Monday, July 14, 2008

ဒိုက်ဦးမြို့အနီး ခရီးသည်တင်ကား ဗုံးကွဲ

ဧရာဝတီ | ဇူလိုင် ၁၄၊ ၂၀၀၈

ပဲခူးတိုင်း ဒိုက်ဦးမြို့အထွက်တွင် ယနေ့ နံနက်ပိုင်းက ခရီးသည်တင်ကားတစီး ဗုံးကွဲပေါက်ကွဲ၍ လူ သေဆုံးမှု ရှိကြောင်း သိရသည်။

နံနက် ၈ နာရီခန့်က ကျောက်ကြီးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ရွှေခရီးသည် အမည်ရှိ ခရီးသည်တင်ကား တစီးသည် ဒိုက်ဦးမြို့အထွက် ကောလိယ တံတားအနီးတွင် မောင်းနှင်လာစဉ် ကားပေါ်ပါလာသည့် ဗုံးပေါက်ကွဲ ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် လူတဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရှိသည်ဟုလည်း ဆိုသည်။ အတည်မပြုနိုင်သေးသော သတင်းများ အရ လူ ၄ ဦးခန့် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

ယင်း ရွှေဧည့်သည်အမည်ရ ခရီးသည်တင်ကားသည် ကျောက်ကြီးမြို့ ကြံ့ဖွံ့အဖွဲ့ပိုင် ကားဖြစ်သည်ဟုလည်း ဆိုသည်။

No comments: