AP/ ၁ ဧပြီ ၂၀၀၈
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် စစ်အစိုးရက ကြာမြင့်စွာ ထိန်းသိမ်းထားခြင်းသည် ပြဿနာမရှိပါဟု ထိုင်းဝန်ကြီးချုပ် စမတ် ဆန်ဒါရာဝပ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
မြန်မာစစ်အစိုးရအနေနှင့် မေလတွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲ မပြုလုပ်ခင်ဖြစ်စေ၊ ပြုလုပ်ပြီးနောက် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အစီအစဉ်မရှိဟု မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ် ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ထိုင်းဝန်ကြီးချုပ် စမတ်က ပြောသည်။
“သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က အနှောင့် အယှက် ပေးမှာလည်း မဟုတ်ဘူး။ အပယ်ခံ တယောက်လိုပဲ ထားမှာ၊ နှောင့်ယှက်မှာလည်း မဟုတ်ဘူး။ ဒီကိစ္စကို နိုင်ငံခြားသားတွေကတော့ လက်မခံနိုင်စရာပေါ့။ ကျနော်တို့အနေနဲ့
သူ့ကို အပယ်ခံလိုထားတာ အဆင်ပြေတယ်ထင်တာပဲ။ ဒါပေမယ့်လည်း တခြားသူတွေကတော့ သူ ဒီလို အထိန်းသိမ်းခံနေရတာကိုပဲ ကြည်ညိုနေကြတယ်” ဟု စမတ်က ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် (၁၈) နှစ်တာကာလအတွင်း (၁၂) နှစ်ကြာ ထိန်းသိမ်းခြင်း ခံနေရသည်။
Source
No comments:
Post a Comment