Wednesday, December 17, 2008

ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့သို့ကားလမ်းများဖွင့်ပြီ

Kaowao Newsgroup

မိုးဦးရာသီက ပိတ်ထားခဲ့ရသည့် ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့ကို ရောက်ရှိနိုင်မည့်ခရီး လမ်းများ လွန်ခဲ့သည့်သီတင်း ပတ်က မော်တော်ကား များ စတင်ပြေးဆွဲခဲ့ရာမှ ယ္ခုတွင်ပြည်တွင်း သို့တိုက်ရိုက်သွားရောက်နိုင်ပြီဖြစ်သည်၊ ထိုင်းနိုင်ငံ သို့ ဝင်ထွက် သွားလာကြသူများ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်၊ သို့ရာတွင် ၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံနှင့် တရားဝင်ကုန်သွယ်ရေး လမ်းကို မြန်မာစစ်အစိုးရဘက်က ပိတ်ထားဆဲဖြစ်သည်။

ဘုရားသုံးဆူမှ မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့၊ သံဖြူဇရပ်မြို့၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ သို့တိုက် ရိုက်သွား ရောက်နိုင်သည်၊ ဤလမ်းကြောင်းများသည် လမ်းခရီးတွင်ကြာမြင့်ချိန်နှင့် ကားခနှုံးထားများ သိပ်မကွာ ဟကြပါ၊ လမ်းကြော အားလုံးလိုလိုမှာ ချောင်းငယ်များစွာကိုဖြတ်သန်းကြရ၍ ရေးမြို့သို့သွားရာလမ်းမှာ မြင့်မားသောတောင်ကိုဖြတ်ကျော်ရပြီးကြာအင်းဆိပ်ကြီးလမ်းကြောမှာ အကွေ့အကောက်များစွာရှိကာ 4 wheel ထရပ်ကားငယ်များကိုသာ အသုံးပြုကြသည်။ ခရီးသည် တစ်ဦး၏ယာဉ်စီးခနှုံးထားမှာ မြန်မာငွေကျပ်လေးသောင်း ခန့်ရှိသည်။

လက်နက်ကိုင်တပ်ဖွဲ့များ၏ ငွေကြေးကောက်ခံဂိတ်များကြောင့်လမ်းခရီးတွင် (၇)နာရီခန့်ကြာမြင့်တတ်ပါသည်။ မြို့ဝင်ထွက် အဖွဲ့အပါင်းစုံစစ်ဆေးရေးဂိတ်များ၊စစ်အစိုးရတပ်ဖွဲ့၏ဗျူဟာရုံး၊ တပ်ရင်းရုံးများ၊ စစ်ကြောင်းများနှင့် KNU,NMSP, DKBA,KPF အဖွဲ့အစည်းများသည်လည်း ဂိတ်များထားရှိကာ ကုန်သည်များနှင့်ခရီးသည်များထံမှ ငွေကြေးကောက်ခံလျှက် ရှိသည်။ သာမာန်ခရီးသည်များအနေဖြင့် မော်တော်ကားသမားများထံမှတဆင့်ဖြတ် သန်းခများပေးထားကြရပြီးကုန်သည်များက ပစ္စည်းအမျိုးအစား၊ တန်ဖိုးများအပေါ် သတ်မှတ်ကောက်ခံယူကြ သည်။ ကုန်သည်များသည်လည်း တွက်ချေကိုက်သော လမ်းကြောင်း ကိုသာရွေးချယ်ကြသည်။ အများအားဖြင့် ဂိတ်ပေါင်း ၃၅ ဂိတ်ကျော်ရှိသည့် သံဖြူဇရပ်လမ်းကြောကို သွားလာ ကြသူများကြသည်။

ဘုရာသုံးဆူဒေသသည်လည်း ယခင်ကဲ့သို့စီပွားရေးလုပ်ငန်းများအဆင်မပြေတော့ပါ။ အထွေထွေစီးပွားရေး ပြဿနာရပ်များ ကြောင့် နယ်စပ်ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများရပ်ဆိုင်းနေသလိုဖြစ်နေသည်။ ပရိဘောဂလုပ်ငန်းများမှာ ထုတ်လုပ်နိုင်မည့် သစ်ပင်များလည်းမရှိသလောက်ဖြစ်နေ၍လုပ်ငန်းများမတွင်ကျယ် နိုင်တော့ပါ။ထိုင်းနိုင်ငံသားဖွင့်လှစ်ထား သောဖိနပ်ချုပ်ရုံ၊ အထည်ချုပ်ရုံများတွင်မြန်မာနိုင်ငံမှအလုပ်သမားများ သုံးထောင်ခန့်ရှိသည်ဟု ဒေသခံများခန့်မှန်းထားကြပြီး လုပ်အားခမှာတစ်နေ့ ဘတ် (၇၀)ခန့်သာရရှိကြသည်။


No comments: