Agencies/ ၁၉ မေ ၂၀၀၈
မြန်မာနိုင်ငံရှိ ဆိုင်ကလုန်း လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာမှ ပေးအပ်သည့် အကူ အညီများကို အရှေ့တောင်အာရှ အိမ်နီးနားချင်းနိုင်ငံတို့က ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံက သဘောတူညီလိုက်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျောခ်ျရိုးက ပြောကြားသည်။
သဘာဝဘေးဒဏ်မှ နာလန်ပြန်ထစေရန် မြန်မာကို မည်သို့မည်ပုံ အကူအညီ ပေးရမည်ဆို သည်ကို နည်းလမ်းရှာသည့်အနေဖြင့် ယနေ့ စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ဒေသတွင်းအရေး
ပေါ် အစည်းဝေးပွဲ၌ အာဆီယံ (၁၀) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးအပြီး သဘောတူညီလိုက်ခြင်းဖြစ်သည်။
မြန်မာကို အကူအညီပေးရန် အာဆီယံနိုင်ငံများ ဦးဆောင်သည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တခု စတင်ထူထောင်ရန် နိုင်ငံခြားရေးဝန်ကြီးများအကြား သဘောတူခဲ့ကြသည်ဟု မစ္စတာရိုးက ပြောသည်။
၎င်းက “ကျနော်တို့ လုပ်ငန်းစဉ်တခု ထူထောင်သွားမှာပါ။ ဒါမှသာ ကမ္ဘာတ၀န်းလုံးက အကူ
အညီတွေ မြန်မာနိုင်ငံထဲကို ရောက်ရှိသွားနိုင်မှာပါ ” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ သဘာဝဘေးကြောင့် အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ ကျော် ဆုံးရှုံးခဲ့ကြောင်း နှင့် အာဆီယံနိုင်ငံများ အားလုံးမှ ဆေးဝန်ထမ်းအဖွဲ့များကိုလည်း ကယ်ဆယ်ရေး လုပ်ငန်း တွင်ပါဝင်ရန် မြန်မာက လက်ခံလိုက်ကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အာဆီယံနိုင်ငံ တနိုင်ငံချင်းစီမှ ဆေးဝန်ထမ်း (၃၀) စီ မကြာခင် စေလွှတ်မည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန်ဝီယာယုဒ္ဓက ပြောသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကမူ “နိုင်ငံတကာ အကူအညီတွေကို ကျနော်တို့ အမြဲ တမ်း ကြိုဆိုပါတယ်။ ကျနော်တို့ နှောင့်နှေးကြန့်ကြာမနေခဲ့ပါဘူး” ဟု သတင်းထောက်များအား ပြောသည်။
သဘာဝဘေးဒုက္ခသည်များအတွက် အကူအညီများ ပိုမိုရရှိစေရန် အာဆီယံအနေဖြင့် ကုလ သမဂ္ဂနှင့်အတူ အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာညီလာခံတခု ရန်ကုန်မြို့၌ မေ (၂၅) ရက်တွင် ကျင်းပမည်ဟု သိရသည်။
လူပေါင်းသိန်းနှင့်ချီ သေဆုံးခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် (၂) ပတ်ကျော်အကြာ တွင် အာဆီယံဝန်ကြီးများ၏ ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်သည်။
Source
No comments:
Post a Comment