Mon 08 Sep 2008, ဟွန်းဟကောင်း
ရန်ကုန်မြို့တွင် မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် ဗွီဒီယို အခြေခံအဖွဲ့ဝင်တို့မှ ပူးပေါင်းပြီး ဗွီစီဒီခိုးကူးခွေ ရောင်းချသူများက နေရာအနှံ့အပြားတွင် တင်းကျပ်စွာ လိုက်လံဖမ်းဆီး နေခဲ့သည်။
ပြည်သူ့ရဲများ၊ ရယက နှင့် ဈေးတာဝန်ခံများက အဓိကဦးဆောင်၍ သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်နေ့ထိ ၅ ရက်တိုင် ကျင်းပခဲ့သော နန္ဒဝန်ဈေးပွဲတော်တွင်လည်း ဗွီစီဒီခိုးကူးခွေ ရောင်းချသူများကို တင်းကြပ်စွာ လိုက်လံဖမ်းဆီးခဲ့သည်။
သို့သော် ယင်းဈေးပွဲတော်ရက်များအတွင်းတွင် ဆိုင်ခန်းငှား၍ ရောင်းချနေသူများသည် တာဝန်ရှိသူများအား တစ်နေ့လျှင် ငွေကျပ်သုံးသောင်းကျပ် လိုင်းကြေးပေး၍ လွတ်လပ်စွာ ရောင်းချနေကြသည်။ ဆိုင်ခန်းမငှားပဲ လမ်းဘေးတွင် ရောင်းနေကြသော ခိုးကူးခွေ ရောင်းချသူ ပျံကျဈေးသည်များမှာမူ အခွန်မဆောင်နိုင်ကြ၍ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ကြရ သည်။
''ကျွန်မတို့ဆီကို ကူးခွေတွေလာပို့ပေးနေတဲ့ ကိုအံ့နဲ့ အသေးလေးတို့ကျတော့ စက်ကြီးနဲ့ဖမ်းမိတာတောင် ထောင်မကျဘူး၊ သူတို့တွေက ပိုက်ဆံပေးနိုင်တာကိုး၊ ကျွန်မတို့ကျတော့ ငွေ ၆ သောင်းလေးနဲ့ရင်းပြီးတော့ ရောင်းနေရတာ၊ အခွန်တွေကို မဆောင်နိုင်ဘူးလေ'' ဟု နန္ဒ၀န်ဈေးတွင် ခင်ပွန်းသည် အဖမ်းခံထားရသော ဘုရင့်နောင်မီးပွိုင့်နားမှ အခွေအရောင်းပိုင်ရှင်တစ်ဦးက ပြောသည်။
သူမ၏ခင်ပွန်းမှာ အဖမ်းခံထားရသော်လည်း တချို့သူများမှာ လာဘ်ပေး၍ အမှုကိုပိတ်လိုက် ကြသည်။ စားဝတ်နေရေးအတွက်သာ ဒီလုပ်ငန်းကို လုပ်နေရတာဖြစ်ပြီး ထောင်ကျလောက် သည်အထိ ပစ်မှုမကြီးနိုင်ဟု သူမ၏ထင်မြင်ချက်ကို ဆက်ပြောသည်။
ခိုးကူးခွေရောင်းချသူများ လိုက်လံဖမ်းဆီးရာတွင် အခွန်မဆောင်နိုင်သူများအား ဆိုင်တွင်းရှိ အခွေများကို သိမ်းဆည်းပြီး လူကိုလည်း ဖမ်းဆီးထောင်ချခဲ့သည်။ သို့သော် အခွန်ဆောင်နိုင် သူများမှာ ဖမ်းဆီးခံရသော်လည်း တာဝန်ခံများကို လာဘ်ထိုး၍ တရားမဝင်ကူးခွေများကို တရားဝင် ဈေးသည်များကဲ့သို့ လွတ်လပ်စွာ ရောင်းချလျက်ရှိသည်။
Source
No comments:
Post a Comment