မဇ္ဈိမသတင်းဌာန Thursday, 01 May 2008
ရန်ကုန်။ ။ အခြေခံဥပဒေ မူကြမ်းအပေါ် ထောက်ခံမဲရရေး စစ်အစိုးရ အနေဖြင့် အစွမ်းကုန် ကြိုးစားနေရာ နည်းနာတခု အနေဖြင့် ရွှေဘိုမြို့နယ်တွင် ထောက်ခံမဲ ထည့်မည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ကြိုတင်မဲပေးခွင့် ပေးထားသည်။
ကြိုတင်မဲဆန္ဒများကို တောင်းခံရာတွင် နေရပ်လိပ်စာနှင့် မှတ်ပုံတင်နံပါတ် အပြည့်အစုံ ရေးကာပေးရခြင်း ဖြစ်သည်။
"အစိုးရက အကြောင်းပြတာကတော့ ခရီးထွက်မဲ့လူတွေ မဲပေးနိုင်ဖို့ရာအတွက် ကြိုတင် မဲပေးနိုင်အောင် စီစဉ်ပေးတာလို့ ပြောတာပဲ။ ဒါပေမယ့် ကြိုတင်မဲ ပေးတဲ့နေရာမှာ မှတ်ပုံတင်နံပါတ်နဲ့ နေရပ်လိပ်စာ အပြည့်စုံ တောင်းတယ်ဆိုတော့ ဘယ်သူက ကန့်ကွက်မဲ ပေးရဲမှာလဲ။ ကြိုပေးတဲ့လူ အားလုံး ထောက်ခံမဲပေါ့" ဟု ရွှေဘိုမြို့နယ်မှ မဲရုံမှူးတစ်ဦးက ပြောသည်။
ကြိုတင်မဲကို ရပ်ကွက်အတွက်းရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ခရီးထွက်ခွာကြမည့် လူများ အများစု လာပေးကြခြင်း ဖြစ်ပြီး အချို့သော လူများမှာလည်း ထောက်ခံမဲ ထည့်ရမဲ့ အတူတူ မထူးပါဘူးဟု ဆိုကာ ကြိုတင်ကာ သွားရောက်ထည့် သွင်းသွားကြသည်ဟု သိရသည်။
ကြိုတင်မဲ တောင်းခံခြင်းသည် မဲလိမ်ရန်အတွက် ကလိမ်ဥာဏ်တစ်ခု ဖြစ်သည်ဟု အငြိမ်းစား ၀န်ထမ်းတဦးက သုံးသပ်ပြသည်။
"ဘာဖြစ်လို့လဲဆိုတော့ မဲရေတွက်တဲ့ နေရာမှာ သူတို့ဘာသာ သူတို့ ကြိုတင်စီစဉ် ရေးထားတဲ့ စာရွက်တွေ ယူလာပြီး ဒါပြည်သူလူထုက ပေးတဲ့ ကြိုတင် ထောက်ခံမဲတွေပါလို့ ပြောပြီး ထည့်လို့ရတယ်။ နောက်တစ်ခုက ရပ်ကွက်ထဲမှာ သူများတွေတော့ ကြိုတင်မဲ ပေးပြီးကုန်ပြီ ငါတို့တော့ မပေးရင် ဖမ်းများ ခံရလေမလားဆိုပြီး ထောက်ခံမဲ လာထည့်အောင် စီစဉ်ထားတာပါ" ဟု အဆိုပါ ၀န်ထမ်းဟောင်းက သုံးသပ်ပြသည်။
တောင်တွင်းကြီးမြို့တွင်မူ ဧပြီ ၂၉ ရက်နေ့က သရုပ်ပြ ဆန္ဒပြပွဲဟု ဆိုကာ လူအများကို ထောက်ခံမဲ ပေးခိုင်းပြီး ထိုမဲများကို ဆန္ဒပြုမဲများဟုဆိုကာ ပြောင်းလဲလိုက်သဖြင့် ဒေသခံများက ဒေါသ ထွက်နေကြသည်။
Source
No comments:
Post a Comment