Thursday, September 4, 2008

ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုဆရာဝန် ယနေ့သတ်မှတ်နေ့တွင် မတွေ့ဖြစ်

NEJ/ ၄ စက်တင်ဘာ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့ ယနေ့ ကြာသပတေးနေ့ တွေ့ဆုံရန် ဖြစ်သော်လည်း မတွေ့ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြုပြောကြားသည်။

စက်တင်ဘာလ (၁) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံရန် စစ်အစိုးရက စီစဉ်ပေးခဲ့သော်လည်း ရှေ့နေဦးကြည်ဝင်းမှ လွဲပြီး မည်သူ့ကိုမျှ မတွေ့လိုသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်ဟု စစ်အစိုးရပိုင် ယမန်နေ့ထုတ် သတင်းစာများတွင် ဖော်ပြသည်။

လဆန်းရက် ပထမပတ် ကြာသပတေးနေ့တိုင်း ဒေါက်တာတင်မျိုးဝင်းအား ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့် မြန်မာအာဏာပိုင်များဘက်က သဘောတူထားသည်ဟု ရှေ့နေဦးကြည်ဝင်းကပြောသည်။ သို့သော် မုလသဘောတူညီချက်အတိုင်း မဟုတ်ဘဲ ဒေါက်တာတင်မျိုးဝင်းအား မည်သည့်အတွက် တနင်္လာနေ့တွင် တွေ့ဆုံရန် စစ်အစိုးရဘက်က စီစဉ်ပေးသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

Source

No comments: