ပကတိ စိတ်ထား
ငါမကြိုက်တာ……………..
လိမ်ညာတာ ပလီပလာ
လှည့်စားကာ အာပလာ
မရှိတာကို အရှိလုပ်
မသိတာကို အသိရှုတ်
မတတ်တာကို အတတ်ဟုတ်
လုပ်နေတာတွေကိုပေါ့…………။
ငါ့မှာလေ…………………..
အချစ်မရှိဘူး မေတ္တာစစ်ပဲရှိတယ်…..
နှလုံးသားမရှိဘူး ဦးနှောက်အနှစ်ရှိတယ်…..
အသည်းမရှိဘူး အစာအိမ်ပဲရှိတယ်…….
နာကျင်တာမရှိဘူး အကြင်နာပဲရှိတယ်…….
ဝန်တိုတာမရှိဘူး စာနာတာပဲလိုတယ်……..
ချောက်ချတာမရှိဘူး ဖေးမတာရှိုတယ်…လေ……..…။
ငါမကြိုက်တာ……………..
လိမ်ညာတာ ပလီပလာ
လှည့်စားကာ အာပလာ
မရှိတာကို အရှိလုပ်
မသိတာကို အသိရှုတ်
မတတ်တာကို အတတ်ဟုတ်
လုပ်နေတာတွေကိုပေါ့…………။
ငါ့မှာလေ…………………..
အချစ်မရှိဘူး မေတ္တာစစ်ပဲရှိတယ်…..
နှလုံးသားမရှိဘူး ဦးနှောက်အနှစ်ရှိတယ်…..
အသည်းမရှိဘူး အစာအိမ်ပဲရှိတယ်…….
နာကျင်တာမရှိဘူး အကြင်နာပဲရှိတယ်…….
ဝန်တိုတာမရှိဘူး စာနာတာပဲလိုတယ်……..
ချောက်ချတာမရှိဘူး ဖေးမတာရှိုတယ်…လေ……..…။
ငါခံစားနိုင်တာ……….
လရောင်ကိုမိန်းမူးဖို့ထက် နေရောင်ကို အံတုဖို့
အလွမ်းဆက်ဖို့ထက် ဟာတဲ့ဝမ်းကိုဖြည့်ဖို့
အနုအလှထက် အတုအပကို ဆန်းစစ်ဖို့
ပိတောက် ခရေပန်းထက် ဘဝအနေမှန်ဖို့
စာ အပြောထက် လက်တွေ့တကယ်လုပ်မိဖို့
ကြယ်လေးတွေကို ရေဖို့ထက် ကလေးတွေကို ကူညီဖို့……….ကိုလေ………………..။
ငါလိုချင်တာ………..
စည်းကမ်းလေးနဲ့ နည်းလမ်းမှန်စေချင်တယ်…..
မပျင်းပဲ ကြိုးစားလို့ အတင်းပဲ အောင်စေချင်တယ်….
အချင်းချင်းစာနာကာ အဆင်းတိုင်းလှစေချင်တယ်……
တရားမျှတမှုနဲ့ အများထုဘဝ သာယာစေချင်တယ်…….
ဖောက်ပြားမှုပယ်ဖျောက်လို့ မပေါက်ကြားမှုနဲ့ ထိန်းသိမ်းစေချင်တယ်……
အစစ်အမှန်စိတ်ထားနဲ့ အသစ်တဖန် နိုးကြားစေချင်တယ်……..
အမြဲအစဉ် ငါလိုချင်တာ အမှန်တရားပဲဗျိုး………………………..။
ငါလဲ ဖြစ်နိုင်ရဲ့လား………..
မလိမ်ညာ မလှည့်စား မပလီမပလာ
အရှိအတိုင်း တတ်သိလိမ္မာ
အဟုတ်လုပ်နေသလား…………
မေတ္တာစစ်နဲ့ ဦးနှောက်အနှစ်ပိုင်ရှင်
အစာအိမ်ပိုးနဲ့ အကြင်နာတန်ခိုး
စာနာမှုနဲ့ ဖေးမတတ်သူလား…………
နေရောင်ကိုအံတုရင်းနဲ့ ဝမ်းဟာတာကို ဖြည့်လို့
အတုအပကိုဆန်းစစ်ရင်းနဲ့ ဘဝအနေမှန်ဖို့
လက်တွေ့တကယ်အလုပ်နဲ့ ကလေးတွေကို ကူညီကြစို့လား……………….။
အမှန်တော့လေ………….
ပကတိအမှန်စိတ်ထားနဲ့
အသိဥာဏ်ကောက်ကြောင်း လိုက်ရရင်ဖြင့်
အတိအကျဖြစ်ဖို့ မလွယ်ပေမဲ့
နီးစပ်အောင်တော့ တုပဖို့တော့ လိုမယ်ဟေ့ ။…………………………………………..။
ရေးသားသူ အမည် ရေးမထားသောကြောင့် ဖော်ပြမပေးနိုင်တာကို နားလည်ပေးစေလိုပါတယ်။
No comments:
Post a Comment