NEJ/ ၁၁ သြဂုတ် ၂၀၀၈
ရန်ကုန်တိုင်းရှိ သံဃာတော်များအား မော်တော်ကား မမောင်းရဟု အာဏာပိုင်များက အမိန့် ထုတ်ထားသည့်ပြင် ဒကာမ အမျိုးသမီး မောင်းသည့် မော်တော်ကားကိုလည်း မစီးရဟု မကြာခင်က တားမြစ်လိုက်ကြောင်း ရန်ကုန်သံဃာတော်များက အမိန့်ရှိသည်။
ရန်ကုန်တိုင်း မြို့နယ်သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော်များက မြို့နယ်တွင်းရှိ ကျောင်းထိုင် ဆရာတော်များအား ဘာသာရေးကိစ္စ ညှိနှိုင်းရန် အကြောင်းပြချက်ဖြင့် သြဂုတ်လဆန်းပိုင်းက အစည်းအဝေးခေါ်ပြီး ထူးဆန်းသည့် ယခုအမိန့်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ဆရာတော် တပါးက အမိန့်ရှိသည်။
မည်သည့်အတွက် ဘုန်းကြီးကားမမောင်းရ အမိန့်ထုတ်ပြန်သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
No comments:
Post a Comment