဲ့၊ သေသူတွေအတွက် ပူဆွေးနေတဲ့၊ ငတ်မွတ်ဆာလောင်နေတဲ့သူတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အတွက် မဲပေးဖို့ပဲ အဓမ္မအကျပ်ကိုင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဆို တာကလည်း လူ့အခွင့်အရေးကို မကာကွယ်နိုင်တဲ့အပြင် ဥပဒေကျူးလွန်တဲ့ အရာရှိအရာခံတွေကို အပြစ်ကနေ လွတ်အောင် စနစ်တကျ ရေးဆွဲထားတာ ဖြစ်နေတယ်။
မြန်မာနိုင်ငံက ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် ထွက်ခွာတာရယ်၊ နာဂစ်မုန်တိုင်းနဲ့ ပတ်သက် ပြီး အစိုးရရဲ့ တုံ့ပြန်တာရယ်တွေက လူသားဒုက္ခတွေ ဖြစ်ပေါ်စေခဲ့တာကြောင့်မို့ ကုလသမဂ္ဂရဲ့ နည်းစနစ်ကို ကျင့်သုံးလာရတယ်။ ကုလသမဂ္ဂကလည်း (၁၉၈၈) ခုနှစ် နောက်ပိုင်းကတည်းက တရားဝင်အရာရှိရော တရားမ၀င်အရာရှိတွေပါ မြန်မာနိုင်ငံကို လူပေါင်းများစွာ စေလွှတ်ခဲ့တယ်။ ဒီလထဲမှာဆို နောက်နှစ်ခုတောင် တိုးလာတယ်။ ခုဆို မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက် ထားမှုအဖွဲ့ အများအပြား ရှိနေပါပြီ။ ဒါပေမယ့်လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အကျိုးသက်ရောက်မှုကတော့ နည်းနည်းပဲ ရှိရင်ရှိမယ်၊ ဒါမှ မဟုတ် လုံးဝ မရှိတာလည်း ဖြစ်နိုင်တယ်။
ဒါပေမယ့်လည်း ကုလသမဂ္ဂမှာ တကယ်အာဏာရှိတဲ့ လုံခြုံရေးကောင်စီဟာ မြန်မာအစိုးရကို ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်ခဲ့ဘူး။ မလုပ်ချင်တာလည်း ဖြစ်နိုင်တာပဲ။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပထမဆုံး သတင်းအချက်အလက်တွေ ရရှိဖို့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်တာ မလုပ်ခဲ့သလို နိုင်ငံမှာရှိတဲ့ စစ်လက်နက်တွေ တင်သွင်းခွင့်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဥပဒေပြဌာန်းပြီး အရေးယူတာမျိုးလည်း မလုပ်ခဲ့ဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး မှတ်တမ်းနဲ့ ပတ်သက်ပြီး ရှုံ့ချတဲ့ တခုတည်းသော အဖြေကတော့ (၂၀၀၇) ခုနှစ် ဇန်န၀ါ
ရီလမှာ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှက မဲပေးခဲ့ပြီး အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ အင်ဒိုနီးရှားကတော့ မဲမပေးဘဲ နေခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီအချိန်နောက်ပိုင်း လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌအနေနှင့် ထုတ် သည့် ကြေညာချက် နှစ်ရပ်သာ ရှိခဲ့သည်။ တခုမှာ စက်တင်ဘာအရေးအခင်းတွင် အကြမ်းဖက် နှိမ်နင်းမှုနှင့် ပတ်သက်ပြီး “ပြင်းထန်စွာ ရှုံ့ချသည်” ဆိုတဲ့ ကြေညာချက်နဲ့ နောက်တခုက (၂၀၀၈) ခုနှစ် မေလမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ “သက်ဆိုင်သူများ အားလုံး ပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိရေး သေချာရန် လိုအပ်သည်” ဆိုတဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ရဲ့ ကြေညာချက်တွေကတော့ စက်တင်ဘာအရေးအခင်းမှာ အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းမှုကို ဝေဖန်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားတာ ကြိုဆိုတယ်။ ဒီတော့ အာဆီယံအဖွဲ့အစည်းက (အဖွဲ့ဝင်နိုင်ငံတွေ အပါအ၀င်) လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လုံး လုံး မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခြွင်းချက်မရှိ ခွင့်လွှတ်ပေးနေတယ်လို့ ဆိုရမယ်။ ကမ္ဘာအင်အား အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း စိုးရိမ် တကြီး ပြစ်တင်ရှုံ့ချတာလောက်ပဲရှိတယ်။
ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။
(နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ ဘင်ဂျမင် ဇာဗက်စကီး၏ No moving backwards for Myanmar ဆောင်းပါးကို ပြန်ဆိုထားခြင်းဖြစ်သည်)
No comments:
Post a Comment