Friday, June 13, 2008

ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက်မွေးနေ့အလှူအဖြစ်ရဟန်းခံ ရှင်ပြုပွဲ ပြုလုပ်မည်

NEJ/ ၁၃ ဇွန် ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့အလှူအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားအလှူရှင်များက ကမကထပြု၍ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား (၆၃) ဦးအား စုပေါင်းဒုလ္လဘရဟန်းခံနှင့် ရှင်ပြုပွဲ ပြုလုပ် ပေးမည်ဖြစ်သည်။

ယခုအလှူအား မဲဆောက်အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (HRDP) နှင့် အဝေးရောက် ဧရာဝတီအသင်း (OIA) တို့ ပူးတွဲဆောင်ရွက်ကြမည်ဖြစ်ပြီး ရဟန်းခံလိုသည့် မည်သူ မဆို ယခုလ (၁၅) ရက် နောက် ဆုံးထား၍ ဖုန်းနံပါတ် ၀၈၇-၅၇၁၉၇၇၃ နှင့် ၀၅၅-၅၄၂၆၄၉ တို့တွင် အသေးစိတ်ဆက်သွယ်စုံစမ်း စာရင်းပေးသွင်း နိုင်သည်။

စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြုပွဲကို ယခုလ (၁၉) ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့တွင် မဲဆောက်မြို့၌ ကျင်းပမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားများနှင့်အတူ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်း အနားများ၊ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ကောင်းမှုကုသိုလ်များကို ဒေသတွင်းရောက် မြန်မာနိုင်ငံ သားများက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ကြမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်တွင် စည်းရုံးရေးခရီးထွက်လာစဉ် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့အနီးတွင် နအဖထောက်ခံသူများ၏ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့ပြီး ယခုအချိန်ထိ နေအိမ်အကျယ်ချုပ် ချထားခံရသည်မှာ (၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

Source

No comments: