Sunday, June 15, 2008

စစ်တွေ ဆိပ်ကမ်းသစ် တည်ဆောက်ရေးအတွက် တိုင်းတာမှုများကို လျို့ဝှက်စွာ ပြုလုပ်နေ

Narinjara News


အိန္ဒိယ အစိုးရ အကူအညီဖြင့် တည်ဆောက်မည့် စစ်တွေ ဆိပ်ကမ်းသစ် တည်ဆောက်ရေး အတွက် တိုင်းတာမှုများကို သက်ဆိုင်ရာ အာဏာပိုင်များက လျို့ဝှက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ရွှေပြားရပ်ကွက်က အရပ်လူကြီး တဦးက “စစ်တွေ ဆိပ်ကမ်းသစ် တည်ဆောက်ဖို့ အတွက် တိုင်းတာမှုတွေကို အာဏာပိုင်တွေက စတင် ပြုလုပ်နေပါပြီ။ ဒါပေမယ့် သူတို့က ညဥ့်အချိန်မှာ ပြုလုပ်ကြတာပါ။ နေ့ခင်းဘက်မှာ ပေါ်ပေါ်ထင်ထင် လုပ်တာမျိုးတော့ မရှိသေးပါဘူး။ နေ့ခင်းဘက် တိုင်းတာရင် အုတ်အော် သောင်းနင်း ဖြစ်ပြီး လူတွေ အထိတ်တလန့် ဖြစ်သွားမှာကို အာဏာပိုင်တွေက စိုးရိမ်နေပုံရပါတယ်။” ဟု သူက ပြောသည်။

သက်ဆိုင်ရာ အင်ဂျင်နီယာများ အနေဖြင့် ရွှေးပြားရပ်ကွက်နှင့် ရွှေပြားရပ်ကွက် အတွင်း တည်ရှိနေသော ဘီအိုစီ အဆောက်အအုံများ တ၀ိုက်ကို ညဥ့်အချိန်တွင် တိုင်းတာနေကြောင်း သတင်းရရှိသည်။

“ကျနော်တို့ ကြားနေရတာကတော့ စစ်တွေ စာတိုက်ကြီးကနေ မိဇံ။ ရွှေပြားရပ်ကွက်ထိ နေရာအားလုံးကို ဆိပ်ကမ်းသစ် တည်ဆောက်ဖို့ အတွက် ဖယ်ပစ်မယ်ဆိုပီး သတင်း ဖြစ်နေတာပါတယ်။ သိပ်မကြာခင်တော့ စီမံကိန်းကို စတင်တော့မယ်လို့ သတင်းတွေ ရရှိပါတယ်။” ဟု အဆိုပါ အရပ်လူကြီးက ဆက်လက် ပြောသည်။

အိန္ဒိယ နိုင်ငံမှ စစ်တွေကို ဆိပ်ကမ်းကို အသုံးပြုပြီး ကုလားတန် မြစ်ကြောင်းမှ တဆင့် အရှေ့မြောက် ပြည်နယ်များသို့ ကုန်ပစ္စည်းများ တင်ပို့ရန်အတွက် မြန်မာ စစ်အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးတားပြီး အဆိုပါ ဆိပ်ကမ်း တည်ဆောက်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း၁၂၀ ပေးကမ်းရန် သဘောတူထားသည်။

အဆိုပါ ငွေများကို ဗိုလ်ချုပ်ကြီး မောင်အေး၏ ဧပြီလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သော အိန္ဒိယ ခရီးစဉ်တွင် လက်ခံ ယူခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ငွေဖြင့် စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေးအပြင် ကုလားတန် မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ လုပ်ဆောင်သွားမည် ဖြစ်သည်။

Source

No comments: